
၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၂၄-၂-၂၀၁၉ ) မှ ( ၂-၃-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ သားသမီးများ
ရေတွင်းရေကန်တူးဖော်ခြင်း၊ ပန္နက်ရိုက်၊ ကျင်းတူး၊အုတ်မြစ်ချ ၊ တိုင်ထူကောင်း၏။ ကုမ္ပဏီထူထောင်ခြင်း၊အစုရှယ်ယာဝင်ခြင်း ကောင်း၏။အရှေ့အရပ် လာဘ် ဝင်မည်။ လုပ်ငန်းရှင်များ ငွေလွှဲငွေပို့၊ ရတနာရောင်းဝယ်ခြင်း ရွှေ၊ငွေ၊ဒေါ်လာဈေးတက်၍အလုပ်ဖြစ်ငွေအလုံးအခဲနှင့် ဝင်လိမ့်မည်။အနောက်အရပ် စန်းပွင့် နေပြီး ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း၊ ထီထိုး၊အသင်းဖွဲ့စည်းခြင်း၊ မေတ္တာရေးစကားပြောဆိုခြင်းကောင်း၏။ *၂*စ. *၈*အလယ်.*၄ *အပိတ် ထီထိုးပါ။ ခရီးသွားလာခြင်းကောင်း၏။ ဗုဒ္ဓဟူးနံ မွေးမြူရေးလုပ်ငန်း *ယုန်၊ ဝက်၊ ဝက်ဝံ၊ ရေမြင်း*အစရှိသည်များအသေပျောက်များ စီးပွားကျ ဆုံးရှုံးမှုကြုံတွေ့ရလိမ့်မည်။ နေ့နံတူ ချစ်သူ၊အိမ်ထောင်ဘက်များအားကြားလူ ဝင်ဖျက်စီးခြင်း၊ တစ်ဦးပေါ်တစ်ဦး ဖောက်ပြန်မှုဖြစ်တတ်သည်။အိမ်ဆောက်၊အိမ်တက်၊ ရှင်ပြု ၊နားသ၊ စေ့စပ်၊ လက်ထပ်မင်္ဂလာအခါရှောင်ပါ။ ပြည်တွင်းပြည်ပတင်ပို့ခြင်း၊ သွင်းကုန်လုပ်ငန်း ကုန်သွယ်ရောင်းဝယ်ရေး ကောင်း၍အရာရာအလိုပြည့်လိမ့်မည် ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် နို့နှစ်ရောင်၊ မရမ်းရောင် ဝတ်ဆင်ပါ။ သြဇာညွန့်၊ သီးညွန့် တစ်မျိုးအညွန့်တစ်ခု ဆောင်သွားပါ။
အကျိုးပေးအရောင် - နို့နှစ်ရောင်၊ မရမ်းရောင်
အကျိုးပေးဂဏန်း - (၇. ၃. ၅)
ရှောင်ရန် -အနောက်တောင်အရပ်
ယတြာ -အိမ်ဘုရားစင်မှာ သံပုသီး ၉လုံးကပ်လှူပါ။ ည ၈နာရီအချိန် မိမိအိမ်၏ ၆အိမ်မြောက်အိမ်အား လက်ဆောင်တစ်ခုခု ပေးလိုက်ပါ။ စိတ်ထဲလိုရာဆုတောင်းပါ။
တနင်္လာသားသမီးများ
တနင်္လာသားသမီးများ ပညာရေးလမ်းကြောင်းအဆင်ပြေပြီးအချစ်ရေးကိစ္စများ ဖြောင့်ဖြူးနေပါတယ်။ သောကြာ၊ကြာသပတေး သားသမီးများနှင့် တွဲဖက်လုပ်ကိုင်ပါ။အကြံအစည်အောင် စည်းစိမ်ချမ်းသာရမည်၊၊ ၃၊ ၁၂၊ ၂၁ ရက် မွေးသူများအဖျက်အတိုက်၊ ရန်ငြိုးရန်စ ကနေ သေကြေပျက်ကိန်းကြုံတတ်သည်။ ရေကြောင်းလေကြောင်း ခရီးသွားခြင်းကောင်း၏ ။အရှေ့အရပ် ရေကြောင်းလေကြောင်း ခရီးသွားခြင်းနှင့် မိမိလုပ်ငန်းဆောင်တာများ မပြုသင့်ပေ။ ရှောင်ရန်။အလှပြင်၊အလှကုန်ပစ္စည်များဖြန့်ချိခြင်း၊အာမခံလုပ်ငန်း၊ ဖက်ရှင်တီထွင်ခြင်း၊ တံတားပြု ပြင်ခြင်း၊ သတ္တုတွင်းစူးစမ်းရှာဖွေခြင်း၊အစုရှယ်ယာဝင်ခြင်းများအကျိုးပျက်စီးအချင်းချင်းအထင်လွှဲ ချောက်တွန်းလိမ့်မည်။ ဖက်ရှင်တီထွင်ခြင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ၊အောင်မြင်၍ မိသားစုထဲကအမြွှာမွေးသတင်းကြားလျင် *၄*စ,*၁*လယ်,*၆*အပိတ် ထီထိုးပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်အဝါရောင်၊အဖြူရောင် ဝတ်ဆင်ပါ။ မြောက်အရပ် မျက်နှာမူကာအသီး (၁)လုံး ဆောင်သွားပါ။
အကျိုးပေးအရောင် -အဝါရောင်၊အဖြူရောင်
အကျိုးပေးဂဏန်း - (၄. ၁. ၆)
ရှောင်ရန် -အရှေ့အရပ်
ယတြာ -အိမ်ဘုရားစင်မှာ သစ်သီး ၁၅ လုံးကပ်လှူပါ။အသီးများကိုအိမ်မိသားစု မသုံးဆောင်သင့်ပါ။ တစ်ခြားသူကို ပေးလှူပါ။
အင်္ဂါသားသမီးများ
၃၊ ၁၂၊ ၂၁ ရက် မွေးသူများအကောင်းအဆိုး နှစ်ထွေကြုံအံ့။ စနေသားသမီးကြောင့်အဖျက်ဝင်အနှောက်အယှက် ကြုံတွေ့ရ၍အိမ်ထောင်ရေးတွင် စကားအကြီးကျယ်များရတတ်သည်။ မြောက်အရပ် ဘာသာရေးနှင့် လူမှုရေး မိမိလုပ်ရည်ရွယ်ချက်စကားပြောဆိုခြင်းအောင်မြင်မည်။ စက်ပညာသင်ယူခြင်း ဆရာကောင်း တွေ့ဆုံ၍ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်း နှင့်အနုပညာလုပ်ငန်းများအောင်မြင်မည်။ သောကြာသားသမီးအကျိုးပေးအထူးကံကောင်း၍ ငွေအစုအခဲဝင်လိမ့်မည်။အရှေမြောက်အရပ် လာဘ်ဝင်ပြီး မိမိအလုပ်အကိုင် ပြုလုပ်အဆင်ပြေလိမ့်မည်။ ထိုအရပ်က ငွေလာဘ်ဝင်မည်။အနောက်တောင်အရပ် ခရီးသွားခြင်းနှင့် မိမိလုပ်ငန်းဆောင်တာများ မပြုသင့်ပေ။ ရှောင်ရန်။ ကိစ္စထူးရှိက တရားအာရုံပြု၍ လိုရာဆုတောင်းပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်အဖြူရောင်၊အနီရောင် ဝတ်ဆင်ပါ။အရှေ့အရပ် မျက်နှာမူကာ သံပုရာသီး (၁) လုံးဆောင်သွားပါ။
အကျိုးပေးအရောင် -အဖြူရောင်၊အနီရောင်
အကျိုးပေးဂဏန်း - (၅. ၉. ၃)
ရှောင်ရန် -အနောက်မြောက်အရပ်
ယတြာ -အဘိုးအဘွားအသက်ကြီးရွယ်အို၊ ဘိုးဘေး ထောပတ်သီး၊ ထိုးမုန့် ၊ ဧလမုန့် လက်ဆောင်ပေး၍ ကန်တော့ပါ။
ဗုဒ္ဓဟူးသားသမီး
*၄၊ ၁၃၊ ၃၁*ရက်မွေးသူများ ဘာပဲလုပ်လုပ်အထစ်အငေါ့အနှောက်အယှက်အမျိုးမျိုးအထစ်အငေါ့ ပြသာနာရင်ဆိုင်ရမည်။ စိတ်တအားညစ်ရမယ်။အစိုးရနှင့်မလွတ်ကင်းသည့် လုပ်ငန်းများအထူးသတိထားဖို့လိုအပ်သလို ထိုရက်မွေးသူများ ကံတရားလှည့်စားခြင်းအဖမ်းအဆီး ခံရခြင်းများ ရှိတတ်သည်။ ငွေစက္ကူအတုအပ မင်းမှုထမ်းတစ်ပါးသူ စစ်ဆေးမေးမြန်း စွတ်စွဲခံရခြင်းများ ဖြစ်လာတတ်သည်မို့ မိမိအသိတရား ဖြတ်ထိုးဉာဏ်နှင့် ရင်ဆိုင်ပါ။ ကျန်းမာရေး ဆိုးဆိုးရွားရွားမရှိပါ။ သို့သော် တရှောင်ရှောင်ဖြစ်နေမယ်။အလုပ်မှာအတိုက်အခံအနှောက်အယှက် ကြီးကြီးမားမားကြုံမယ်။အိမ်ထောင်ဖက်နဲ့ မကြာခဏ တကျက်ကျက်ဖြစ်နေမှာဖြစ်ပြီးအိမ်ထောင်ကွဲကိန်းရှိလို့ သတိထားဆင်ခြင်သင့်ပါတယ်။ မြောက်အရပ် မိမိလုပ်ငန်းဆောင်တာများအကျိုးမပေး။ တောင်အရပ်စန်းပွင့်အချစ်ရေးစကားပြောဆိုခြင်းနှင့် တွေ့ဆုံဆွေးခြင်း ကောင်း၏။ တရားအာရုံပြု ၊ ဘာဝနာပွား ကုသိုလ်ပြုပါ။ မေတ္တာပို့ပါ၊ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ကြည်ပြာရောင်၊ ဖက်ဖူးရောင် ဝတ်ဆင်ပါ။ မြောက်အရပ်မျက်နှာမှုကာ ရေတစ်ခွက်သောက်၍ သွားပါ။
အကျိုးပေးအရောင် - ကြည်ပြာရောင်၊ ဖက်ဖူးရောင်
အကျိုးပေးဂဏန်း - (၆. ၅. ၃)
ရှောင်ရန် - မြောက်အရပ်
ယတြာ - တန်ခိုးကြီးဘုရားတစ်ဆူမှာအတာအိုးရေအပြည့်ထဲ၍ ရွက်လှညွန့် ကပ်လှူပါ။
ကြာသပတေးသားသမီး
လုပ်ငန်းတိုးချဲ့မှုတွေလည်း ကြုံရပြီး လက်ရှိအလုပ်အကိုင်နဲ့ ဆက်စပ်၍ ပတ်သက်တာမျိုးကို တိုးချဲ့သင့်ပါတယ်ခင်ဗျာ။ ပညာရေးကောင်းပါမည်။အချစ်ရေးကိစ္စများ စိတ်အပူပင်ကြုံတွေ့ရသလို့ မိမိမာန်မာနနဲ့ ငြင်းခဲ့ပြီးမှ ပြန်လည်သတိရစိတ် ချစ်စိတ်ဝင်လာပြိးအသိတရားနှင့် နှောင်တရပြိး ချစ်ဒုက္ခစိတ်နှင့် ကွဲကွာရပြိးအလွမ်းဝေဒနာခံစားရခြင်းမျိုးကြုံတွေ့ရလိမ့်မည်။အိမ်ထောင်ရေးအကြီးကဲ လူကြီးများကြောင့် မိမိအိမ်ထောင်ရေး ပြိုကွဲသည်အထိ ပြဿနာများရင်ဆိုင်ရမည်။ စီးပွားရေးတွင် ဆံရိတ်ဆံသ၊အလှပြင်၊အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ခြင်း၊ ရေနံဓာတ်သတ္တု စူးစမ်းရှာဖွေ့ခြင်းလုပ်ငန်းများအကျိုးပေးမည်။အရှေ့တောင်အရပ် ဆေးဖော်၊ ဆေးခန်းဖွင့်၊ ခွဲစိတ်ကုသမှုများ ခံယူခြင်းကောင်း၏။ မိမိအိမ်၌အိမ်မြောင်အမြီးနှစ်ခွ မြင်လျှင် *၅*စ,*၉*လယ်,*၃*အပိတ် ထီထိုးပါ။ *၆.၁၅.၂၄* ရက်မွေးသူများအကြံအစည်အောင်မြင်မည်။ ငွေအပ်နှံခြင်းအထူးဂရုစိုက်ပေးပါ။ မိမိလယ်တောပိုင် မြေတွင် ထူးထူးခြားခြား ရေနံထွက်ခြင်းနှင့် ကြာသပတေး ဗုဒ္ဓဟူးသားသမီးများနှင့် ရေနံဓာတ်သတ္တုစူးစမ်းရှာဖွေ့ခြင်းအကြံအစည်အောင်မြင်မည်။အနောက်မြောက်အရပ် ခရီးသွားခြင်းနှင့် မိမိလုပ်ငန်းဆောင်တာများ မပြုသင့်ပေ။ ရှောင်ရန်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်အစိမ်းရောင်၊ မီးခိုးရောင် ဝတ်ဆင်ပါ။ သောက်တော်ရေ ကပ်လှူ၍ သွားပါ။
အကျိုးပေးအရောင် -အစိမ်းရောင်၊ မီးခိုးရောင်
အကျိုးပေးဂဏန်း - (၄. ၅. ၁)
ရှောင်ရန် - တောင်အရပ်
ယတြာ -အိမ်ဘုရားစင်မှာ ကံကော်၊ ကြံ၊ ကန်စွန်းညွန့် ဖန်ခွက်နဲ့ ကပ်လှူပါ။
သောကြာသားသမီးများ
ပန္နက်ရိုက်၊ တိုင်ထူအဝီစီတွင်းတူးဖော်ခြင်း၊ ပညာစ၍ သင်ယူခြင်း ကောင်း၏။ နံနက် ၁ဝး၂ မိနစ်လွန် ခရီးသွားခြင်းကောင်း၏။ တောင်အရပ် မိမိလုပ်ငန်းဆောင်တာများအကျိုးမပေး။အမှုမဖြစ်အောင် နေပါ၊အိမ်၊ ခြံ၊ မြေအမွေကိစ္စနှင့် မိမိအိမ်နီးချင်း မြေကြီး သူဘက်ပါလို့ ကိုယ်ဘက်ပါလို့အမှုရင်ဆိုင်ရမည်။ ပြည်ပနိုင်ငံရပ်ခြားတွင် နှစ်ရှည် နေထိုင်သူများ မိမိမွေးရပ်ဌာနေပြန်လာပြီး ကိုယ်ပိုင်လုပ်ငန်းအခြေစိုက်၍အလုပ်သစ်များတိုးချဲ့ရမည်။ မြောက်အရပ် လာဘ် ဝင်မည်။ ဤအရပ် မိမိလုပ်ဆောင်ချက်များအထူးလုပ်ဆောင်သင့်သည်။အိမ်၊ခြံ၊မြေရောင်းဝယ်ခြင်း၊ ကဗျာ၊ဝတ္ထု စာရေးသားခြင်းနှင့်အလှပြင်၊ ဆံရိတ်၊ဆံသ၊ ကျောက်မျက်ရတနာသွေးခြင်း လုပ်ငန်းအကျိုးပေး နာမည်တစ်လုံးကျော်ဇောမည်။ တနင်္ဂနွေသားသမီးနှင့်ပူပေါင်းခြင်းအကျိုးပေး၏။အချစ်ရေးပုံမှန်ပါပဲ ၊အိမ်ထောင်ရေး သာယာစွာ ဖြတ်သန်းရမည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်အဝါရောင်၊ ဖက်ဖူးရောင် ဝတ်ဆင်ပါ။ ကံကော်အညွန့်တစ်ခု ဆောင်သွားပါ။
အကျိုးပေးအရောင် -အဝါရောင်၊ ဖက်ဖူးရောင်
အကျိုးပေးဂဏန်း - (၂. ၈. ၄)
ရှောင်ရန် -အနောက်အရပ်
ယတြာ - မိမိနေ့ဂြိုလ်ဘုရားထောင့်၌ သြဇာညွန့်၊ သီးညွန့် ကပ်လှူပါ။
စနေသားသမီးများ
*၈၊ ၁၇၊ ၂၈*ရက်မွေးသူများအနှောက်အယှက်အထစ်အငေါ့ ပြဿနာအမျိုးမျိုး ရင်ဆိုင်ရမည်။အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ် ငွေအပ်နှံခြင်း ငွေစက္ကူအတုအပ မင်းမှုထမ်းတစ်ပါးသူ စစ်ဆေးမေးမြန်း စွပ်စွဲခံရခြင်းများ ဖြစ်လာတတ်သည်မို့ မိမိအသိတရားဖြတ်ထိုးဉာဏ်နှင့် ရင်ဆိုင်ပါ။ ကိုယ်မရင်းနှီးတဲ့ သူတစ်ဦးက ငွေကြေးအကူအညီပေးတတ်ပြီး လူရင်းတွေကတော့ ကိုယ့်ဆီကနေငွေချေးယူပြီး ပြန်မဆပ်တာမျိုးကြံတွေ့ရမည်၊၊ မြောက်အရပ် မိမိလုပ်ငန်းဆောင်တာများအကျိုးမပေး။အိမ်မိသားစု၌အဘိုး၊ ဦးလေး၊ ညီအကို ၊ သက်ကြီးရွယ်အို ရှိက သေကြေပျက်စီးအံ့။ တောင်အရပ် လာဘ် ပွင့်နေပြီး မိမိလုပ်ဆောင်ချက်များအထူးလုပ်ဆောင့်သင့်သည်။ တောင်အရပ်စန်းပွင့်အချစ်ရေးစကားပြောဆိုခြင်းနှင့် တွေ့ဆုံဆွေးခြင်းကောင်း၏။ ကျန်မာရေး၌အသက် ၈လ၊ ၁နှစ်၂လ၊ ၈၊ ၁၂၊ ၃၈၊ ၅၈၊ ၈၈နှစ်ပိုင်း ရှိသူများအထူးဂရုစိုက်ပေးပါ။ ဦးခေါင်းနာ၊ လေအောင့်၊လေထိုး၊အပူအနာများ ဖြစ်ပွားဝေဒနာခံစားရမည်။ တရားအာရုံပြု ၊ ဘာဝနာပွား ကုသိုလ်ပြုပါ။ မေတ္တာပို့ပါ၊ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဆင်စွယ်ရောင်၊ မရမ်းရောင် ဝတ်ဆင်ပါ။ မြောက်အရပ်မျက်နှာမှုကာ သီးညွန့်၊ သက်ကယ်ညွန့် ဆောင်သွားပါ။
အကျိုးပေးအရောင် - ဆင်စွယ်ရောင်၊ မရမ်းရောင်
အကျိုးပေးဂဏန်း - (၇. ၃. o)
ရှောင်ရန် -အရှေ့မြောက်အရပ်
ယတြာ -မိမိနေ့နံဂြိုလ်ဘုရား၌ နံနတ်ယိုနှင့် ရေသန့်တစ်ဗူး ကပ်လှူပါ။
ရာဟုသားသမီးများ
စက်ပစ္စည်းရောင်းခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်း၊ နှင့်အလှကုန်ပစ္စည်းဖြန့်ချိခြင်း၊ ဖက်ရှင်ဒီဇိုင်း တီထွင်ခြင်းလုပ်ငန်းများအထူးအကျိူ.းပေးလိမ့်မည်။ တနင်္ဂနွေ၊အဂါ်သားသမီးများနှင့် ပူးပေါင်းပြီး ရတနာလုပ်ငန်း လုပ်ကိုင်ပါကအကြံအစည်အထမြောက်ပြီးအောင်မြင်မှုရရှိမည်။အနောက်တောင်အရပ် လာဘ်အနောက်အရပ် စန်းပွင့် ထိုအရပ်ရောင်းပန်းဝယ်ပန်းကောင်းအကျိုးထူးမည်။အာမခံ၊အစုရှယ်ယာဝင်လုပ်ငန်းများအထူးသတိထားဆောင်ရွက်ပါ။အရှေ့မြောက်အရပ် ခရီးသွားခြင်းနှင့် မိမိလုပ်ငန်ဆောင်တာများ မပြုသင့်ပေ ရှောင်ရန်။ စနေ၊ရာဟုသားသမီးများနဲ့ လုပ်ငန်းခွင်၌ စကားများခြင်း၊ မြေကြီးကထွက် ရတနာစူးစမ်းရှာဖွေခြင်း၊ ငွေစုမဲများ၍ လိမ်လည်ခြင်းခံရမည်။ ငွေအပေးအယူ၊ ချေးငှားခြင်းများ ပြန်မရတတ်ပါ။ ကျန်းမာရေးအထူးကောင်မွန်ပြီး ပညာရေးလမ်းကြောင်းဖြောင့်ဖြူးလိမ့်မယ်။
မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် မိုးပြာရောင်၊ နံ့သာရောင် ဝတ်ဆင်ပါ။အရှေ့အရပ် မျက်နှာမှုကာ ရေ(၁)ဘူး ဆောင်သွားပါ။
အကျိုးပေးအရောင် - မိုးပြာရောင်၊ နံ့သာရောင်
အကျိုးပေးဂဏန်း - (၄. ၆. ၈)
ရှောင်ရန် - မြောက်အရပ်
ယတြာ - မြောက်အရပ်စေတီဘုရား၌ သီးညွန့်၊ သက်ကယ်ညွန့် နှင့် သစ်တော်သီး ၁ လုံး ကပ်လှူပါ။