ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလဖွားသူတွေဟာ ကြီးပွားနိုင်ခြေပိုများကြောင်း သိရ
shwemom.com
|
2019-02-25




The Journal of Social Sciences က ဖော်ပြချက်တစ်ခုမှာ နှစ်တစ်နှစ်ရဲ့ ပထမဆုံးလ (၂) လမှာမွေးတဲ့ ကလေးတွေဟာအခြားလတွေမှာ မွေးဖွားတဲ့ကလေးတွေထက် ပိုပြီး ကြွယ်ဝနိုင်ခြေ၊ ကျော်ကြားနိုင်ခြေများတယ်ဆိုပြီးတော့ တွေ့ရပါတယ်။ ပညာရှင်တွေဟာ နောက်ခံဘဝအမျိုးမျိုး၊အလုပ်အကိုင်အမျိုးမျိုး ရှိကြတဲ့ လူတွေကိုအလျဉ်းသင့်သလို ရွေးချယ်စစ်ဆေးပြီးအခုလို ကောက်ချက်ချထားတာ ဖြစ်ပါတယ်။

ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတို့မှာ ကုံရာသီခွင်က ကြီးစိုးပါတယ်။ ကုံရာသီဟာ ချမ်းသာကြွယ်ဝခြင်း၊ ထင်ရှားကျော်ဇောခြင်းတို့နဲ့ ဆက်စပ်နေတယ်လို့ ပညာရှင်တွေက ဆိုထားတာပါ။ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်ထဲမှာ ထင်ရှားကျော်ကြားသူတွေ၊ သိပ္ပံပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေကို လေ့လာကြည့်တဲ့အခါမှာအောင်မြင်သူအများစုဟာအထူးသဖြင့် ဇန်နဝါရီလ(၂၀) ရက်နဲ့ ဖေဖော်ဝါရီလ(၁၈) ရက်ကြားမှာ မွေးသူတွေများနေတာကို တွေ့ရပါတယ်။


AllMusic


popsugar


တကယ်လို့ စာဖတ်သူကိုယ်တိုင်ကလည်းအပေါ်မှာဖော်ပြထားတဲ့ ရက်အတွင်းထဲမှာ မွေးတဲ့သူဆိုရင်တော့ Jennifer Aniston ၊ Michael Jordan ၊ Bob Marley ၊ Oprah တို့နဲ့ မွေးတဲ့အချိန် တူနေမှာဖြစ်ပါတယ်။ Vice Broadly ရဲ့ ကြေညာချက်ထဲမှာတော့ ကုံရာသီဖွားတွေဟာ နက်နဲစွာတွေးတောတတ်သူတွေဖြစ်ပြီး ထူးဆန်းစွာ ထူးကဲသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ လွတ်လပ်မှုကို ခုံမင်သူတွေဖြစ်ပြီး လူတွေနဲ့ ဆက်ဆံရေးမှာ သြချရလောက်အောင် ပါးနပ်လိမ္မာသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကုံရာသီဖွားတွေကို သူပုန်တွေ ပုန်ကန်သူတွေလို့ သတ်မှတ်ထားပါတယ်။


pexels

ဒါ့အပြင် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာမွေးဖွားသူတွေဟာ ကုမ္ပဏီတွေရဲ့အမှုဆောင်အရာရှိချုပ်တွေ၊အကြီးအကဲတွေ ဖြစ်နိုင်ခြေများတယ်လို့လည်းအချို့လေ့လာချက်တွေက ဖော်ပြပါသေးတယ်။ ကုံရာသီဖွားတွေဟာအခြားရာသီဖွားတွေထက် ထက်မြက်ကြောင်းအသားပေးဖော်ပြထားလို့ စာဖတ်သူကိုယ်တိုင်ဟာ ကုံရာသီဖွားမဟုတ်လို့ စိုးရိမ်စရာမလိုပါဘူး။ နှစ်တစ်နှစ်ရဲ့အစပိုင်းမှာ မဟုတ်ဘဲ နှောင်းပိုင်းမှာမွေးဖွားတဲ့သူတွေကတော့ ထူးချွန်တဲ့ ပန်းချီအနုပညာရှင်တွေ ဖြစ်လာနိုင်ခြေများတယ်လို့ လေ့လာချက်တစ်ခုကတော့ သုံးသပ်ထားပါတယ်။

လင်းလင်း (ShweMom)

Ref: vt




Some text some message..