မတ်လ ၉ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-03-09




မတ်လ ၉ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မတ်လ ၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - ဒီနေ့မှာ တနင်္ဂနွေသားသမီးတွေအနေနဲ့ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကိုအနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာနအပြောင်းအလဲ ကြုံ၇ကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ နိုင်ငံခြားခရီးရှိနေပြီး နေအိမ်မှာအပူသည်ရှိနေတတ်ပါတယ်။ မိသားစုထဲက တစ်ဦးဦး မင်္ဂလာ သတင်းကြားသိရဖွယ်ရှိပြီးအချစ်ရေးမှာ ချစ်သူရဲ့ သစ္စာဖောက်မှု ခံရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ ယောက္ခမနဲ့ စကားများရကိန်းရှိပါတယ်။ ပညာရေးမှာ တဆင့်မြင့် သင်တန်းများတက်ရောက်ရကိန်းရှိနေပြီး စာမေးပွဲတွေကိုလည်း လွယ်လွယ်ကူူကူ ဖြေဆိုအောင်မြင်ပါလိမ့်မယ်။ ဆေးဝါးလုပ်ငန်း၊ ပရိဘောဂလုပ်ငန်းရှင်များအထူးကောင်းမွန်တဲ့နေ့ဖြစ်ပြီး နေအိမ်ပြောင်းရွှေ့မှုမျိုးလည်း ကြုံရတတ်တဲ့အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့အစာမှားဆေးမှားဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အညံ့များပြေပျောက်စေရန်အိမ်ရှင်းပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့အလုပ်နေရာပြောင်းရခြင်း နေအိမ်အဆောက်အဦးသစ် ပြင်ဆင်ခြင်းများ ကြုံရတတ်ပါတယ်။ ငွေကြေးကိစ္စ စကားပြောဆိုမှုများအောင်မြင်မယ့် နေ့ရက်တစ်ရက်ပါပဲ။ စီးပွားရေးလုပ်ငန်းများအတွက် လက်အောက်ငယ်သားအကူအညီရရှိတတ်ပြီးအကြံအစည်သစ်တွေကိုလည်းအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ စိုက်ပျိုးရေးထွက်ကုန်ရောင်းချသူများအထူးအောင်မြင်နိုင်ပြီး ဘဏ်လုပ်ငန်း၊ ငွေစုငွေချေးနှင့်အစုရှယ်ယာလုပ်ငန်းများ ကောင်းမွန်နေပါတယ်။ တနင်္ဂနွေသားသမီးတွေရဲ့အကူအညီကိုလည်း ရရှိတတ်ပြီး ပဲမျိုးစုံ၊ ဆေးဝါး၊အိမ်ခြံမြေလုပ်ကိုင်သူတွေလည်းအကျိုးများမယ့် နေ့ရက်ပါပဲ။အိမ်အသုံးအဆောင် ပရိဘောဂ၊အဖိုးတန်ပစ္စည်းများ ဝင်ကိန်းရှိပြီးအိမ်ရှိ လျှပ်စစ်ပစ္စည်း ပျက်တတ်၊ ထွက်တတ်ပါတယ်။ ကျန်းမာရေးကောင်းမွန်နေပြီးအချစ်ရေး၊အိမ်ထောင်ရေးအနည်းငယ်ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ငှက်ပျောသီး ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ လုပ်ငန်းခွင်မျိုးကနေ ကမ်းလှမ်းလာတာမျိုး ကြုံရတတ်လို့ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အသင့်ပြင်ထားသင့်ပါတယ်။ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်သူများ ကံကောင်းမယ့် နေ့ရက်ပါပဲ။ နိုင်ငံခြားပညာတော်သင်လည်း သွားရတတ်ပါတယ်။အဖိုးတန်ပစ္စည်း ဝင်လာလျှင်အိမ်ထောင်ဦးစီး ကျန်းမာရေးညံ့တတ်လို့ ဘုန်းကြီးကျောင်းမှာ ဆန်အိတ်လှူပေးပါ။ ပြည်တွင်း၊ ပြည်ပခရီးတစ်ခုကနေ လုပ်ငန်း နဲ့ပတ်သက်တဲ့အကျိုးအမြတ်တွေရရှိလာပါလိမ့်မယ်။အလုပ်ရှင်ရဲ့ မျက်နှာသာပေးမှု ခံရတတ်ပြီး လစာလည်း တိုးတတ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့အစာအိမ်ရောဂါ သတိပြုသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဆီးဖျော်ရည်ကပ်လှူပြီး လိုရာဆုတောင်းပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ဒီနေ့ကစပြီးအကောင်းဘက်ကို ရောက်ရှိပြီလို့ ပြောနိုင်ပါတယ်။ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကိုအနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာနအပြောင်းအလဲ ကြုံ၇ကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ ဒီရက်မှာ မိမိရဲ့ စိတ်ကူးဆန္ဒတွေက တစ်ခြားသူတွေနဲ့ ဆန့်ကျင်ဘက်တွေပဲဖြစ်နေတတ်ပါတယ်။ ဆေးဝါး၊အိမ်ခြံမြေလုပ်ကိုင်သူတွေလည်းအကျိုးများမယ့် နေ့ရက်ပါပဲ။အိမ်အသုံးအဆောင် ပရိဘောဂ၊အဖိုးတန်ပစ္စည်းများ ဝင်ကိန်းရှိပြီးအိမ်ရှိ မော်တော်ကား၊ ယာဉ်စက်ပျက်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် လက်အောက်ငယ်သားအကူအညီရရှိတတ်ပြီးအကြံအစည်သစ်တွေကိုလည်းအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ စိုက်ပျိုးထွက်ကုန်ရောင်းချသူများအထူးအောင်မြင်နိုင်ပြီး ဘဏ်လုပ်ငန်း၊ ငွေစုငွေချေးနှင့်အစုရှယ်ယာလုပ်ငန်းများ ကောင်းမွန်နေပါတယ်။ လုပ်ငန်းတိုးချဲ့လိုသူတွေ စတင်တိုးချဲ့နိုင်မယ့်အချိန်ပါပဲ။အချစ်ရေးမှာ ချစ်သူရဲ့ သစ္စာဖောက်ခြင်းခံရတတ်ပြီး ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ပိုင်း ဒုက္ခပေးတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ရွက်လှပန်းကို ဘုရားကပ်လှူပြီး လိုရာဆုတောင်းနိုင်ပါတယ်။


ရာဟု - ရာဟုသားသမီးတွေကတော့ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျ သုံးတတ်ဖို့အရေးကြီးသလိုအလျင်စလိုဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့် ဆက်ဆံရေးအောင်မြင်နိုင်ပါတယ်။ မိဘဆွေမျိုးများနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခု ကြားရနိုင်သလိုအမျိုးထဲမှာလည်း မင်္ဂလာကိစ္စပေါ်လာတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့အခက်အခဲတစ်ချို့ ကြုံနေရမယ့်အချိန်ပါပဲ။ စီးပွားရေးလုပ်ငန်းပိုင်းမှာအခက်အခဲကြုံပြီးမှအောင်မြင်နိုင်လို့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်အတွင်း သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့အကူအညီရရှိလာပါလိမ့်မယ်။ ယုံကြည်ရသူတစ်ဦးရဲ့ နောက်ကျောဓါးထိုးခံရကိန်းရှိပြီး ငွေကြေးပိုင်းဆိုင်ရာအလိမ်ခံရကိန်းလည်း ရှိနေပါတယ်။ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းဆောင်တာတွေကို သေချာစနစ်တကျ စီစဉ်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့အလုပ်ရှင်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်မှာဖြစ်ပြီး ကား၊အိမ်အရောင်းအဝယ်လုပ်ငန်းများလည်းအကောင်အထည်ပေါ်လာပါလိမ့်မယ်။အချစ်ရေး ကောင်းမွန်နေပြီး ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျောက်ကပ်ရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - လမ်းတွင် ရေချမ်းစင်လှူဒါန်းပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ဒီနေ့အတွက် လုပ်ဖော်ကိုင်ဖက်တွေကပါ မကောင်းကြံစိတ်မွေးနိုင်တဲ့ ကာလဖြစ်လို့ ဘယ်သူ့ကိုမဆို ယုံကြည်မှုလွန်ကဲပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတိုင်ပင်တာမျိုးတွေကို သတိထားသင့်ပါတယ်။ ဒီနေ့မှာ ငွေကြေးကံကောင်းနေပြီးအချစ်ရေး၊ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားမှုတွေအပေါ် မကောင်းကြံမယ့်သူတွေ ပေါ်ပေါက်ကြုံတွေ့ရတတ်ပြီး လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုရမယ့် ကာလပါပဲ။အသေးစားချေးငွေလုပ်ငန်း၊ ဘဏ်လုပ်ငန်း လုပ်ကိုင်သူများအထူးအောင်မြင်နိုင်ပြီး လုပ်ငန်းအစုစပ်ရှယ်ယာလုပ်ကိုင်ခြင်း၊ ရှယ်ယာငွေထည့်ုခြင်းတို့ကနေ လူလိမ်ခံရနိုင်ပါတယ်။ ကြာသပတေးသားသမီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့်အောင်မြင်နိုင်ပါတယ်။ လုပ်ငန်းခွင်အတွင်းအပေါင်းအသင်း မိတ်ဆွေသစ်တိုးပွားခြင်း ကြုံရပါလိမ့်မယ်။ မိတ်ဆွေသူငယ်ချင်းတွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကူညီပေးရခြင်းမျိုး ၊ စာချုပ်စာတမ်းအာမခံရခြင်းမျိုးလည်း ကြုံရနိုင်ပါတယ်။ ပညာရေးအတွက် သင်တန်းအသစ်တက်ရောက်ရကိန်းရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် မုန့်လက်ကောက် ကပ်လှူ ဆုတောင်းပေးပါ။


သောကြာ -အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာဖြစ်ပြီးအတွေးအမြင်သစ်များကနေ ထူးခြားတဲ့ ကံကောင်းမှုတွေ ရရှိခံစားရပါလိမ့်မယ်။အချစ်ရေး၊ ပညာရေးကောင်းမွန်နေပြီး ပုံမှန်ထက်ငွေဝင်ခြင်းအဆင်ပြေခြင်းများ ကြုံတွေ့ရမယ့် နေ့ရက်တစ်ရက်ပါပဲ။ ဒါပေမယ့် ငွေဝင်များနေသလို ငွေထွက်မယ့် ကိစ္စတွေလည်း ဆက်တိုက်ကြုံရနိုင်လို့ သတိပြုသင့်ပါတယ်။ လုပ်ငန်းစီးပွားတိုးချဲ့ဖို့အချိန်အခါကောင်းဖြစ်ပြီးအနုပညာလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်းလုပ်ကိုင်သူများအကျိုးများမယ့် နေ့ရက်ပါပဲ။ ပြည်တွင်းပြည်ပ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေးနဲ့ ကျောက်မျက်လုပ်ငန်းရှင်များလည်းအောင်မြင်နိုင်ပါတယ်။ မိသားစုနဲ့လုပ်ငန်းခွင်အတွင်း သူတစ်ပါးအတွက် ကြားခံပြောဆိုပေးခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာအကူအညီပေးခြင်းမျိုး ရှောင်ကြဉ်ရပါမယ်။ လူမျိုးခြားနဲ့လုပ်ကိုင်သော ကိစ္စရပ်များအကျိုးများနိုင်ပြီးအိမ်ခန်း၊ဆိုင်ခန်းသစ်လည်း ဝင်လာတတ်ပါတယ်။ စနေသားသမီးများနှင့် ပတ်သက်သောခရီးသွားရခြင်း၊ ပြည်တွင်းပြည်ပ စပ်တူ ရှယ်ယာလုပ်ငန်းရပ်များအကောင်အထည် ပေါ်လာကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့ လေရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - သစ်ခွပန်းကိုအိမ်ရှိဘုရားမှာ ကပ်လှူပြီး လိုရာဆုတောင်းနိုင်ပါတယ်။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအတွက်အချစ်ရေးမှာ ထူးထူူးခြားခြား တိုးတက်မှုတွေ ကြုံရမှာဖြစ်ပြီး ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တာတွေကနေအကျိုးထူးရရှိစေနိုင်ပါတယ်။အသေးစားထိခိုက်မှုမျိုး ရှိနိုင်ပြီး စိုးရိမ်ရတဲ့အနေအထားမျိုးတော့ မရှိနိုင်ပါဘူး။ ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ လူမျိုးခြားနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကနေအောင်မြင်မှု ရရှိနိုင်ပါတယ်။ ဆောက်လုပ်ရေးနဲ့အိမ်အလှဆင်ပစ္စည်းရောင်းဝယ်သူများ ကံကောင်းနေပါတယ်။ ဆန်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားသူများအထူးကောင်းမွန်နေပြီးအထည်အလိပ်၊ ကျောက်မျက်လုပ်ငန်းရှင်များလည်း စီးပွားတိုးတက်အောင်မြင်နေမှာဖြစ်ပါတယ်။ တနင်္လာသားသမီးများနှင့် လက်တွဲလုပ်ကိုင်သည့် ကိစ္စရပ်များအောင်မြင်နိုင်ပြီး စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများအကျိုးပေးပါလိမ့်မယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး ကျန်းမာရေးအနေနဲ့ နားအူ၊ နားကိုက်ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -အိမ်ရှိ ဒန်အိုး၊ ဒယ်အိုးအဟောင်းအစုတ်များ စွန့်ပစ်လိုက်ပါ။


LEO




Some text some message..