မတ်လ ၉ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2019-03-09




မတ်လ ၉ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း မတ်လ ၉ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

အိမ်တွင်းရေး၊အိမ်ထောင်ရေးအရှုပ်ရှိနေပြီး ခင်ပွန်း၊ ဇနီးဖောက်ပြန်တတ်ပါတယ်။ ချစ်သူရှိပြီးသူတွေအနေနဲ့လည်း မိမိရဲ့ သူငယ်ချင်းနဲ့ မိမိချစ်သူဖောက်ပြန်တာမျိုး ကြုံရတတ်လို့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။အလုပ်ကိစ္စအပြောင်းအလဲလုပ်လိုစိတ်ပေါ်နေမှာဖြစ်ပြီး လက်ရှိအလုပ်မှာ ဆက်လက်လုပ်ကိုင်တာက ပိုပြီးအဆင်ပြေစေပါလိမ့်မယ်။ လုပ်ငန်းခွင် ပဋိပက္ခအချို့မှာ ကြားညပ်နိုင်ပြီး ကိုယ်ကစေတနာထား လုပ်ဆောင်ပေးလိုက်တာတွေအတွက် မကောင်းပြောခံရတတ်ပါတယ်။အိမ်အနီးမှာ ကိုယ်ဝန်သည်ရှိတတ်ပြီး လိုအပ်တာလေးတွေ တတ်နိုင်သမျှ ထောက်ပံ့ပေးလိုက်ပါ။ ရေထွက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဝန်ထမ်းများအလုပ်နေရာ မမြဲပဲ ဖြစ်နေပါလိမ့်မယ်။အလုပ်နဲ့သက်ဆိုင်တဲ့ သင်တန်းတွေတက်ရောက်ရကိန်းရှိပြီး ကျန်းမာရေးကတော့ ကောင်းမွန်နေပါတယ်။

ယတြာ - ဘုရားတွင် တံမြက်စည်းလှည်း ကုသိုလ်ယူပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

လူမျိုးကွဲ၊ ဘာသာကွဲနဲ့ တွဲဖက်လုပ်ကိုင်သူများ သတိထားသင့်ပြီး ဒီနေ့မှာအလုပ်ပြောင်း၊အိမ်ပြောင်းတာမျိုးတွေ မလုပ်သင့်သေးပါဘူး။ မနာလိုပြိုင်ဆိုင်မှုများကြုံရကိန်းရှိနေပြီး လုပ်ငန်းခွင်မှာလည်းအနှောင့်အယှက်ပေးသူတွေ ကြုံရပါလိမ့်မယ်။ ဘေးစကားတွေကြောင့်အချစ်ရေး၊အိမ်ထောင်ရေး ပြဿနာဖြစ်နိုင်လို့ သတိပြုရမယ့် နေ့ရက်ပါပဲ။ ရပ်တန့်ထားတဲ့ ကိစ္စတွေ ပြန်လည်အကောင်အထည်ပေါ်လာမယ့် နေ့ရက်ဖြစ်ပြီး လုပ်ငန်းသစ်စတင်ဖို့ကောင်းမွန်တဲ့ နေ့ရက်လို့လည်း ဆိုရမှာပါ။အတတ်ပညာတစ်ခုခု တိုးချဲ့သင်ယူရကိန်းရှိပြီး နိုင်ငံခြားခရီးစဉ်သွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ဒုက္ခပေးတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် သရက်ယို ကပ်လှူပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

စီးပွားရေး၊ လူမှုရေးပိုင်းအစစအရာရာကောင်းမွန်နေပါတယ်။အလုပ်သစ်ပြောင်းလဲ လုပ်ကိုင်ရကိန်းရှိပြီးအကြံဉာဏ်သစ်တွေလည်းအကောင်အထည်ဖော်သင့်တဲ့အချိန်ပါပဲ။ မိတ်ဆွေကောင်းတွေဆီကနေ ထူးခြားတဲ့အကူအညီတွေရရှိပြီး စုပေါင်းလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေကနေအကျိုးအမြတ်များ ရရှိလာပါလိမ့်မယ်။အချစ်ရေးမှာ စန်းပွင့်နေတဲ့အချိန်ဖြစ်ပြီးအိမ်ထောင်သည်တွေအနေနဲ့လည်း သားသမီးကြောင့် စိတ်ချမ်းသာရတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်ရောက်ရကိန်းရှိပြီး ပြည်ပသို့ ပညာတော်သင် သွားရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နှာစေးနှာပိတ် ဖြစ်ပွားတတ်ပါတယ်။

ယတြာ -အရဟံဂုဏ်တော်ကို သက်စေ့ရွတ်ဆိုပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

အိမ်ထောင်မရှိသူများအိမ်ထောင်ကျကိန်းရှိပြီးအချစ်ရေးမှာအထူးကံကောင်းနေပါတယ်။ သွားလေရာရောက်လေရာမှာ လူတိုင်းက မိမိအပေါ်လိုလားမှုရှိနေပါလိမ့်မယ်။ ဒါပေမယ့် စိတ်ပျံ့လွင့်လွယ်ပြီးအချစ်ရေးမှာ နစ်မျောနေတာကြောင့် ပညာရေးပိုင်းအားနည်းတတ်ပါတယ်။ ကျန်းမာရေးလည်းအနည်းငယ်ညံ့နေပါတယ်။အပြောင်းအလဲ၊ ယှဉ်ပြိုင်မှုတွေကြားကနေပဲ တိုးတက်အောင်မြင်ပါလိမ့်မယ်။အခက်အခဲအနည်းငယ်ရှိပေမယ့် ကျော်လွှားနိုင်မှာလည်းဖြစ်ပါတယ်။ ခြံ၊ ကား၊အိမ်အသစ်ဝင်ကိန်းရှိပြီးအိမ်ပြောင်းရကိန်းလည်း ရှိနေပါတယ်။ လူမျိုးခြား၊ ဘာသာခြားနဲ့ ဖက်စပ်လုပ်ကိုင်တာကနေအောင်မြင်မှုရရှိပါလိမ့်မယ်။အိမ်ထောင်ရှိပြီးသူတွေအနေနဲ့အိမ်ထောင်ဖက်ဖောက်ပြန်တတ်လို့ သတိပြုရပါမယ်။ ကျန်းမာရေးအနေနဲ့ ထိခိုက်ရှနာဖြစ်ပွားတတ်ပါတယ်။

ယတြာ - သက်ကြီးရွယ်အိုတစ်ဦးကို ဆေးဝါးလှူဒါန်းပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

အတတ်ပညာကိုအခြေခံပြီး ဘဝတိုးတက်မှု ရရှိမယ့်အချိန်ဖြစ်ပြီးအပြိုင်အဆိုင်အားလုံးကို ကျော်ဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။ လူပျိုကြီး၊အပျိုကြီးများအိမ်ထောင်ကျကိန်းရှိပြီး ပျိုရွယ်သူတွေအနေနဲ့အချစ်ရေး၊မေတ္တာရေးကိစ္စတွေမှာ စိတ်ချမ်းမြေ့ရမယ့် နေ့ရက်ပါပဲ။ ဝေးကွာနေတဲ့အချစ်ဟောင်းနဲ့လည်း ပြန်လည်ဆုံစည်းရကိန်းရှိပါတယ်။ ရည်မှန်းချက်များအောင်မြင်မှာဖြစ်ပြီး ဆောင်ရွက်သမျှ ကိစ္စတိုင်းအတွက် ထူးကဲတဲ့အောင်မြင်ခြင်းမျိုး ကြုံရပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်းသစ်တက်ရောက်ခြင်းများမှ ရာထူး တိုးတက်ဖို့ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ရည်ရွယ်ထားရင်လည်း ရဲရဲပဲ တိုးချဲ့လိုက်ပါ။အောင်မြင်မှု ရပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးမိတတ်ပါတယ်။

ယတြာ - ပဌာန်းရွတ်ဖတ်ပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ပညာရေးနဲ့ ပတ်သက်ပြီး ပြည်ပခရီးသွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နားအူ၊ နားကိုက်ရောဂါ ဖြစ်ပွားတတ်ပါတယ်။ ရည်မှန်းချက်မှန်သမျှ ထူးခြားအောင်မြင်နိုင်ပြီး ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကိုလည်းအကောင်အထည်ဖော်သင့်တဲ့ နေ့ရက်ပါပဲ။ တက်မယ်လို့ ကြံရွယ်ထားတဲ့ သင်တန်းတွေကိုလည်း ချက်ချင်းပဲ တက်ရောက်လိုက်ပါ။ ဆန်၊ ဆီ၊ ဆား လုပ်ငန်းလုပ်ကိုင်သူများအထူးကောင်းမွန်နေပါတယ်။အလုပ်ကိစ္စမှန်သမျှအဆင်ပြေအောင်မြင်ပါလိမ့်မယ်။အချစ်ရေးမှာ စိတ်ချမ်းမြေ့စရာများ ကြုံမှာဖြစ်ပြီး မိမိအပေါ် နားလည်မှုအပြည့်အဝရှိသူနဲ့ လက်တွဲရကိန်းရှိပါတယ်။

ယတြာ - ဘုရားတွင် ကျောက်ကျော ကပ်လှူပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

သူတစ်ပါး ကိစ္စတွေမှာကြားဝင်လုပ်ကိုင်ရတတ်ပြီး ကိုယ့်ရဲ့ ကူညီမှုအပေါ်အကောင်းထင်မခံရတတ်လို့ သတိပြုသင့်ပါတယ်။အိုးအိမ်၊ ခြံ၊ မြေအသစ်ဝင်ကိန်းရှိပြီး မိသားစုအိမ်တွင်းရေးမှာတော့ ပြဿနာအနည်းငယ် ရှိနိုင်ပါတယ်။ နာမည်ကောင်းသတင်းနဲ့ ကျော်ကြားနေမှာဖြစ်ပြီးအလုပ်တွေကိုလည်းအများအပြားလုပ်ကိုင်နေရတတ်ပါတယ်။ ရေလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်းအဆင်ပြေပါလိမ့်မယ်။အချစ်ရေးကံကောင်းနေပြီး ဗုဒ္ဓဟူး သားသမီးနဲ့ ဖူးစာဆုံပါလိမ့်မယ်။ ပညာရေးမှာ ပုံမှန်လေးကြိုးစားရုံနဲ့ ထွန်းထွန်းပေါက်ပေါက်အောင်မြင်မယ့် ကာလဖြစ်ပြီး ကျန်းမာရေးအနေနဲ့အစားမှားတတ်ပါတယ်။

ယတြာ - ဘုရားတွင် ယပ်လှူဒါန်းပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

အပြိုင်အဆိုင်များကြားကနေအောင်မြင်မှုရရှိမှာဖြစ်ပြီး မနာလိုသူတွေပေါများနေပါလိမ့်မယ်။ ရန်လိုသူတွေ၊ စိတ်ဒုက္ခပေးသူတွေ မကြာခဏကြုံတွေ့ရကိန်းရှိပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတူတွေရဲ့အကောက်ကြံခြင်း ကြုံရတတ်ပါတယ်။ ကိုယ့်ရဲ့ ဝန်ထမ်းတွေကို သူတစ်ပါးက ဆွဲခေါ်သွားတာမျိုးအထိ ကြုံရနိုင်ပါတယ်။အိမ်ခြံမြေလုပ်ငန်းရှင်များအကျိုးများမယ့်အချိန်ဖြစ်ပြီး လက်လီလုပ်ငန်းရှင်များအညံ့ရှိနေပါတယ်။ ဆောက်လုပ်ရေးနဲ့အိမ်အလှဆင်ပစ္စည်းဆိုင်တွေလည်း ကောင်းမွန်နေပါတယ်။ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်သူတွေအနေနဲ့ ပြန်လာရကိန်းရှိနေပါတယ်။အိမ်ထောင်ရေးအချစ်ရေးသာယာနေပြီး ကျန်းမာရေးအနေနဲ့အူယောင်တတ်ပါတယ်။

ယတြာ - ဘုရားတွင် သစ်တော်သီး ကပ်လှူပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပိုမိုအကျိုးပေးနေပြီး ဒီနေ့မှာလုပ်ငန်းတိုးချဲ့မှုပြုလုပ်မယ်ဆိုရင် စနေ၊ ဗုဒ္ဓဟူး သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်သင့်ပါတယ်။ လုပ်ငန်းတိုးတက်မှုကြုံရမှာဖြစ်ပြီး မိတ်ဆွေကောင်းတွေဆီက ငွေအား၊အကြံဉာဏ်အားအကူအညီများရရှိပါလိမ့်မယ်။အချစ်ရေးမှာ စန်းပွင့်နေပြီးအချစ်သစ်နဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်အပေါ်အထောက်အကူပြုမယ့် ချစ်သူမျိုးနဲ့လည်း ကြုံကြိုက်နိုင်ပါတယ်။အချစ်ရေးအပေါ် ဦးစားပေးမှုကြောင့် ပညာရေးပိုင်းမှာတော့အနည်းငယ်အားနည်းနေပါလိမ့်မယ်။ ကျန်းမာရေးကတော့ သာမန်ရောဂါအသေးတွေ မကြာခဏဖြစ်လေ့ရှိပြီး စိုးရိမ်စရာတော့မရှိပါဘူး။

ယတြာ - သံဃာတော်တစ်ပါးအား သင်္ကန်းကပ်လှူပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

မိတ်ဆွေကောင်းတွေဆီကနေ ထူးခြားတဲ့အကူအညီတွေရရှိပြီး စုပေါင်းလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေကနေအကျိုးအမြတ်များ ရရှိလာပါလိမ့်မယ်။ ဒီနေ့မှာ ချစ်သူနဲ့စကားများရန်ဖြစ်တာမျိုး စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးကြုံနိုင်ပြီး လမ်းခွဲတဲ့အထိလည်း ဖြစ်သွားနိုင်လို့ သတိပြုရပါမယ်။ ရည်မှန်းချက်မှန်သမျှအောင်မြင်ပြီး လမ်းသစ်ထွင်ဆောင်ရွက်မှုတွေကလည်း ထူးခြားတဲ့တိုးတက်အောင်မြင်မှု ရရှိလာပါလိမ့်မယ်။အလုပ်သစ်ပြောင်းလဲလုပ်ကိုင်ရကိန်းရှိပြီးအကြံဉာဏ်သစ်တွေလည်းအကောင်အထည်ဖော်သင့်တဲ့အချိန်ပါပဲ။ ပညာရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်ရောက်ရကိန်းရှိပြီး ပြည်ပသို့ ပညာတော်သင်သွားရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နာတာရှည်ရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ - ကလေးငယ်တစ်ဦးအား စာရေးကိရိယာ လှူဒါန်းပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

ရည်မှန်းချက်မှန်သမျှ ထူးခြားအောင်မြင်နိုင်ပြီး ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကိုလည်းအကောင်အထည်ဖော်သင့်တဲ့ နေ့ရက်ပါပဲ။ တက်မယ်လို့ ကြံရွယ်ထားတဲ့ သင်တန်းတွေကိုလည်း ချက်ချင်းပဲ တက်ရောက်လိုက်ပါ။ တွဲဖက်လုပ်ကိုင်ရတဲ့ လုပ်ငန်းများအကျိုးပေးမည်ဖြစ်ပြီး လူအများကြားမှာ ထင်ပေါ်နေမယ့် ကာလပါပဲ။အလုပ်ကိစ္စတွေလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်။အချစ်ရေးမှာ စိတ်ချမ်းမြေ့စရာများ ကြုံမှာဖြစ်ပြီး မိမိအပေါ် နားလည်မှုအပြည့်အဝရှိသူနဲ့ လက်တွဲရကိန်းရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ပြည်ပခရီးသွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အူလမ်းကြောင်းရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ - ဘုရားတွင် မုန့်ဟင်းခါး ကပ်လှူပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

နေအိမ် နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိပြီး ဝန်ထမ်းဖြစ်ပါကအလုပ်နေရာ ပြောင်းရွှေ့ရကိန်း ရှိနေပါတယ်။အိမ်ရှိအငယ်ဆုံးသူရဲ့ မင်္ဂလာသတင်းကိုလည်း ကြားသိရကိန်းရှိပါတယ်။ ရေသန့်လုပ်ငန်း၊ ရေထွက်ကုန်ပစ္စည်းလုပ်ငန်း၊အချိုရည်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး စပ်တူရှယ်ယာလုပ်ငန်းရှင်တွေကတော့အနည်းငယ်အခက်အခဲ ရှိနိုင်ပါတယ်။ လက်တွဲလုပ်ကိုင်သူ သစ္စာဖောက်တတ်ပြီး လုပ်ငန်းပိုင်ငွေတွေကိုလည်းအလွဲသုံးစားပြုလုပ်ခြင်း ခံရတတ်ပါတယ်။ ဒီနေ့မှာအိမ်ထောင်ရှင်တွေအိမ်ထောင်ရေး သာယာနေပြီး ပျိုရွယ်သူတွေကတော့ ရန်တကျက်ကျက်ဖြစ်နေပါလိမ့်မယ်။ လတ်တလောမှာငွေကြေးကိစ္စ ကြားခံဆောင်ရွက်တာမျိုး ရှောင်ကြဉ်လိုက်ပါ။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြား သွားရောက်ရကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်ရောင်တတ်ပါတယ်။

ယတြာ -အိမ်ရှိအသက်ကြီးရင့်သူတစ်ဦးအား ပုဆိုး၊ လုံခြည် လှူဒါန်းပေးပါ။

LEO




Some text some message..