မတ်လ ၉ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2019-03-09




မတ်လ ၉ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို မတ်လ ၉ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီနေ့မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကိစ္စမှာ မိဘဆွေမျိုးများကြောင့် သောကရောက်ရတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ၌အောင်မြင်အဆင်ပြေနေပြီး ပြိုင်ဘက်များထက် ပိုမိုသိသာထင်ရှားစွာ တိုးတက်လာမည်။ ကြန့်ကြာနေသော သိုလှောင်ကုန်စည်များပင်အရောင်းသွက် လာမည်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအတွင်း မိမိအထက်လူကြီး ကူညီမစမှုများကြောင့် ရာထူးတိုးနိုင်ခြင်းမျိုးရှိမည်။ စက်ပစ္စည်းသစ် တစ်ခုလည်း ဝင်လာတတ်ပါတယ်။ ပညာသင်ကျောင်းသားများအဖို့ ဆရာကောင်းများ၏ သင်ကြားမှုဖြင့်အောင်မြင်မှုရရှိမည်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေးသာယာပြီး စိတ်ပျော်ရွှင်နေရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် မျက်စိနှင့်ပတ်သက်သော ဝေဒနာ ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၅, ၃, ၇ ကံကောင်းသောအရောင် ။ ။ ကြေးနီရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ ပဲဆွမ်းကပ်လှူပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာ ချစ်သူရှိပြီးသူများအိမ်ထောင်ပြုရန် ကမ်းလှမ်းခံရခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ စပ်တူလုပ်ငန်းများ လုပ်ကိုင်ရန်အခွင့်အလမ်းကောင်းများနှင့် ကြုံလိမ့်မည်။ လုပ်ငန်းများမှလည်း ထူးခြားသောအကျိုးအမြတ်များ ဖြစ်ထွန်းအောင်မြင်လိမ့်မည်။ ကံမြင့်ပြီး လာဘ်ပွင့်မည့်အချိန်ကာလမျိုးလည်း ဖြစ်တတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များပြားပြီး ခရီးတွေလည်း ထွက်ခွာနေရ တတ်ပါတယ်။ ပညာရေးအနေဖြင့် Óဏ်စွမ်း Óဏ်စများ ယခင်ထက် ပိုမိုထက်မြက်လာလိမ့်မည်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကံ ကောင်းနေတတ်ပြီး ချစ်သူမရှိသေးသူများ ချစ်သူရရှိတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အနည်းငယ်ညံ့ခြင်း၊အစာမှား၊ ဆေးမှားဖြစ်ခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၇, ၄, ၅ ကံကောင်းသောအရောင် ။ ။ ခရမ်းရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာအုန်းဆွမ်းကပ်လှူပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် လိမ်လည်လှည့်ဖျားသောအချစ်ရေးနှင့် ကြုံတွေ့ရတတ်၍ သတိထားသင့်၏။ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍အစစအရာရာ စိတ်ချမ်းသာရမည့် ကာလမျိုးတွေ ဖြစ်တတ်ပါတယ်။ ထိုလုပ်ငန်းများကြောင့်လည်း ဘဝအတွက်အပြောင်းအလဲများနှင့် တိုးတက်မှုများ ဖန်တီးနိုင်လိမ့်မည်။ ဝန်ထမ်းများအနေဖြင့်လည်း ရုံးပိုင်း ဆိုင်ရာများတွင် ငွေကြေးကိစ္စများနှင့်ပတ်သက်၍အာမခံခြင်းမပြုလုပ်ပါနှင့်။ ငွေကြေးအလိမ်ခံရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပညာရေးအနေဖြင့် ဆရာသမားကောင်းနှင့်တွေ့၍ ကံကောင်းမှုများနှင့် ကြုံတွေ့ရတတ် ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာနေလိမ့်မည်။ ကျန်းမာရေးတော့အနည်းငယ် ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၆, ၇, ၉ ကံကောင်းသောအရောင် ။ ။အစိမ်းနုရောင်

ယတြာ ။ ။ မွေးနံထောင့်ဘုရားမှာ သောက်တော်ရေ သက်စေ့ကပ်လှူပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ ချစ်ကံခေတဲ့ နေ့ရက်တွေပါပဲ။ လုပ်ငန်းကိစ္စတွေမှာအဆင်မပြေမှုတွေ ကြုံရတတ်ပါတယ်။ ဘာပဲလုပ်လုပ် စိတ်နှစ်ခွ ဖြစ်စရာတွေ ကြုံရတတ်သည်။ ပြည်ပခရီး ရည်ရွယ်ထားလျှင်အောင်မြင်လိမ့်မည်။အိုးအိမ်၊ နေရာကိစ္စ တွေမှာတော့ မရေမရာ မသေချာမှုတွေနဲ့ ကြုံရတတ်ပါတယ်။အိမ်ထောင်သည်များအတွက်တော့ သားသမီးကိစ္စကြောင့် စိတ်အနှောင့်အယှက် ကြုံရတတ်ပါတယ်။ ကျန်းမာရေးမှာ ဝမ်းဗိုက် ဒုက္ခပေးတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၅ ကံကောင်းသောအရောင် ။ ။အစိမ်းရောင်

ယတြာ ။ ။ မိတ်ဆွေများကို ရှမ်းခေါက်ဆွဲ ဝယ်ကျွေးပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအဖိ့ု ချစ်ရေးကိစ္စတွေမှာအာရုံမများသင့်ပါ။ ခရီးကိစ္စနဲ့ပတ်သက်ပြီး ထစ်ငေါ့မှုလေးတွေ ကြုံရတတ်ပါတယ်။ သွားရင်းလာရင်း ငွေတွေပစ္စညးတွေ ပျောက်တတ်ပါတယ်။ သူခိုးခိုးခံရတတ်ပါတယ်။ သူတပါးအား ငွေကြေးချေးငှားခြင်း မပြုလုပ်သင့်ပါ။ ငွေကြေးချေးငှားမိပါက ပြန်မရသောငွေဖြစ်သွားတတ်ပါသည်။ ကိုယ်ရဲ့ငယ်သူ၊ လက်အောက်ငယ်သား စသည့်သူတွေကအကူအညီပေးတတ် တယ်။ သူတပါးကိုအာမခံတာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ ဆိုင်းဘုတ်တင်ခြင်း၊ ဆိုင်သစ်ဖွင့်ခြင်း၊ စပ်တူရှယ်ယာကိစ္စတွေ ပြုလုပ်နိုင်ပါတယ်။အိမ်ထောင်သည်များအဖို့အိမ်ထောင်ဖက်၏အထင်အမြင်လွဲခြင်း ခံရတတ်သည်။ ကျန်းမာရေးမှာ သွေးနှင့်ပတ်သက်သော ရောဂါ၊ နှလုံးသွေးတိုး စသည့်ရော၈ါဝေဒနာများ ခံစားရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၈, ၇ ကံကောင်းသောအရောင် ။ ။အနီရောင်

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို နန်းကြီးသုပ် ဝယ်ကျွေးပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် မိမိရည်မှန်းထားသူများနှင့် လွဲနေမည်။အလှူနှင့်ပတ်သက်သောခရီး သွားရလိမ့်မည်။ ဆရာသမားအကြီးအကဲတို့ မ,စ၍ လက်အောက်ငယ်သားများ၏ တွန်းလှန်ခြင်း ခံရတတ်သည်။အိမ်အနီးအနားဝန်းကျင်တွင် မီးလန့်နိုင်သည်။ ငွေအဝင်အထွက် မမျှနိုင်သဖြင့် ရွှေဝယ်စုထားလျှင် ကောင်းပါလိမ့်မည်။ မိခင် ကျန်းမာရေးညံ့တတ်သည်။ မိတ်ဆွေရင်း၏ သစ္စာဖောက်မှု ခံရတတ်သည်။အိမ်ထောင်ရှင်များအတွက်ကတော့ ဘဝင်မကျစရာများနှင့် တွေ့နေရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၁, ၄, ၆ ကံကောင်းသောအရောင် ။ ။အဝါနုရောင်

ယတြာ ။ ။ သောကြာနေ့တွင် ဘုန်းကြီးကျောင်းသို့သွားပြီး နို့ဆီဘူးလှူပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေး ကံကောင်းနေပါသည်။ ကိုယ်ချစ်ထက် သူချစ်ကို ဦးစားပေးပါက စိတ်ချမ်းသာရမည်။ နိုင်ငံခြားသွားရန် ကြံရွယ်ထားသူများ သင်တန်းတက်ရန် ကြံရွယ်ထားသူများအောင်မြင်မည်။ ပညာရေး ကံကောင်းသော ကာလလည်း ဖြစ်ပါသည်။အိမ်ရောင်း၊အိမ်ပြောင်းရကိန်း ရှိသည်။ ဝင်ငွေများ ရှိသော်လည်းအကြောင်းမရှိအကြောင်းရှာ၍ ပြန်ထွက်တတ်သည်။ ငွေဝင်လာပါက ဝယ်စရာများ မြန်မြန်ဝယ်ထားပါ။ ပိုက်ဆံအိတ် ကျပျောက်တတ်သည်။ မိဘနှစ်ပါး၏ ကျန်းမာရေး ညံ့မည်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၅, ၇ ကံကောင်းသောအရောင် ။ ။ နီညိုရောင်

ယတြာ ။ ။ မိမိနေအိမ်ကဘုရားမှာ စနေနေ့တွင် ငွေထီး ၂ လက် ကြက်ခြေခတ်လှူပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် မိမိချစ်နေသူနှင့် ချစ်ခွင့်ကြုံမည်။ ဘုရားဖူးခရီးသွားရမည်။အတိတ်နိမိတ်ထူးများ ရတတ်၍ ရုတ်တရက် ဝိဇ္ဇာမ,သကဲ့သို့ ကြီးပွားချမ်းသာသွားတတ်သည်။ မိမိနေအိမ်တွင် လူဝင်လူထွက် များနေမည်။ ဤအချိန်တွင် တတ်နိုင်သမျှ ဒေါသကိုထိန်းပါ။အမှုဖြစ်ပါက ကြာမည်။အာရုံကြောနှင့်ပတ်သက်၍ သတိထားပါ။ ကျန်းမာရေးအနေဖြင့် တရှောင်ရှောင် ဖြစ်နေလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်း မှားတတ်၍ သတိထားပေါင်းပါ။ မိမိနေအိမ်သို့ ဘုရားပုံတော်များ ြ<ွကလာပါက ကောင်းသည်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၆, ၈ ကံကောင်းသောအရောင် ။ ။ နက်ပြာရောင်

ယတြာ ။ ။ ဗုဒ္ဓဟူးနေ့ ညနေတွင် ကလေးများအား ရုပ်ရှင်ပြပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေး ကံခေနေမည်။ လုပ်ငန်းအသစ်စရန် ကြံရွယ်ထားသူများအကောင်အထည်စဖော်လိုက်ပါ။ မည်သည့် လုပ်ငန်းပဲလုပ်လုပ်အဆင်ပြေလိမ့်မည်။ ကံကြမ္မာအကောင်းဘက်ကို ရောက်နေသဖြင့် နည်းနည်းကြိုးစား ထားလိုက်ရုံနှင့်အောင်မြင်မှုများ ရရှိမည်။ မိမိဘက်က ဘာသာရေးကိုင်းရှိုင်းရန်နှင့် ကိုယ်ကျင့်တရားလုံရန်အရေးကြီးသည်။ မိဘ၊ ဆရာသမားများ၏ ယုံကြည်ခြင်းခံရမည်။ တံစိုးလက်ဆောင်များ ရတတ်သည်။ သားသမီး မျှော်လင့်ထားသူများ ဆန္ဒပြည့်ဝတော့မည်။

ကံကောင်းသောနံပါတ် ။ ။ ၃, ၆, ၉ ကံကောင်းသောအရောင် ။ ။ ချောကလက်ရောင်

ယတြာ ။ ။ မွေးနေ့တွင် သက်သတ်လွတ်စားပါ။




Some text some message..