မတ်လ ၁၀ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2019-03-10




မတ်လ ၁၀ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို မတ်လ ၁၀ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးသာယာမည်။ လုပ်ငန်းတစ်ခု ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းခံရတတ်ပါတယ်။အပြောအဆို၊အနေအထိုင်ကတော့ ဆင်ခြင်လွန်းပါမှ တော်ရုံကျ ကာလမျိုးပါ။ သင့်အပေါ် မကောင်းကြံစည်သူ တချို့ရဲ့ရန်ကိုတော့ ကြည့်ရှောင်ပါ။ ဆွေမျိုးများထံမှအကူအညီကောင်းများ၊ သတင်းကောင်းများ ကြားသိရတတ်ပါတယ်။ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်း၊ ငွေကြေးလွဲှပြောင်းပေးအပ်ခြင်းများအထူး သတိထားဆောင်ရွက်သင့်သော ကာလမျိုးပါ။ ဝန်ထမ်းများအနေဖြင့် ရာထူးတိုးအတွက် စာမေးပွဲ တစ်ခု ဝင်ရောက်ဖြေဆိုခြင်း၊ သင်တန်းတစ်ခုတက်ခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့် မိဘပိုင်အမွေပစ္စည်းနှင့်ပတ်သက်ပြီး စကားများရတတ် ပါတယ်။ ကျန်းမာရေးအနေဖြင့် ခြေထောက်အောက်ပိုင်း မတော်တဆထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၁, ၇, ၃ ကံကောင်းသောအရောင် ။ ။ ခရမ်းရောင်

ယတြာ ။ ။ မိမိမွေးနေ့ညနေပိုင်းမှာ ခွေးကို ထန်းလျက်ခဲ (၁၁)ခဲကျွေးပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအချစ်ရေးတွင်အနှောင့်အယှက်များမည်။ လူမျိုးခြားနှင့်လက်တွဲ၍အကျိုးရှိသောလုပ်ငန်းများ ပြုလုပ်ရမည်။ ရာထူးတိုးခြင်းများ လည်းကြုံရတတ်သည်။ စက်ရုံ၊အလုပ်ရုံများအခြေအနေကောင်းမည်။ ပညာရေးနှင့်ပတ်သက်ပြီးအခွင့်အလမ်းသစ်များရရှိမည်။အနုပညာရှင်များအောင်မြင်မည်။ နည်းလမ်းအသွယ်သွယ်နှင့်အားထုတ်မှုမှ တိုးတက်အောင်မြင်မည်။ မိတ်ဆွေများ မိမိအပေါ်သစ္စာဖောက် တတ်သည်။ မလုပ်သင့်တာတွေ လုပ်မိ၊ မတွဲသင့်တာတွေနှင့် တွဲမိလိမ့်မည်။အိမ်ထောင်ရှင်များအနေနှင့်အနေအထိုင် သတိပြုပါ။အိမ်ထောင်ဖက်၏အထင်လွဲမှုခံရတတ်သည်။ ကျန်းမာရေးကတော့အလွန်ကောင်းမည်။

ကံကောင်းသောနံပါတ် ။ ။ ၈, ၇, ၆ ကံကောင်းသောအရောင် ။ ။အပြာရင့်ရောင်

ယတြာ ။ ။ ခရီးသွားမည့်သူတစ်ဦးကို စရိတ်မျှပေးပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအဖိ့ုအချစ်ရေးတွင် လမ်းခွဲရမလိုလို ဖြစ်သွားတတ်ပါတယ်။ သင့်ရဲ့ကံ တော်တော်လေးနိမ့်နေပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာရတာတွေနဲ့လည်း ကြုံရတတ်တယ်။ စက်ကိစ္စ၊ ဆိုင်ကိစ္စ၊ စာချုပ်စာတမ်းကိစ္စတွေကတော့ လုံးဝမပြုလုပ်သင့်ပါဘူး။ ရပ်ဝေးကအကူအညီတွေ ရတတ်တယ်။အလုပ်ကိစ္စ၊အိမ်ကိစ္စတွေလည်းအောင်မြင်နိုင်ပါတယ်။အိမ်ထောင်သည်များအဖို့ သားသမီးများကြောင့် ဂုဏ်သတင်းတက်မှုတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေးမှာ ဆီးနဲ့ပတ်သက်သောဝေဒနာ ခံစားရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၆, ၇ ကံကောင်းသောအရောင် ။ ။အနက်ရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ ထမင်းပူပူကို ထောပတ်ဆမ်းပြီး ဆွမ်းကပ်ပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေး၌ စန်းပွင့်နေမည်။ မျက်နှာများခြင်း၊ မာနထောင်လွှားခြင်းများ မပြုလုပ်သင့်ပါ။ စက်ပစ္စည်း၊ စက်ရုံများအကျိုးပေးမည်။ ဆန်၊ ဆီ၊ စက် စသည်တို့ ထုတ်လုပ်ရောင်း ဝယ်သောသူများအဖို့ လုပ်ငန်းမျှော်လင့်မှုအပြည့်အဝအောင်မြင်နိုင်သည်။ လုပ်ငန်း၌ သာယာ မည်။အကျိုးအမြတ်များပေါ်ထွက်ရန် ဝင်ငွေတွေလည်း ကောင်းနေမည်။အတ္တရှေ့တန်းတင်မှုတု့ိကို ရှောင်ပါ။ နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိသည်။အရာရာကို ကျော်လွှားအောင်မြင်နိုင်သော ကာလဖြစ်ပါသည်။ လက်ဆောင်ကောင်းများဝင်မည်။ မိမိယုံကြည်၍လုပ်ဆောင်သော ကြိုးပမ်းအားထုတ် မှုများအရာရောက်လိမ့်မည်။ ပညာရေးအထူးကောင်းမွန်ပါသည်။ ကျန်းမာရေး များစွာကောင်းမွန်နေပါလိမ့်မည်။

ကံကောင်းသောနံပါတ် ။ ။ ၆, ၇, ၅ ကံကောင်းသောအရောင် ။ ။အဖြူရောင်

ယတြာ ။ ။ မိမိအိမ်ကဘုရားတွင် ထမင်းပူပူပေါ် ဆီဆမ်း ဆားဖြူးကပ်လှူပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် ချစ်သူကြောင့် စိတ်ညစ်စရာများနှင့် ကြုံတွေ့ရတတ်သည်။ တဇွတ်ထိုးပြုမူ ဆောင်ရွက်တတ်သူတို့အဖို့ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရတတ်သည်။အမှားအမှန် ဆုံးဖြတ်ပြီးမှ လုပ်ဆောင်တတ်ဖို့သာအရေးကြီးပေသည်။ ယောကျ်ားသားများအဖို့ ပို၍ ကံကောင်းနေချိန်ဖြစ်သည်။ နေရပ်ဒေသမှာပင် စီးပွားဥစ္စာများ ဖြစ်ထွန်းလာပါမည်။အတတ်ပညာကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မြင့်မားသော ရာထူးများရရှိနိုင်၏။အလုပ်အကိုင်အခက်အခဲများ ကျော်ဖြတ်၍အကျိုးအမြတ်များ ပေါ်ထွက်လာပါမည်။ ဝင်ငွေကြောင့် ပျော်ရွှင်ဝမ်းမြောက်ရ သောကာလ ဖြစ်ပါသည်။ ကျန်းမာရေးကောင်း၍ ဆိုးရွားသော ရော၈ါဝေဒနာများလည်း သက်သာပျောက်ကင်းနိုင်သောအချိန်ဖြစ်ပါသည်။အိမ်ထောင်ရှင်များအိမ်ထောက်ဖက်များ၏ ချယ်လှယ်ခြင်းကို ခံရပါမည်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၆, ၄ ကံကောင်းသောအရောင် ။ ။အဝါရင့်ရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ စပယ်ရှစ်ကုံးကပ်လှူပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင်အပျိုများအိမ်ထောင်ကျတတ်ခြင်း၊အမွေရခြင်းများဖြစ်မည်။အစစအရာရာ ကောင်းမွန်ခြင်းများ ရောက်ရှိလာမည့်အချိန် ဖြစ်ပါသည်။ ကိုယ်ကျင့် တရားကိုအလေးထားသူများအနေဖြင့် ကံကောင်းမှုတွေ ပိုရလာမည့်ကာလလည်း ဖြစ်ပါသည်။ ဘာသာရေးပွဲများ ပြုလုပ်ရ၊ သွားရောက်ရတတ်ပါသည်။ ရေကြောင်းခရီးသွားခြင်း ရှောင်ပါ။ မိတ်ဆွေသူငယ်ချင်းများအကြား ချီးကျူးခြင်းခံရမည်။ မိဘများ သူတစ်ပါးသားသမီးကို ကောင်းသောမင်္ဂလာပြုပေးရလိမ့်မည်။ ငယ်ရွယ်သူများ သင်တန်း၊အတတ်ပညာတစ်ခု တက်ရောက်သင်ကြားရမည်။

ကံကောင်းသောနံပါတ် ။ ။ ၁, ၃ ကံကောင်းသောအရောင် ။ ။အနီရောင်

ယတြာ ။ ။အင်္ဂါနေ့နံနက်တွင် ရွှေဘုန်းပွင့်ဘုရားသွားပြီး ဆုတောင်းလိုက်ပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် ငယ်ရွယ်သူများ စန်းပွင့်ချိန်ဖြစ်သည်။ ပညာရေးကံကောင်းနေသော ကာလဖြစ်ပါသည်။ ဆရာကောင်းများနှင့်တွေ့မည်။ မိမိလေ့လာချင်သော ပညာရပ်ကို မုချလေ့လာသင်ကြားခွင့်ရမည်။ နေအိမ်သို့ ဘာသာရေးပုံတော်များ ြ<ွကလာမည်။ ဝန်ထမ်းများ ရာထူးတိုးတက်မည်။ မိမိရည်ရွယ်ချက်များအောင်မြင်စေရန် လူမှုရေးကိစ္စများ ခေတ္တရှောင်ရှားလိုက်ပါ။ လုပ်ငန်းခွင်အတွင်းအနှောင့်အယှက်အတိုက်အခံအနည်းငယ်ရှိမည်။ သူ့အလိုလို ရပ်သွားလိမ့်မည်။ ဝန်ထမ်းများအလုပ်ကံကောင်းသော ကာလလည်းဖြစ်သည်။အနောက်အရပ်က သတင်းကောင်း ကြားရမည်။ ကျန်းမာရေး ဗိုက်အောင့်၊ ဗိုက်နာ ဖြစ်တတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၄ ကံကောင်းသောအရောင် ။ ။အစိမ်းရောင်

ယတြာ ။ ။ မိမိနေအိမ်ကဘုရားတွင် ယို ၉ မျိုး ကပ်လှူပေးပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ ချစ်သူထံမှ လက်ထပ်ခွင့်တောင်းခံရမည်။ မိမိမျှော်မှန်းထားသောခရီး ကျိန်းသေပေါက် သွားရမည်။ လက်အောက်ငယ်သားအကျိုးပေးသောကာလ ဖြစ်ပါသည်။ ဝန်ထမ်းများ ရာထူးတိုးတက်ခြင်း၊ လုပ်ငန်းနေရာဌာနကောင်းသော ပြောင်းလဲခြင်းများ ကြုံမည်။ ယခုကာလအတွင်းအနက်ရောင်ဝတ်ဆင်ခြင်း ရှောင်ပါ။ မိမိထံသို့ စနေနံပစ္စည်း ဝင်လာပါက တစ်ပါးသူကို ချက်ချင်းပြန်စွန့်ပါ။ ဆုကြေးငွေလိုမျိုး ဖြူစင်သောငွေများအလုံးအရင်း ဝင်လာတတ်ပါသည်။ နိုင်ငံခြားနှင့်ပတ်သက်၍ လုပ်ငန်းလုပ်သူများအကျိုးပေးမည်။အာရုံကြောနှင့် ပတ်သက်၍အနည်းငယ် ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၃, ၅ ကံကောင်းသောအရောင် ။ ။အညိုရောင်

ယတြာ ။ ။ စိတ်ကျန်းမာရေးဆေးရုံမှာအာဟာရပြုရင်း ဆုတောင်းပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီရက်မှာ ချစ်သူနှစ်ဦးကြားအထင်လွဲမှုများ ရှိနေတတ်မည်။ ကူညီမစမည့်သူ ပေါ်လာမည်။အလှူအတန်းပွဲတစ်ခု သွားရတတ်ပါသည်။ မိတ်ဆွေ ကောင်း၊ ဆရာသမားကောင်းများတွေ့မည်။ ထီပေါက်ကိန်းရှိသဖြင့် ၁၊ ၄ ပါသော နံပါတ်ကို ရှာထိုးပါ။ မိမိရင်းနှီးသူ၏အထင်လွဲခံနေရမှုများ ပြေပျောက်ပြီး နားလည်မှု ပြန်လည်ရရှိမည့်ကာလဖြစ်ပါသည်။ ဝမ်းဗိုက်နှင့်ပတ်သက်သော ဝေဒနာ ဖြစ်တတ်ပါသဖြင့် ဂရုစိုက်ပါ။ မြောက်အရပ်ကို ခရီးထွက်ရန်ရှိပါက သောကြာနေ့ကို ရှောင်ပြီးမှသွားပါ။

ကံကောင်းသောနံပါတ် ။ ။ ၁, ၉ ကံကောင်းသောအရောင် ။ ။ နီညိုရောင်

ယတြာ ။ ။ ဗိုလ်တထောင်ဘုရားမှာ လောကဝိဒူကို ပုတီးစိပ်၍ ပူဇော်ပါ။




Some text some message..