မတ်လ ၁၀ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2019-03-10




မတ်လ ၁၀ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း မတ်လ ၁၀ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

လုပ်ငန်းတိုးချဲ့မှုတွေအောင်မြင်နိုင်မယ့် နေ့ဖြစ်ပြီး လက်အောက်ငယ်သားတွေရဲ့ ကူညီမှုလည်း ရရှိနိုင်ပါလိမ့်မယ်။ စိတ်ညစ်စရာတွေ ဝေးနေမှာဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ဂုဏ်တက်မယ့် နေ့ရက်လည်း ဖြစ်ပါတယ်။အလုပ်အတွက် ရွေးချယ်စရာတွေ ထပ်မံပေါ်ပေါက်လာမှာဖြစ်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့ လူကြီးသူမတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ချစ်သူနဲ့အိမ်ထောင်ဖက်ရဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိနိုင်ပြီး လုပ်ဖော်ကိုင်ဖက်တွေကလည်း သင့်ကိုအစစအရာရာ ကူညီပေးပါလိမ့်မယ်။ စိတ်ဖိစီးမှုအနည်းအကျဉ်းရှိနိုင်ပေမယ့်အားလုံးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့အပူရှပ်တတ်ပါတယ်။

ယတြာ - နွမ်းပါးသူများအား တတ်နိုင်သလောက် ဒါနပြုပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

အချစ်ရေး၊အိမ်ထောင်ရေးအဆင်ပြေနေပြီး ပျိုရွယ်သူတွေ စန်းပွင့်နေပါတယ်။ ချစ်သူတစ်ဦးထက်ပိုပြီး ရရှိနိုင်လို့ ရွေးရခက်နေမယ့်အချိန်ပါပဲ။အိမ်ထောင်သည်တွေအနေနဲ့လည်း စီးပွားရေးရော၊အိမ်ထောင်ရေးပါ သာယာနေမယ့်အချိန်ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းနေရာ၊ ရာထူးအပြောင်းအလဲရှိပြီး ကောင်းသောပြောင်းလဲခြင်းမျိုးလည်း ဖြစ်ပါတယ်။အိမ်ခြံမြေအသစ်ဝင်ကိန်းရှိပြီး ယာဉ်၊ ကား စက်ပစ္စည်းပိုင်းဆိုင်ရာမှာတော့အနည်းငယ်အညံ့ရှိနေပါတယ်။ လူသုံးကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားသူများ ကောင်းမွန်နေပြီး ကျန်းမာရေးလည်း ကောင်းမွန်နေပါတယ်။ ပညာရေးပိုင်းကို စိတ်မဝင်စားပဲ စိတ်လေနေတတ်လို့ သတိပြုသင့်ပါတယ်။

ယတြာ - ဘုရားတွင် လမုန့် ကပ်လှူပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

ကွဲကွာနေတဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေတစ်ချို့နဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိပြီးအရင်က ကိုယ့်အပေါ်အကောင်းမမြင်သူတွေကလည်း ကောင်းမွန်စွာ ဆက်ဆံလာမယ့်အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်းလုပ်ကိုင်တာထက်အုပ်စုနဲ့လုပ်ကိုင်တဲ့ ရလဒ်တွေက ကောင်းကျိုးပိုရနိုင်တဲ့ နေ့ရက်ပါပဲ။ ရည်မှန်းထားတဲ့ လုပ်ငန်းချဲ့ထွင်မှုတွေရှိရင်လည်း ဒီနေ့မှာ စတင်အကောင်အထည်ဖော်လိုက်ပါ။အချစ်ရေးအိမ်ထောင်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နားကိုက်တတ်ပါတယ်။

ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

ယခုရက်အတွင်း မင်္ဂလာကိစ္စ စီစဉ်ရတတ်ပါတယ်။ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူများအဆင်ပြေနေမယ့်အချိန်ဖြစ်ပြီး စပ်တူလုပ်ငန်းများလည်းအကျိုးပေးမယ့်အချိန်ဖြစ်ပါတယ်။အတူပူးပွဲလုပ်ကိုင်သူတွေရဲ့အကူအညီနဲ့ လုပ်ငန်းကြီးထွားလာနိုင်ပြီး လုပ်ငန်းခွဲတွေလည်း တိုးချဲ့နိုင်ပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးရဲ့အကူအညီရရှိပါလိမ့်မယ်။အချစ်ရေးမှာ စန်းပွင့်နေပြီးအိမ်ထောင်သည်တွေအနေနဲ့လည်းအိမ်ထောင်ဖက်ရဲ့ ကူညီထောက်ပံ့မှုနဲ့ လုပ်ငန်းတိုးတက်ပါလိမ့်မယ်။ ပညာတော်သင်သွားရကိန်းရှိပြီး ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေတာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ဆီမီးထွန်းညှိပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

ကုန်စုံဆိုင်လုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်းတွေ ကောင်းမွန်နေပြီး လုပ်ငန်းကြီးသမားတွေအဆင်မပြေမှုတစ်ချို့ ကြုံရနိုင်ပါတယ်။အရာရာ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေပြီး လုပ်သမျှအဆင်မပြေဖြစ်နေပါလိမ့်မယ်။ ဒီနေ့မှာ လူတိုင်းအပေါ် စိတ်တိုင်းမကျဖြစ်နေတတ်ပြီးအိမ်တွင်းရေး ကတောက်ကဆဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။အချစ်ရေးမှာလည်း စိတ်တိုင်းမကျစရာအချစ်ရေးဖြစ်ပေါ်လာတတ်ပါတယ်။ ပညာရေးဘက်မှာအနည်းငယ်ညံ့နေပြီး ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ဒုက္ခပေးတတ်ပါတယ်။

ယတြာ - ဘုရားတွင် စပျစ်သီး ကပ်လှူပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ဒီရက်မှာ ဘာပဲလုပ်လုပ်အဆင်ပြေအောင်မြင်နေမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေကိုလည်း ပြုလုပ်လာနိုင်ပါလိမ့်မယ်။ မိမိလုပ်ငန်းမှာ ရှယ်ယာထည့်လိုသူတွေ ပေါ်ပေါက်လာမှာဖြစ်ပြီး ငွေကြေးလည်းအဆင်ပြေနေပါလိမ့်မယ်။အိမ်ကို ကိုယ်ဝန်ဆောင်သည်ရောက်လာတတ်ပြီး ရောက်လာလျှင် ထီထိုးပေးပါ။အိမ်ထောင်သည်များအနေဖြင့် ဆွေမျိုးများရဲ့ ကြားဝင်မှုကြောင့်အိမ်ထောင်ဖက်နဲ့ စကားများရန်ဖြစ်ရတတ်ပါတယ်။အချစ်ရေးမှာတော့ ချစ်သူရှိပြီးသူများ ချစ်သူနဲ့ခွဲနေရတတ်ပါတယ်။ ပညာရေး ကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ မျက်စိတိမ်စွဲခြင်းဖြစ်ပွားတတ်ပါတယ်။

ယတြာ - ငါးလွှတ်ပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

ချစ်သူမရှိသေးသူများ ချစ်သူရကိန်းရှိပြီး ချစ်သူကြောင့်ဂုဏ်တက်ပါလိမ့်မယ်။အိမ်ထောင်သည်တွေအနေနဲ့ စီးပွားတိုးတက်ပြီးအိုးအိမ်ပိုင်ရလာပါလိမ့်မယ်။အိမ်တွင်းရေးအနည်းငယ် ရှုတ်ထွေးနေတတ်ပြီးအိမ်ထောင်ဖက်ဖောက်ပြန်မှု ပြုတတ်လို့ သတိပြုသင့်ပါတယ်။ ယာဉ်ကား မတော်တဆဖြစ်တတ်ပြီး ငွေကြေးသော်လည်း လျော်ရတတ်ပါတယ်။အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များအဆင်ပြေမယ့် ကာလဖြစ်ပြီး ပညာရေးအတွက် နိုင်ငံရပ်ခြားသွားရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ဒုက္ခပေးတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် သစ်ခွဖျော်ရည် ကပ်လှူပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

မိတ်ဆွေကောင်းတွေဆီကနေ ထူးခြားတဲ့အကူအညီတွေရရှိပြီး စုပေါင်းလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေကနေအကျိုးအမြတ်များ ရရှိလာပါလိမ့်မယ်။ ဒီနေ့မှာ ချစ်သူနဲ့စကားများရန်ဖြစ်တာမျိုး စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးကြုံနိုင်ပြီး လမ်းခွဲတဲ့အထိလည်း ဖြစ်သွားနိုင်လို့ သတိပြုရပါမယ်။ ရည်မှန်းချက်မှန်သမျှအောင်မြင်ပြီး လမ်းသစ်ထွင်ဆောင်ရွက်မှုတွေကလည်း ထူးခြားတဲ့တိုးတက်အောင်မြင်မှု ရရှိလာပါလိမ့်မယ်။အလုပ်သစ်ပြောင်းလဲလုပ်ကိုင်ရကိန်းရှိပြီးအကြံဉာဏ်သစ်တွေလည်းအကောင်အထည်ဖော်သင့်တဲ့အချိန်ပါပဲ။ ပညာရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်ရောက်ရကိန်းရှိပြီး ပြည်ပသို့ ပညာတော်သင်သွားရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နှာစေး၊ နှာပိတ်ဖြစ်ပွားတတ်ပါတယ်။

ယတြာ - ကလေးငယ်တစ်ဦးအား ပေါင်မုန့်ဝယ်ကျွေးလိုက်ပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

ဒီရက်ပိုင်းမှာ လုပ်ငန်းစီးပွားတိုးချဲ့မှုတွေကို ရှောင်ကြဉ်လိုက်ပါ။ လက်အောက်ငယ်သား ဒုက္ခပေးတတ်ပြီးအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေအနည်းငယ် ခက်ခဲနေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးရဲ့အထင်အမြင်လွဲမှားမှု ခံရတတ်ပြီး တရားတဘောင်များလည်း ရင်ဆိုင်ရတတ်ပါတယ်။ ငွေကြေးအပေးအယူကိစ္စတွေမှာ ကြားကနေအာမခံပေးတာမျိုးလည်း ရှောင်ကြဉ်သင့်ပါတယ်။ ပညာရေးဆိုင်ရာ သင်တန်းသစ်တွေ တက်ရောက်ရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့အဆုတ်ရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ဖရုံယို ကပ်လှူပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

အိမ်ပြောင်းရွှေ့ရကိန်းရှိပြီး စက်ပစ္စည်း၊ မော်တော်ယာဉ်အစရှိသည်အသစ်ဝင်ကိန်း ရှိနေပါတယ်။ လုပ်ငန်း ပူးတွဲလုပ်ကိုင်သူတွေရဲ့ ပြဿနာတွေကို လိုက်လံဖြေရှင်းရကိန်းရှိပြီး ငွေကြေးအကုန်အကျများနေပါလိမ့်မယ်။အိမ်ထောင်ရှင်တွေအနေနဲ့အိမ်ရှိ ကလေး ကျန်းမာရေး ချူချာတတ်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသူတွေ ချစ်သူတွေ့လာနိုင်တဲ့အချိန်ပါပဲ၊ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်လိုသူတွေ ချောချောမွေ့မွေ့ထွက်နိုင်မယ့်အချိန်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။

ယတြာ - ဘုရားတည်ဆောက်ပြုပြင်ရေးအတွက် တတ်နိုင်သမျှ လှူဒါန်းပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

အစစအရာရာအဆင်ပြေနေမယ့် နေ့ရက်ပါပဲ။ ဒီနေ့မှာ လုပ်ငန်းချဲ့ထွင်မှုတွေကိုလည်းအောင်မြင်စွာလုပ်ဆောင်နိုင်မှာဖြစ်ပြီးအနုပညာလုပ်ငန်းလုပ်ကိုင်သူတွေလည်းအထူးကောင်းမွန်နေပါတယ်။အိမ်ထောင်ရှင်တွေအနေနဲ့ မိဘ၊ ညီအစ်ကို မောင်နှမတွေကို ထောက်ပံ့နိုင်မှာဖြစ်ပြီး လုပ်ငန်းစီးပွားအဆင်ပြေနေပါလိမ့်မယ်။ မိသားစုလိုက်ခရီးထွက်ရကိန်းလည်း ရှိပြီးအချစ်ရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် သစ္စာပန်း ကပ်လှူပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းချဲ့ထွင်မှုများအကျိုးပေးပါလိမ့်မယ်။ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ နာမည်ကျော်ကြားကိန်းရှိပြီး လုပ်ငန်းကိစ္စတွေလည်း လုပ်ဆောင်အောင်မြင်မယ့် နေ့ရက်ပါပဲ။အချစ်ရေး ပုံမှန်ပဲရှိနေပြီး ချစ်သူရဲ့လုပ်ငန်းစီးပွားတိုးတက်ကောင်းမွန်မယ့်အချိန်ဖြစ်ပါတယ်။အိမ်ထောင်သည်တွေကတော့အိမ်သစ်တက်ရကိန်းရှိပါတယ်။အိမ်ငှားနေသူတွေအနေနဲ့အိမ်ရှင်နဲ့အဆင်မပြေဖြစ်တတ်လို့ သတိပြုရပါမယ်။ ရေသန့်လုပ်ငန်း၊အဖျော်ယမကာလုပ်ငန်းရှင်များအထူးအောင်မြင်မှာဖြစ်ပြီး ပညာရေးအပေါ်စိတ်မဝင်စားဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တာ၊ သွားနဲ့ပတ်သက်တဲ့ရောဂါမျိုးဖြစ်ပွားတတ်ပါတယ်။

ယတြာ - ဘုရားတွင် ကောက်ညှင်းပြန်ပေါင်း ကပ်လှူပေးပါ။

LEO




Some text some message..