Lotayamm

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း(၁၀-၃-၂၀၁၉) မှ (၁၆-၃-၂၀၁၉)
lotaya.mpt.com.mm
|
2019-03-10

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင် ၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို (၁၀-၃-၂၀၁၉) မှ (၁၆-၃-၂၀၁၉) အထိ ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများ

အခုပတ် အလုပ်ကိုစိတ်မဝင်စားသလိုဖြစ်နေတတ်သည်။ အလုပ်မှာပြဿနာ တက်တတ် သည်။ ဒီအပတ် နားရတယ်လို့ မရှိနိုင်ပါဘူး။ အလုပ်တစ်ခုပြီး တစ်ခု လုပ်နေရလို့ အလွန်ကိုပင်ပန်းပြီး အကျိုးမရောက် ငွေကြွေးတွေလည်း ဆုံးပါးတတ်သည်။ အိမ်ကပစ္စည်းတွေ ချရောင်းတဲ့အထိ ငွေပြတ်သွားတတ်သည်။ သူတပါးက စုန်းနတ် ပယောဂအတတ်တွေနဲ့ ကိုယ်ကိုမကောင်းကြံတတ်ပါသည်။ မိမိအိမ် ခြေရင်းဘက်မှာ အသုဘပေါ်တတ်သည်။ ပေါ်ရင်တော့ (၅)ဂဏန်းအစထီထိုးပေးပါ။ ပညာသစ်တစ်ခုရလိမ်မည်။ ပညာထူးဖြစ်တယ်။ ဖြေရှင်းစရာ ပြသာနာတွေ ပေါ်တတ်တယ်။ မနာလိုသူတွေလုပ်လို့ လုပ်ငန်းတွေ ထိခိုက်တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲ့တာ တွေကြုံရလိမ်မယ်။ စက်ပစ္စည်များ အဟာင်းထွက်အသစ်ဝင်ပါလိမ့်မယ်။ လက်လွန်ထားသောငွေများရပါမည်။ လုပ်ငန်းတိုးချဲခြင်း အထူးရှယ်ယာဝင်လုပ်ငန်းများအောင်မြင်လိမ့်မယ်။ အိမ်ထောင်ရေး တကျက်ကျက်ဖြစ်နေမည်။ အချစ်ရေးများကံကောင်းပါလိမ့်မယ်။ ဘုရားဖူးသွားရတတ်သည်။ ပျော်ရွှင်မူရတတ်သည်။ အပေါင်းသင်းဆံပြီး သူငယ်ချင်းများအတူ နိုင်ငံရပ်ခြားအလုပ်သွားရတတ်သည် အကျိုးပေးမည်။ အနောက်တောင်အရပ်ခရီးသွား အလုပ်လုပ်သွားခြင်း အရောင်းဝယ်ပြုလုပ်ခြင်း ရှောင်ကြဉ်ပါ။ ကျန်းမာရေးညံ့တတ်သည်။

အကျိုးပေးအရောင် - ပန်းရောင်၊ အပြာနုရောင်

အကျိုးပေးဂဏန်း - (၃. ၅. ၈)

ယတြာ -တောင်အရပ် မျက်နှာမှုကာ အဝတ်သစ်ဝတ်ဆင်၍ နှင်းဆီးပန်းကို အိမ်ဘုရားကပ်လှူ ပူဇော်ပါ။

တနင်္လာသားသမီးများ

မိမိလုပ်ငန်းအကျိုးဆောင်တာများ ဗုဒ္ဓဟူး၊ ကြာသပတေးသားသမီးများနှင့် ပူပေါင်းပြိး ဆောင်ရွက်ပါက အကြံအစည်အောင်မြင်ခြင်း၊ ချမ်းသာသုခရလိမ့်မည်။ တနင်္ဂနွေနံ အိမ်ပြင်၊ အိမ်ဆောက်၊ တိုက်တာအဆောက်အဦးများ ကိစ္စများနှင့် မိမိပရော့ဂျက် အဆောက်အအုံလုပ်ငန်းများ အကောင်အထည်ဖော်နိုင်လိမ့်မည်။ ကြာသပတေးနေ့ နံနက် (၈း၅၆) နာရီအတွင်း ဂါထာမန္တာန်သိဒ္ဓိတင်ခြင်း၊ နှင့် အင်တာဗျူးခြင်း၊ အလုပ်သစ်လျောက်ခြင်း၊ ကြော်ငြာဆိုင်းဘုတ်တင်ခြင်း ပျိုးကြဲ၊ သီးနှံရိတ်သိမ်းခြင်း ကောင်း၏။ မြောက်အရပ်လာဘ် မိမိအလုပ်အကျိုးဆောင်တာများ အကျိုးပေးသောအရပ်ဖြစ်သည်။ ညစက် ၉း၉ မိနစ်လွန် ကုန်သွယ်ရောင်းဝယ်ရေးကောင်းအံ့။ အရာရာအလိုပြည့်အံ့။ လယ်ယာထွန်ယက်၊ ဥယာဉ်ခြံလုပ်ငန်းများအကျိုးထူးကောင်းအံ့။ တောင်အရပ် မိမိလုပ်ငန်းအကျိုးဆောင်တာများ အစစ မပြုလုပ်သင့်သောအရပ်သာဖြစ်သည်။ ဆံရိတ်၊ဆံသ၊ အလှပြင် စူးစမ်းရှာဖွေ့ခြင်း အကျိုးဖြစ်၍ အထူးကောင်း၏။ မြောက်အရပ် စန်းပွင့်ပြီး နံနက် (၈း၅၆) နာရီအတွင်း ပညာစ၍သင်ယူခြင်း၊ မိတ်သစ်ဖွဲ့ခြင်းနှင့် လူမှုရေးစကားပြောဆိုခြင်းကောင်း၍ အောင်မြင်အံ့။ တနင်္ဂနွေ၊ အဂါ်၊ ဗုဒ္ဓဟူး၊ ကြာသပတေး အကျိုးပေး၏။ မိမိလုပ်ငန်းများ နှင့် ပညာရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး အတန်သင့်ကောင်းမွန်အံ့။ မိမိလုပ်ငန်းဆောင်တာများ ပြုလုပ်ရာတွင် ပန်းနုရောင်၊ အဝါရောင်များကို ဝတ်ဆင်ခြင်းနှင့် အဝတ်သစ်ဝတ်ဆင်၍ နှင်းဆီပန်းကို ဘုရားပူဇော်ပြီးသွားပါ။

အကျိုးပေးအရောင် - ပန်းနုရောင်၊ အဝါရောင်

အကျိုးပေးဂဏန်း - (၁. ၅. ၃)

ယတြာ - တန်ခိုးကြီးဘုရားမှာ ရွှေသင်္ကန်း ရွှေထီးငွေထီး အောင်သပြေနဲ့ ပန်းအဝါရောင် သက်စေ့လှူပေးပါ။

သူများကိုငွေချေးငှားမည်၊ ငွေပေး အလုပ်ခိုင်းမည်ဆိုပါက ဇာတာရှင်အတွက် အကျိုးမရှိပါ။ အဝယ်အရောင်း အထူးသတိထားပါ။ အတု အလိမ်ခံရမူဖြစ်တတ်သည်။ ဝန်ထမ်းလုပ်လျှင်လည်း ငွေမကိုင်ပါနှင့် ငွေကြောင့် ပြသာနာရင်ဆိုင်ရခြင်းနှင့် ငွေစာရင်းကွာဟချက် စာရင်းမှားခြင်းကြောင့် လူကြီးအထင်မှား အမြင်စောင်း စွတ်စွဲခံရမှု ရှိပြီး အလျော်အစားနှင့်ပတ်သက်ပြီး ငွေထွက်တတ်သည်။ အမှုဖြစ်တတ်သည်။ ချစ်သူရည်းစား ရှိသူများနှင့် အိမ်ထောင်သည်များ စကားပြောဆင်ခြင်သင့်သည်။ ကတောက်ကဆ စကားများမည်။ အချစ်ရေးမှာမိမိချစ်သူမှလွဲပြိး မိဘပေးသောသူနှင့် ဇွတ်အတင်းပေးစားခံရတတ်သည်။ မိမိ မိဘ မောင်နများ သဘောမတူချင်း အချစ်ရေးအဖျက်ကြုံတွေမည်။ စိတ်ထဲရည်ရွယ်ထားသောကိစ္စများ အများကြီး လက်တွေ့ကျ ဘာမှမဖြစ်ထွန်း အခုတလောမှာ ရွှေချောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဖြစ်နေမည်။ မိမိမှ သူများထံငွေချေးထားသော်လည်း ထိုသူက ပြန်ဆပ်နိုင်မည်မဟုတ် စကားများပြဿနာ တက်မည်။ စက်ယာဉ်ပစ္စည်းများ မကြာခဏပျက်လိမ့်မည်။ အဝယ် အဝင်မကောင်းပါ။ အခိုက်ကြုံမည်။ အလျော်အစားပေးရတတ်သည်။ ကျန်းမာရေးအညံ့မရှိပါ။သို့ရာတွင် လည်ချောင်းနာခြင်း သွားနာခြင်း မျက်စိနာခြင်းများ ဖြစ်တတ်သည်။ အလောင်းကစားမပြုလုပ်ပါနဲ့ အကျိုးမပေးပါ။ အဖမ်းအဆီးခံရတတ်သည်။

အကျိုးပေးအရောင် - နို့နှစ်ရောင် ၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - (၈. ၅. ၉)

ယတြာ - အိမ်ဘုရားစင်မှာ ကော်ဖီ(၁)ခွက်ကိတ်မုန့်(၉)ချပ် ကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

မိမိအတွေးအကြံမှတစ်ပါး တစ်ခြားလူဆီက အကြံဉာဏ်မတောင်းပါနှင့်။ ကူညီမဲ့သူထက် ဒုက္ခပေးမဲ့သူသာ အနားမှာ ဝန်းရံနေတတ်လို့ပါ။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ်အထင်လွဲတတ်သည်။အထက်လူကြီးနှင့်အဆင်မပြေဖြစ်တတ်သည်။ အထည်လုပ်ငန်း ၊ ဖက်ရှင်၊ အလှကုန်၊ အလှပြင်ဆိုင် စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကြောင့် လူကြီးမြှောက်စားခြင်းခံရမည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးတတ်မည်။ မိိမိဆိုင် မိမိလုပ်ငန်းလူစည်မည်။ ဆွေမျိုးအသိုင်းအဝိုင်းထံမှ အကူအညီအထောက်အပံ့ရမည်။ အချစ်ရေးကတော့ မကောင်းနိုင်သေးပါဘူး။ မိမိကိုယ်တိုင်ကလဲ အချစ်ထက်အရေးကြီးတာကို အချိန်ပေးမိနေတာကြောင့်ချစ်သူရဲ့ စိတ်ကောက်စိတ်ဆိုးခြင်းခံရမည်။ ပညာရေးကဏ္ဍအလွန် အားနည်းနေတဲ့ကာလပါပဲ။ ကျန်းမာရေးအနေနဲ့ ခေါင်းကိုက်တာ ၊ခေါင်းမူးတာ၊ သွေးတိုးတာမျိုးကြုံရတတ်သည်။

အကျိုးပေးအရောင် - အနီရောင်၊ ဆင်စွယ်ရောင်

အကျိုးပေးဂဏန်း - (၇. ၁. ၉)

ယတြာ - အနောက်မြောက်အရပ် မျက်နှာမူကာ သီးညွန့်၊ သနပ်ခါးညွန့်များကိုဆောင်ခြင်းနှင့် အိမ်ဘုရားတွင် သီးညွန့်၊ ကပ်လှူ ပါ။

ရာဟုသားသမီးများ

အခုအပတ် ပစ္စည်းများကိုထုခွဲရောင်းချ၍ လုပ်ငန်းသစ်ကြီးကြီးမားမားစရန် မကောင်းပါ။ငွေကံမကောင်းသေးပါ။ လာဘ်လဲအလွန်ပိတ်နေလိမ့်မည်။ လက်ရှိအလုပ်မှာ စိတ်ပါဝင်စားမှုအားနည်းခြင်း၊ အလုပ်ထွက်ချင်စိတ်ဖြစ်ပေါ်နေတတ်ခြင်းများ ခံစားရမည်။ ဟိုဟာလုပ်ရကောင်းနိုးနိုးဒီဟာလုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန်သွားတတ်၏။ အမှားမှားအယွင်းယွင်းဆုံးဖြတ်မိတတ်၏။ မသွားချင်သောခရီးများ စိတ်ညစ်စရာခရီးများ သွားလာရတတ်၏။ ခရီးကအပြန်အလာ ကျန်းမာရေး ဆိုးဆိုးရွားရွား ညံ့သွားတတ်၏။ ဘာသာရေးအပေါ် စိတ်ဝင်စားမှုအားနည်းနေတတ်သည်။ နေ့စဉ်လုပ်နေကျ ကုသိုလ်အလုပ်တွေမလုပ်မိ ပျင်းရိနေတတ်သည်။ ပညာရေးကံအားနည်းနေသည်။ စာတွေမလိုက်နိုင်တာမျိုးကြုံတွေ့နိုင်သည်။ အချစ်ရေးကံကြမ္မာညံ့နေတုန်းပါပဲ ။ နှစ်ယောက်ကြား သွေးထိုးစကားတွေကိုယုံမိတတ်သည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ အိမ်ထောင်ရေးအထူးကောင်းသည်။ အိမ်ထောင်ပြိုလဲနေသူများ ဒုတိယဘဝအသစ်ထူထောင်ရတတ်သည်။

အကျိုးပေးအရောင် - အမည်းရောင်၊ နံ့သာရောင်

အကျိုးပေးဂဏန်း - (၇. ၁. ၉)

ယတြာ - မိမိနေနံ ဂြိုလ်ဘုရားမှာ အနောက်မြောက် မျက်နှာမှုကာ အညံ့ပျောက်ရန် သီးညွန့်၊ သနပ်ခါးညွန့်များကို ကပ်လှူပါ။

ကြာသပတေးသားသမီးများ

စီးပွားရေးအရမ်းကြီးမကောင်းပါ။ စီးပွားတက်တော့မလိုလိုနဲ့ တဖြည်းဖြည်းကုန်သွားတတ်ပါတယ်။ အဖြစ်ထက် အပျက်ဘက်ကပိုများပါတယ်။ ညံနေတဲ့အထဲကနေပြီး မြေတွေဘာတွေဝင်ဘာတတ်ပါတယ်။ သူတပါးအတွက် အာမခံတာမျိုး၊ ကိုယ်စားလိုက်ပြီး ပြောတာမျိုး မလုပ်ပါနှင့် ဒုက္ခရောက်တတ်သည်။ ကိုယ်ငွေသူများလက်များလက်ထဲသွားပြီး မြုပ်နေတတ်ပါတယ်။ လက်ရှိအလုပ်ကနေတခြားကို ပြောင်းလိုစိတ်ပေါ်လာတတ်ပါတယ်။ မပြောင်းပါနှင့် ဟိုမရောက်ဒီမရောက် အချိန်နှောင့်နှေးမည်။ နောက်ပြောင်းမည့် အလုပ်အကျိုးမပေးပါ။ အိမ်မှာနေရတာ မပျော်ပိုက်ဘဲရှိလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် မြည်တွန်တောက်တီးစရာတွေပေါ်နေလိမ့်မယ်။ သူငယ်ချင်းတွေနဲ့စပ်တူလုပ်ငန်းပြုလုပ်ရတတ်သည် အကျိုးပေးပါမည်။ သို့ ကြာသပတေးနေနံသားအကျိုးမပေးပါ။ ညအပြင်အထွက် ညအိပ်ညနေအထူးသတိထားပါ ။ အထင်လွဲမှားပြီး ဘုမသိ ဘမသိ တိုက်ခိုက်ခံရတတ်တယ်။ ခရီးသွားလျှင် မိမိအိတ် အထူးသတိထားပါ။ မိမိအိမ်မှာသူပါး မိမိကိုယ် ရန်ဂြိုလ်ရန်စကြောင့် ဥပဒေနဲ့ မလွတ်သော အရာပစ္စည်း အိပ်ထဲတွေပြီး လုပ်ကြံခံရပြိး အဖမ်းအဆီးခံရတတ်တယ်။ပညာရေးကံကောင်းထားပါသည်။အထူး သမီးပျိုများ မိမိအရှက်သိက္ခာကိုစောင့်ထိမ်းပါ။အယုံလွဲပြိး ဘဝကိုမပုံအပ်လိုက်ပါနှင့် အစားအသောက် မိမိကွယ်ရာမိမိအနီးမိတ်ဆွေ သူငယ်ချင်း အထူးသတိထားပါ။ လုပ်ကြံဆေးခပ်ခံရမည်။ အိမ်ထောင်ရေးမှာ ဖောက်ပြန်မှု သစ္စာဖောက်ခံရမည်။ ကျန်မာရေးမှာတော့ စိုးရိမ်စရာမရှိပါ။ မိမိ အိမ်ရှိအသက်ကြီးပိုင်းယောင်္ကျားလေးများ ကျန်မာရေးအတွက်ငွေကုန်တတ်သည်။

အကျိုးပေးအရောင် - အဖြူ ရောင်၊ နို့နှစ်ရောင်

အကျိုးပေးဂဏန်း - (၆. ၁. ၃)

ယတြာ - ဘုရားတွင် မိမိ နေနံဂြိုလ်ထောင့် ရွက်လှ၎ညွန့်၊ အုန်း၁ညွန့်၊ နှင်းဆီးအနီးရောင်၇ပွင့် လှူပေးပြိး ဖယောင်းတိုင် အမွှေးတိုင် ရေ သက်စေ့လှူပေးပါ

သောကြာသားသမီးများ

အခုလအပတ် အကောင်းအဆိုး ဒွန်တွဲနေပြီး ဒုက္ခဖြစ်ဖို့များပါသည်။ အမှုမဖြစ်အောင်နေပါ။ ဗုဒ္ဓဟူးနံ အဝင်နှင့် ထိုနေနံ သားသမီးများ အကျိုးပေးသည်။ အကူညီရ၍ ရွေ၊ငွေ၊ ရတနာ၊ လူ စုတ်လာဘ်ဝင်မည်။ ယနေ့ နံနက် (၉း၂) နာရီလွန် ကင်ပွန်းတပ် နှင့် ကုမ္ပဏီထူထောင်ခြင်း၊ အသင်းဖွဲ့စည်းခြင်း၊ အစုရှယ်ယာဝင်ခြင်း ကောင်း၏။ အရှေ့ အရပ်လာဘ် မိမိအလုပ်အကျိုးဆောင်တာများ အကျိုးပေးသောအရပ်ဖြစ်သည်။တိရစ္ဆာန်ရောင်းဝယ်ခြင်း၊ ရတနာရောင်းဝယ်ဖောက်ကားမှုများနှင့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်း၊ သီးနှံဆေးဝါးဖျန်းခြင်း လုပ်ငန်းများ အကျိုးပေးအောင်မြင်အံ့။ ညနေ ၃း၄၅ မိနစ် မိမိလုပ်ငန်းဆောင်တာများ ရောင်းဝယ်ဖောက်ရာ၌ ရှောင်ရန် ဒုက္ခတွေ့ကြုံရတတ်သည်။ အနောက်အရပ် မိမိလုပ်ငန်းအကျိုး ဆောင်တာများ အစစ မပြုလုပ်သင့်သော အရပ်သာဖြစ်သည်။ အင်္ဂါနံ ဆန်၊ ဆီး၊ ဆေး၊ ဆား၊စက်ပစ္စည်းအကျိုးယုတ်အံ့။ ရတနာပျက်ပစ္စည်း၊ စက်ယာဉ် ပျက်၊ပျောက်၊ အလိမ်ခံထိ ဆုံးရှုံးတတ်သည်။ အင်္ဂါသားသမီးများ အထူးရောဂါဖြစ်ပွားအံ့။ ကျန်းမာရေး တရှောင်ရှောင် ဖြစ်တတ်သည်။ အဆုတ်၊ ဆီးအင်္ဂါစပ်၊ ဆီးချိုရောဂါ သတိပြုပါ။ တနင်္ဂနွေ၊ အင်္ဂါသားသမီးများ အိမ်တွင်ရှိပါက သောကများအံ့။ သောကများအံ့။ ဥစ္စာဆင်းရဲ့အံ့။ ဗျာတိဝေဒနာများအံ့။ တိုက်ခိုက်ခံရအံ့။

မိမိလုပ်ငန်းဆောင်တာများ ပြုလုပ်ရာတွင် အဖြူ ရောင်၊ အပြာနုရောင်များကို ဝတ်ဆင်ပါ။ စိန်ပန်းညွန့်၊ ဇွန်းညွန့်၊ စံပယ်ညွန့် ထို့အညွန့်ပန်း ၁ညွန့် ဆောင်သွားပါ။

အကျိုးပေးအရောင် - အဖြူ ရောင်၊ အပြာနုရောင်

အကျိုးပေးဂဏန်း - (၄. ၂. ၈)

ယတြာ - အနောက်အရပ်မျက်နှာမှုကာ စိန်ပန်းညွန့်၊ ဇွန်းညွန့်၊ စံပယ်ညွန့် (၁)မျိုး ဘုရားပူဇော်ပါ။ ထို့အညွန့်ပန်း ၁ညွန့် ဆောင်သွားပါ။




4.13.22.31 ရက် ၄ ဂဏန်းမွေးဖွားသူများ များသောအားဖြင့် စီးပွားရေး၊ လူမှူရေး၊ ပညာရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး အထူးညံ့တတ်သည်။ ရွှေငွေ ၊ ပုလဲ၊ ပုဝါ၊ လှေ၊ လည်း၊ ရေထွက်လုပ်ငန်း၊ ယွန်းပစ္စည်းအထည်အလိပ်၊ လူ အထွက်ခတ်၍ အညံ့ဖြစ်လိမ့်မည်။ အိမ်ထောင်ရေးတွင် မိမိအိမ်ထောင်ဘက် ဗုဒ္ဓဟူးသားသမီး ဆိုပါက အထစ်အငေါ့များ သောကများအံ့။ စိတ်ရင်းညံ့သူတွေ့ရအံ့။ ထီထိုးလိုပါက အနောက်အရပ်သို့သွား၍ 7 အစ, ၁

အလယ်, ၉အပိတ်ထိုးပါ။ ဗုဒ္ဓဟူးနံနှင့် ထိုနေ့နံပါ လုပ်ငန်း နာမ်၊ နာမည် မိမိအတွက်အကျိုးမပေး၍ သေကြေပျက်စီးမှုကြုံတွေ့အံ့။ ဗုဒ္ဓဟူးနေ့ နံနက် (၈း၃၂) နာရီလွန်ပြီးပါက ဘုရားတည်၊ ထီးတင်၊ အနေကဇာတင်၊ ရှင်ပြု ၊ နာမည်မှည့်၊ ကင်ပွန်းတပ်၊ ထီထိုးခြင်း နှင့် ဆေးဖော်၊ ဆေးခန်းဖွင့်ခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်း ကောင်း၏။ တောင်အရပ်လာဘ်ဝင်မည်။ ရေကြောင်းလေကြောင်း ခရီးသွားခြင်းကောင်း၏။ အိမ်တွင် ဆွေမျိုးကြောင့် သောကများအံ့၊ မြောက်အရပ်တွင်စန်းပွင့်ပြီး ချစ်ရေးချစ်ရာပြောဆိုခြင်းကောင်းပါသည်။ မိမိလုပ်ငန်းဆောင်တာများ ပြုလုပ်ရာတွင် အညိုရောင် အဖြူ ရောင်များကို ဝတ်ဆင်ပါ။

အကျိုးပေးအရောင် - အညိုရောင်၊ အဖြူ ရောင်

အကျိုးပေးဂဏန်း - (၉. ၂. ၃)

ယတြာ - မိမိနေနံ ဂြိုလ်ဘုရားမှာ အရှေ့အရပ် မျက်နှာမှုကာ အညံ့ပျောက်ရန် ပန်းအိုးတွင် သပြေညွန် ၉ညွန့် ထည့်ပြီး ဘုရားပူဇော်ပါ။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..