မတ်လ ၁၁ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-03-11




မတ်လ ၁၁ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မတ်လ ၁၁ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအချစ်ရေး၊အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ပါပဲ။ လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်။ ကြားကနေအာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အထက်အရာရှိအလုပ်ရှင်တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ရပါလိမ့်မယ်။ ဒီနေ့မှာ ကြာသပတေး၊ တနင်္လာသားသမီး တွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။ ပညာရေး ၊ ကျန်းမာရေးပိုင်း ပုံမှန်ပဲရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အအေးဘူး ကပ်လှူပေးပါ။


တနင်္လာ - လူမျိုးခြားနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကနေအောင်မြင်မှု ရရှိနိုင်ပါတယ်။ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေကနေလည်းအောင်မြင်မှုတွေ ရရှိပါလိမ့်မယ်။အိမ်တွင်းရေးအဆင်ပြေနေပြီးအိမ်ထောင်သည်တွေအနေနဲ့ စီးပွားအဆင်ပြေတာကြောင့် မိသားစုနဲ့ မိဘ၊ မောင်နှမတွေကို ထောက်ပံ့ကူညီနိုင်ပါလိမ့်မယ်။အချစ်ရေးမှာတော့ ချစ်သူနဲ့ စိတ်ကောက်တတ်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံ၊ လက်မှုပစ္စည်းလုပ်ငန်းရှင်များအထူးကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်

ကြာပန်း ကပ်လှူပြီး လိုရာဆုတောင်းပါ။


အင်္ဂါ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ ခရီးသွားရကိန်းရှိပြီး ရုတ်တရက်ငွေဝင်ကိန်းမျိုးလည်း ရှိနေပါတယ်။ ပြီးတော့ ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တဲ့ ကိစ္စမျိုးတွေမှာအထူးအောင်မြင်ပါလိမ့်မယ်။ ကျန်းမာရေးပိုင်းဆိုင်ရာမှာအကြောနဲ့ပတ်သက်တဲ့ ရောဂါဖြစ်လေ့ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိတတ်လို့သတိပြုရမှာဖြစ်ပါတယ်။ ထီကံကောင်းနိုင်လို့ ထီထိုးပေးသင့်တဲ့ နေ့ရက်ပါပဲ။ ကျောက်မျက်ရတနာလုပ်ငန်း၊ ရွှေထည်လုပ်ငန်းများ ကောင်းမွန်နေပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်လို့ သတိပြုသင့်ပါတယ်။ ငွေပေးငွေယူလုပ်ငန်းများ၊ စပ်တူရှယ်ယာလုပ်ငန်းများ ဆုံးရှုံးမှုကြုံရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့ခြင်းကနေ လတ်တလောဆုံးရှုံးမှုက ပိုများနေမှာဖြစ်လို့ ရေရှည်သည်းခံနိုင်မှ လုပ်ငန်းချဲ့သင့်ပါတယ်။ လုပ်ငန်းသဘာ၀အပြောင်းအလဲ ကြုံရကိန်းရှိပြီး မမျှော်လင့်ပဲရုတ်တရက် ရာထူးတိုးခြင်း၊အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ ဝန်ထမ်းဖြစ်ပါက နေရာဌာနအပြောင်းအလဲ ရှိနေပြီး နိုင်ငံရပ်ခြားအလုပ်သွားရောက်လုပ်ကိုင်နေသူများ နေရပ်သို့ ပြန်လာရကိန်းရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဆီချက် ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဘယ်လိုကိစ္စမျိုး မဆိုအဆင်ပြေပြေနဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ ချစ်သူနဲ့အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုပိုင်းအောင်မြင်နိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။ ကျန်းမာရေး၊ ပညာရေးပိုင်းလည်းကောင်းမွန်တဲ့ နေ့ရက်ဖြစ်ပါတယ်။ သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး နေရာလုပ်ငန်းပေါင်းစုံကနေ ထီပေါက်သလို ငွေဝင်ကိန်းရှိနေပါတယ်။အိမ်အနီးအနားမှာအလှူရှိတယ်ဆိုရင် ၂အစ ၅အဆုံး ထီထိုးပေးပါ။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူများအထူးကောင်းမွန်နေပါတယ်။ ဒီနေ့အတွက်အသေးစားထိခိုက်မှုမျိုး ရှိနိုင်ပြီး စိုးရိမ်ရတဲ့အနေအထားမျိုးတော့ မရှိနိုင်ပါဘူး။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် လိုင်ချီးသီးကပ်လှူပြီး လိုရာဆုတောင်းပါ။


ရာဟု - ရာဟုသားသမီးတွေကတော့ ငွေကြေးကံကောင်းနေပြီးအချစ်ရေး၊ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားမှုတွေအပေါ် မကောင်းကြံမယ့်သူတွေ ပေါ်ပေါက်ကြုံတွေ့ရတတ်ပြီး လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုရမယ့် ကာလပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေကပါ မကောင်းကြံစိတ်မွေးနိုင်တဲ့ ကာလဖြစ်လို့ ဘယ်သူ့ကိုမဆို ယုံကြည်မှုလွန်ကဲပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတိုင်ပင်တာမျိုးတွေကို သတိထားသင့်ပါတယ်။ ငွေကြေးကံအနည်းငယ်ညံ့နေပြီး လုပ်ငန်းတိုးချဲ့ဖို့စီစဉ်ထားရင် ခေတ္တဆိုင်းငံ့ထားသင့်ပါတယ်။ လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ လုပ်ငန်းပူးပေါင်းလုပ်ကိုင်သူတွေက မယုံမကြည်ဖြစ်တတ်ပြီး စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများ သတိပြုရမယ့် ကာလပါပဲ။ ဒီရက်ပိုင်းမှာအစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တကိုယ်တည်းပဲ ဆက်ရှိနေမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့ သားသမီးကြောင့် စိတ်ချမ်းသာရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လိပ်ခေါင်းရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်

ရွှေရင်အေး ကပ်လှူ ဆုတောင်းပါ။


ကြာသပတေး - လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကိုအနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာနအပြောင်းအလဲ ကြုံ၇ကိန်းလည်း ရှိနေပါတယ်။ လက်ရှိအလုပ်မရှိသေးသူများအလုပ်အကိုင်ရနိုင်ပြီးအလုပ်ရှိပြီးသူတွေအနေနဲ့အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အထက်အရာရှိအလုပ်ရှင်တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ရပါလိမ့်မယ်။ ဒီနေ့မှာ ကြာသပတေး၊ တနင်္လာသားသမီး တွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။ ပညာရေး ၊ ကျန်းမာရေးပိုင်း ပုံမှန်ပဲရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ပန်းသစ်တော်သီး ကပ်လှူဆုတောင်းပါ။


သောကြာ - သောကြာသားသမီးတွေအနေနဲ့ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျ သုံးတတ်ဖို့အရေးကြီးသလိုအလျင်စလိုဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့် ဆက်ဆံရေးအောင်မြင်နိုင်ပါတယ်။ မိဘဆွေမျိုးများနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခု ကြားရနိုင်သလိုအမျိုးထဲမှာလည်း မင်္ဂလာကိစ္စပေါ်လာတတ်ပါတယ်။ကျန်းမာရေး၊အချစ်ရေး၊ လူမှုရေးအစစအရာရာအဆင်ပြေနေပြီး ထီထိုးပေးသင့်တဲ့အချိန်ပါပဲ၊ ရပ်ဝေးကနေ သတင်းစကားကောင်း ကြားရကိန်းလည်း ရှိနေပါတယ်။ ခရီးသွားဖို့ရှိနေရင်လည်း ချက်ချင်းအကောင်အထည်ဖော်သင့်တဲ့နေ့ရက်ပါပဲ။ ဝန်ထမ်းများအနေနဲ့အထက်လူကြီးနဲ့အဆင်ပြေပြေ ပူးပေါင်းလုပ်ဆောင်နိုင်မယ့်အချိန်ပါပဲ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - သုဂတောဂါထာကို သက်စေ့ရွတ်ဖတ်ပေးပါ။


စနေ - ဒီနေ့ကစပြီးအကောင်းဘက်ကို ရောက်ရှိပြီလို့ ပြောနိုင်ပါတယ်။ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ လုပ်ငန်းခွင်မျိုးကနေ ကမ်းလှမ်းလာတာမျိုး ကြုံရတတ်လို့ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အသင့်ပြင်ထားသင့်ပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ငွေဝင်ကိန်းရှိနေလို့ ထီကံစမ်းပေးသင့်တဲ့ နေ့ရက်ပါပဲ။ လုပ်ငန်းတူသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်တာကနေလည်းအောင်မြင်နိုင်ပြီး မိမိကို ငွေကြေးကူညီမယ့်သူတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ လမ်းပြပေးသူတွေလည်း တွေ့ကြုံရပါလိမ့်မယ်။ ပညာရေးအတွက် နိုင်ငံရပ်ခြားသွားရကိန်းရှိပါတယ်။အချစ်ရေးမှာတော့ ချစ်သူနဲ့အထင်လွဲရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ကျောက်ကပ်ရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် နဂါးမောက်သီး ကပ်လှူဆုတောင်းပါ။


LEO




Some text some message..