မတ်လ ၁၁ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2019-03-11




မတ်လ ၁၁ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို မတ်လ ၁၁ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီရက်မှာ ငယ်ရွယ်သူများအတွက်အချစ်ရေး တစ်ဖက်နှင့် တစ်ဖက်အလျှော့မပေးလိုဘဲ တင်းခံနေမှုများကြောင့် လမ်းခွဲရတတ်သည်။စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိစီးပွားရေးလုပ်ငန်းမှ ဝင်ငွေလျှော့နည်း နေမည်။ သို့သော် မိမိရည်ရွယ်ထားသည့်အတိုင်း လုပ်ငန်းသစ်တစ်ခုကို စတင်အကောင်အထည်ဖော် လုပ်ကိုင်နိုင်လိမ့်မည်။ လူမှုရေးကိစ္စများအတွက် ငွေကုန်ကြေးကျ များရတတ်သည်။ လူလိမ်ခံရတတ် သဖြင့် သတိထားပါ။ မိမိ၏အားနည်းချက်ကိုအခွင့်ကောင်းယူသူနှင့် တွေ့ရလိမ့်မည်။ ပညာရေးလိုက်စားသူ ဖြစ်ပါက ရည်မှန်းထားသည့်အတိုင်း ဖြစ်လာလိမ့်မည်။ ကျန်းမာရေးနှင့်ပတ်သက်၍အဆုတ်အအေးပတ်ခြင်းမျိုး ခံစားရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၇, ၈, ၂ ကံကောင်းသောအရောင် ။ ။ ကော်ဖီရောင်

ယတြာ ။ ။ လူသွားလမ်းအား လမ်းခင်းလိုက်ပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေး ကံကောင်းနေမည်။ မြုပ်နေသောငွေများ ပြန်ပေါ်လာခြင်း၊ ရင်ဆိုင်နေရသောအခက်အခဲများ ဖြေရှင်းကျော်လွှားနိုင်မည်။ စီးပွားရေးလုပ်ငန်းကို တစ်ခု နှစ်ခုထက်မက လုပ်ကိုင်လိုသော ဆန္ဒများ ဖြစ်ပေါ်နေမည်။ စိတ်ပင်ပန်းခြင်း၊ လူပင်ပန်းခြင်း၊အလုပ်ဒဏ်ပိခြင်းများ ကြုံရတတ်သည်။ မိမိဆန္ဒအတိုင်း လုပ်ကိုင်ရခြင်း၊ ရည်ရွယ်ချက်များ ပြည့်မြောက်မည်။ မိတ်ဆွေဟောင်းများ၏အကူအညီတောင်းခံခြင်းလည်း ရှိလိမ့်မည်။အိမ်ထောင်ရှင်ဖြစ်ပါကအိမ်ထောင်ရေး သာယာနေမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ ဆီးကျိတ်၊ သုတ်ကျိတ်နှင့်အကျိတ်အဖုဆိုင်ရာ ရောဂါဝေဒနာများ ခံစားရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၆, ၄, ၇ ကံကောင်းသောအရောင် ။ ။ ရှားညိုရောင်

ယတြာ ။ ။ သိမ်သွားလမ်းအား လမ်းခင်းလိုက်ပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးအဆင်ပြေနေတတ်ပါတယ်။ ငွေကြေးရင်းနှီးမြှပ်နှံမှုများမှ ဝင်ငွေအကျိုးအမြတ်များ ဖြစ်ထွန်းအောင်မြင်လိမ့်မည်။ စီးပွားရေးနှင့် ပတ်သက်သောကံလည်းအထူးကောင်းမွန်နေလိမ့်မည်။အပြိုင်အဆိုင်များသော စီးပွားရေး လုပ်ငန်းများ၌လည်းအကျိုးအမြတ်များ ရှိလိမ့်မည်။ လုပ်ငန်းသစ်များ၌လည်း စတင်တာဝန် ထမ်းဆောင်ရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့်အထက်လူကြီးထံမှ ပံ့ပိုးကူညီမှုများ ရရှိတတ်ပါတယ်။ ပညာရေးအနေဖြင့် ကြိုးစားသလောက် ထွန်းပေါက်အောင်မြင်မည့်အချိန်အခါမျိုးဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာပါလိမ့်မည်။ ကျန်းမာရေးအနေဖြင့်အစာအိမ်ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၆, ၃, ၁ ကံကောင်းသောအရောင် ။ ။ ကြေးနီရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ ကြံရည် (၆)ခွက် ကပ်လှူပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကံ ကောင်းနေတတ်ပြီး ချစ်သူမရှိသေးသူများ ချစ်သူရရှိတတ်ပါတယ်။ ချစ်သူရှိပြီးသူများအိမ်ထောင်ပြုရန် ကမ်းလှမ်းခံရခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ စပ်တူလုပ်ငန်းများ လုပ်ကိုင်ရန်အခွင့်အလမ်းကောင်းများနှင့် ကြုံလိမ့်မည်။ ထိုလုပ်ငန်းများမှလည်း ထူးခြားသောအကျိုးအမြတ်များ ဖြစ်ထွန်းအောင်မြင်လိမ့်မည်။ တနည်းအားဖြင့် ကံမြင့်ပြီး လာဘ်ပွင့်မည့်အချိန်ကာလ မျိုးလည်း ဖြစ်တတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် လုပ်ငန်း တာဝန်များပြားပြီး ခရီးတွေလည်း ထွက်ခွာနေရတတ်ပါတယ်။ ပညာရေးအနေဖြင့် Óဏ်စွမ်း Óဏ်စများ ယခင်ထက် ပိုမိုထက်မြက်လာလိမ့်မည်။ ကျန်းမာရေးအနေဖြင့်အနည်းငယ်ညံ့ခြင်း၊အစာမှား၊ ဆေးမှားဖြစ်ခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၇, ၄, ၅ ကံကောင်းသောအရောင် ။ ။ ခရမ်းရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာအုန်းဆွမ်းကပ်လှူပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် ကြားလူနှောင့်ယှက်နေမည်။ မည်သည့်အခက်အခဲ ပြဿနာကိုမဆို ဖြေရှင်းအောင်မြင်နိုင်တတ်ပါတယ်။အစုစပ်လုပ်ငန်းများကို စနေသားသမီး၊ တနင်္လာသားသမီးများနှင့် ပူးတွဲလုပ်ဆောင်ပါကအောင်မြင်မှုရရှိတတ်ပါတယ်။ ရပ်ဝေးမှလည်း သတင်းစကားကောင်းများ ကြားသိရတတ်ပါတယ်။ ဆွေမျိုးအကြီးအကဲများထံမှလည်းအကူအညီကောင်းများ ရရှိတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် မိမိဌာနဆိုင်ရာအတွင်း နေရာပြောင်းရွှေ့မှုများကြောင့် စိတ်မောလူမော ဖြစ်နေရတတ်ပါတယ်။ မိမိဈေးဆိုင်ထားသော မြေကွက် တစ်ကွက်လည်းအရောင်းအဝယ်ဖြစ်သွားတတ်ပါတယ်။ ကွဲကွာနေသော မိတ်ဆွေဟောင်းထံမှလည်း သတင်းကောင်း ကြားရတတ်ပါတယ်။ မိဘကျန်းမာရေး ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၄, ၃, ၆ ကံကောင်းသောအရောင် ။ ။အကွက်အပြောက်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ ပဲပေါက်စီကပ်လှူပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ ချစ်သူနှင့်အဆင်မပြေဖြစ်ပြီး လမ်းခွဲစကားပြောရတတ်သည်။ လုပ်ငန်းတိုးချဲ့လိုသူများအောင်မြင်စွာ တိုးချဲ့နိုင်မည်ဖြစ်သည်။ မိတ်ကောင်းဆွေ ကောင်းများကအကူအညီပေးတတ်သလို မိတ်ဆွေအတုအယောင်များကလည်းအနားတွင် ဝန်းရံနေတတ်၍ သတိထားပေါင်းပါ။ စက်ပစ္စည်းအသစ် ဝင်တတ်ပါသည်။အများနှင့် စုပေါင်းလုပ်ကိုင်ရသော လူမှုရေး၊ ဘာသာရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ခြင်းဖြင့် နာမည်ကောင်း ရရှိနေမည်ဖြစ်သည်။ မမျှော်လင့်ဘဲ ထီပေါက်တတ်သည်။ ပညာရှာနေသူများ စိတ်ရောကိုယ်ပါ ပင်ပန်းပြီးမှအောင်မြင်မှု ရလာတတ်ပါသည်။ ဝန်ထမ်းများအဖို့အကြီးအကဲ၏ ကူညီပံ့ပိုးမှု ရရှိပါလိမ့်မည်။ ပြည်ပခရီးဝေးသွားရန် ကြံရွယ်ထားသူများ နိုင်ငံခြားအလုပ်ခွင်စာမေးပွဲနှင့် ပတ်သက်၍ သတင်းကောင်းကြားရမည်။

ကံကောင်းသောနံပါတ် ။ ။ ၅, ၄, ၃ ကံကောင်းသောအရောင် ။ ။အဝါနုရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ ထောပတ်မုန့် ကပ်လှူပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့အချစ်ရေးတွင် မိမိကအလျှော့ပေးပြီး ဆက်ဆံပါ။အလုပ်အကိုင်အကြံအစည်များကို စနစ်တကျ ရှေ့တိုးဆောင်ရွက်ရန် စီမံခန့်ခွဲနိုင်မည့် ကာလဖြစ်သည်။အလုပ်အကိုင်အကြံအစည်နှစ်မျိုး တစ်ပြိုင်တည်းအကောင်အထည်ဖော်ရတာမျိုး ဖြစ်တတ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ စီးပွားသစ်ချဲ့ထွင်သူများအထူးကောင်းသောကာလ ဖြစ်ပါသည်။ လုပ်အားကြောင့်သာမက ကံကြောင့်ပါ ငွေဝင်နေမည့်ကာလဖြစ်သည်။အလုပ်အကိုင်ရှာဖွေသူများ ကိုယ်ဝါသနာပါသော လုပ်ငန်းများတွင်အလုပ်ရရှိတတ်ပါသည်။ ပညာရေးအနေဖြင့်အောင်မြင်မှုများအဆင့်ဆင့် ရရှိနေမည့်ကာလဖြစ်ပါသည်။ ပြည်ပသွားမည့်သူများအခက်အခဲများကြားမှအဆင်ပြေစွာ ထွက်ခွာရတတ်ပါသည်။အိမ်ထောင်သည်တွေအဖု့ိ ဆွေမျိုးသားချင်းများကြောင့် စိတ်ညစ်ရတတ်ပါသည်။ ကျန်းမာရေးမှာ ဗိုက်အောင့်၊ ဗိုက်နာ ဖြစ်တတ်ပါသည်။

ကံကောင်းသောနံပါတ် ။ ။ ၈, ၄, ၃ ကံကောင်းသောအရောင် ။ ။အပြာရင့်ရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ ဖရုံယိုနှင့် ဆွမ်းတော်ကပ်ပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ ချစ်သူ၏အထင်လွဲမှုကို ခံစားရတတ်ပါသည်။အလုပ်အကိုင်များ တိုးချဲ့နိုင်မည်။ ကြံစည်သမျှ လုပ်ကိုင်သမျှအဆင်ပြေမည့်ကာလ ဖြစ်ပါသည်။ စက်ရုံ၊အလုပ်ရုံလုပ်ငန်းများ ပြန်လည်၍အရှိန်ကောင်းလာပါလိမ့်မည်။ နိုင်ငံခြားကုမ္ပဏီ များနှင့် ဆက်သွယ်၍ လုပ်ကိုင်ပါကအကူအညီကောင်း ရရှိလိမ့်မည်။ ရုံးတွင်းလုပ်ငန်းထက် ရုံးပြင်ပလုပ်ငန်းများတွင် ထွက်လုပ်ရတတ်ပါသည်။ ပညာရေးအနေဖြင့် မိမိသင်ယူလိုသော တက်ရောက်လိုသော သင်တန်းသို့ တက်ရောက်ခွင့်ရအောင် ကူညီမယ့်သူ ပေါ်လာတတ်ပါသည်။ ပြည်ပခရီးဝေးသွားမည့်သူများအဆက်အသွယ်ကောင်း ရတတ်ပါသည်။အိမ်ထောင်သည်တွေအဖို့အိမ်ထောင်ဖက်နှင့် စကားများရတတ်ပါသည်။ ကျန်းမာရေးမှာ စိတ်ဖိစီးမှု ခံရတတ်ပါသည်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၄, ၆ ကံကောင်းသောအရောင် ။ ။အစိမ်းနုရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ ထမင်းဆီဆမ်း ဆားဖြူးလှူပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့အချစ်ရေးမှာ ပျော်စရာလေးတွေ တွေ့ရမယ့်နေ့ရက် ဖြစ်ပါသည်။ လုပ်ငန်းလုပ်ကိုင်သူများအဆင်ပြေတိုးတက်နေပါမည်။ လုပ်ငန်းသစ်များ တိုးချဲ့ လိုပါက တိုးချဲ့နိုင်ပါသည်။ ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ငန်းတိုးချဲ့ရလိမ့်မည်။ ပညာရေးအနေဖြင့်အခက်အခဲအနည်းငယ် တွေ့ရသော်လည်း စိတ်မပျက်ပါနှင့်။ ပြည်ပခရီးဝေးသွားမည့်သူများ ပြည်ပမှအဆက်အသွယ်ကောင်း ရတတ်ပါသည်။အစုရှယ်ယာရှင်ဟောင်းများ ပြန်လည်ဆက်သွယ်လာတော့ မည်။ ညီအစ်ကိုသားချင်းများနှင့် ရေခြား၊ မြေခြားအဆက်အသွယ်ကောင်းများက ကူညီလိမ့်မည်။အစိုးရဌာနများတွင်အရေးပါသော ရာထူးအဆင့်အတန်းများရရှိနိုင်သည်။အိမ်ထောင်သည်တွေအဖို့အိမ်ထောင်ရေး သာယာပါမည်။ ကျန်းမာရေးမှာ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်တတ်ပါသည်။

ကံကောင်းသောနံပါတ် ။ ။ ၈, ၂, ၁ ကံကောင်းသောအရောင် ။ ။အဖြူရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ ကော်ရည်ခေါက်ဆွဲ ကပ်လှူပေးပါ။




Some text some message..