မတ်လ ၁၁ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2019-03-11




မတ်လ ၁၁ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း မတ်လ ၁၁ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

မိဘနဲ့ ပတ်ဝန်းကျင်ကအချစ်ရေးနဲ့ပတ်သက်ပြီး ဖိအားပေးလာနိုင်လို့ သေချာအချိန်ယူ စဉ်းစားသင့်ပြီးဆုံးဖြတ်တာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အချစ်သစ်လည်း တွေ့လာနိုင်တဲ့အချိန်ပါပဲ။ ဒီနေ့မှာ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာကို လုံးဝအနားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီရက်ပိုင်းဖြစ်ခဲ့တဲ့အချစ်ရေးဆိုင်ရာ ပြဿနာအခက်အခဲတွေကလည်း သင့်ကို ပင်ပန်းမှုပိုတိုးစေမှာပါပဲ။ ချစ်သူနဲ့ ထာဝရလက်တွဲဖို့ ရည်ရွယ်ထားသူတွေအနေနဲ့လည်း ရှေ့ဆက်လက်တွဲလို့မဖြစ်နိုင်တော့တဲ့အနေအထားကြုံလာရနိုင်ပါတယ်။ ပြဿနာတစ်ခုကို ကိုယ့်အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်တာမျိုးထက်အားလုံးရဲ့အကြံဉာဏ်နဲ့ဆုံးဖြတ်မယ်ဆိုရင် ဆုံးရှုံးမှုနည်းနိုင်မှာဖြစ်ပါတယ်။ ပညာရေးကျန်းမာရေးကတော့ ကောင်းမွန်နေပါတယ်။

ယတြာ - ဘုရားတွင် ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ တသက်တာလက်တွဲမယ့် ချစ်သူရှိထားပြီးသူဆိုရင်တောင် ခေတ္တခဏ ခွဲခွာနေချင်စိတ်ဖြစ်နေပါလိမ့်မယ်။အိမ်ထောင်ပြုဖို့အတွက် ကြောက်ရွံ့နေချိန်ဖြစ်ပြီး ဒီအချက်ကပဲအချစ်ရေးကို ထိခိုက်စေပါလိမ့်မယ်။ ချစ်သူမရှိသေးသူတွေကတော့ တစ်ယောက်တည်းပဲ ဆက်ရှိနေဦးမယ့်အချိန်ပါပဲ။ ဒီရက်ပိုင်းမှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပါလိမ့်မယ်။ လုပ်ကိုင်သမျှ လုပ်ငန်းကိစ္စတွေကလည်းအဆင်မပြေမှုတွေကြုံရမှာဖြစ်ပြီး ဒီအချက်တွေကြောင့်အလုပ်နဲ့ ပတ်သက်တဲ့ စိတ်အားထက်သန်မှုကတော့ ပပျောက်သွားမှာ မဟုတ်ပါဘူး။ တကမ္ဘာလုံးက ပြဿနာတွေကိုကိုယ်တစ်ဦးတည်း ရင်ဆိုင်နေရတယ်လို့ ခံစားနေရမယ့်အချိန်ဖြစ်ပြီး လုပ်ငန်းမှာလည်းအခက်အခဲတွေကြုံရနိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းဆောင်တာတွေကိုပုံမှန်ပဲ ဆက်ပြီးလုပ်ဆောင်လိုက်ပါ၊ ကိုယ့်အပေါ်ကူညီနေသူတွေကို ကျေးဇူးကန်းတဲ့အပြုအမူမျိုး ပြုမူမိတတ်လို့ သတိပြုသင့်ပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်း ကောင်းမွန်နေတဲ့နေ့ရက်ပါပဲ။

ယတြာ -အိမ်ရှိအိတ်အဟောင်းအစုတ်များ စွန့်ပစ်လိုက်ပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ခရီးထွက်ရကိန်းရှိပြီး ဒီခရီးကနေ ကောင်းမွန်တဲ့ ရလဒ်တွေရရှိပါလိမ့်မယ်။ လုပ်ငန်း ကိစ္စတွေမှာလည်း မိတ်ဆွေ၊အပေါင်းအသင်းတွေရဲ့ ကူညီမှုနဲ့အရာရာအဆင်ပြေနေမယ့် ကာလပါပဲ။ ပညာရေးနဲ့ ကျန်းမာရေးပိုင်းမှာတော့အနည်းငယ်ညံ့နေပါတယ်။ ဒီနေ့မှာ သင်ဘာပဲပြောပြော၊ လုပ်လုပ် လူတိုင်းက နှစ်သက်သဘောကျပြီးအကောင်းမြင်နေပါလိမ့်မယ်။ ချစ်သူရှိသူတွေအနေနဲ့ ချစ်သူနဲ့ ပိုမိုအဆင်ပြေချောမွေ့မှာဖြစ်ပြီး ချစ်သူမရှိသေးသူတွေလည်း စိတ်လှုပ်ရှားဖွယ်အချစ်ရေးတစ်ခု ကြုံကြိုက်ရမှာဖြစ်ပါတယ်။အိမ်ထောင်ကျကိန်းရှိတဲ့ နေ့ရက်တစ်ရက်ပါပဲ။

ယတြာ -အိမ်ရှိဘုရားမှာ သပြေပန်း ကပ်လှူပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

ရန်အနှောင့်အယှက်များနေပြီး လက်ရှိလုပ်နေတဲ့ ကိစ္စတစ်ချို့ ရပ်တန့်သွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ စေတနာနဲ့ ကူညီလိုက်တဲ့ ကိစ္စတွေမှာလည်း နားလည်မှုလွဲပြီး စိတ်ပျက်စရာကြုံရတတ်ပါတယ်။အထည်အလိပ်လုပ်ငန်း၊ ထီးဖိနပ်ရောင်းဝယ်ရေး လုပ်ကိုင်သူများအဆင်ပြေမယ့်အချိန်ဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုပိုင်းမှာတော့ ရည်မှန်းထားတာနဲ့ လက်တွေ့ဖြစ်ရပ်တွေကွာခြားနေတာမျိုးလည်း ကြုံရတတ်ပါတယ်။ ပညာရေးအတွက် နိုင်ငံခြားထွက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါသတိပြုသင့်ပါတယ်။

ယတြာ - ဘုရားတွင် ပဲပေါက်စီလှူဒါန်းပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

အဖိုးတန်ရတနာများ လက်ဝယ်ရရှိလာကိန်းရှိပြီးအိမ်ခြံမြေ ၊ ကား ဝင်ကိန်းလည်း ရှိနေပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာအိမ်ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီးအဆင်မပြေမှုအနည်းငယ် ကြုံရတတ်ပါတယ်။ လုပ်ငန်းခွင်သစ် ၊ မိတ်ဆွေသစ်တွေနဲ့ ပတ်သက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။အိမ်တွင်းရေး သာယာနေပြီးအချစ်ရေးမှာ ချစ်သူမရှိသူတွေ ချစ်သူရလာမယ့်အချိန်ဖြစ်ပါတယ်။ မိဘ၊ ကြီးကဲသူတစ်ဦးရဲ့ ကျန်းမာရေးညံ့နေပြီး ပညာရေးပိုင်းကို စိတ်မဝင်စားပဲ စိတ်လေနေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ နားအူ၊ နားကိုက် ဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ဘီစကစ်မုန့် ကပ်လှူပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် ကိုယ်တိုင်ရှာဖွေနေရမယ့်အချိန်ပါပဲ။ တစ်ခြားသူတွေရဲ့အကြံပေးမှုတွေကိုအကောင်းမြင်လို့ မရဖြစ်နေပြီး ကိုယ့်ရဲ့အခက်အခဲကိုလည်း တစ်ခြားသူတွေနဲ့ ဝေမျှလိုစိတ်နည်းပါးနေပါလိမ့်မယ်။အချစ်ရေးမှာတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံရမှာဖြစ်ပြီး စိတ်လိုက်မာန်ပါ လမ်းခွဲတာမျိုးထက် နှစ်ဦးကြားဝေးကွာမှု ဖြစ်စေတဲ့အချက်ကို ရှာဖွေဖြေရှင်းသင့်ပါတယ်။ ဒီနေ့မှာ ကိုယ်အမှန်တကယ်နှစ်သက်မယ်ထင်ပြီး လုပ်ကိုင်လိုက်တာတွေကပဲ ကိုယ့်ကိုစိတ်ဖိစီးမှု ဖြစ်စေလို့ သတိထားသင့်တဲ့ နေ့ရက်ပါပဲ။ ဖြစ်နိုင်ရင်တော့ လုပ်ငန်းသစ်စတင်တာမျိုး တိုးချဲ့တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဗိုက်အောင့်၊ လေနာရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ - ရေကုသိုလ်ပြုပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ သင်ဘာပဲပြောပြော၊ လုပ်လုပ် လူတိုင်းက နှစ်သက်သဘောကျပြီးအကောင်းမြင်နေပါလိမ့်မယ်။ ချစ်သူရှိသူတွေအနေနဲ့ ချစ်သူနဲ့ ပိုမိုအဆင်ပြေချောမွေ့မှာဖြစ်ပြီး ချစ်သူမရှိသေးသူတွေလည်း စိတ်လှုပ်ရှားဖွယ်အချစ်ရေးတစ်ခု ကြုံကြိုက်ရမှာဖြစ်ပါတယ်။အိမ်ထောင်ကျကိန်းရှိတဲ့ နေ့ရက်တစ်ရက်ပါပဲ။ ဒီနေ့မှာ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ခရီးထွက်ရကိန်းရှိပြီး ဒီခရီးကနေ ကောင်းမွန်တဲ့ ရလဒ်တွေရရှိပါလိမ့်မယ်။ လုပ်ငန်း ကိစ္စတွေမှာလည်း မိတ်ဆွေ၊အပေါင်းအသင်းတွေရဲ့ ကူညီမှုနဲ့အရာရာအဆင်ပြေနေမယ့် ကာလပါပဲ။ ပညာရေးနဲ့ ကျန်းမာရေးပိုင်းမှာတော့အနည်းငယ်ညံ့နေပါတယ်။

ယတြာ -အိမ်ရှိဘုရားမှာ သပြေပန်း ကပ်လှူပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

လူမှုရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဖိတ်ကြားခံရမှုတွေ ရှိနေပြီး လူအများကြားမှာ ပေါ်ပြူလာဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒီအချက်ကပဲ သင့်ရဲ့အချစ်ရေး၊ လူမှုရေးပိုင်းတွေမှာ သက်ရောက်လာနိုင်တာဖြစ်ပါတယ်။ လုပ်ငန်းနဲ့ လက်တွဲဖော်ကို သင့်တင့်မျှတတဲ့ ဆက်ဆံမှုမျိုးဖြစ်အောင် သတိပြုလုပ်ဆောင်သင့်ပါတယ်။ လုပ်ငန်း ကိစ္စမှန်သမျှအခက်အခဲအနှောင့်အယှက်တွေကြုံနေရချိန်ဖြစ်ပြီး စိတ်ရှုတ်ထွေးမှုတွေကြားကနေ ကိုယ်တိုင်ရုန်းထွက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဆုံ စိတ်အပန်းဖြေသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့အလုပ်မှာရော လူမှုရေးပိုင်းမှာပါ ပိုပြီး ဆုံးရှုံးမှုကြီးမားလာနိုင်ပါတယ်။ စီးပွားရေးပိုင်းမှာတော့အရှေ့ပိုင်းမှာ ကြုံခဲ့တဲ့အခက်အခဲတွေက လက်ရှိအနေအထားကို ပိုကောင်းအောင် ပံ့ပိုးပေးတဲ့အချက် ဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ရွှေရင်အေး ကပ်လှူပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

တစ်ယောက်တည်းလုပ်ကိုင်တာထက်အုပ်စုနဲ့လုပ်ကိုင်တဲ့ ရလဒ်တွေက ကောင်းကျိုးပိုရနိုင်တဲ့ နေ့ရက်ပါပဲ။ ရည်မှန်းထားတဲ့ လုပ်ငန်းချဲ့ထွင်မှုတွေရှိရင်လည်း ဒီနေ့မှာ စတင်အကောင်အထည်ဖော်လိုက်ပါ။အချစ်ရေးအဆင်မပြေမှုလေးတွေရှိနေပြီး ဒေါသရှေ့ထားဖြေရှင်းတာမျိုးထက် ဒီပြဿနာတွေရဲ့အရင်းခံကို သေချာဆန်းစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ လုပ်ငန်းအဆင်မပြေမှုတစ်ချို့နဲ့အချစ်ရေး၊အိမ်ထောင်ရေး ရောထွေးပြီး ဒေါသပုံချတတ်မိလို့ သတိပြုသင့်ပါတယ်။ ဒီနေ့မှာ ကိုယ်လုပ်ကိုင်ရမယ့် လမ်းကြောင်းကို တွေဝေနေတတ်ပြီးအလုပ်သစ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ သင့်ရဲ့ စိတ်ထဲရှိတဲ့အတိုင်း ရွေးချယ်လိုက်ပါ၊ ဒါကအမှန်ကန်ဆုံးရွေးချယ်မှုဖြစ်နိုင်မှာပါ။ ကွဲကွာနေတဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေတစ်ချို့နဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိပြီးအရင်က ကိုယ့်အပေါ်အကောင်းမမြင်သူတွေကလည်း ကောင်းမွန်စွာ ဆက်ဆံလာမယ့်အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်တတ်ပါတယ်။

ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းပိုင်း လူမှုရေးပိုင်း လွဲချော်မှုတစ်ချို့ကြုံရနိုင်ပါတယ်။အချစ်ရေးမှာလည်း စေ့စပ်ကြောင်းလမ်းထားသူတွေတောင် ပျက်နိုင်တဲ့အချိန်ဖြစ်ပါတယ်။အချစ်ရေးရဲ့ သက်ရောက်မှုက လူမှုရေးနဲ့ စီးပွားရေးကိုပါ ထိခိုက်နိုင်တာကြောင့် ချစ်သူအပေါ် စိတ်ရင်းနဲ့ ဆက်ဆံပေးတာကအကောင်းဆုံးလို့ဆိုပါရစေ။ ဒီနေ့မှာ ပြောဆိုလုပ်ကိုင်ရ ခက်ခဲပြီး လက်ပေါက်ကပ်သူတွေနဲ့ ဆက်ဆံရပါလိမ့်မယ်။ လုပ်ငန်း ကိစ္စတွေမှာ စဉ်းစားဆင်ခြင်မှုအားနည်းပြီး လုပ်ကိုင်လိုက်တာတွေက ပြဿနာဖြစ်လာနိုင်ပါတယ်။ စောင့်နိုင်ရင်အကျိုးရှိမယ့် ကာလဖြစ်လို့ လုပ်ငန်းတိုးချဲ့မှုနဲ့အလုပ်သစ်ပြောင်းရွှေ့မှုတွေမှာ မလောသင့်ပါဘူး။မိသားစုနဲ့အိမ်တွင်းရေး ပြဿနာတွေ ဒိုင်ခံဖြေရှင်းနေရမှာဖြစ်ပြီး သင်ပြုလုပ်သမျှကိုအားလုံးကအဆိုးမြင်နေမယ့် နေ့ရက်ပါပဲ။ ကျန်းမာရေး ၊ ပညာရေးလည်း သိသိသာသာ ညံ့နေပါတယ်။

ယတြာ - လမ်းဘေးခွေးလေးတွေကို ပေါင်မုန့်ကျွေးပြီး ကုသိုလ်ပြုပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

ပြောင်းလဲတတ်တဲ့ လူတွေနဲ့ ကြုံရမှာဖြစ်ပြီး ဒီအတွေ့အကြုံတွေကနေပဲ လုပ်ငန်းတိုးတက်မှု ရရှိပါလိမ့်မယ်။ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်အလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှု ရရှိနိုင်ပါတယ်။ မိသားစုကိုလည်းအချိန်ပေးပြီး ဂရုစိုက်ပေးသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်ရောဂါ သတိပြုသင့်ပါတယ်။ ဒီနေ့မှာ သင့်ရဲ့အောင်မြင်မှုအရှိန်ကို ဘယ်သူကမှ မတားနိုင်တော့ပါဘူး။အချစ်ရေးကတော့ ကောင်းတစ်ဝက် ဆိုးတစ်ဝက်ရှိနေပါတယ်။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့အခြေအနေလို့လည်း ဆိုရမှာပါ။

ယတြာ - သက်ကြီးရွယ်အိုများအား ဆေးဝါးလှူဒါန်းပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

လူတိုင်းကသင့်အပေါ်အကောင်းမြင်နေမှာဖြစ်ပြီး မိသားစုနဲ့ မိတ်ဆွေတွေရဲ့အခက်အခဲတွေကိုလည်း ကူညီခွင့်ကြုံမှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခြေထောက်ထိခိုက်မိတတ်ပါတယ်။ ဒီနေ့မှာ လုပ်ငန်းစတင်ဖို့အင်အားသစ်တွေ ပြည့်နှက်နေပါလိမ့်မယ်။ သင့်ရဲ့အကြံဉာဏ်တွေကလည်း ဒီအချိန်မှာအကောင်းဆုံး ဖြစ်နေမယ့်အချိန်ပါပဲ။အချစ်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လေးစားမှု ထားသင့်ပါတယ်။ ချစ်သူရဲ့ လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးခြင်းဖြင့်လည်း သူ့ရဲ့ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိပြီးအချစ်ရေးအဆင်ပြေပါလိမ့်မယ်။

ယတြာ -အိမ်ရှင်းပေးပါ။

LEO




Some text some message..