မတ်လ ၁၂ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2019-03-12




မတ်လ ၁၂ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း မတ်လ ၁၂ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

အချစ်ရေးမှာ မိမိရွေးချယ်လိုက်တဲ့ချစ်သူကို မိသားစုအသိုင်းအဝိုင်းကနေ လက်မခံတာမျိုး ကြုံနိုင်ပြီး ရုတ်တရက်အိမ်ထောင်ကျကိန်းလည်း ရှိနေပါတယ်။ ဒါပေမယ့်အချစ်ရေး၊အိမ်ထောင်ရေးအနည်းငယ်ညံ့နေလို့ ရေရှည်မမြဲနိုင်ပါဘူး။ ရည်မှန်းထားတာနဲ့ လက်တွေ့ဖြစ်ရပ်တွေ ကွာခြားနေတာမျိုးလည်း ကြုံရတတ်ပြီး ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါသတိပြုသင့်ပါတယ်။ လှေကားအတက်အဆင်းလည်း သတိထားရမယ့် ကာလပါပဲ။ လုပ်ငန်းတွေအများအပြားတိုးချဲ့မိလို့ ဆုံးရှုံးမှုကြီးနိုင်ပါတယ်။ ရန်အနှောင့်အယှက်များနေပြီး လက်ရှိလုပ်နေတဲ့ ကိစ္စတစ်ချို့ ရပ်တန့်သွားနိုင်တဲ့အထိပဲ ဖြစ်ပါတယ်။ မနာလိုသူပေါများနေပြီး ရေနဲ့ပတ်သက်တဲ့ ခရီးလမ်းရှောင်ရှားသင့်ပါတယ်။

ယတြာ - ဆေးကုသစရိတ်လိုအပ်နေသူများအား ဒါနပြုပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

ဆန်စပါးအရောင်းအဝယ်နဲ့ ပတ်သက်ပြီး ဈေးကောင်းရမယ့် ရက်ပါပဲ။အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး စာမေးပွဲအောင်မြင်မှာဖြစ်ပါတယ်။ ဒီရက်မှာ လုပ်ငန်းတိုးချဲ့တာ၊ လုပ်ငန်းသစ်စတင်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ လက်ရှိလုပ်ငန်းရှိပြီးသူတွေအနေနဲ့ ပုံမှန်အနေအထားကို ဆက်ထိန်းထားရမှာဖြစ်ပြီး သူတစ်ပါးအတွက် ငွေစိုက်ပေးတာမျိုးလည်း ရှောင်ရမှာဖြစ်ပါတယ်။အိမ်တွင်းရေးအိမ်ထောင်ရေးမှာ သူတစ်ပါးရဲ့ ကြားဝင်နှောင့်ယှက်ခြင်းခံရတတ်ပါတယ်။ နေအိမ်သို့ နာရီသစ်တစ်လုံးဝင်လာကိန်းရှိပြီး ဝင်လျှင်ကောင်းပါတယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် သဘောၤသီး ကပ်လှူပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

ရပ်တန့်ထားတဲ့ ကိစ္စတွေပြန်လည်အကောင်အထည်ပေါ်လာမယ့် နေ့ရက်ဖြစ်ပြီး လုပ်ငန်းသစ်စတင်ဖို့ကောင်းမွန်တဲ့ နေ့ရက်လို့လည်း ဆိုရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ တွဲဖက်လုပ်ကိုင်သူများ သတိထားသင့်ပြီး ဒီနေ့မှာအလုပ်ပြောင်း၊အိမ်ပြောင်းတာမျိုးတွေ မလုပ်သင့်သေးပါဘူး။ မနာလိုပြိုင်ဆိုင်မှုများကြုံရကိန်းရှိနေပြီး လုပ်ငန်းခွင်မှာလည်းအနှောင့်အယှက်ပေးသူတွေ ကြုံရပါလိမ့်မယ်။ ဘေးစကားတွေကြောင့်အချစ်ရေး၊အိမ်ထောင်ရေး ပြဿနာဖြစ်နိုင်လို့ သတိပြုရမယ့် နေ့ရက်ပါပဲ။အတတ်ပညာတစ်ခုခု တိုးချဲ့သင်ယူရကိန်းရှိပြီး နိုင်ငံခြားခရီးစဉ်သွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတတ်ပါတယ်။

ယတြာ - ဘုရားတွင် နို့ထမင်းကပ်လှူပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပိုမိုအကျိုးပေးနေပြီး ဒီနေ့မှာ လုပ်ငန်းတိုးချဲ့မှုပြုလုပ်မယ်ဆိုရင် စနေ၊ ဗုဒ္ဓဟူး သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်သင့်ပါတယ်။ လုပ်ငန်းတိုးတက်မှုကြုံရမှာဖြစ်ပြီး မိတ်ဆွေကောင်းတွေဆီက ငွေအား၊အကြံဉာဏ်အားအကူအညီများရရှိပါလိမ့်မယ်။အချစ်ရေးမှာ စန်းပွင့်နေပြီးအချစ်သစ်နဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်အပေါ်အထောက်အကူပြုမယ့် ချစ်သူမျိုးနဲ့လည်း ကြုံကြိုက်နိုင်ပါတယ်။အချစ်ရေးအပေါ် ဦးစားပေးမှုကြောင့် ပညာရေးပိုင်းမှာတော့အနည်းငယ်အားနည်းနေပါလိမ့်မယ်။ ကျန်းမာရေးကတော့ သာမန်ရောဂါအသေးတွေ မကြာခဏဖြစ်လေ့ရှိပြီး စိုးရိမ်စရာတော့မရှိပါဘူး။

ယတြာ -အိမ်ရှိ ထီးအဟောင်းအစုတ်များစွန့်ပစ်လိုက်ပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်အလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှု ရရှိနိုင်ပါတယ်။ မိသားစုကိုလည်းအချိန်ပေးပြီး ဂရုစိုက်ပေးသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်ရောဂါ သတိပြုသင့်ပါတယ်။အချစ်ရေးကတော့ ကောင်းတစ်ဝက် ဆိုးတစ်ဝက်ရှိနေပါတယ်။ ရေလုပ်ငန်းလုပ်ကိုင်သူတွေအထူးကောင်းမွန်နေပြီး ပင်လယ်စာလုပ်ငန်းရှင်တွေလည်း လုပ်ငန်းတိုးချဲ့နိုင်သည်အထိ တိုးတက်မှာဖြစ်ပါတယ်။အိမ်ခြံမြေလုပ်ငန်းရှင်တွေကတော့အနည်းငယ်ညံ့နေပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီးအလှူအတန်းတွေပြုလုပ်ရကိန်းလည်း ရှိနေပါတယ်။ ပညာရေးအတွက် တစ်ဆင့် တက်လှမ်းရကိန်းရှိပါတယ်။

ယတြာ - ဘုရားတွင် ပဲမုန့် ကပ်လှူပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ကိုင်ကြံစည်မှုတွေအားလုံးအောင်မြင်မှာဖြစ်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။အင်္ဂါ၊သောကြာ သားသမီးများ ကောင်းမွန်နေပြီး ထီလည်းပေါက်တတ်ပါတယ်။ ရွှေအရောင်းအဝယ်လုပ်ငန်းမှာတော့ မှားယွင်းမှုရှိတတ်ပါတယ်။အိမ်ထောင်ရေးမှာအိမ်ထောင်ဖက်ရဲ့ မိသားစုကြောင့် စိတ်ချမ်းသာရမှာဖြစ်ပြီး သားသမီးကြောင့် ဂုဏ်တက်ရတတ်ပါတယ်။အချစ်ရေးလည်းကောင်းနေပြီး ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ နိုင်ငံခြား ပညာတော်သင်သွားရခြင်း၊အလုပ်ကိစ္စအတွက် နိုင်ငံခြားသွားရကိန်းလည်း ရှိနေပါတယ်။ စနေသားသမီး ဒုက္ခပေးတတ်ပါတယ်။

ယတြာ - ဘုန်းကြီးတစ်ပါးအား ယပ် လှူဒါန်းပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

မနာလိုပြိုင်ဆိုင်မှုများကြုံရကိန်းရှိနေပြီး လုပ်ငန်းခွင်မှာလည်းအနှောင့်အယှက်ပေးသူတွေ ကြုံရပါလိမ့်မယ်။ ဘေးစကားတွေကြောင့်အချစ်ရေး၊အိမ်ထောင်ရေး ပြဿနာဖြစ်နိုင်လို့ သတိပြုရမယ့် နေ့ရက်ပါပဲ။အတတ်ပညာတစ်ခုခု တိုးချဲ့သင်ယူရကိန်းရှိပြီး နိုင်ငံခြားခရီးစဉ်သွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ဒုက္ခပေးတတ်ပါတယ်။ ရပ်တန့်ထားတဲ့ ကိစ္စတွေပြန်လည်အကောင်အထည်ပေါ်လာမယ့် နေ့ရက်ဖြစ်ပြီး လုပ်ငန်းသစ်စတင်ဖို့ကောင်းမွန်တဲ့ နေ့ရက်လို့လည်း ဆိုရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ တွဲဖက်လုပ်ကိုင်သူများ သတိထားသင့်ပြီး ဒီနေ့မှာအလုပ်ပြောင်း၊အိမ်ပြောင်းတာမျိုးတွေ မလုပ်သင့်သေးပါဘူး။

ယတြာ - ဘုရားတွင် မုန့်ဟင်းခါး ကပ်လှူပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

လုပ်ငန်းတိုးချဲ့မှုတွေကို ဒီရက်မှာ ခေတ္တရပ်နားထားသင့်ပါတယ်။အိမ်ထောင်ဖက်ရဲ့ ထောက်ပံ့မှုနဲ့ လုပ်ငန်းစီးပွားပိုမိုတိုးတက်လာမှာဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ ကုန်စည်ဒိုင်လုပ်ငန်းလုပ်ကိုင်သူများအကျိုးများမယ့် ကာလပါပဲ။ လက်အောက်ငယ်သားတွေရဲ့အကူအညီနဲ့ လုပ်ငန်းစဉ်တွေပိုမိုအောင်မြင်လာမှာဖြစ်ပြီးအင်္ဂါ၊ သောကြာ၊ စနေ သားသမီးတွေနဲ့ လက်တွဲလုပ်ကိုင်မှုတွေအဆင်ပြေအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ပျိုရွယ်သူတွေအနေနဲ့အချစ်ရေးညံ့နေပြီးအိမ်ထောင်သည်တွေကတော့ မိဘဆွေမျိုးတွေကြောင့် စကားများရတတ်ပါတယ်။ ပညာရေးစိတ်မဝင်စားဖြစ်နေတတ်ပြီး စာမေးပွဲတွေမှာလည်းအခက်အခဲရှိတတ်ပါတယ်။

ယတြာ - သက်ကြီးရွယ်အိုများအားအဝတ်အစား လှူဒါန်းပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းသစ်စတင်ဖို့အကောင်းဆုံးအချိန်ပါပဲ။ သင့်ရဲ့အကြံဉာဏ်တွေကလည်း ဒီအချိန်မှာအကောင်းဆုံး ဖြစ်နေမှာဖြစ်သလို လုပ်ငန်းခွင်အောက်လက်ငယ်သားတွေကလည်း သင့်ရဲ့အောင်မြင်မှုကို ပံ့ပိုးပေးပါလိမ့်မယ်။ ချစ်သူရဲ့ လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးခြင်းဖြင့်လည်း သူ့ရဲ့ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိပြီးအချစ်ရေးအဆင်ပြေပါလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် လေးစားမှုအားနည်းနေလို့ ကတောက်ကဆဖြစ်တတ်ပါတယ်။ လူတိုင်းကသင့်အပေါ်အကောင်းမြင်နေမှာဖြစ်ပြီး မိသားစုနဲ့ မိတ်ဆွေတွေရဲ့အခက်အခဲတွေကိုလည်း ကူညီခွင့်ကြုံမှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မိတတ်ပါတယ်။

ယတြာ -အိမ်ရှိအသုံးမလိုတော့သည့် ဖိနပ်အဟောင်းများ စွန့်ပစ်လိုက်ပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

အိမ်ထောင်မရှိသေးသူများအိမ်ထောင်ကျကိန်းရှိပြီးအိမ်ထောင်ရှင်တွေအနေနဲ့အိမ်ထောင်ဖက်ရဲ့အထင်အမြင်လွဲမှားမှု ခံရတတ်ပါတယ်။အချစ်ရေးမှာတော့ ကိုယ့်အပေါ်လိမ်ညာလှည့်ဖျားမယ့်သူနဲ့ ကြုံရတတ်ပါတယ်။ ဒီနေ့မှာ လုပ်ငန်းစပ်တူလုပ်ခြင်းမျိုး ရှောင်ကြဉ်ရမှာဖြစ်ပြီး ငွေစုငွေချေးလုပ်ငန်းများကိုလည်း သတိထားလုပ်ကိုင်သင့်ပါတယ်။အိမ်ခြံမြေအသစ်ဝင်ကိန်းရှိပြီးအမွေကိစ္စ စကားများတတ်ပါတယ်။ လုပ်ငန်းခွဲတိုးချဲ့မည့်သူများအဆင်ပြေမည်ဖြစ်ပြီး ပညာရေးနဲ့ ပတ်သက်တဲ့ သင်တန်းအသစ်တွေကိုလည်း တက်ရောက်ရကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးတိုးတတ်ပါတယ်။

ယတြာ - ဘုရားတွင် ပေါက်ပေါက်ဆုပ် လှူဒါန်းပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

အချစ်ရေးမှာ စန်းပွင့်နေပြီးအချစ်သစ်နဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်အပေါ်အထောက်အကူပြုမယ့် ချစ်သူမျိုးနဲ့လည်း ကြုံကြိုက်နိုင်ပါတယ်။အချစ်ရေးအပေါ် ဦးစားပေးမှုကြောင့် ပညာရေးပိုင်းမှာတော့အနည်းငယ်အားနည်းနေပါလိမ့်မယ်။ ကျန်းမာရေးကတော့ သာမန်ရောဂါအသေးတွေ မကြာခဏဖြစ်လေ့ရှိပြီး စိုးရိမ်စရာတော့မရှိပါဘူး။ လုပ်ငန်းတိုးတက်မှုကြုံရမှာဖြစ်ပြီး မိတ်ဆွေကောင်းတွေဆီက ငွေအား၊အကြံဉာဏ်အားအကူအညီများရရှိပါလိမ့်မယ်။ စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပိုမိုအကျိုးပေးနေပြီး ဒီနေ့မှာလုပ်ငန်းတိုးချဲ့မှုပြုလုပ်မယ်ဆိုရင် စနေ၊အင်္ဂါ သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်သင့်ပါတယ်။

ယတြာ - ဘုရားတွင် သပြေပန်း ကပ်လှူပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

ရည်မှန်းချက်မှန်သမျှ ထူးခြားအောင်မြင်နိုင်ပြီး ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကိုလည်းအကောင်အထည်ဖော်သင့်တဲ့ နေ့ရက်ပါပဲ။ တက်မယ်လို့ ကြံရွယ်ထားတဲ့ သင်တန်းတွေကိုလည်း ချက်ချင်းပဲ တက်ရောက်လိုက်ပါ။ တွဲဖက်လုပ်ကိုင်ရတဲ့ လုပ်ငန်းများအကျိုးပေးမည်ဖြစ်ပြီး လူအများကြားမှာ ထင်ပေါ်နေမယ့် ကာလပါပဲ။အလုပ်ကိစ္စတွေလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်။အချစ်ရေးမှာ စိတ်ချမ်းမြေ့စရာများ ကြုံမှာဖြစ်ပြီး မိမိအပေါ် နားလည်မှုအပြည့်အဝရှိသူနဲ့ လက်တွဲရကိန်းရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ပြည်ပခရီးသွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အူလမ်းကြောင်းရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် နှင်းဆီပန်းအနီရောင် ၉ပွင့် ကပ်လှူပေးပါ။

LEO




Some text some message..