မတ်လ ၁၂ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2019-03-12




မတ်လ ၁၂ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို မတ်လ ၁၂ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေး စိတ်ချမ်းမြေ့ရပါမည်။ ကံတရားက မျက်နှာသာပေးသောကာလဖြစ်ပြီး ကြိုးစားနေရမည့်ကာလဖြစ်သည်။ ဘယ်အရာမဆို ချင့်ချိန်ကာ ဆောင်ရွက်သင့်သည်။ သင်မမျှော်လင့်ထားသောအောင်မြင်မှု ဆုလာဒ်တို့ ရရှိမည်။ စီးပွားရေးလုပ်ငန်းကြီးများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။အများ၏ ချစ်ခင် လေးစားမှုကိုရရှိမည်။ မိတ်ဆွေကောင်းတွေလည်း တိုးပွားနေပါလိမ့်မည်။ ဝင်ငွေနှင့်ထွက်ငွေကို တိကျပြတ် သားစွာ ချင့်ချိန်သုံးစွဲရမည့်နှစ်ဖြစ်ပါသည်။အခက်အခဲတွေ့လျှင် စိတ်မညစ်ပါနှင့်။ စီးပွားဥစ္စာတိုးတက်ဖို့အတွက်အရင်းခံအကြောင်း များသာဖြစ်ပါသည်။အိမ်ထောင်သည်များ တစ်ဦးနှင့်တစ်ဦး ပိုမိုချစ်ခင် သံယောဇဉ်တွယ်လာမည်။ ကျန်းမာရေးကောင်းမွန်နေမည်။ ပညာရေးအစစအရာရာ ချောမွေ့တိုးတက်အောင်မြင်တော့မည်။

ကံကောင်းသောနံပါတ် ။ ။ ၃, ၇, ၄ ကံကောင်းသောအရောင် ။ ။ မီးခိုးရောင်

ယတြာ ။ ။အိမ်ကဘုရားကို ရွှေထမင်းကပ်လှူပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးမှာ ကြားလေသွေးလို့ ဝေးရတဲ့အဖြစ်မျိုး ကြုံရတတ်ပါတယ်။အောင်မြင်တတ်ပါတယ်။ ဆရာသမား၊အကြီးအကဲတွေရဲ့ ကူညီမစခြင်းခံရတတ်ပါတယ်။ ခရီးသွားရတတ်တယ်။ ဝင်ငွေလဲ ကောင်းပါတယ်။ မထင်မှတ်တဲ့ ဧည့်သည်တွေလဲ လာနိုင်ပါတယ်။ ပြဿနာနှစ်ခု တစ်ပြိုင်တည်း ဖြေရှင်းရတတ်ပါတယ်။အိမ်ထောင်သည်များအဖို့ ဆွေမျိုးသားချင်းရဲ့ ငွေကြေးကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံရတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ သွေးနဲ့ပတ်သက်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၆, ၇, ၁ ကံကောင်းသောအရောင် ။ ။အနီရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ သစ်သီးဆွမ်းကပ်ပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေး စန်းပွင့်ပြီး မျက်နှာများနေမည်။ ငွေကြေးအခက်အခဲအနည်းငယ်ရှိသော်လည်း ကူညီမည့်သူများ ပေါ်လာတတ် ပါတယ်။ ခရီးဝေးတစ်ခုလည်း မမျှော်လင့်ဘဲ သွားရတတ်ပါတယ်။ သတင်းကောင်းများလည်း ကြားသိရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့်အထက်လူကြီး၏ ချီးမြှင့်မြှောက်စားမှုကို ခံရတတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများအဆင်ပြေချောမွေ့စွာ ထွက်ခွာရ တတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် မီး၊ လျှပ်စစ်အန္တရာယ်မျိုး ကြုံရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၄ ကံကောင်းသောအရောင် ။ ။ ဆင်ဆွယ်ရောင်

ယတြာ ။ ။ မွေးနံထောင့်ဘုရားမှာ ရွှေသင်္ကန်းကပ်လှူပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီနေ့မှာ ပျိုရွယ်သူများအနေဖြင့် တစ်ယောက်နှင့်တစ်ယောက် စကားငြင်းခုံနေ တတ်ခြင်းကြောင့်အဆင်မပြေ ဖြစ်တတ်ပါတယ်။ မိမိစီးပွားရေးလုပ်ငန်းများ၌ နာမည်ဂုဏ်သတင်းကျော်ဇောခြင်း၊ ယခင်ထက် ပိုမိုအဆင်ပြေခြင်းမျိုးရှိမည်။ မိတ်ဆွေကောင်း တစ်ဦးထံမှလည်း လုပ်ငန်းနှင့်ပတ်သက်၍အကြံÓဏ် ကောင်းများရရှိတတ်ပါတယ်။ ညီကိုမောင်နှမများကိုလည်း ထောက်ပံ့ပေးနေရတတ်ပါတယ်။ ပညာရေးအနေဖြင့် သူငယ်ချင်းများနှင့်တွဲဖက် လေ့လာကျက်မှတ်ပါ။ ကံကောင်းမှုများ၊အောင်မြင်မှုများ ရရှိလာလိမ့်မည်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ကံကောင်းမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် သွားဒုက္ခပေးတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၇, ၁, ၂ ကံကောင်းသောအရောင် ။ ။အဝါနုရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ နန်းကြီးသုပ်ကပ်လှူပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးသာယာမည်။ လုပ်ငန်းတစ်ခု ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းခံရတတ်ပါတယ်။ သင့်အပေါ် မကောင်းကြံစည်သူ တချို့ရဲ့ရန်ကိုတော့ ကြည့်ရှောင်ပါ။ ဆွေမျိုးများထံမှအကူအညီကောင်းများ၊ သတင်းကောင်းများ ကြားသိရတတ်ပါတယ်။ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်း၊ ငွေကြေးလွဲှပြောင်းပေးအပ်ခြင်းများအထူး သတိထားဆောင်ရွက်သင့်သော ကာလမျိုးပါ။ ဝန်ထမ်းများအနေဖြင့် ရာထူးတိုးအတွက် စာမေးပွဲတစ်ခု ဝင်ရောက်ဖြေဆိုခြင်း၊ သင်တန်းတစ်ခုတက်ခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့် မိဘပိုင်အမွေပစ္စည်းနှင့်ပတ်သက်ပြီး စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ခြေထောက်အောက်ပိုင်း မတော်တဆထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၁, ၇, ၃ ကံကောင်းသောအရောင် ။ ။ ခရမ်းရောင်

ယတြာ ။ ။ မိမိမွေးနေ့ညနေပိုင်းမှာ ခွေးကို ထန်းလျက်ခဲ (၁၁)ခဲကျွေးပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် ချစ်သူ၏အထင်လွဲမှားမှုကို ခံရမည်။ လုပ်ငန်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာအကြောင်းများနှင့် ကြုံရလိမ့်မည်။ ရရန်ရှိသော ငွေကြေးများ မရနိုင်ဘဲ ဖြစ်နေတတ်ပါသည်။ ပြည်တွင်းခရီးတစ်ခု သွားရမည်။ ပညာရေးအထူးကြိုးစားရမည့်အချိန် ဖြစ်ပါသည်။အိမ်နေရာ သို့မဟုတ်အလုပ်နေရာအပြောင်းအရွှေ့ပေါ်မည်။အကျိုးအမြတ်များမည့် စီးပွားရေးလုပ်ငန်း ပေါ်ပေါက်မည်။ လူကြီးသူမများထံမှလည်း ပံ့ပိုးကူညီမှုများ ရလိမ့်မည်။အိမ်ထောင်ရေး မှားတတ်သည်။ ကျန်းမာရေးအနေဖြင့် ရင်ကျပ် ချောင်းဆိုးဖြစ်မည်။

ကံကောင်းသောနံပါတ် ။ ။ ၃, ၆ ကံကောင်းသောအရောင် ။ ။ နီကယ်ရောင်

ယတြာ ။ ။ သခွားမွှေး ဆွမ်းတော်ကပ်ပေးပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင်အချစ်နဲ့အိမ်ထောင်ရေးမှာ ပျိုရွယ်သူတွေ ပျော်ရွှင်သလိုအိမ်ထောင်ရှင်တွေအိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မည်။အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းမွန်အဆင်ပြေနေပါလိမ့်မယ်။ လုပ်ငန်း တိုးချဲ့မယ်လို့ ကြံစည်ရင် ရဲရဲလုပ်ပါ။ မိသားစုအတွင်း စီးပွားရေးလုပ်ငန်းတစ်ခု တိုးချဲ့လုပ်ကိုင်ရမည်။ ငွေကြေးတွေ တစ်ပါးသူထံ လက်မလွန်မိစေရန်အထူးသတိပြုပါ။ မိမိရဲ့လုပ်ငန်းအတွက် ဆွေမျိုးတွေက ကူညီမည်။ မိတ်ကောင်းဆွေကောင်း တိုးပွားမည်။ မသွားချင်တဲ့ခရီး သွားရမည်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၇ ကံကောင်းသောအရောင် ။ ။ မရမ်းရောင်

ယတြာ ။ ။ ကောက်ညှင်းပေါင်း ဆွမ်းတော်တင်ပေးပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ ချစ်သူမှ လက်ဆောင်ကောင်း ပေးလိမ့်မည်။ ကံကောင်းနေပါလိမ့်မည်။အလုပ်အကိုင် ပိုမိုများပြားလာပြီး တာဝန်ယူထားသမျှ ပြီးမြောက်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ ရပ်ဝေးဒေသ၌ ရောက်ရှိလုပ်ကိုင်နေရသူများအဖို့အခြေအနေကောင်းများ ပေါ်ပေါက်လာမည်။ ယခုအချိန်တွင် ရှိနေတဲ့ပစ္စည်းတွေကို ထုခွဲရောင်းချပြီး လုပ်ငန်း သစ်လုပ်ဖို့ စိတ်ကူးပေါ်တတ်သည်။အိမ်ထောင်ဖက်၏အဓိကဆောင်ရွက်မှုများအောင်မြင်မှုရမည်။ ပညာÓဏ် ထက်မြက်ပြီး ပညာရေးအောင်မြင်မှု ရလိမ့်မည်။

ကံကောင်းသောနံပါတ် ။ ။ ၄, ၈ ကံကောင်းသောအရောင် ။ ။ ကြက်သွေးရောင်

ယတြာ ။ ။အုန်းယို ဘုရားကို ကပ်ပေးပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအချစ်ရေး စန်းပွင့်ချိန်ဖြစ်သည်။အဖက်ဖက်က စိတ်ချမ်းသာစရာတွေ တိုးတက်အောင်မြင်မှုတွေ ကြုံမည်။ ကောင်း သောခရီးတွေ သွားရတတ်ပါသည်။အလုပ်မှာတော့အတိုက်အခံ ကြုံရတတ်ပါသည်။ ဘယ်လိုပြဿနာအခက်အခဲပဲကြုံကြုံ ကိုယ့်ဘက်ကပဲအောင်မြင်သွားမှာပါ။ စာချုပ်စတဲ့လုပ်ငန်းတွေ ပိုပြီးတော့အဆင်ပြေတတ်ပါသည်။ ဒီအချိန်မှာ နိုင်ငံခြား၊ လူမျိုးနဲ့ပတ်သက်ပြီးအကျိုးရှိနိုင်ပါသည်။အောက်လက်ငယ်သားတွေနဲ့ ပတ်သက်လို့ကတော့ စိတ်ညစ်ရတာ၊ ပြောဆို ဖြေရှင်းရတာတွေ ကြုံရတတ်သည်။ ကျန်းမာရေး ဖျားနာတတ်သည်။ ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၃, ၉ ကံကောင်းသောအရောင် ။ ။ မိုးပြာရောင်

ယတြာ ။ ။ ဆီထမင်း ဆွမ်းတော်တင်ပါ။




Some text some message..