မတ်လ ၁၂ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-03-12




မတ်လ ၁၂ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မတ်လ ၁၂ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ ကိုယ့်လက်အောက်ကသူတွေရဲ့ သစ္စာဖောက်မှု ခံရနိုင်တာကြောင့် သတိပြုဖို့လိုပြီးအလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံုးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာ ရှိနေပါတယ်။ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာအထူးသတိထားလုပ်ဆောင်သင့်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများအဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေအကျိုးအမြတ်ကောင်းရရှိပါလိမ့်မယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လက်အောက်ငယ်သားများရဲ့ ပုန်ကန်မှု ခံရတတ်ပါတယ်။အလုပ်ရှင်ရဲ့ ယုံကြည်မှုကို ရရှိနေမယ့်အချိန်ဖြစ်ပြီး မနာလိုသူတွေရဲ့ တိုက်ခိုက်မှုကိုတော့ သတိပြုရမှာပါ။ ပညာရေးနဲ့ပတ်သက်ပြီးအစစအရာရာ စိတ်ချမ်းသာရမယ့်အချိန်ဖြစ်ပြီး ကျန်းမာရေးအနေနဲ့ လည်ချောင်းနာတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အုန်းထန်းလျက် ကပ်လှူပေးပါ။


တနင်္လာ - ငွေကြေးကိစ္စ စကားပြောဆိုမှုများအောင်မြင်မယ့် နေ့ရက်တစ်ရက်ပါပဲ။ သူများကိုအားမကိုးဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခြင်းအားဖြင့် မှန်ကန်သောအကျိုးရလဒ်ကောင်းများ ရရှိလာပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ ပိုမိုအောင်မြင်နိုင်ပြီးအချစ်ရေးကံလည်း ကောင်းနေပါတယ်။ လက်ရှိအလုပ်မရှိသေးသူများအလုပ်အကိုင်ရနိုင်ပြီးအလုပ်ရှိပြီးသူတွေအနေနဲ့အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အထက်အရာရှိအလုပ်ရှင်တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ရပါလိမ့်မယ်။ ဒီနေ့မှာ ကြာသပတေး၊ တနင်္လာသားသမီး တွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။ ပညာရေး ၊ ကျန်းမာရေးပိုင်း ပုံမှန်ပဲရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်

ခဝဲသီးဟင်း ကပ်လှူပြီး လိုရာဆုတောင်းပါ။


အင်္ဂါ -အင်္ဂါသားသမီးတွေအနေနဲ့ ကိုယ်ပိုင်စီးပွားရေးသမားများပိုမိုအောင်မြင်နိုင်ပြီးအချစ်ရေးကံလည်း ကောင်းနေပါတယ်။ လက်ရှိအလုပ်မရှိသေးသူများအလုပ်အကိုင်ရနိုင်ပြီးအလုပ်ရှိပြီးသူတွေအနေနဲ့အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ငွေလိမ်ခံရနိုင်ခြေရှိလို့ ဒီရက်အတောအတွင်း ငွေပေးငွေယူ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတိပြုရမှာပါ။ မဲစုခြင်း ငွေစုခြင်းကနေလည်း ငွေကြေး ဆုံးရှုံးကိန်းရှိပြီးအမှုအခင်း စကားများရကိန်းရှိနေပါတယ်။အိမ်နေရာထိုင်ခင်းအပြောင်းအလဲအတွက် မကောင်းသေးလို့ ဒီရက်မှာ မူလနေရာမှာ နေတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အဖျော်ယမကာလုပ်ငန်းရှင်များ၊ စားသောက်ကုန် လုပ်ငန်းရှင်များအကျိုးအမြတ်များမယ့် ကာလဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခါးအောက်ပိုင်း ထိခို်က်မိတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ဗုဒ္ဓဟူး - နိုင်ငံခြားခရီးသွားရကိန်းရှိပြီးအိမ်ခြံမြေကိစ္စအမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ငွေပေးငွေယူ လက်လွန်တာတွေအတွက်အမှုအခင်းဖြစ်ကိန်းရှိလို့ ဘယ်လို ငွေအပေးအအယူမျိုးကိုမှ လုပ်ဆောင်ဖို့ မသင့်တဲ့ ကာလပါပဲ။အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့အဆင်မပြေမှုတစ်ချို့ကြုံရနိုင်ပြီးအနုပညာလုပ်ငန်းလုပ်ကိုင်သူတွေကတော့အထူးအောင်မြင်နိုင်ပါတယ်။ ငွေလိမ်ခံရကိန်းရှိလို့ ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ ငွေကြေးကံအနည်းငယ်ညံ့နေပြီး လုပ်ငန်းတိုးချဲ့ဖို့စီစဉ်ထားရင် ခေတ္တဆိုင်းငံ့ထားသင့်ပါတယ်။ လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေမယ့်အချိန်ဖြစ်ပြီး ရှယ်ယာထည့်ဝင်ထားသူတွေအနေနဲ့တော့အကျိုးအမြတ်ရနိုင်မယ့်အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ဒုက္ခပေးတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် လိုင်ချီးသီးကပ်လှူပြီး လိုရာဆုတောင်းပါ။


ရာဟု - ရာဟုသားသမီးတွေကတော့ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှအဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါပဲ။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေအကျိုးအမြတ်ကောင်းရရှိပါလိမ့်မယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လက်အောက်ငယ်သားများရဲ့ ပုန်ကန်မှု ခံရတတ်ပါတယ်။အလုပ်ရှင်ရဲ့ ယုံကြည်မှုကို ရရှိနေမယ့်အချိန်ဖြစ်ပြီး မနာလိုသူတွေရဲ့ တိုက်ခိုက်မှုကိုတော့ သတိပြုရမှာပါ။ ပညာရေးနဲ့ပတ်သက်ပြီးအစစအရာရာ စိတ်ချမ်းသာရမယ့်အချိန်ဖြစ်ပြီး ကျန်းမာရေးအနေနဲ့ လည်ချောင်းနာတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်

ရွှေဆိုင်း ကပ်လှူ ဆုတောင်းပါ။


ကြာသပတေး - ဆုံးရှုံးပြီးသားငွေတွေပြန်ဝင်လာတတ်တဲ့အချိန် ဖြစ်ပြီးအိမ်ကို စနေသားသမီး ဧည့်သည်ရောက်လာရင် စီးပွားရေး ငွေကြေးကံကောင်းလာပါလိမ့်မယ်။ ပညာရေး၊အချစ်ရေးပိုင်းအောင်မြင်မှာဖြစ်ပြီးအရေးကြီး ဆုံးဖြတ်ချက်တွေကိုလည်း စိတ်ချလက်ချ လုပ်ဆောင်လိုက်ပါ။ ကျန်းမာရေးကတော့ ပုံမှန်အနေအထားမှာပဲ ရှိနေပါတယ်။ လူမျိုးခြားနဲ့ ပတ်သက်ပြီး ကောင်းကျိုး ရရှိနိုင်ပါတယ်။ လုပ်ငန်းစီးပွားတိုးတက်အောင်မြင်နေပြီး မိမိလက်အောက်ငယ်သားနဲ့ တပည့်တွေကို ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းများမှာလည်း ဝင်ရောက်ကူညီရတတ်ပြီး ဘာသာရေးနဲ့အလှူအတန်းများလည်း ပြုလုပ်နိုင်ပါလိမ့်မယ်။ ဆန်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားသူများအထူးကောင်းမွန်နေပြီးအထည်အလိပ်၊ ကျောက်မျက်လုပ်ငန်းရှင်များလည်း စီးပွားတိုးတက်အောင်မြင်နေမှာဖြစ်ပါတယ်။ တနင်္လာသားသမီးများနှင့် လက်တွဲလုပ်ကိုင်သည့် ကိစ္စရပ်များအောင်မြင်နိုင်ပြီး စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများအကျိုးပေးပါလိမ့်မယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် Ve Veအချိုရည်ဘူး ကပ်လှူဆုတောင်းပါ။


သောကြာ - သောကြာသားသမီးတွေအနေနဲ့ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာအထူးသတိထားလုပ်ဆောင်သင့်ပါတယ်။အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံုးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ချောက်တွန်းတတ်သူတွေကို သတိပြုသင့့်ပါတယ်။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေအထူးကံကောင်းနေပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင်အလှူအတန်းပြုလုပ်ပေးပါ။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာ ရှိနေပြီး ပညာရေး၊ ကျန်းမာရေးပိုင်းအသင့်အတင့်ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် သင်္ဘောသီးသုပ် ကပ်လှူ ဆုတောင်းပေးပါ။


စနေ - လက်ရှိအလုပ်မရှိသေးသူများအလုပ်အကိုင်ရနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးသမားများ ပိုမိုအောင်မြင်နိုင်တာဖြစ်ပါတယ်။အလုပ်ရှိပြီးသူတွေအနေနဲ့လည်းအဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။အချစ်ရေးကံလည်း ကောင်းနေပြီး ဆုံးရှုံးပြီလို့ထင်ထားတဲ့ငွေတွေ ပြန်ရလာတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့လိုက်ပြီးမှအခက်အခဲအတားအဆီးတွေကြောင့် ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်တတ်ပါတယ်။ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းဆောင်တာတွေကို သေချာစနစ်တကျ စီစဉ်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။ ယုံကြည်ရသူတစ်ဦးရဲ့ နောက်ကျောဓါးထိုးခံရကိန်းရှိပြီး ငွေကြေးပိုင်းဆိုင်ရာအလိမ်ခံရကိန်းလည်း ရှိနေပါတယ်။ ဝန်ထမ်းများအနေနဲ့အလုပ်ရှင်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်မှာဖြစ်ပြီး ကား၊အိမ်အရောင်းအဝယ် လုပ်ငန်းများလည်းအကောင်အထည်ပေါ်လာပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာအခက်အခဲကြုံပြီးမှအောင်မြင်နိုင်လို့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်အတွင်း သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့အကူအညီရရှိလာပါလိမ့်မယ်။ ကျန်းမာရေး၊ ပညာရေး ကောင်းမွန်နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ထန်းသီးမုန့် ကပ်လှူဆုတောင်းပါ။


LEO




Some text some message..