မတ်လ ၁၃ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2019-03-13




မတ်လ ၁၃ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း မတ်လ ၁၃ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပိုမိုအကျိုးပေးနေပြီး ဒီနေ့မှာလုပ်ငန်းတိုးချဲ့မှုပြုလုပ်မယ်ဆိုရင် စနေ၊ ဗုဒ္ဓဟူး သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်သင့်ပါတယ်။ လုပ်ငန်းတိုးတက်မှုကြုံရမှာဖြစ်ပြီး မိတ်ဆွေကောင်းတွေဆီက ငွေအား၊အကြံဉာဏ်အားအကူအညီများရရှိပါလိမ့်မယ်။အချစ်ရေးမှာ စန်းပွင့်နေပြီးအချစ်သစ်နဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်အပေါ်အထောက်အကူပြုမယ့် ချစ်သူမျိုးနဲ့လည်း ကြုံကြိုက်နိုင်ပါတယ်။အချစ်ရေးအပေါ် ဦးစားပေးမှုကြောင့် ပညာရေးပိုင်းမှာတော့အနည်းငယ်အားနည်းနေပါလိမ့်မယ်။ ကျန်းမာရေးကတော့ သာမန်ရောဂါအသေးတွေ မကြာခဏဖြစ်လေ့ရှိပြီး စိုးရိမ်စရာတော့မရှိပါဘူး။

ယတြာ -အိမ်ရှိ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်များ စွန့်ပစ်လိုက်ပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

အပြောင်းအလဲကြားကပဲ တိုးတက်မှုတွေ ရရှိလာနိုင်ပြီး လူမျိုးခြား ကူညီမစမှု ရရှိပါလိမ့်မယ်။ ဝေးကွာနေသူတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်မယ့် ကာလဖြစ်ပြီးအခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီနေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး လုပ်ငန်းပတ်ဝန်းကျင်လည်း ပြောင်းလဲနိုင်ပါသေးတယ်။အချစ်ရေးမှာ လုံးဝမျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေကြုံရကိန်းရှိပြီး ဝေးကွာနေတဲ့ ချစ်သူတွေလည်း ပြန်လည်ဆုံဆည်းရနိုင်ပါတယ်။ တစ်ခုထက်မကတဲ့ သင်တန်းတွေ တက်ရောက်ရကိန်းရှိပြီး သင်တန်းတွေရဲ့အကျိုးကျေးဇူးတွေကိုလည်း ပြန်ပြီး ခံစားရပါလိမ့်မယ်။ ခရီးသွားရကိန်းရှိပြီး ခရီးမှာ ကျန်းမာရေးညံ့တတ်လို့သတိထားသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်ရောဂါ သတိပြုသင့်ပါတယ်။

ယတြာ - ဘုရားတွင် ကြာဆံကြော်ကပ်လှူပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

သွပ်၊သံလုပ်ငန်း၊ သံဂဟေလုပ်ငန်း၊ ကားပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များအထူးကောင်းမွန်နေပါတယ်။အိမ်ထောင်ပရိဘောဂအသစ်ဝင်ကိန်းရှိပြီး ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ပါက လက်အောက်ငယ်သားတွေရဲ့ လေးစားမှုနဲ့အလုပ်အပေါ်သစ္စာရှိမှုကို ခံစားရမှာဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးရှိပြီးအိုးသစ်အိမ်သစ်လည်း ဝင်ကိန်းရှိပါတယ်။ နိုင်ငံရပ်ခြား သွားရောက်အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့အနည်းငယ်အခက်တွေ့နိုင်တဲ့ ကာလပါပဲ။အိမ်ထောင်ရှင်ဖြစ်ပါက နှစ်ဖက်မိဘ ဝင်ရောက်စွက်ဖက်မှုကြောင့်အနည်းငယ်စိတ်ရှုတ်ထွေးနိုင်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ လမ်းခွဲရတတ်ပါတယ်။ ပညာတော်သင်ခရီးတစ်ခု လွဲချော်ရကိန်းရှိနေပြီး ဒီရက်ပိုင်းမှာ ပြည်ပခရီး ညံ့နေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားတတ်ပါတယ်။

ယတြာ - လမ်းဘေးခွေးလေးများကိုအစာကျွေးပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ကိုယ်အမှန်တကယ်နှစ်သက်မယ်ထင်ပြီး လုပ်ကိုင်လိုက်တာတွေကပဲ ကိုယ့်ကိုစိတ်ဖိစီးမှု ဖြစ်စေလို့ သတိထားသင့်တဲ့ နေ့ရက်ပါပဲ။ ဖြစ်နိုင်ရင်တော့ လုပ်ငန်းသစ်စတင်တာမျိုး တိုးချဲ့တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒီနေ့မှာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် ကိုယ်တိုင်ရှာဖွေနေရမယ့်အချိန်ပါပဲ။ တစ်ခြားသူတွေရဲ့အကြံပေးမှုတွေကိုအကောင်းမြင်လို့ မရဖြစ်နေပြီး ကိုယ့်ရဲ့အခက်အခဲကိုလည်း တစ်ခြားသူတွေနဲ့ ဝေမျှလိုစိတ်နည်းပါးနေပါလိမ့်မယ်။အချစ်ရေးမှာတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံရမှာဖြစ်ပြီး စိတ်လိုက်မာန်ပါ လမ်းခွဲတာမျိုးထက် နှစ်ဦးကြားဝေးကွာမှု ဖြစ်စေတဲ့အချက်ကို ရှာဖွေဖြေရှင်းသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဗိုက်အောင့်၊ လေနာရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ -အရဟံဂုဏ်တော်ကို သက်စေ့ ရွတ်ဆိုပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

မနာလိုပြိုင်ဆိုင်မှုများကြုံရကိန်းရှိနေပြီး လုပ်ငန်းခွင်မှာလည်းအနှောင့်အယှက်ပေးသူတွေ ကြုံရပါလိမ့်မယ်။ ဘေးစကားတွေကြောင့်အချစ်ရေး၊အိမ်ထောင်ရေး ပြဿနာဖြစ်နိုင်လို့ သတိပြုရမယ့် နေ့ရက်ပါပဲ။အတတ်ပညာတစ်ခုခု တိုးချဲ့သင်ယူရကိန်းရှိပြီး နိုင်ငံခြားခရီးစဉ် သွားရကိန်းလည်း ရှိနေပါတယ်။ ရပ်တန့်ထားတဲ့ ကိစ္စတွေပြန်လည်အကောင်အထည်ပေါ်လာမယ့် နေ့ရက်ဖြစ်ပြီး လုပ်ငန်းသစ်စတင်ဖို့ကောင်းမွန်တဲ့ နေ့ရက်လို့လည်း ဆိုရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ တွဲဖက်လုပ်ကိုင်သူများ သတိထားသင့်ပြီး ဒီနေ့မှာအလုပ်ပြောင်း၊အိမ်ပြောင်းတာမျိုးတွေ မလုပ်သင့်သေးပါဘူး။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ဒုက္ခပေးတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် စံပယ်ပန်း ကပ်လှူပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

လုပ်ငန်းချဲ့ထွင်မှုများအကျိုးပေးပါလိမ့်မယ်။ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ နာမည်ကျော်ကြားကိန်းရှိပြီး လုပ်ငန်းကိစ္စတွေလည်း လုပ်ဆောင်အောင်မြင်မယ့် နေ့ရက်ပါပဲ။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်းဖြင့်အောင်မြင်မှု ရရှိပါလိမ့်မယ်။အချစ်ရေးမှာအသည်းနှလုံးထက် ဦးနှောက်ကိုဦးစားပေးရွေးချယ်ဆုံးဖြတ်မှသာအဆင်ပြေမှာဖြစ်ပါတယ်။ နီးစပ်မှုပေါ်မူတည်ပြီးလည်းအိမ်ထောင်ကျကိန်းရှိနေပါတယ်။ ကံကောင်းနေပေမယ့် ဝီရိယစိုက်ထုတ်မှုအားနည်းတာကြောင့် ပညာရေး၊ လုပ်ငန်းခွင်ရာထူးတိုးတက်မှုပိုင်းမှာ နှောင့်နှေးနေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တာ၊ သွားနဲ့ပတ်သက်တဲ့ရောဂါမျိုးဖြစ်ပွားတတ်ပါတယ်။

ယတြာ - ဘုရားတွင် သောက်တော်ရေ ၃ခွက် ကပ်လှူပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

အပြိုင်အဆိုင်များကြားကနေအောင်မြင်မှုရရှိမှာဖြစ်ပြီး မနာလိုသူတွေပေါများနေပါလိမ့်မယ်။ ရန်လိုသူတွေ၊ စိတ်ဒုက္ခပေးသူတွေ မကြာခဏကြုံတွေ့ရကိန်းရှိပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်ပါတယ်။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေမယ့် ကာလဖြစ်ပြီး ဒါတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ မတော်တဆထိခိုက်ဒဏ်ရာရရှိတတ်လို့ ဒီရက်ပိုင်း ကားမောင်းတဲ့အခါမျိုးမှာအထူးသတိထားသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ရကိန်းလည်း ရှိနေပါတယ်။ ပညာတော်သင်သွားရကိန်းရှိပြီး ပြည်တွင်းရော ပြည်ပပါ ခရီးသွားရကိန်းရှိနေပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် မချစ်စု သရက်သီး ကပ်လှူပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းပိုင်း လူမှုရေးပိုင်းအားလုံးကို ဘာမှဝင်မစွက်တာကအကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ ဒီရက်ပိုင်းဖြစ်ခဲ့တဲ့အချစ်ရေးဆိုင်ရာ ပြဿနာအခက်အခဲတွေကလည်း သင့်ကို ပင်ပန်းမှုပိုတိုးစေမှာပါပဲ။ ချစ်သူနဲ့ ထာဝရလက်တွဲဖို့ ရည်ရွယ်ထားသူတွေအနေနဲ့လည်း ရှေ့ဆက်လက်တွဲလို့မဖြစ်နိုင်တော့တဲ့အနေအထားကြုံလာရနိုင်ပါတယ်။ မိဘနဲ့ ပတ်ဝန်းကျင်ကလည်း ဖိအားပေးလာနိုင်လို့အချစ်ရေးနဲ့ ပတ်သက်ပြီး သေချာအချိန်ယူ စဉ်းစားသင့်ပြီးဆုံးဖြတ်တာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အချစ်သစ်လည်း တွေ့လာနိုင်တဲ့အချိန်ပါပဲ။ ပြဿနာတစ်ခုကို ကိုယ့်အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်တာမျိုးထက်အားလုံးရဲ့အကြံဉာဏ်နဲ့ဆုံးဖြတ်မယ်ဆိုရင် ဆုံးရှုံးမှုနည်းနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းစီးပွားပိုင်းမှာ လက်ရှိအလုပ်နဲ့ပဲ ရပ်ထားသင့်ပြီး လုပ်ငန်းတိုးချဲ့တာမျိုးတွေ မလုပ်သင့်ပါဘူး။ ပညာရေးကျန်းမာရေးကတော့ ကောင်းမွန်နေပါတယ်။

ယတြာ - ဘုရားတွင် ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

ငွေဝင်များနေသလို ထွက်ငွေလည်း များနေမယ့် ကာလပါပဲ။ လုပ်ငန်းအကြီးအကဲတွေရဲ့ ကူညီမှုနဲ့အရာရာအဆင်ပြေနေမယ့် ကာလဖြစ်ပြီး မိမိလုပ်ဆောင်သမျှအောင်မြင်နေပါလိမ့်မယ်။ လက်အောက်ငယ်သားတွေကလည်း ဝိုင်းဝန်းကူညီမယ့်အချိန်ဖြစ်ပြီး ဒီနေ့မှာ ကိုယ်ပိုင်စီးပွားရေးသမားတွေအကျိုးအမြတ်များ ထူးထူးခြားခြား ပြန်ရနေမယ့်အချိန်ဖြစ်ပါတယ်။အိမ်ထောင်ရှင်များအနေနဲ့ သားသမီးရတနာထွန်းကားတတ်ပြီးအိမ်ထောင်ဖက်ရဲ့ စီးပွားရေးကောင်းမွန်နေပါလိမ့်မယ်။အချစ်ရေးမှာ ချစ်သူရဲ့အလိုလိုက်မှု ခံရတတ်ပါတယ်။ မိဘဆွေမျိုးများနဲ့ ဘုရားဖူးခရီး ပြည်ပခရီးသွားရတတ်ပြီး ငွေစုလို့မမြဲတဲ့ကာလဖြစ်လို့ ရွှေလုပ်ထားသင့်ပါတယ်။ ပညာရေးကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ကတော့အာရုံကြောရောဂါ သတိပြုသင့်ပါတယ်။

ယတြာ - ဘုရားတွင် ကတ်ကြေးကိုက် ကပ်လှူပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

သစ်သီးဝလံဒိုင်လုပ်ငန်းရှင်များ၊ စားသောက်ကုန်သီးနှံလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ရေထွက်ကုန်လုပ်ငန်းရှင်များ ငွေကြေး မလည်ပတ်ပဲ ရှိနေတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်ရှင်ရဲ့ မျက်နှာသာပေးမှုနဲ့ ယုံကြည်မှု ရရှိမှာဖြစ်ပြီးအိမ်နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနေပါတယ်။ ကောင်းသောပြောင်းလဲခြင်းဖြစ်ပါလိမ့်မယ်။အိမ်ထောင်ရှင်တွေအနေနဲ့ စီးပွားတိုးတက်နေမှာဖြစ်ပြီး ချစ်သူမရှိသေးသူတွေအနေနဲ့ ရပ်ဝေးမှသူနဲ့ ချစ်သူဖြစ်လာတတ်ပါတယ်။ မောင်နှမသားချင်းထဲမှာ မင်္ဂလာကိစ္စ ပေါ်လာတတ်ပြီးအစစအရာရာ ကူညီပံ့ပိုးပေးရတတ်ပါတယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး စာကို စိတ်မဝင်စားပဲ ရှိနေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်ရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်အနီးနားရှိ ဘုရားတွင် ကံ့ကော်ပန်း ကပ်လှူဆုတောင်းပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

ယာဉ်၊ ယန္တရား စက်ကြီးယာဉ်လုပ်ကိုင်သူများအကျိုးများမယ့် ကာလဖြစ်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေအထွက်တိုးမယ့်အချိန်ပါပဲ။ ငွေကိုရေလိုသုံးနေရမယ့်အချိန်လည်းဖြစ်ပြီး ဒီအချိန်မှာ ငွေစုထားသင့်ပါတယ်။ ကား၊ ယာဉ်အတိုက်အခိုက်ရှိပြီး သွေးထွက်သံယိုဖြစ်ကိန်းလည်း ရှိနေပါတယ်။အိမ်မှာ ကိုယ်ဝန်သည်၊ ဒါမှမဟုတ်အပူသည်ရှိနေတတ်ပြီးအိမ်ကို ဘုရားဆင်းတု၊ ဒါမှမဟုတ် ဘုန်းတော်ကြီးတစ်ပါး ကြွရောက်လာလျှင် ထီထိုးပေးပါ။ နေအိမ်နေရာထိုင်ခင်း ပြုပြင်ပြင်ဆင်ရကိန်းရှိပြီး လက်ရှိအိမ်ထက်ကောင်းမွန်တဲ့ နေရာထိုင်ခင်းသစ်လည်း ရလာတတ်ပါတယ်။ ပညာရေးညံ့နေပြီးအိမ်ထောင်ရှင်တွေအနေနဲ့ ဝင်လာတဲ့ငွေကို မစုဖြစ်ပဲ ဖြစ်နေပါလိမ့်မယ်။အချစ်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိထိခိုက်မိတတ်ပါတယ်။

ယတြာ - ဘုရားတွင် နှင်းသီး ကပ်လှူပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

လုပ်ငန်းကိစ္စတွေအဆင်ပြေနေမှာဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေအကျိုးများပါလိမ့်မယ်။အိုးအိမ်အသစ် စတင်တည်ဆောက်ခြင်း၊ ဆိုင်ခန်းသစ်ဆောက်လုပ်ခြင်း၊အိမ်ခန်း ပြင်ဆင်ရခြင်းမျိုး ပြုလုပ်ရပါလိမ့်မယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေပြီးအဆိုးရွားကြီးတော့ မဟုတ်ပါဘူး။အချစ်ရေးကံအားနည်းနေပြီး လက်ရှိချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူနဲ့ ပြတ်စဲ လမ်းခွဲရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့လည်း ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ မကြာခဏ ရန်ဖြစ်စကားများနေမယ့် နေ့ရက်ပါပဲ။ လုပ်ငန်းအတွက်အထောက်အကူပြုမယ့် သင်တန်းမျိုးတွေ၊ နိုင်ငံရပ်ခြား သင်တန်းတွေအထိ တက်ရောက်ရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ် ဒုက္ခပေးတတ်ပါတယ်။

ယတြာ - ခိုစာကျွေးပေးပါ။

LEO




Some text some message..