မတ်လ ၁၃ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-03-13




မတ်လ ၁၃ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မတ်လ ၁၃ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ သူခိုးခိုး ခံရကိန်း ရှိလို့ သတိပြုသင့်ပါတယ်။ ကိုယ်အကူအညီပေးနေတဲ့သူတွေကပဲ မိမိ ဂုဏ်သိက္ခာကျဆင်းစေမယ့် ကိစ္စမျိုး ပြုမူလာတတ်ပါတယ်။ မိသားစုထဲကအကြီးအကဲတစ်ဦးဦး ကျန်းမာရေးညံ့နေတာကြောင့် သတိထားသင့်ပါတယ်။ လုပ်ငန်းသစ်ကနေ ငွေဝင်မယ့် ကာလလို့လည်း ဆိုနိုင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝန်ထမ်းတွေရဲ့အထင်အမြင်လွဲမှားခြင်းကို ခံရမှာဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့လည်း လုပ်ငန်းခွင်မှာအတိုက်အခံကြုံရတတ်ပါတယ်။ ရေသန့်လုပ်ငန်း၊အချိုရည် လုပ်ငန်းများ ကောင်းမွန်နေပြီးအိမ်ခြံမြေလုပ်ငန်းရှင်တွေကတော့အနည်းငယ်အခက်အခဲ ရှိနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့အသည်းရောဂါ သတိပြုသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှေ့ဝ၇န်တာတွင် တိရိစ္ဆာန်လေးများအတွက် ဆန်ကြဲပက်လှူဒါန်းပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့အရာရာအဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ ပညာရေး၊ ကျန်းမာရေးအစအိမ်ထောင်ရေးထိ စိတ်ချမ်းသာရမယ့် နေ့ရက်ပါပဲ။ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်းအဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါ။ ငွေတစ်လုံးတစ်ခဲတည်း ဝင်ကိန်းရှိပြီး သူတစ်ပါးကို ချေးငှားလိုက်တဲ့ ငွေကြေး ကိစ္စတွေအတွက် ဆုံးရှုံးရကိန်း သို့မဟုတ်အမှုအခင်း ဖြစ်နိုင်ခြေရှိနေပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူတွေရဲ့ ကူညီမှုနဲ့အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေအထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိရောဂါသတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကန်စွန်းညွန့် ၁၁ညွန့် ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ခရီးသွားရကိန်းရှိပြီး လူမျိုးခြားနဲ့ ပတ်သက်ပြီး ကောင်းကျိုး ရရှိနိုင်ပါတယ်။ သင်တန်းတက်ဖို့ စီစဉ်ထားတာရှိရင်အဆင်ပြေတိုးတက်မယ့် ကာလပါပဲ။ နိုင်ငံခြားခရီးလည်း သွားရကိန်းရှိပြီ ဒီခရီးကနေ ပိုမိုတိုးတက်တဲ့လုပ်ငန်းခွင်နဲ့ ဘဝကို ရရှိလာဖို့ တက်လမ်းပါပဲ။ လုပ်ငန်း စပ်တူလုပ်ကိုင်မှုတွေကနေအကျိုးအမြတ်ရရှိလာပါလိမ့်မယ်။အိမ်နေရာထိုင်ခင်းအသစ်ဝင်ကိန်းရှိပြီးအိမ်ကို သောကြာသားသမီးတစ်ဦးရောက်လာရင် ထီထိုးပေးပါ။အချစ်ရေးအိမ်ထောင်ရေး ပုံမှန်ရှိနေပြီး ပညာရေးပိုင်းကို စိတ်မဝင်စားပဲ ဖြစ်နေတတ်ပါတယ်။ ရေသန့်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ကျန်းမာရေးပိုင်းမှာတော့ ခေါင်းမူးခေါင်းကိုက်ဖြစ်နိုင်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် စံပယ်ပန်း ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက်အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပေမယ့်အရမ်းကြီးစိုးရိမ်စရာတော့ မရှိပါဘူး။ ပညာရေး၊အချစ်ရေးအောင်မြင်မှာဖြစ်ပြီးအိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ ကျန်းမာရေးပိုင်းအနည်းငယ်ညံ့နေပြီး ဆေးရုံဆေးခန်းပြသရကိန်း ရှိနေလို့ ဆေးရုံတက်နေသူတစ်ဦးဦးကို သွားရောက်သတင်းမေးလိုက်ပါ။ စားသောက်ကုန်လုပ်ငန်း၊အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအနုပညာလုပ်ငန်းလုပ်ကိုင်သူများအခက်အခဲရှိနေမယ့်အချိန်ဖြစ်ပါတယ်။ တနင်္လာ၊ သောကြာသားသမီးများ၏အကူအညီဖြင့် လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး ငွေဝင်သလောက် ပြန်ထွက်နေမယ့်အချိန်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိတိမ်စွဲတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ဘုရားတွင် ယပ် ၈ချောင်း ကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေကတော့အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ ပညာရေး၊ ကျန်းမာရေးပိုင်းမှာတော့ ပုံမှန်ပဲ ရှိနေတာဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ ကြံရွယ်ထားသူတွေအနေနဲ့လည်း ဒီနေ့မှာ မလုပ်သင့်သေးပါဘူး။အိမ်ထောင်ရေးအရှုတ်အရှင်းတွေကိုလည်း ဖြေရှင်းရတတ်ပြီးအိမ်ထောင်ဖက်နဲ့ ခွဲနေရတတ်ပါတယ်။အချစ်ရေးမှာတော့ ကိုယ့်အပေါ်လိမ်ညာမယ့် ချစ်သူရလာတတ်ပါတယ်။ ရေသန့်လုပ်ငန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူများအကျိုးများနေပြီး တနင်္ဂနွေသားသမီး ဒုက္ခပေးတတ်ပါတယ်။ တနင်္ဂနွေနံလုပ်ငန်းလုပ်ကိုင်နေသူများလည်းအနည်းငယ်အညံ့ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားဖူးလာသူများအား ရေသန့်ဘူး တတ်နိုင်သလောက်လှူဒါန်းပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး မိသားစုုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ လုပ်ငန်းပူးပေါင်းလုပ်ကိုင်သူတွေက မယုံမကြည်ဖြစ်တတ်ပြီး စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများ သတိပြုရမယ့် ကာလပါပဲ။ ဒီရက်ပိုင်းမှာအစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တကိုယ်တည်းပဲ ဆက်ရှိနေမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့ သားသမီးကြောင့် စိတ်ချမ်းသာရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အူယောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၂နာရီကနေ နေ့လည် ၁နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ပျားလိမ္မော် ကပ်လှူ ဆုတောင်းပေးပါ။


သောကြာ - လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတာတွေ့ရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။အချစ်ရေးပိုင်းမှာ စန်းပွင့်နေတဲ့ ကာလဖြစ်ပြီးအိမ်ထောင်သည်တွေအနေနဲ့ကတော့အိမ်ထောင်ရေးအရှုတ်အရှင်းဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။အလှူကြီးပေးရကိန်းရှိပြီး ငွေဝင်လာရင် ဘုရားမှာ ရွှေသင်္ကန်း ကပ်လှူပေးသင့်ပါတယ်။ မိသားစုထဲမှာ တနင်္လာသားသမီးရှိနေခဲ့ရင် ကျန်းမာရေး ဂရုစိုက်ပေးလိုက်ပါ။ ဆန်လုပ်ငန်း၊ ဆီစက်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့လို့ရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်ရှင်ရဲ့ ယုံကြည်ကိုးစားမှု ရရှိမှာဖြစ်ပြီး လခလည်းတိုးနိုင်ခြေရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားမှာ သနပ်ခါးပန်း ကပ်လှူပြီး လိုရာဆုတောင်းပါ။


စနေ - စနေသားသမီးတွေအနေနဲ့ ဝင်ငွေထက် ထွက်ငွေများပြားနေတဲ့ ကာလပါပဲ။ လုပ်ငန်းကိုင်ငန်း ကိစ္စအ၀၀အဆင်ပြေနေတဲ့ ကာလဖြစ်ပြီး ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်း တစ်ခုခု တက်ရောက်ဖြစ်ပါလိမ့်မယ်။ ဒီနေ့မှာအစားအစာနဲ့အဖျော်ယမကာလုပ်ငန်းလုပ်ကိုင်သူတွေအထူးအောင်မြင်မှာဖြစ်ပြီး ကြာသပတေးနံညံ့နေလို့ သတိထားသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတိုးချဲ့တဲ့အခါမှာ သတိထားသင့်ပါတယ်။ မူလလုပ်ငန်းကိုအခွဲတွေထပ်ချဲ့တာမျိုးထက် လက်ရှိလုပ်ငန်းနဲ့ လုပ်ငန်းသဘာ၀ ကွဲပြားတဲ့လုပ်ငန်းသစ်မျိုး တိုးချဲ့ပြုလုပ်သင့်ပါတယ်။အိမ်၊ ခြံ နေရာထိုင်ခင်းအသစ်ဝင်ကိန်းလည်း ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်းတွေတိုးတက်အောင်မြင်မယ့်အချိန်ဖြစ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်ဒုက္ခပေးတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ထိုးမုန့် ကပ်လှူပေးပါ။


LEO




Some text some message..