မတ်လ ၁၄ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-03-14




မတ်လ ၁၄ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မတ်လ ၁၄ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီး တွေအနေနဲ့ လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင်ပါတယ်။ ရပ်ဝေးခရီးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေရရှိလာမှာ ဖြစ်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာမှာ မိမိရဲ့အကြံအစည်ကို လက်ခံသူမရှိဖြစ်နေတတ်ပြီး လုပ်ငန်းခွင် ပဋိပက္ခလေးတွေအနည်းငယ် ကြုံရနိုင်ပါတယ်။ သူတစ်ပါးသွေးထိုးမှု ခံရကိန်းရှိပြီး လုပ်ငန်းအောင်မြင်မှုအပေါ် နှောင့်ယှက်သူပေါတတ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်း၊အိမ်ရာလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဆေးဆိုင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။ ပညာရေးကိုစိတ်မဝင်စားပဲအချစ်ရေးအတွက် စိတ်လေနေတတ်ပါတယ်။အိမ်ထောင်ရှင်များ ငွေကြေးအများအပြား ရရှိနေမယ့်အချိန်ဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ငါးလွှတ်ပေးပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ ကိုယ့်လက်အောက်ကသူတွေရဲ့ သစ္စာဖောက်မှု ခံရနိုင်တာကြောင့် သတိပြုဖို့လိုပြီးအလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံုးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာ ရှိနေပါတယ်။ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာအထူးသတိထားလုပ်ဆောင်သင့်ပြီးအမျိုးသမီး တစ်ဦးရဲ့ ငွေကြေးအကူအညီရရှိလာပါလိမ့်မယ်။အိမ်အနီးအနားမှာအလှူကြီးပေးသူရှိတတ်ပြီး တတ်နိုင်သမျှပါဝင်ပေးလိုက်ပါ။ ဝန်ထမ်းများအနေနဲ့အလုပ်နေရာ ပြောင်းရွှေ့ခံရကိန်းရှိပြီး ငွေကြေးကြောင့် နာမည်ပျက်လည်း ရှိတတ်လို့ သတိပြုသင့်ပါတယ်။အလှပြင်လုပ်ငန်း၊ ဒီဇိုင်နာလုပ်ငန်းများကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဆွေမျိုးထဲမှ ကလေးငယ်တစ်ဦးအတွက် ပညာရေးထောက်ပံ့ငွေပေးအပ်လိုက်ပါ။


အင်္ဂါ - ပညာရေး၊ ကျန်းမာရေးနဲ့အထွေထွေကိစ္စရပ်တွေအတွက် ကံအသင့်အတင့် ရှိနေတဲ့ နေ့ရက်ပါ။ ငွေကြေးကံလည်းအသင့်အတင့်သာရှိနေပြီးအချစ်ရေးကံကတော့အနည်းငယ် ညံ့နေတယ်လို့ ဆိုရမှာပါ။အရှေ့ပိုင်းမှာ ကြိုးစားခဲ့တဲ့အရာတွေက ဒီနေ့မှာအကောင်အထည်ပေါ်လာမှာပါ။ ဒီနေ့မှာပြုလုပ်မယ့် ဘယ်လိုအရာမျိုးအတွက်မဆို သင်ဂုဏ်ယူမဆုံးဖြစ်ရမှာပါ။ ငွေနံကောင်းနေပြီး စပ်တူရှယ်ယာလုပ်ငန်းတွေကလည်းအကျိုးအမြတ်ရပါလိမ့်မယ်။ မိမိအရည်အချင်းကြောင့် လက်ရှိအလုပ်အကိုင်အပြင် တစ်ခြားအလုပ်တွေပါ လုပ်ကိုင်ခွင့်ရပြီး ငွေရွှင်နေမယ့် ကာလပါပဲ။ ဆန်၊ ဆီ၊ ဆားလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး သောကြာ၊အင်္ဂါနေ့နံ သားသမီးတွေရဲ့အကူအညီကိုလည်း ရရှိပါလိမ့်မယ်။အိမ်နေရာထိုင်ခင်းပြောင်းရွှေ့ရကိန်းရှိပြီး ဝန်ထမ်းဖြစ်ပါက ရာထူးနေရာအပြောင်းအလဲ ကြုံနိုင်တာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်ဇီဇဝါပန်း ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဘယ်လိုကိစ္စမျိုး မဆိုအဆင်ပြေပြေနဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ ချစ်သူနဲ့အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုပိုင်းအောင်မြင်နိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။အဝတ်အထည်၊ ဖန်စီလုပ်ငန်း၊အထည်အလိပ်လုပ်ငန်းများ ကောင်းမွန်နေပြီး လျှပ်စစ်ပစ္စည်းဆိုင်ရာလုပ်ငန်းများလည်းအကျိုးများပါလိမ့်မယ်။ ကျန်းမာရေး၊ ပညာရေးပိုင်းလည်းကောင်းမွန်တဲ့ နေ့ရက်ဖြစ်ပါတယ်။အချစ်ရေးမှာ ချစ်သူ ဝိုင်းဝိုင်းလည်နေမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့အိမ်ထောင်ရေး ဖောက်ပြန်မှု ကြုံရကိန်းရှိလို့ သတိပြုသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် တံခွန်၊ ကုက္ကား ကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့်အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။အချစ်ရေးမှာ စန်းပွင့်နေပြီး ရွေးရခက်နေပါလိမ့်မယ်။ ရေလုပ်ငန်း၊ ပင်လယ်ထွက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီးအဖိုးတန်ပစ္စည်းလက်ဆောင်ရကိန်း ရှိနေပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းလည်း တိုးတက်မှု ရရှိနေတဲ့ ရက်ဖြစ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် သောက်တော်ရေ ၈ခွက် ကပ်လှူပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ ဒီနေ့မှာ ခေါင်းမူးခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီးအိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်တွေကို စွန့်ပစ်လိုက်ပါ။ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးနိုင်ပါတယ်။ ငွေကြေးလူလိမ်ခံရတတ်ပြီး စာချုပ်စာတမ်း ကိစ္စများ ကြားဝင်အာမခံပေးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။အချစ်ရေးအိမ်ထောင်ရေး ပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့အစားမှားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် ပဲပေါက်စီ ကပ်လှူပေးပါ။


သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး မိသားစုုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေး သတိပြုသင့်ပါတယ်။ စာစီစာရိုက်လုပ်ငန်း၊ စာပုံနှိပ်စက်လုပ်ငန်းများ ကောင်းမွန်နေပြီး လုပ်ငန်းတူပြိုင်ဖက်တွေရဲ့ တိုက်ခိုက်မှုကိုတော့ ခံရတတ်ပါတယ်။ ငွေကြေးကူညီမယ့်သူတွေ ပေါများနေမှာဖြစ်ပြီး ငွေဝင်သလောက်ပြန်ထွက်နေမယ့်အချိန်ပါပဲ။ ပညာရေးညံ့နေပြီး ကျန်းမာရေးအချစ်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် သပြေပန်း ကပ်လှူပေးပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသောတိုးချဲ့ခြင်းမျိုး ဖြစ်ပြီးငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။အိုးသစ်အိမ်သစ် ဝင်ကိန်းလည်း ရှိပြီး ရွှေစုသင့်တဲ့ ကာလဖြစ်ပါတယ်။အလုပ်ရာထူးနေရာအပြောင်းအလဲရှိနေပြီး ပြောင်းရမယ့်နေရာက ပိုပြီးအဆင်ပြေပါလိမ့်မယ်။အချစ်ရေး ပုံမှန်ရှိနေပြီးအိမ်ထောင်သည်တွေကတော့ မထင်မှတ်တဲ့ကိစ္စနဲ့ စိတ်ဝမ်းကွဲစကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ နားအူ၊ နားကိုက်ရောဂါဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် နို့ထမင်း ကပ်လှူပေးပါ။


LEO




Some text some message..