မတ်လ ၁၄ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2019-03-14




မတ်လ ၁၄ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း မတ်လ ၁၄ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

ငွေရရှိမှု များပြားနေပေမယ့် လုပ်ငန်းအတွက် ပြန်လည်ရင်းနှီးရလို့ လက်ထဲမှာ ငွေမမြဲဖြစ်နေပါလိမ့်မယ်။ လုပ်ငန်းတိုးချဲ့မှုတွေလည်း ကြုံရမှာဖြစ်ပြီး လက်ရှိအလုပ်နဲ့ ဆက်စပ်ပတ်သက်တာမျိုးကိုပဲ တိုးချဲ့သင့်ပါတယ်။ ကိုယ်မရင်းနှီးတဲ့ သူတစ်ဦးက ငွေကြေးအကူအညီပေးတာမျိုး ကြုံရနိုင်ပြီး လူရင်းတွေကတော့ ကိုယ့်ဆီကနေငွေချေးပြီး ပြန်မဆပ်တာမျိုး၊ လုပ်ငန်းခွင်အတွင်း လက်အောက်ငယ်သား ဒုက္ခပေးတာမျိုး ကြုံရတတ်ပါတယ်။ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း လုပ်ငန်းများအကျိုးပေးနေပြီး ဖုန်းအသစ်ဝင်တတ်ပါတယ်။ မိသားစုထဲမှအငယ်ဆုံးသူရဲ့ မင်္ဂလာကိစ္စ ကြားရမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့အိမ်ထောင်ရေးသာယာနေပါတယ်။ ချစ်သူမရှိသေးသူတွေအနေနဲ့ သောကြာသားရဲ့ ချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။ ကျန်းမာရေးပိုင်းမှာ နားကိုက်တတ်ပြီး၊ ကျန်းမာရေးအားနည်းတာကြောင့်ပညာရေးမှာပါ ထိခိုက်တတ်ပါတယ်။

ယတြာ - ဘုရားတွင် သစ်သီး ၉မျိုး ကပ်လှူပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

စက်ပစ္စည်း၊ ဆိုင်ခန်းအမွေကိစ္စများအဆင်ပြေနိုင်ပြီး ငွေဝင်လာရင် သုံးပုံတစ်ပုံကို ပြန်လှူပေးသင့်ပါတယ်။ ဒီနေ့မှာ မိတ်ကောင်းဆွေကောင်း၊ ဆရာသမားကောင်း ကူညီမယ့်သူတွေတွေ့မှာဖြစ်ပြီး စာမေးပွဲကိစ္စ ၊ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာလည်း ထူးချွန်စွာအောင်မြင်ပါလိမ့်မယ်။ စပ်တူရှယ်ယာလုပ်ငန်းများ၊ စာချုပ်စာတမ်းကိစ္စများအဆင်ပြေနေပြီး ငွေကံလည်း ကောင်းနေပါတယ်။အလှူပေးရကိန်းရှိပြီး ဘုရားဖူးခရီးလည်း သွားရကိန်းရှိနေပါတယ်။အောက်လက်ငယ်သား ဒုက္ခပေးတတ်ပြီးအထည်အလိပ်လုပ်ငန်း၊ ယာဉ်စက်ပစ္စည်းလုပ်ငန်းများ ကောင်းမွန်နေပါတယ်။အိမ်ထောင်သည်များ၊ ချစ်သူရည်းစားများ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ဖြစ်နေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ လေထိုးလေအောင့်ဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ကံ့ကော်ပန်း ကပ်လှူပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာနိုင်တဲ့အချိန်လည်း ဖြစ်ပါတယ်။ လုပ်ငန်းစပ်တူ ရှယ်ယာလုပ်ကိုင်ခြင်းမျိုးကနေ ဆုံးရှုံးမှုဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။ ငွေဝင်များနေသလို ထွက်ငွေလည်း များနေတာကြောင့် ငွေစုမရပဲ ရှိတတ်ပါတယ်။ သူတပါး ကိစ္စရပ်တွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကျန်းမာရေး၊ ပညာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ဒီနေ့ရက်မှာ လူချစ်လူခင်ပေါများနေပြီးအပေါင်းအသင်းကောင်းတွေရဲ့အကူအညီတွေကြောင့်လည်း လုပ်ငန်းကိစ္စရပ်တွေ တိုးတက်မှု ရရှိလာနိုင်ပါတယ်။ မိသားစုအရေးမှာတော့အနည်းငယ် စိတ်ပူရမှာဖြစ်ပြီး သားသမီးတွေရဲ့ ပညာရေးပိုင်းနဲ့ ပတ်သက်ပြီး စိတ်ညစ်ရတတ်ပါတယ်။

ယတြာ - ဘုရားတွင် နှင်းဆီအဖြူ ၉ ပွင့် ကပ်လှူပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းတော်တော်များများကို ဦးဆောင်လုပ်ကိုင်နေရမှာဖြစ်ပြီးအောင်မြင်မှုလည်း ရရှိမှာဖြစ်ပါတယ်။အရေးကြီး ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်ပါက မိမိထက်အသက်ကြီးရင့်သူများနှင့် တိုင်ပင်လုပ်ဆောင်ပါ။အိမ်တွင်းရေး၊ မိသားစုအရှုပ်အရှင်းများကြောင့် ရန်ဖြစ်စကားများရတတ်ပြီးအိမ်ပေါ်ကနေ ဆင်းရတဲ့အထိလည်း စိတ်ညစ်စရာ ကြုံရတတ်ပါတယ်။အိမ်၊ နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနေပြီးအိမ်၊ ခြံမြေအသစ်ဝင်ကိန်းလည်း ရှိနေပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူတွေ့လာနိုင်တဲ့အချိန်ပါပဲ။ ကူညီတတ်သော စိတ်ရင်းအပေါ်အခွင့်ကောင်းယူသူများ တွေ့ကြုံရတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြား ပညာတော်သင်သွားရကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ပျားလိမ္မော်သီး ကပ်လှူပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးအာမခံပေးခြင်းမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။ စိတ်လေနေမယ့် ကာလဖြစ်ပြီးအိမ်ရှိမိသားစုနဲ့လည်းအဆင်မပြေဖြစ်တတ်လို့ သတိပြုရပါမယ်။ ကျန်းမာရေးအနေနဲ့ လေနာရောဂါဖြစ်ပွားတတ်ပြီး ပညာရေးပိုင်းမှာလည်း စိတ်လေနေတတ်လို့ ကျရှုံးတတ်ပါတယ်။ ဒီနေ့မှာ စီးပွားရေးကိစ္စရပ်နဲ့ ပတ်သက်ပြီးအခက်အခဲများစွာ ကြုံရမယ့်အချိန်ပါပဲ။အောင်မြင်မယ်လို့ ယူဆထားတဲ့ လုပ်ငန်းတွေကလည်းအရှုံးတွေနဲ့ ရင်ဆိုင်ရပြီးအလွဲလွဲအချော်ချော် ဖြစ်တတ်ပါတယ်။အချစ်ရေး ၊အိမ်ထောင်ရေးအနေနဲ့ တစ်ပါးသူနှောင့်ယှက်မှုကြောင့် ဝေးကွာရတတ်ပါတယ်။

ယတြာ - နွမ်းပါးသူများအားအဝတ်အစားအဟောင်းများ ပေးလှူလိုက်ပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

လက်ရှိအလုပ်ကနေ ပြောင်းချင်စိတ်ဖြစ်နေပါလိမ့်မယ်။အလုပ်သစ်ကနေ ကမ်းလှမ်းလာတာမျိုးလည်း ကြုံရတတ်ပြီး လုပ်ငန်းဟောင်းကို စွန့်ပစ်ဖို့ မသင့်သေးတဲ့ ကာလပါပဲ။အောက်လက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုသင့်ပါတယ်။အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများအထူးအောင်မြင်နိုင်ပြီးအစိုးရဝန်ထမ်းများအနေနဲ့အလုပ်နေရာ ရွှေ့ပြောင်းရခြင်းမျိုး ရှိနေပါတယ်။ လုပ်ငန်းတွင်း မိမိနှင့် ရာထူးတူများ၏အနှောင့်အယှက်ပေးမှုကြောင့်အလုပ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေတတ်ပါတယ်။ ကျန်းမာရေးညံ့နေတာကြောင့်အလုပ်မှာ စိတ်မပါတာမျိုးလည်း ဖြစ်တတ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ သာယာနေပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ပဲထမင်း ကပ်လှူပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

လုပ်ငန်းကိစ္စတွေအဆင်ပြေနေမှာဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေအကျိုးများပါလိမ့်မယ်။အိုးအိမ်အသစ် စတင်တည်ဆောက်ခြင်း၊ ဆိုင်ခန်းသစ်ဆောက်လုပ်ခြင်း၊အိမ်ခန်း ပြင်ဆင်ရခြင်းမျိုး ပြုလုပ်ရပါလိမ့်မယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေပြီးအဆိုးရွားကြီးတော့ မဟုတ်ပါဘူး။အချစ်ရေးကံအားနည်းနေပြီး လက်ရှိချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူနဲ့ ပြတ်စဲ လမ်းခွဲရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့လည်း ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ မကြာခဏ ရန်ဖြစ်စကားများနေမယ့် နေ့ရက်ပါပဲ။ လုပ်ငန်းအတွက်အထောက်အကူပြုမယ့် သင်တန်းမျိုးတွေ၊ နိုင်ငံရပ်ခြား သင်တန်းတွေအထိ တက်ရောက်ရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ် ဒုက္ခပေးတတ်ပါတယ်။

ယတြာ - ခိုစာကျွေးပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

အပြောင်းအလဲကြားကပဲ တိုးတက်မှုတွေ ရရှိလာနိုင်ပြီး လူမျိုးခြား ကူညီမစမှု ရရှိပါလိမ့်မယ်။ ဝေးကွာနေသူတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်မယ့် ကာလဖြစ်ပြီးအခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီနေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး လုပ်ငန်းပတ်ဝန်းကျင်လည်း ပြောင်းလဲနိုင်ပါသေးတယ်။အချစ်ရေးမှာ လုံးဝမျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေကြုံရကိန်းရှိပြီး ဝေးကွာနေတဲ့ ချစ်သူတွေလည်း ပြန်လည်ဆုံဆည်းရနိုင်ပါတယ်။ တစ်ခုထက်မကတဲ့ သင်တန်းတွေ တက်ရောက်ရကိန်းရှိပြီး သင်တန်းတွေရဲ့အကျိုးကျေးဇူးတွေကိုလည်း ပြန်ပြီး ခံစားရပါလိမ့်မယ်။ ခရီးသွားရကိန်းရှိပြီး ခရီးမှာကျန်းမာရေးညံ့တတ်လို့သတိထားသင့်ပါတယ်။ သွေးနဲ့ပတ်သက်တဲ့ရောဂါ၊အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေ သတိပြုရပါမယ်။

ယတြာ - ဘုရားတွင် ကြာဆံကြော်ကပ်လှူပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

အမျိုးသမီးများအနေနဲ့ ခါးထိခိုက်မိတတ်ပြီး ကျန်းမာရေးအတွက် ငွေကုန်ကျေးကျ များနေမယ့် ကာလပါပဲ။ ပျိုရွယ်သူများအချစ်ရေးကံကောင်းနေပြီးအိမ်ထောင်သည်တွေအနေနဲ့ သားသမီး ရတနာထွန်းကားတတ်ပါတယ်။ ချစ်သူရှိပြီးသူများ မထင်မှတ်ပဲအိမ်ထောင်ကျတတ်ပြီး မလွတ်လပ်တဲ့သူတွေနဲ့လည်း ပတ်သက်မိတတ်ပါတယ်။ လင်ပြိုင်၊ မယားပြိုင် ကိစ္စရပ်တွေ ပေါ်ပေါက်လာတတ်တဲ့အချိန်ဖြစ်ပြီး ဒီရက်ပိုင်းမှာအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မဆုံးဖြတ်တာကအကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။အမျိုးသားများဆိုလျှင်လည်း မကောင်းသောအမျိုးသမီးများနှင့် ပတ်သက်မိပြီးအိမ်ထောင်ရေး ပျက်စီးတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း ဦးဆောင်ဦးရွက်လုပ်ကိုင်နေရမယ့်အချိန်ဖြစ်ပြီးအောက်လက်ငယ်သားတွေရဲ့ ကူညီမှုနဲ့ လုပ်ငန်း တိုးတက်အောင်မြင်မှု ရရှိနိုင်ပါလိမ့်မယ်။ ပညာရေးအနေနဲ့ သင်တန်းသစ်တွေ တက်ရောက်ရကိန်းရှိနေပါတယ်။

ယတြာ - ဘုရားတွင် ငါးလွှတ်ပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ စကားများများပြောဆိုတာမျိုးရှောင်ကြဉ်သင့်ပါတယ်။ ဒီနေ့မှာ နားထောင်သူပြုလုပ်တာကအကျိုးများမယ့်အချိန်ပါပဲ။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့မှုပိုင်းမှာအနှောက်အယှက်ရှိနေပေမယ့် ကျော်လွှားနိုင်ပါလိမ့်မယ်။အရာရာတိုင်းကို ကိုယ့်စိတ်နဲ့ယှဉ်ပြီး ယုံကြည်မိတဲ့အတွက်လည်း ဒုက္ခဖြစ်တတ်ပါတယ်။အလုပ်ရှင်ရဲ့ ယုံကြည်ကိုးစားမှု ရရှိနေမယ့် ကာလဖြစ်ပြီး ငွေများလည်း ထီပေါက်သကဲ့သို့ ဝင်နေပါလိမ့်မယ်။ လုပ်ငန်းအသစ်တွေလည်း လုပ်ကိုင်ရကိန်းရှိနေပြီးအစစအရာရာအောင်မြင်ပါလိမ့်မယ်။ ပညာရေး ကောင်းမွန်နေပြီး လုပ်ငန်းအတွက် တိုးတက်မှုရစေမယ့် သင်တန်းမျိုး တက်ရောက်ရပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့အဆုတ်ရောဂါ ဖြစ်ပွားတတ်ပါတယ်။

ယတြာ - ဘုရားတွင် သစ်သီး ၅မျိုး ကပ်လှူပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

မိမိမှားယွင်းလုပ်ဆောင်မိသည်များအပေါ် ဝန်ခံခြင်းမရှိသဖြင့် လုပ်ငန်းခွင်အတွင်းအနည်းငယ် ပြဿနာဖြစ်နိုင်တဲ့ ကာလပါပဲ။ ပညာရေး၊ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ဒီနေ့မှာ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းရည်ပေါ်မူတည်ပြီး လုပ်ငန်းဆောင်တာတွေအားလုံးနီးပါးအဆင်ပြေချောမွေ့ပါလိမ့်မယ်။ ငွေဝင်နေမယ့် ကာလဖြစ်ပြီး ငွေကုန်ပေါက်တွေကလည်းအများအပြားပေါ်ပေါက်နေမှာဖြစ်ပါတယ်။ မဟုတ်မခံပြန်လည်ပြောဆိုမှုကြောင့် လူမုန်းများနိုင်တဲ့ ကာလလည်းဖြစ်ပါတယ်။အိမ်တွင်းမိသားစုအရေးဦးဆောင်နေသူဖြစ်ပါက ဒီရက်ပိုင်းမှာ မိသားစု၊ မောင်နှမတွေနဲ့ ပတ်သက်ပြီး ဦးဆောင်ဖြေရှင်းရတတ်ပါတယ်။

ယတြာ - ဘုရားတွင် ပေါက်ပေါက်ဆုပ် ကပ်လှူပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

အချစ်ရေးညံ့နေပြီးအိမ်ထောင်ရေးမှာလည်းအဆင်မပြေ ကွဲကွာတတ်ပါတယ်။ ဒီနေ့ရက်မှာ ဘာပဲလုပ်လုပ်အဆင်မပြေဖြစ်နေမှာကြောင့် ငြိမ်နေတာကအကောင်းဆုံးလို့ပြောရမှာပါ။ လုပ်ငန်းထဲမှာ ငွေတွေမြုပ်နေမှာဖြစ်ပြီး ငွေစုငွေချေး လုပ်ငန်းတွေမှာလည်း ပြဿနာပေါ်တတ်ပါတယ် ။အစုအဖွဲ့နဲ့ လုပ်ကိုင်ရတာမျိုးကို ရှောင်ကြဉ်ပြီး တစ်ဦးတည်းလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုး ရွေးချယ်လုပ်ကိုင်သင့်ပါတယ်။ လုပ်ငန်းတွေအများအပြားတိုးချဲ့ထားပေမယ့်အရှုံးပြပြီး ကြွေးတင်တာမျိုးလည်း ကြုံရတတ်တဲ့နေ့ရက်ပါပဲ။အိမ်ခြံမြေ ငွေရေးကြေးရေး ကြားခံအာမခံပေးမှုကြောင့်အမှုအခင်းဖြစ်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးနာ၊ ခါးနာရောဂါ ဖြစ်ပွားတတ်ပါတယ်။

ယတြာ - လမ်းတွင်တွေ့သောအလှူခံသူတစ်ဦးအား ငွေကြေးလှူဒါန်းလိုက်ပါ။

LEO




Some text some message..