မတ်လ ၂၅ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-03-25




မတ်လ ၂၅ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မတ်လ ၂၅ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ လူမျိုးခြားနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကနေအောင်မြင်မှု ရရှိနိုင်ပါတယ်။အိမ်၊ ခြံမြေအသစ် ရကိန်းရှိပြီး ထီပေါက်သလို ငွေဝင်နေတတ်ပါတယ်။ ဆန်၊ဆီ၊ ဆား ရောင်းဝယ်ရေး လုပ်ကိုင်သူတွေအကျိုးများမယ့်အချိန်ဖြစ်ပြီးအိမ်ရှိ ကလေးသူငယ်တစ်ဦးဦး ဖျားနာတတ်လို့ သတိပြုရပါမယ်။ ရွှေပျောက်တတ်ပြီး ပျောက်တဲ့နေရာအနီးအနားကနေပဲ ပြန်တွေ့ပါလိမ့်မယ်။အင်္ဂါသားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုတွေကနေအကျိုးအမြတ်များနိုင်ပါတယ်။ အချစ်ရေးမှာ ထူးထူူးခြားခြား တိုးတက်မှုတွေ ကြုံရမှာဖြစ်ပြီး ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တာတွေကနေအကျိုးထူးရရှိစေနိုင်ပါတယ်။အသေးစားထိခိုက်မှုမျိုး ရှိနိုင်ပြီး စိုးရိမ်ရတဲ့အနေအထားမျိုးတော့ မရှိနိုင်ပါဘူး။ ပညာရေးကောင်းမွန်နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိကြီးကဲသူတစ်ဦးအား ငွေကြေးကန်တော့လိုက်ပါ။

တနင်္လာ - နာမည်ဂုဏ်သတင်းတိုးတက်ခြင်း၊ ကျော်ဇောခြင်း၊အဆက်အသွယ်ကောင်းများ ရလာခြင်း၊ လုပ်ငန်းအဆင်ပြေခြင်းတွေနဲ့ ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ ဘာပဲလုပ်လုပ်အဆင်ပြေပြီးအောင်မြင်မှုတွေရရှိနေလိမ့်မယ်။ ထူးခြားစွာအောင်မြင်နိုင်တဲ့အချိန် ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်ရွယ်ထားတဲ့ ရည်မှန်းချက်သို့ရောက်အောင် ရဲရဲကြီးလုပ်ချလိုက်ပေတော့လို့ ပြောလိုက်ပါတယ်။ ငွေအလွန် ရွှင်မယ့်အချိန်ဖြစ်ပါတယ်။ ထီထိုးသင့်တဲ့အချိန်ကာလဖြစ်ပါတယ်။အဖိုးတန်ပစ္စည်းတွေလည်း ဝင်လာတတ်ပါတယ်။ ပျိုရွယ်သူူများအဖို့ စန်းပွင့်သောအချိန်ဖြစ်ပါတယ်။အိမ်ထောင်သည်များအဖို့အိမ်ထောင်ဖက်ထံမှ သတင်းကောင်းကြားရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အဆုတ်ရောဂါ ဝေဒနာ ခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဂန္ဓမာပန်း ကပ်လှူပေးပါ။

အင်္ဂါ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအတိုက်အခံလုပ်သူတွေ တန်းစီနေတတ်တယ်။ မတော်တဆထိခိုက်တာ ကျန်းမာရေးညံ့ပြီး ဆေးရုံဆေးခန်း ရောက်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် ဘာမဆို သတိထားပြီး လုပ်သင့်တဲ့ကာလဖြစ်ပါတယ်။အလုပ်မှာလည်းအနှောင့်အယှက်တွေ တစ်ခုပြီး တစ်ခုကြုံနေမယ်၊ ကိုယ့်အမှားကို စောင့်ကြည့်နေတတ်သူတွေနဲ့သာ ကြုံတွေ့နေရတတ်ပါတယ်။ ပြဿနာလည်း တစ်ခုပြီးတစ်ခု လိုက်ရှင်း နေရတတ်တယ်။ ကောင်းသောသတင်းတွေလည်း ကြားရတတ်တယ်။ ခရီးဝေး သွားရတတ်တယ်။အမှုအခင်းပြဿနာ ကြုံရတတ်ပါသေးတယ်။ သတိထားပါလေ၊ ပျိုရွယ်သူများအဖို့ ငွေကြေးကိစ္စနှင့်ပတ်သက်၍အိမ်ထောင်ဖက်နှင့် စကားများရတတ်ပါတယ်။ ကျန်းမာရေးအတွက်မူ ဒူး၊ ခါးအောက်ပိုင်း နာကျင်ကိုက်ခဲမှုဝေဒနာများ ခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဆီးယို ကပ်လှူပေးပါ။

ဗုဒ္ဓဟူး - ဒီနေ့မှာ လုပ်ငန်းအသစ်တွေ လုပ်ရတတ်ပါတယ်။အလုပ်ပြောင်း၊အိမ်ပြောင်း၊ နေရာသစ် တွေပြောင်းရွှေ့လုပ်ကိုင်နေထိုင်ရတတ်ပါတယ်။ နေရာထိုင်ခင်းတို့ ပြောင်းလဲ၊ ပြင်ဆင်ရခြင်းမျိုးတွေ ပြုလုပ်ရတတ်ပါတယ်။ ခရီးကောင်းတွေ ပြုလုပ်ရတတ်ပါတယ်။ ခရီးကောင်းတွေ သွားရတတ်ပါတယ်။ ငွေကြေးဆုံးရှုံးနစ်နာစရာတွေ ကြုံရတတ်တယ်။ ရစရာရှိတာတွေမရဘဲ ဖြစ်နေမယ်။အထူးသဖြင့် ငွေနှင့်ပတ်သက်ပြီး စွန့်စားလုပ်ကိုင်ရတဲ့အလုပ်တွေ ဒီကာလအတွင်း မလုပ်ပါနဲ့ဦး၊အလုပ်မှာလည်းအတိုက်အခံတွေ တွေ့ရတတ်ပါတယ်။ မမျှော်လင့်ဘဲအမှုအခင်း ကြုံရတတ်ပါတယ်။ ပျိုရွယ်သူများအဖို့ ရုတ်တရက်ဆိုသလိုအိမ်ထောင်ကျတတ်သည်။အိမ်ထောင်သည်များအဖို့အိမ်ထောင်ဖက် ခရီးဝေးသို့ ထွက်သွားရတတ်သည်။ ကျန်းမာရေးမှာမူ ဦးခေါင်းနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများ ခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ရွှေဆိုင်းကပ်လှူပေးပါ။

ရာဟု - ဒီနေ့မှာအလုပ်နှင့်ပတ်သက်ပြီး စိတ်လေစိတ်မောစရာတွေ ဆုံးဖြတ်ရခက်တာတွေနှင့် ရင်ဆိုင်ရတတ်ပါတယ်။အမှားမှားအယွင်းယွင်းတွေကို ဆုံးဖြတ်ပြီးလုပ်မိနေတတ်တဲ့ကာလတစ်ခုဖြစ်တယ်။ စိုးရိမ်စရာတော့ သိပ်မရှိပါဘူး၊ စိတ်မပူပါနဲ့လေ။ ငွေကြေးကိစ္စနှင့် ပတ်သက်၍လည်း ဝင်ငွေများ ကျေနပ်လောက်အောင်ရမည်။ သို့သော် ငွေကြေးကုန်ကျစရာများသောကြောင့် ဝင်သမျှငွေများအဖတ်မတင်နိုင် တတ်ချေ။ နိုင်ငံခြားခရီး ကံကောင်းတတ်သည်။ ပညာသစ်တွေ သင်ကြားရတတ်ပါတယ်။ ပညာနှင့်ပတ်သက်၍ ကောင်းသောခရီးသွားရ တတ်သည်။ ပျိုရွယ်သူများအဖို့ မိမိစိတ်ဝင်စားနေသူမှ မိမိလိုချင်သော ချစ်အဖြေကို တောင်းသင့်သည်။အိမ်ထောင်ရှိသူများအဖို့အိမ်အနီးအနားတွင် မင်္ဂလာကိစ္စပေါ်ပေါက်ပါက ထီးပြေးထိုးလိုက်ပါလေ။ ကျန်းမာရေးအနေနှင့် ဆီးနှင့် ပတ်သက်သော ရောဂါဝေဒနာခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် လက်ဖက်အသားကပ်လှူပေးပါ။

ကြာသပတေး - လူအများနဲ့ ဆက်စပ်ပတ်သက်လုပ်ကိုင်နေရသူများအားလုံးအထူးသတိထားသင့်တဲ့အချိန်ပါပဲ။ လိုက်လျောညီထွေ နေတတ်အောင်နေပါ။ သည်းခံခွင့်လွှတ်စိတ် မွေးပါ။ ငွေကြေးကျပ်တည်းနိုင်တဲ့အချိန်ဖြစ်ပြီး လုပ်ငန်းနေရာ၊ နေရာဆိုင်ခန်း၊ ဆိုင်ခန်းအပြောင်းအလဲရှိနေပါတယ်။အလှူတစ်ခု ပြုလုပ်ရကိန်းရှိပြီးအလှူကြီးဖြစ်တတ်ပါတယ်။အိပ်ရာပြောင်းအိပ်လိုက်ရင်အညံ့အခိုက်တွေ ပြေပျောက်သွားပါလိမ့်မည်။ ရေဝေးမြေခြား ခရီးရှည်သွားရကိန်းကြုံနိုင်ပြီး ပညာ၊အမွေကိစ္စ စကားပြောရတတ်ပါတယ်။အိမ်ထောင်ဖက်လုပ်ငန်းပိုင်းမှာ ဝင်ကူညီရကိန်းရှိပြီး ချစ်သူရှိပြီးသူများ ချစ်သူက သစ္စာဖောက်သွားတတ်လို့ သတိပြုရပါမယ်။ မိသားစုထဲမှအကြီးအကဲ ကျန်းမာရေးပူပင်ရမှာဖြစ်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာ ဂရုစိုက်ပေးပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ပန်းသီးစိတ်ကပ်လှူပေးပါ။

သောကြာ - စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီးအကူအညီပေးမည့်သူများနှင့် ကြုံတွေ့နေ ရတတ်ပါတယ်။ ငွေကြေးကိစ္စများနှင့် ပတ်သက်၍အခက်အခဲအနည်းငယ်ရှိနေတတ်ပါတယ်။ ဝန်ထမ်း များအနေဖြင့် လုပ်ငန်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာအတွင်း ရာထူးတိုးအတွက် စိတ်ပူပန်နေရတတ်ပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်း၊အထည်အလိပ်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ကျောက်အောင်တတ်ပါတယ်။ ပြည်ပသို့ ပညာတော်သင်သွားရကိန်းရှိနေပြီး လုပ်ငန်းတဆင့်တိုးတက်တတ်ပါတယ်။ ပညာရေးကံကောင်းသလို စာမေးပွဲကံလည်း ကောင်းနေတတ်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသူများချစ်သူရလာတတ်ပြီး ချစ်သူရှိပြီးသူများကအိမ်ထောင်ရက်သား ကျတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် သစ်ခွပန်းကပ်လှူပေးပါ။


စနေ - ပညာရေး၊အချစ်ရေးအစစအဆင်ပြေနေမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက် မကြာခဏဖြစ်လေ့ရှိနေပါလိမ့်မယ်။ မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။အိမ်အနီးအနားမှာ နာရေးရှိနေရင် ၊အလှူကြီးပေးရင်အိမ်ရှိ ကလေးငယ်တစ်ဦး မကျန်းမာဖြစ်တတ်ပါတယ်။ စက်ရုံအလုပ်ရုံများ၊အထည်အလိပ် ဆေးဝါးလုပ်ငန်းရှင်များ လုပ်ငန်းကြန့်ကြာမှု ငွေကြေးလည်ပတ်မှုအခက်အခဲ တစ်ချို့ကြုံရနိုင်ပြီး ဝန်ထမ်းများရဲ့ သစ္စာမရှိတဲ့ လုပ်ရပ်ကြောင့် လုပ်ငန်းထိခိုက်တတ်ပါတယ်။အိမ်မှာ စနေ၊အင်္ဂါသားသမီးရှိနေရင် ညောင်ထောက်ကုသိုလ်ယူလိုက်ပါ။အိမ်ထောင်သည်တွေကတော့ တစ်ဦးရဲ့ လုပ်ငန်းကို တစ်ဦးက ပံ့ပိုးကူညီပြီးအပြန်အလှန်အကျိုးပြုနေရမယ့်အချိန်ဖြစ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ထမနဲ ကပ်လှူပေးပါ။


LEO




Some text some message..