မတ်လ ၂၆ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-03-26




မတ်လ ၂၆ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မတ်လ ၂၆ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ- တနင်္ဂနွေသားသမီးတွေအနေနဲ့ ယှဉ်ပြိုင် ဆောင်ရွက်ရသော လုပ်ငန်းများ၌အောင်မြင်မှုရနေမှာဖြစ်ပါတယ်။ လူကြီးသူမ၊ ဆရာသမားတို့၏ ကူညီစောင့်ရှောက်မှုကိုလည်း ခံရတတ်ပြီးအိုး၊အိမ်၊ ခြံ၊ မြေနှင့် ပတ်သက်၍အမွေအနှစ်ရရှိတတ်ပါတယ်။ ပညာရေးကံကောင်းနေတတ်သလို မိမိတု့ိတက်ရောက်လိုသော သင်တန်းမျိုးလည်း တက်ရောက်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပန်းထိမ်လုပ်ငန်း၊ ဘုရားထီးလုပ်ငန်း၊အိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ထီး၊ဖိနပ်၊အထည်ချုပ် လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။အချစ်ရေးသာယာနေပြီး ချစ်သူရဲ့အလိုလိုက်ခြင်း ခံရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေးသုခအပြည့်အဝရနိုင်သော ကာလမျိုးဖြစ်ပြီး ရင်သွေးထပ်မံရလာတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်ပါတယ်။


ယတြာ - နွမ်းပါးသူများအားအသုံးမပြုတော့သည့်အကျီများ ပေးလှူလိုက်ပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ကျဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းများကိုအကူအညီပေးမည့်သူပေါ်လာတတ်ပါတယ်။အရောင်းအဝယ်လုပ်ငန်းများမှ ဆုံးရှုံးထားသော ငွေကြေးများပင် ပြန်ပေါ်လာတတ်ပါတယ်။ ဝန်ထမ်းများဖြစ်ပါက စနေသားသမီးအထက်လူကြီးများထံမှအကူအညီတွေ ရရှိတတ်ပါတယ်။ ပညာသင်ကျောင်း သားများအနေဖြင့် ပညာရေးကံကောင်းနေတတ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့တစ်ခုဖြေဆိုရန်အခွင့်ကောင်းတစ်ခု ပေါ်လာတတ်ပါတယ်။အိမ်ထောင်ရှင်များအိမ်ထောင်ရေးကံကောင်းတတ်ပါတယ်။ ချစ်သူရှိပြီးသူများအိမ်ထောင်ကျတတ်ပြီး ချစ်သူမရှိသေးသူများ ဘဝလက်တွဲဖော်နဲ့ ဆုံတွေ့လာရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးနာတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။


ယတြာ - ဘုရားတွင် ကြာဇံကြော် ကပ်လှူ ဆုတောင်းပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီနေ့မှာအောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပါတယ်။ အလုပ်မှာ ငွေပုံအောပြီး ရင်းနှီးမမြှုပ်နှံသင့်ပါဘူး။ ဆန်စက်လုပ်ငန်း ၊ ဆီစက်လုပ်ငန်းရှင်များ ငွေဝင်နေပေမယ့် ဒီရက်ပိုင်းမှာ ငွေစုလို့ မရဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးမှာ သွားကိုက်ရောဂါဝေဒနာ ခံစားရတတ်တယ်။ ပညာရေး၊အချစ်ရေးအောင်မြင်မှာဖြစ်ပြီးအိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ သူတစ်ပါးရဲ့အချစ်ရေး၊အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တာမျိုးလည်း ကြုံနိုင်ပါသေးတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် ဆီမီးသက်စေ့ ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့အရှုပ်အရှင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့်အလုပ်အကိုင်နှင့်အခွင့်အလမ်းတွေကတော့ ကောင်းနေတတ်ပါတယ်။ မည်သည့်လုပ်ငန်းကိစ္စကိုမဆို နှစ်ကြိမ်နှစ်ခါ ပြုလုပ်နေရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတိုးအတွက် သင်တန်းတစ်ခု တက်ရောက်ရခြင်းမျိုးနှင့် ကြုံရတတ်ပါတယ်။ ပညာသင်ကြားနေသော ကျောင်းသားများအတွက် ပညာ ရေးအလွန်ကောင်းသောအခြေအနေသို့ ရောက်ရှိ၍ ကြိုးစားအားထုတ်မှု များများလုပ်ပါ ထူးထူးခြားခြားအောင်မြင်မှုရမည်။ ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်စရာမျိုးနှင့် ကြုံရတတ်သည်။ ကျန်းမာရေးအနေဖြင့် ကျောက်ကပ်ရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်ပေးပါ။


ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။


ရာဟု - ဒီနေ့မှာ ဘာပဲလုပ်လုပ်အဆင်ပြေနေပါလိမ့်မယ်။အောင်မြင်မှု ကြီးကြီးမားမား တွေခံစားရရှိတတ်တယ်။ ရည်ရွယ်ထားသမျှအဆင်ပြေအထမြောက်အောင်မြင်လိမ့်မယ်။ လုပ်ငန်း သစ်တွေလုပ်ရတတ်တယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံရတတ်တဲ့အချိန်ဖြစ်ပါ တယ်။ ငွေအတွက်လည်း စိတ်ချမ်းသာရပါလိမ့်မယ်။ ဟိုကဝင် ဒီကဝင်နဲ့ လာဘ်လာဘတွေ ရွှင်လန်းနေပြီး ထစ်ငေါ့နေတာတွေလည်း ရလာလိမ့်မည်။ စာရွက်စာတမ်းကိစ္စတွေ ဆောင်ရွက်ရာမှာတော့အနည်းငယ် သတိထားဆောင်ရွက်သင့်တယ်။ စကားများရတတ်တယ်။ ခရီးကိစ္စတွေလည်း ထစ်ငေါ့စွာဖြင့် ကြန့်ကြာ နေတတ်တယ်။ စိတ်ညစ်စရာ သတင်းတွေလည်း ကြားရတတ်တယ်။ ပျိုရွယ်သူများအဖို့အိမ်ထောင်ရေး သုခခံစားရမည်ဖြစ်သည်။ ကျန်းမာရေးကတော့ ဆီး၊ ဝမ်းနှင့် ပတ်သက်သောရောဂါဝေဒနာ ခံစားရတတ် တယ်။ သတိထား ဂရုပြုပါလေ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ - လမ်းတွင်ကြုံတွေ့ရသော သက်ကြီးရွယ်အိုများအား ရေသန့်ဒါနပြု လှူဒါန်းပေးပါ။


ကြာသပတေး - လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတာတွေ့ရမှာပါ။ ဒီနေ့မှာ ရည်ရွယ်ထားသမျှသော လုပ်ငန်းအကြံအစည်များကို ရဲရဲသာဆောင်ရွက်လုပ် ကိုင်ပါလေ။အောင်မြင်မှုတွေက စောင့်ဆိုင်းနေပါတယ်။ သင့်အတွက်အဆက်အသွယ်ကောင်းအကူအညီကောင်းတွေလည်း ပေါ်လာမှာ မလွဲဧကန်ပါပဲ။ ငွေကြေးအလွန်ကံကောင်းသောကာလတစ်ခု ဖြစ်နေပါတယ်။ ငွေတွေအစုလိုက်အပုံလိုက်အထုပ်အထည်လိုက် ဝင်လာတတ်ပါတယ်။ ရင်းနှီးမြှုပ်နှံ ရတဲ့ကိစ္စတွေ လုပ်သင့်ပါတယ်။ စာရွက်စာတမ်းနဲ့ ပတ်သက်ပြီးတော့ စိတ်ညစ်ရတတ်ပါတယ်။အစုစပ်ရှယ်ယာ လုပ်ငန်းတွေကတော့အဆင်မပြေမှုတွေ များနေတတ်တယ်။အချစ်ရေးပိုင်းမှာ စန်းပွင့်နေတဲ့ ကာလဖြစ်ပြီးအိမ်ထောင်သည်တွေအနေနဲ့ကတော့အိမ်ထောင်ရေးအရှုပ်အရှင်းဖြစ်တတ်လို့ သတိထား သင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ -အိမ်ရှိဘုရားတွင် ဘုရားပန်းလဲပြီး လိုရာဆုတောင်းနိုင်ပါတယ်။


သောကြာ - စီးပွားရေးလုပ်ငန်းတိုးချဲ့ရာမှာအခက်အခဲအချို့ရှိနေတတ်ပါတယ်။ ငွေကြေးကိစ္စနဲ့ ပတ်သက်ရင်တော့ ပြောသမျှအရာရောက်အဆင်ပြေအောင်မြင်နေမှာဖြစ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ဂုဏ်သိက္ခာတိုး၍ စိတ်ပျော်ရွှင်ချမ်းမြေ့ဖွယ်ကိစ္စရပ်မျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ဖခင်ဖြစ်သူ၏ ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ ပညာရေးတွင် တော်တော်လေးကို ကြိုးစားနိုင်မှအောင်မြင်မယ့်အချိန်ဖြစ်ပါတယ်။အိမ်တွင်းရေးအနည်းငယ်ဆူပူနေတတ်ပြီးအိမ်ထောင်ဘက် ဖောက်ပြန်တတ်ပါတယ်။ သားသမီးကြောင့်အိမ်ထောင်ဘက်နဲ့ ရန်ဖြစ်ရကိန်းရှိပြီး ချစ်သူမရှိသေးသူတွေကတော့ မိမိအပေါ် လိမ်ညာမယ့် ချစ်သူရလာတတ်ပါတယ်။ ချစ်သူရှိပြီးသူများ ခွဲခွာနေရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့အူယောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် သစ်သီးတစ်မျိုးမျီုး ကပ်လှူပေးပါ။


စနေ - ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ကိုင်ရတတ်ပါတယ်။ မိမိတစ်ဦးတည်း လုပ်ကိုင်ခြင်းမျိုးမဟုတ်ဘဲအစုစပ်လုပ်ငန်း စုပေါင်းလုပ်ဆောင်ခြင်းဖြင့် ပိုမိုအောင်မြင်မှု ရရှိတတ်ပါတယ်။ ငွေကြေးရှာဖွေမှုအပိုင်းမှာလည်းအခက်အခဲမရှိဘဲအဆင်ပြေနေလိမ့်မည်။အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိရင် လက်ဆောင်ပစ္စည်းသွားပေးလိုက်ပါ။ ရပ်ဝေးမှ မိတ်ဆွေအိမ်ပေါ်ရောက်လာတတ်ပြီး ရက်ကြာရှည် ကပ်တွယ်နေတတ်လို့အိမ်တွင်းရေး ဆူပူရတတ်ပါတယ်။အိမ်ထောင်ပရိဘောဂ ထွက်တတ်ပျက်တတ်ပြီးအိမ်ရှိကြီးကဲသူ ကျန်းမာရေး သတိပြုပေးပါ။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာပြီး၊ သားသမီးရတနာ ရနိုင်ချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ ချစ်သူရှိပြီးသူများ ချစ်သူနဲ့အိမ်ထောင်ကျတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သာမန်ရောဂါပဲမို့ စိုးရိမ်စရာမရှိပါဘူး။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် နာနတ်သီးကပ်လှူ ဆုတောင်းပါ။


LEO




Some text some message..