မတ်လ ၂၆ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2019-03-26




မတ်လ ၂၆ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို မတ်လ ၂၆ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ ရည်ရွယ်ထားသော ချစ်သူထံမှ လိုချင်သောအဖြေစကားကြားရမည်။ ပြီးခဲ့သောအချိန်များထက် ပိုမို၍ ကံတရားကောင်းမွန်လာလိမ့်မည်။ ရင်းနှီးမြှုပ်နှံထားသော ရေရှည်လုပ်ငန်းများအကျိုးအမြတ်ပေါ်ထွက်မည်။ မိမိ၏နယ်ပယ်၌ ယှဉ်ပြိုင်ဘက်အသီးသီးကို ဖြတ်ကျော်အနိုင်ရလိမ့်မည်။ ကြိုးစားသမျှအရာထင်သော ကာလဖြစ်သည်။အမွေအနှစ်များ ရတတ်သည်။ ဘာသာရေးအဓိဋ္ဌာန်များအောင်မြင်မည်။ ကျောင်းသားကျောင်းသူများအဖို့ ပညာရေး၌အောင်ပွဲခံရမည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမြှင့်ခြင်းခံရမည်။ လုပ်ငန်းဝင်ငွေတိုးမည်။ ပျော်စရာအချစ်ဇာတ်လမ်းများ ဖန်တီးနိုင်မည်။အိမ်ထောင်ရေး သာယာချမ်းမြေ့မည်။ ကျန်းမာရေးမှာအမျိုးသမီးများ၊အမျိုးသမီးရောဂါများ ဖြစ်တတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၄ ကံကောင်းသောအရောင် ။ ။အစိမ်းရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ ငွေပန်းများကပ်လှူပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအချစ်ရေး စန်းပွင့်နေမည်။ လက်မှုပညာရပ်များနှင့်အထူးအကျိုးပေးပါသည်။အဝတ်အထည်လုပ်ငန်းများ၊ ကျောက်မျက်လုပ်ငန်းများ၊အလှကုန်ပစ္စည်းနှင့် ပတ်သက်သောလုပ်ငန်းများ စတင်သင့်သောအချိန်ဖြစ်ပါသည်။ ယခုကာလသည် ကျန်ကာလများ ထက် ပိုမိုတိုးတက်အဆင်ပြေလာပါမည်။ ဝင်ငွေနှင့် စုဆောင်းငွေများ တိုးပွားလာပါမည်။ ဝန်ထမ်းများ ရာထူးနှင့်လုပ်ပိုင်ခွင့်၊ လစာငွေနှင့် ခံစားခွင့် တိုးမြှင့်ပေးခြင်းခံရတတ်သည်။ ငွေကြေးအခက်အခဲအကျပ်အတည်းတို့ကို ပြေလည်အောင် ဖြေရှင်းနိုင် လိမ့်မည်။အိမ်ထောင်ရေးတွင် လူကြီးစီမံရာကို နာခံခြင်းဖြင့် ကောင်းကျိုးရရှိနိုင်သည်။ ကျန်းမာရေး၌ ဂရုစိုက်နေထိုင်တတ်မှုကြောင့် စိုးရိမ်စရာမရှိပါ။

ကံကောင်းသောနံပါတ် ။ ။ ၅, ၄, ၉ ကံကောင်းသောအရောင် ။ ။ နီကယ်ရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ ခေါက်ဆွဲကြော် ကပ်လှူပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် ချစ်သူ၏ သဝန်တိုမှုကိုခံရတတ်သည်။ တဇွတ်ထိုးပြုမူ ဆောင်ရွက်တတ်သူတို့အဖို့ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရတတ်သည်။အမှားအမှန် ဆုံးဖြတ်ပြီးမှ လုပ်ဆောင်တတ်ဖို့သာအရေးကြီးပေသည်။ ယောကျ်ားသားများအဖို့ ပို၍ ကံကောင်းနေချိန်ဖြစ်သည်။ နေရပ်ဒေသမှာပင် စီးပွားဥစ္စာများ ဖြစ်ထွန်းလာပါမည်။အတတ်ပညာကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မြင့်မားသော ရာထူးများရရှိနိုင်၏။အလုပ်အကိုင်အခက်အခဲများ ကျော်ဖြတ်၍အကျိုးအမြတ်များ ပေါ်ထွက်လာပါမည်။ ဝင်ငွေကြောင့် ပျော်ရွှင်ဝမ်း မြောက်ရသောကာလ ဖြစ်ပါသည်။ ကျန်းမာရေးကောင်း၍ ဆိုးရွားသော ရော၈ါဝေဒနာများလည်း သက်သာပျောက်ကင်းနိုင်သောအချိန်ဖြစ် ပါသည်။အိမ်ထောင်ရှင်များအိမ်ထောက်ဖက်များ၏ ချယ်လှယ်ခြင်းကို ခံရပါမည်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၆, ၄ ကံကောင်းသောအရောင် ။ ။အဝါရင့်ရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ စပယ်ရှစ်ကုံးကပ်လှူပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးမှာ ကြားလေသွေးလို့ ဝေးရတဲ့အဖြစ်မျိုး ကြုံရတတ်ပါတယ်။အောင်မြင်တတ်ပါတယ်။ ဆရာသမား၊အကြီးအကဲတွေရဲ့ ကူညီမစခြင်းခံရတတ်ပါတယ်။ ခရီးသွားရတတ်တယ်။ ဝင်ငွေလဲ ကောင်းပါတယ်။ မထင်မှတ်တဲ့ ဧည့်သည်တွေလဲ လာနိုင်ပါတယ်။ ပြဿနာနှစ်ခု တစ်ပြိုင်တည်း ဖြေရှင်းရတတ်ပါတယ်။အိမ်ထောင်သည်များအဖို့ ဆွေမျိုးသားချင်းရဲ့ ငွေကြေးကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံရတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ သွေးနဲ့ ပတ်သက်တဲ့ဝေဒနာ ခံစားရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၆, ၇, ၁ ကံကောင်းသောအရောင် ။ ။အနီရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ သစ်သီးဆွမ်းကပ်ပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအဖို့ ချစ်သူ၏ ချိန်းဆိုခြင်းကိုခံရတတ်သည်။ ရပ်ဝေးက သတင်းကောင်းကြားရတတ်သည်။ ဟိုနေရာ၊ ဒီနေရာက ငွေတွေဝင်လာ တတ်သည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းတွင်အတိုက်အခံပေါ်တတ်သည်။ နိုင်ငံရပ်ခြား ခရီးသွားရတတ် သည်။အဝါနုရောင်ဝတ်ပြီး ထီထိုးပါက ပိုမို၍ ကံကောင်းတတ်သည်။ စက်ပစ္စည်းတစ်ခု ဝင်လာတတ်သည်။ စက်ကောင်း၊ စက်သန့် ဖြစ်နေတတ်သည်။ လုပ်ငန်းအခွင့်အလမ်းသစ်ရခဲ့ပါက လုပ်ဆောင်လိုက်ပါ။အိမ်ထောင်သည်တွေအဖို့အိမ်ထောင်ဘက်၏ကောင်းသတင်း ကြားရသောကြောင့် စိတ်ပျော်ရွှင်မှုရမည်။ ကျန်းမာရေးမှာ ဆေးမှား၊အစားမှား ဖြစ်မည်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၆, ၄ ကံကောင်းသောအရောင် ။ ။ ပန်းရင့်ရောင်

ယတြာ ။ ။ မိတ်ဆွေများကို ကော်ဖီနှင့် ဂျေဒိုးနတ်မုန့် ဝယ်ကျွေးပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့် လက်ထပ်မင်္ဂလာပွဲ ဆင်နွဲှရခြင်းမျိုးရှိမည်။ မိမိ၏ စီးပွားရေးလုပ်ငန်းများကိုအကူအညီပေးမည့်သူ ပေါ်လာတတ်ပါတယ်။အရောင်းအဝယ်လုပ်ငန်းများမှ ဆုံးရှုံးထားသော ငွေကြေးများပင် ပြန်ပေါ်လာတတ်ပါတယ်။ ဝန်ထမ်းများဖြစ်ပါက စနေသားသမီးအထက်လူကြီးများထံမှအကူအညီတွေ ရရှိတတ်ပါတယ်။ ပညာသင်ကျောင်းသားများအနေဖြင့် ပညာရေးကံကောင်းနေ တတ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့တစ်ခုဖြေဆိုရန်အခွင့်ကောင်းတစ်ခု ပေါ်လာတတ်ပါတယ်။အိမ်ထောင်ရှင်များအိမ်ထောင်ရေး ကံကောင်းတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ဒူးနာခြင်းမျိုးရှိမည်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၄ ကံကောင်းသောအရောင် ။ ။ ကြေးနီရောင်

ယတြာ ။ ။ ကလေးငယ်များကို ချောကလက်ဝယ်ကျွေးပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ ချစ်သူသစ် တွေ့တတ်သည်။ လုပ်ငန်းဆိုင်ရာအတွင်းမှာ ငွေကြေးဆုံးရှုံးမှုအနည်းငယ်ကြုံတွေ့ရတတ်ပါတယ်။ ယာယီခရီးတွေလည်း ထွက်ခွာနေရတတ်ပါတယ်။ ရွှေနှင့်ပတ်သက်၍လည်း ရောင်းမှား၊ ဝယ်မှားဖြစ်တတ်ပါတယ်။ ဆိုင်တစ်ဆိုင်ဖွင့်ရန်အတွက် နေရာကောင်းတစ်ခု ရခြင်းမျိုးကြုံတွေ့ရမည်။ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များမှာလည်းအမှားအယွင်းအတိမ်းအစောင်းများအနည်းငယ်ရှိနေတတ်သည်။ ဝန်ထမ်းများအနေဖြင့်လည်း ဌာနဆိုင်ရာအတွင်းအကြီးအကဲ၏အမြင်မကြည်လင်မှုများနှင့် ကြုံတွေ့ရတတ် ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်တွင်းရေးသာယာ၍ နှစ်ဘက်မိဘများနှင့် ပျော်ရွှင်စွာ ခရီးထွက်ရ တတ်ပါတယ်။ ပညာဂုဏ်သတင်းလည်းအထူး ကျော်ဇောတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အစာအိမ် နှင့် ဝမ်းဗိုက်ဝေဒနာအထူးဂရုစိုက်သင့်၏။

ကံကောင်းသောနံပါတ် ။ ။ ၁, ၆, ၉ ကံကောင်းသောအရောင် ။ ။ ချောကလက်ရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ ထောပတ်ထမင်း ကပ်လှူပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကံ ညံ့နေတတ်ပါတယ်။ မိမိ၏လုပ်ငန်းများအခက်အခဲရှိလျှက်နှင့်ပင် တစ်စထက်တစ်စ တိုးတက်လာ မည်။အိမ်၊ ခြံ၊ မြေအရောင်းအဝယ်လုပ်ငန်းများလည်း ယခင်ထက် ပိုမိုအကျိုးပေးလာမည်။ စာချုပ် စာတမ်းများလည်း လက်မှတ်ရေးထိုးပေးရခြင်းမျိုးနှင့်လည်း ကြုံတွေ့ရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းနှင့်ပတ်သက်၍အကြီးအကဲ၊ ဆွေမျိုးများမှအကူအညီများ ပေးတတ်ပါတယ်။ ပညာရေးအနေဖြင့် ကြိုးစားသလောက်အရာရောက် ထွန်းပေါက်အောင်မြင်မည်။ ဆွေမျိုးများကလည်း မိမိကို ချစ်သူနှင့် ပတ်သက်ပြီး ငြိုငြင်မှုများ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးကောင်းမည်။

ကံကောင်းသောနံပါတ် ။ ။ ၆, ၁, ၃ ကံကောင်းသောအရောင် ။ ။အပြာရောင်

ယတြာ ။ ။ မိမိမွေးနေ့တိုင်းမှာ မိဘမဲ့ကလေးများကိုအဟာရဒါနပြုပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးမှာ မိဘဆွေမျိုးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ကံအလွန်ကောင်းသောအချိန်ကာလမျိုး ဖြစ်နေတတ်ပါတယ်။ လုပ်ငန်းသစ်များ စတင်တည်ထောင်ခြင်း၊အစုစပ်လုပ်ငန်းများလည်း စတင်ရန်အကောင်းဆုံးအချိန် ကာလမျိုးလည်း ဖြစ်တတ်ပါတယ်။ မမျှော်လင့်ဘဲ လက်ဝတ်ရတနာများ၊ ဇိမ်ခံပစ္စည်းများလည်း ဝင်လာတတ်ပါတယ်။ ဝင်လာပါကလည်းအလွန်နမိတ်ကောင်း၏။ ဝန်ထမ်းများအနေဖြင့် မမျှော်လင့်ဘဲအပြောင်းအရွှေ့ရှိနေတတ်သည်။ ကောင်းသော ပြောင်းလဲခြင်းမျိုးဖြစ်မည်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာပြီး၊ သားသမီးရတနာ ရနိုင်ချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အစာအိမ်၊ ဝမ်းဗိုက်နှင့် ပတ်သက်သောဝေဒနာမျိုး ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၈, ၁, ၇ ကံကောင်းသောအရောင် ။ ။ မီးခိုးရောင်

ယတြာ ။ ။ သီလရှင်တစ်ပါးအား ဆေးဝါးဓာတ်စာ လှူဒါန်းပါ။




Some text some message..