မတ်လ ၂၆ ရက်နေ့ ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2019-03-26




မတ်လ ၂၆ ရက်နေ့ ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်း မတ်လ ၂၆ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေး ကြည့်ရအောင် ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

ရပ်ဝေးမှ ဆွေမျိုးတစ်ဦးအိမ်ပေါ်ရောက်လာတတ်ပြီးအိမ်တွင် စနေ၊ သောကြာသားသမီးရှိပါက ကျန်းမာရေးညံ့တတ်ပါတယ်။ ဒီရက်ပိုင်းမှာညအိပ်ညနေ ဧည့်သည်လက်မခံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီနေ့ရက်မှာ ငွေကံကောင်းနေပါတယ်။ မိမိနဲ့ စပ်တူလက်တွဲလုပ်ကိုင်သူတွေရဲ့ ကတိမတည်မှုကို ကြုံတွေ့ရမှာဖြစ်ပြီး ငွေခေါင်းကွဲနိုင်ပါတယ်။ လုပ်ငန်းတူပြိုင်ဖက်တွေရဲ့ ယှဉ်ပြိုင်မှုကို မခံနိုင်ပဲလုပ်ငန်း ပြိုလဲတတ်လို့ သတိပြုရပါမယ်။ လက်ရှိလုပ်ငန်းနဲ့ သဘောသဘာဝမတူတဲ့လုပ်ငန်းမျိုး စတင်ထားသင့်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ရေးသာယာနေပြီး ချစ်သူမရှိသူများလည်း ချစ်သူရလာတတ်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။

ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

ရည်မှန်းချက်မှန်သမျှ ထူးခြားအောင်မြင်နိုင်ပြီး ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကိုလည်းအကောင်အထည်ဖော်သင့်တဲ့ နေ့ရက်ပါပဲ။ တက်မယ်လို့ ကြံရွယ်ထားတဲ့ သင်တန်းတွေကိုလည်း ချက်ချင်းပဲ တက်ရောက်လိုက်ပါ။ တွဲဖက်လုပ်ကိုင်ရတဲ့ လုပ်ငန်းများအကျိုးပေးမည်ဖြစ်ပြီး လူအများကြားမှာ ထင်ပေါ်နေမယ့် ကာလပါပဲ။အလုပ်ကိစ္စတွေလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်။အချစ်ရေးမှာ စိတ်ချမ်းမြေ့စရာများ ကြုံမှာဖြစ်ပြီး မိမိအပေါ် နားလည်မှုအပြည့်အဝရှိသူနဲ့ လက်တွဲရကိန်းရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ပြည်ပခရီးသွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အူလမ်းကြောင်းရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ - ဘုရားတွင် မုန့်ဟင်းခါး ကပ်လှူပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

ဒီရက်ပိုင်းမှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပါလိမ့်မယ်။ လုပ်ကိုင်သမျှ လုပ်ငန်းကိစ္စတွေကလည်းအဆင်မပြေမှုတွေကြုံရမှာဖြစ်ပြီး မိသားစု၊ ချစ်သူအစရှိတဲ့ သူတွေနဲ့လည်း ရန်ခဏခဏဖြစ်နေပါလိမ့်မယ်။အိမ်ထောင်ရေးအရှုတ်အရှင်းရှိနေပြီးအိမ်ထောင်ပြုဖို့ကြံရွယ်ထားသူတွေလည်း ကြန့်ကြာနေဦးမယ့်အချိန်ပါပဲ။ ချစ်သူမရှိသေးသူတွေအနေနဲ့လည်း တစ်ယောက်တည်းပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။အခက်အခဲတွေများစွာကြုံရနိုင်ပေမယ့် လုပ်ငန်းဆောင်တာတွေကိုပုံမှန်ပဲ ဆက်ပြီးလုပ်ဆောင်လိုက်ပါ၊ ကိုယ့်အပေါ်ကူညီနေသူတွေကိုလည်း ကျေးဇူးကန်းတဲ့အပြုအမူမျိုး ပြုမူမိတတ်လို့ သတိပြုသင့်ပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းကတော့ ကောင်းမွန်နေတဲ့နေ့ရက်ပါပဲ။

ယတြာ -အိမ်ရှိ ဖိနပ်အဟောင်းများစွန့်ပစ်လိုက်ပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

လုပ်ငန်းကနေ ငွေဝင်နေမှာဖြစ်ပြီး ငွေစုဖြစ်ပါလိမ့်မယ်။ မိသားစုုအတွက် ကူညီနေရမယ့်အချိန်ဖြစ်ပြီး ဝန်ထမ်းများလစာတိုးခြင်း၊ ထီပေါက်သလို ငွေဝင်ခြင်းမျိုး ကြုံရပါလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် ငွေကုန်မယ့် ကာလလည်းဖြစ်ပါတယ်။ သင်္ဘောသားများအနေနဲ့ ထိခိုက်ဒဏ်ရာ ရရှိတတ်ပြီး လုပ်ငန်းနားရတတ်လို့ သတိပြုရပါမယ်။ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်နေသူများအနေနဲ့လည်း ပြန်လာရကိန်းရှိနေပါတယ်။အိမ်အနီးအနားမှာ နာရေးရှိနေရင် ထီထိုးပေးပါ။ ဆွေမျိုးထဲမှ ငွေကြေးအခက်အခဲရှိသူကို ကူညီပေးရတတ်ပြီး ငွေစုငွေချေးလုပ်ငန်းများတွင် မြှုပ်နှံထားသောငွေများ ဆုံးရှုံးတတ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးသာယာနေပြီး ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ဘီစကစ် ကပ်လှူပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ကိုယ့်အပေါ်ကို တစ်ခြားသူတွေမြင်တဲ့အမြင်အပေါ် စိတ်တိုင်းမကျပဲအလိုလို ဒေါသဖြစ်နေပါလိမ့်မယ်။ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး သူတစ်ပါး ကိစ္စမှာ ဝင်ရောက်စွက်ဖက်မိရာကနေ ပြဿနာဖြစ်တတ်လို့ သတိပြုရပါမယ်။ စိတ်လှုပ်ရှားရင်ခုန်ဖွယ်အချစ်ရေးရာ ကိစ္စတွေလည်း ကြုံရမယ့်အချိန်ပါပဲ။အချစ်ရေး၊အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရမယ့်အချိန်လည်း ဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့မှုတွေအတွက် လူကြီးသူမတွေရဲ့အကြံဉာဏ်ယူသင့်ပါတယ်။ မိသားစု ၊ မိတ်ဆွေတွေက သင့်ကိုယုံကြည်ပြီး သင်လုပ်သမျှအကောင်းမြင်နေမယ့် ကာလလည်းဖြစ်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။

ယတြာ -အိမ်ရှိဘုရားမှာ သစ်သီး တစ်မျိုးမျိုး ကပ်လှူပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ကိုယ်အမှန်တကယ်နှစ်သက်မယ်ထင်ပြီး လုပ်ကိုင်လိုက်တာတွေကပဲ ကိုယ့်ကိုစိတ်ဖိစီးမှု ဖြစ်စေလို့ သတိထားသင့်တဲ့ နေ့ရက်ပါပဲ။ ဖြစ်နိုင်ရင်တော့ လုပ်ငန်းသစ်စတင်တာမျိုး တိုးချဲ့တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒီနေ့မှာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် ကိုယ်တိုင်ရှာဖွေနေရမယ့်အချိန်ပါပဲ။ တစ်ခြားသူတွေရဲ့အကြံပေးမှုတွေကိုအကောင်းမြင်လို့ မရဖြစ်နေပြီး ကိုယ့်ရဲ့အခက်အခဲကိုလည်း တစ်ခြားသူတွေနဲ့ ဝေမျှလိုစိတ်နည်းပါးနေပါလိမ့်မယ်။အချစ်ရေးမှာတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံရမှာဖြစ်ပြီး စိတ်လိုက်မာန်ပါ လမ်းခွဲတာမျိုးထက် နှစ်ဦးကြားဝေးကွာမှု ဖြစ်စေတဲ့အချက်ကို ရှာဖွေဖြေရှင်းသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဗိုက်အောင့်၊ လေနာရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ -အရဟံဂုဏ်တော်ကို သက်စေ့ ရွတ်ဆိုပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

စီးပွားရေးအိမ်ထောင်ရေးအားလုံးနီးပါးအဆင်ပြေနေမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေကနေလည်းအောင်မြင်မှုရရှိပါလိမ့်မယ်။ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး စပ်တူရှယ်ယာလုပ်ငန်းတွေမှာလည်းအမြတ်များနေပါလိမ့်မယ်။ ငွေဝင်များနေပေမယ့် မစုဖြစ်ပဲ ဖြစ်နေတတ်လို့ ရွှေစုထားသင့်တဲ့ ကာလပါပဲ။ ဝန်ထမ်းဖြစ်ပါကအထက်အရာရှိရဲ့ မျက်နှာသာပေးခြင်းခံရမှာဖြစ်ကာအလုပ်နေရာအပြောင်းအရွှေ့လည်းကြုံရကိန်းရှိနေပါတယ်။ ချစ်သူမရှိသေးသူများ ချစ်သူရလာမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့အိမ်ထောင်ဖက် ဖောက်ပြန်တတ်ပါတယ်။ ကျန်းမာရေး၊ ပညာရေးပိုင်းမှာတော့ ပုံမှန်ပဲ ရှိနေပါတယ်။

ယတြာ - ငါးလွှတ်ပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းပိုင်း လူမှုရေးပိုင်းအားလုံးကို ဘာမှဝင်မစွက်တာကအကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ ဒီရက်ပိုင်းဖြစ်ခဲ့တဲ့အချစ်ရေးဆိုင်ရာ ပြဿနာအခက်အခဲတွေကလည်း သင့်ကို ပင်ပန်းမှုပိုတိုးစေမှာပါပဲ။ ချစ်သူနဲ့ ထာဝရလက်တွဲဖို့ ရည်ရွယ်ထားသူတွေအနေနဲ့လည်း ရှေ့ဆက်လက်တွဲလို့မဖြစ်နိုင်တော့တဲ့အနေအထားကြုံလာရနိုင်ပါတယ်။ မိဘနဲ့ ပတ်ဝန်းကျင်ကလည်း ဖိအားပေးလာနိုင်လို့အချစ်ရေးနဲ့ ပတ်သက်ပြီး သေချာအချိန်ယူ စဉ်းစားသင့်ပြီးဆုံးဖြတ်တာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အချစ်သစ်လည်း တွေ့လာနိုင်တဲ့အချိန်ပါပဲ။ ပြဿနာတစ်ခုကို ကိုယ့်အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်တာမျိုးထက်အားလုံးရဲ့အကြံဉာဏ်နဲ့ဆုံးဖြတ်မယ်ဆိုရင် ဆုံးရှုံးမှုနည်းနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းစီးပွားပိုင်းမှာ လက်ရှိအလုပ်နဲ့ပဲ ရပ်ထားသင့်ပြီး လုပ်ငန်းတိုးချဲ့တာမျိုးတွေ မလုပ်သင့်ပါဘူး။ ပညာရေးကျန်းမာရေးကတော့ ကောင်းမွန်နေပါတယ်။

ယတြာ - ဘုရားတွင် ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

ဒီနေ့မှာအလုံးစုံအောင်မြင်မှုရရှိနေပါလိမ့်မယ်။ စိတ်ညစ်စရာတွေ ဝေးနေမှာဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ဂုဏ်တက်မယ့် နေ့ရက်လည်း ဖြစ်ပါတယ်။အလုပ်အတွက် ရွေးချယ်စရာတွေထပ်မံပေါ်ပေါက်လာမှာဖြစ်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့ လူကြီးသူမတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ချစ်သူနဲ့အိမ်ထောင်ဖက်ရဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိနိုင်ပြီး လုပ်ဖော်ကိုင်ဖက်တွေကလည်း သင့်ကိုအစစအရာရာ ကူညီပေးပါလိမ့်မယ်။ စိတ်ဖိစီးမှုအနည်းအကျဉ်းရှိနိုင်ပေမယ့်အားလုံးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့အပူရှပ်တတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ဆီထမင်း ကပ်လှူပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းကိစ္စတွေအတွက် ဆုံးရှုံးမှုတွေ ကြုံရနိုင်ပါတယ်။ ဘယ်ကိစ္စကိုမဆို စိတ်အေးအေးထား ဖြေရှင်းတာကအောင်မြင်မှု ရရှိစေမှာဖြစ်လို့ စိတ်လောကြီးပြီး လုပ်ကိုင်မှုမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့အလုပ်မှာရော လူမှုရေးပိုင်းမှာပါ ပိုပြီး ဆုံးရှုံးမှုကြီးမားလာနိုင်လို့ပါပဲ။ စပ်တူရှယ်ယာလုပ်ကိုင်တာမျိုး ရှောင်သင့်ပြီး လုပ်ငန်းတိုးချဲ့တာမျိုးကိုလည်း ချိန်ဆပြီးမှ လုပ်သင့်ပါတယ်။အချစ်ရေးမှာ ချစ်သူနဲ့အလုပ်တာဝန်တွေကို သင့်တင့်မျှတတဲ့အချိန်ပေးမှုမျိုးဖြစ်အောင် သတိပြုလုပ်ဆောင်သင့်ပါတယ်။ စီးပွားရေးပိုင်းမှာတော့အရှေ့ပိုင်းမှာ ကြုံခဲ့တဲ့အခက်အခဲတွေက လက်ရှိအနေအထားကို ပိုကောင်းအောင် ပံ့ပိုးပေးတဲ့အချက် ဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ရွှေရင်အေး ကပ်လှူပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းစတင်ဖို့အင်အားသစ်တွေ ပြည့်နှက်နေပါလိမ့်မယ်။ သင့်ရဲ့အကြံဉာဏ်တွေကလည်း ဒီအချိန်မှာအကောင်းဆုံး ဖြစ်နေမယ့်အချိန်ပါပဲ။အချစ်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လေးစားမှု ထားသင့်ပါတယ်။ ချစ်သူရဲ့ လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးခြင်းဖြင့်လည်း သူ့ရဲ့ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိပြီးအချစ်ရေးအဆင်ပြေပါလိမ့်မယ်။ လူတိုင်းကသင့်အပေါ်အကောင်းမြင်နေမှာဖြစ်ပြီး မိသားစုနဲ့ မိတ်ဆွေတွေရဲ့အခက်အခဲတွေကိုလည်း ကူညီခွင့်ကြုံမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အောင်မြင်မှုအပေါ် မနာလိုသူတွေရဲ့ တိုက်ခိုက်မှုတစ်ချို့ ကြုံရနိုင်လို့ သတိပြုသင့်ပါတယ်။ ပညာရေးအနေနဲ့အဆင့်မြင့်မြင့်အောင်မြင်ကိန်းရှိပြီး ကျန်းမာရေးအနေနဲ့ ခြေထောက်ထိခိုက်မိတတ်ပါတယ်။

ယတြာ -အိမ်ရှင်းပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး သူတစ်ပါး ကိစ္စမှာ ဝင်ရောက်စွက်ဖက်မိရာကနေ ပြဿနာဖြစ်တတ်လို့ သတိပြုရပါမယ်။အိမ်ထောင်ပရိဘောဂလုပ်ငန်း၊ စက်ပစ္စည်းလုပ်ငန်း၊ ကားဝပ်လျော့လုပ်ငန်းရှင်များကောင်းမွန်နေပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ သားသမီး ရတနာ ထွန်းကားကိန်းရှိပြီးအချစ်ရေးမှာတော့ စိတ်လှုပ်ရှားရင်ခုန်ဖွယ်အချစ်ရေးကိစ္စတွေ ကြုံရမယ့်အချိန်ပါပဲ။ ချစ်သူရဲ့ ထောက်ပံ့မှုနဲ့ ပညာရေးတဆင့်မြင့် တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ကျန်းမာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။

ယတြာ -အိမ်ရှိဘုရားမှာအုန်းထမင်း ကပ်လှူပေးပါ။

LEO




Some text some message..