Lotayamm

“ရာသီခွင် အလိုက်ဆင်မြန်းသင့်တဲ့ လက်ဝတ်ရတနာ”
lunge.media
|
2019-03-26



နက္ခတ်တာရာ နဲ့ ဗေဒင် လေ့လာချက်အရ လူတွေဟာ မိမိရာသီခွင်နဲ့ ကိုက်ညီတဲ့ ကျောက်မြတ်ရတနာ ကို ကိုယ်နဲ့မကွာဆောင်ထား ၊ ဝတ်ဆင်ထားမယ်ဆိုရင် ကျန်းမာရေး စီးပွားရေး နဲ့ လူမှုရေး တို့မှာ ကောင်းမွန် တိုးတတ်လာတယ်လို့ အဆိုရှိပါတယ် ။

Aries ( March 21 – April 19)

Aries ရာသီဖွားတွေဟာ တတ်ကြွရဲရင့်သူများဖြစ်ကြပြီး ရိုးသားဖြောင့်မှန်သူများဖြစ်ကြပါတယ် ။ သူတို့ဆောင်ထားသင့်တဲ့ ကျောက်မျက် ကတော့ ပတ္တမြား ဖြစ်ပါတယ် ။

Taurus ( April 20 – May 20)

ဒီ ရာသီဖွား အများစုဟာ အနုပညာ ကိစ္စရပ်တွေမှာ ထူးချွန်ကြပြီး ဝတ်ဆင်သင့်တဲ့ လက်ဝတ်ရတနာကတော့ ကျောက်စိမ်း နဲ့ မြ ဖြစ်ပါတယ် ။

Gemini ( May 21 – June 21)

Gimini တွေကို ချစ်စရာကောင်းပြီး Smart ကျသူများလို့ အများက သတ်မှတ်ကြပါတယ် ။ ဝတ်ဆင်သင့်တဲ့ ရတနာကတော့ အိုပယ်ကျောက်လို့ခေါ်တဲ့ ရောင်ပြေးကျောက်တွေပါ ။

Cancer ( June 22 – July 22)

Cancer ရာသီဖွားတွေဟာ တည်ငြိမ် ၊ နူးညံ့သိမ်မွေ့ သူများဖြစ်ကြပြီး ဆောင်ထားသင့်တဲ့ ရတနာကတော့ ပုလဲ ဖြစ်ပါတယ် ။

Leo ( July 23 – August 22)

Leo ရာသီဖွား တွေကတော့ သစ္စာရှိပြီး ဂုဏ်သိက္ခာကြီးမားသူများဖြစ်ကြပါတယ် ။ ဆောင်သင့်တဲ့ လက်ဝတ်ရတနာကတော့ ရွှေ ဖြစ်ပါတယ် ။

Virgo ( August 23 – September 22)

ဒီရာသီခွင်သမားတွေဟာ ပရဟိတ စိတ်ရှိကြပြီး လက်တွေ့သမားတွေဖြစ်ကြပါတယ် ။ ဝတ်ဆင်သင့်တဲ့ ရတနာကတော့ နီလာ နဲ့ ပယင်းဖြစ်ပါတယ် ။

Libra ( September 23 – October 23)

Libra ရာသီခွင် တွေကတော့ ကြင်နာနူးညံ့ သူများဖြစ်ကြပြီး ဆောင်ထားသင့်တဲ့ ရတနာကတော့ သန္တာကျောက် နဲ့ ပယင်းတို့ ဖြစ်ကြပါတယ် ။

Scorpio ( October 24 – November 22)

ဒီရာသီဖွားတွေက လျို့ဝှက် တတ်သူများဖြစ်ကြပြီး သီးသန့်လွတ်လပ်စွာ နေလိုသူများဖြစ်ကြပါတယ် ။ ဝတ်ဆင်သင့်တဲ့ ကျောက်မြတ်ရတနာ ကတော့ မဟူရာ ဖြစ်ပါတယ် ။

Sagittarius ( November 23 – December 21)

Sagittarius တွေက အကောင်းမြင်စိတ် ထက်သန်သူများဖြစ်ကြပြီး ဆင်မြန်းသင့်တဲ့ ရတနာကတော့ သီဟိုဠ် နီလာ ဖြစ်ပါတယ် ။

Capricorn ( December 22 – January 19)

Capricorn ရာသီခွင်သမားတွေဟာ ရက်ရော ဝေမျှ တတ်သူမျဖြစ်ကြပြီး ဆောင်ထားသင့်တဲ့ ကျောက်မြတ်ကတော့ ကျောက်စိမ်းနက် ဖြစ်ပါတယ် ။

Aquarius ( January 20 – February 18)

ဒီရာသီဖွားတွေက တည်ငြိမ် ရင့်ကျက်သူများဖြစ်ကြသလို ပေါင်းသင်းရလည်းလွယ်ကူကြပါတယ် ။ ဆောင်ထားသင့်တဲ့ ရတနာကတော့ ပုလဲနက် ဖြစ်ပါတယ် ။

Pisces ( February 19 – March 20)

Pisces တွေဟာ စိတ်ကူးယဉ် တတ်သူများဖြစ်ကြပြီး ကြင်နာတတ်သူများလည်း ဖြစ်ကြပါတယ် ။ ဆောင်ထားသင့်တဲ့ ရတနာကတော့ ဆင်စွယ်ရောင်ကျောက် ဖြစ်ပါတယ် ။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..