
၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၂၁-၄-၂၀၁၉ ) မှ ( ၂၇-၄-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
တနင်္ဂနွေသားသမီးများအိမ်ခြံမြေကိစ္စအမွေကိစ္စအတွက် ခရီးသွားရမည်။ ကျောက်မျက်ရတနာသွေးခြင်းနဲ့ ရောင်းဝယ်ခြင်း၊အိမ်ခြံမြေရောင်ဝယ်ခြင်း၊ စာပေဖြန်ချီရေးလုပ်ငန်းအကျိုးဖြစ်ပြီး ဝန်ထမ်းများအလုပ်ပြောင်းရန်ရှိပါက ခဏဆိုင်းငံ့ထားပါ ပြောင်းလိုက်ပါက ဟိုမရောက်ဒီမရောက်နှင့်အချိန်ကုန်ပါတယ်။အချစ်ရေးတွင်အထစ်အငေါ့ဖြစ်တတ်သည်။အိမ်ထောင်သည်များ ဆွေမျိုးများနှင့် ရန်များမည်။ မိခင်၏ ကျန်းမာရေးတော့ ဂရုစိုက်ပါ။ ကျန်းမာရေး မူးဝေတတ်သည်။
အကျိုးပေးဂဏန်း ➖ {၇-၉-၅}
အကျိုးပေးအရောင် -အနီရောင်
ဆောင်ရန် - မြေပဲယို့
ရှောင်ရန် -အရှေ့ မြောက်အရပ်
ယတြာ - သစ္စာပန်း၊ စပယ်ပန်း၊ ငွေပန်း ဘုရား ကပ်လှူပါ။
တနင်္လာသားသမီး
တနင်္လာသားသမီးများအလှကုန်ပစ္စည်းသစ်များ ထုတ်လုပ် ဖြန့်ချီလုပ်ငန်း၊ ရေတွင်း၊ ရေကန်၊အဝီစိတွင်း တူးလုပ်ငန်းနှင့်အစုရှယ်ယာဝင်ခြင်းများအကျိုးပြုမယ်။အချစ်ရေးအလွန်ညံ၏၊အိမ်ထောင်သည်များအတွက်ကတော့ မိသားစုသွေးချင်းထဲကအိမ်ထောင်ဘက်ကို ဒုက္ခပေးတတ်သည်။အင်္ဂါနံပစ္စည်းများ ဝယ်ယူစုဆောင်းခြင်း၊ ရောင်းဝယ်ခြင်း၊ သိုလှောင်ခြင်းများအရှုံးပေါ်တတ်။အစုစပ်ထီထိုးလျှင်လည်း ပေါက်တတ်ပါတယ်။ ကျန်းမာရေးကတော့အဆုတ်အအေးပတ်ရောဂါ ရတတ်ပါသဖြင့် ဂရုစိုက်လိုက်ပါ။
အကျိုးပေးဂဏန်း - {၅-၉-၇}
အကျိုးပေးအရောင် - နို့နှစ်ရောင်
ဆောင်ရန် - သံပုရာသီး (၁)လုံး
ရှောင်ရန် -အရှေ့အရပ်
ယတြာ - လာဘသိဒ္ဓိဂါထာရွတ်ပွားပြိး လိမ္မော်ရည် (၁)ခွက်၊ ဒံပေါက်ဆွမ်း ကပ်လှူပါ။
အဂါၤသားသမီး
အဂါၤသားသမီးများအချစ်ရေးမှာ ချစ်သူမရှိသေးသူများ ရှိသူတွေမည်။အချစ်ရေးစကားပြောဆိုခြင်းကောင်း၏။အိမ်ထောင်သည်တွေကတော့ သားသမီးကြောင့် စိတ်ချမ်းသာရတတ်ပါတယ်။အခုပတ်အလုပ်ပြောင်းရန်ရှိပါက ပြောင်းလိုက်ပါ ကောင်းပါတယ်။အိမ်ရောင်းရန်အဂါၤနံ၊ စနေနံပစ္စည်းများလည်း လက်ဆောင်ရတတ်ပါတယ်။ ရည်မှန်းထားသူနှင့် ချစ်သူဖြစ်မည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ကြသူများ၊ လုပ်ငန်းများအောင်မြင်အဆင်ပြေမည်။ ဝန်ထမ်းဖြစ်ပါက မိမိအထက်လူကြီး၏ မစခြင်းခံရမည်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင်ပါတယ်။ ရပ်ဝေးခရီးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေရရှိလာမှာ ဖြစ်ပါတယ်။ ကျန်းမာရေးကတော့အလေးအပင်မခြင်း နှှင့်၊အထိုင်အထ ဒူးနာ၊ ခါးနာ ဖြစ်တတ်ပါသဖြင့် ဂရုစိုက်ပါ။
၂၀၁၉
ခုနှစ် April (23)ရက် ဤနေ့ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထက်၊ ည (5:8)နာရီလွန် ဝိဝါဟမင်္ဂလာ၊ နှင့်အိမ်တက်၊အိမ်ပြောင်း၊ တံတားပြုပြင်ခြင်း၊ ပန္နက်ရိုက်၊ တိုင်ထူ၊ ကျောက်သွေးလောင်းခြင်းနဲ့ မျိုးစေ့ချ၊ပျိုးကြဲ၊ထွန်ချ၊အချစ်ရေးစကားပြောဆိုခြင်းကောင်း၏။
အကျိုးပေးဂဏန်း ➖ {၃-၅-၄}
အကျိုးပေးအရောင် -အဝါရောင်
ဆောင်ရန် - လိမ္မော်သီး (၁)လုံး
ရှောင်ရန် -အနောက်မြောက်အရပ်
ယတြာ - ပန်းသီး၊ လိမ္မော်သီး၊ မာလာကာသီး ကပ်လှူပါ။
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူးသားသမီးများ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုပါ။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့်အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး တော်တော်လေးကို ကြိုးစားမှအောင်မြင်နိုင်ခြေရှိနေပါတယ်။ ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တစ်ခုက သူတစ်ပါးရဲ့အချစ်ရေး၊အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တတ်လို့ သတိပြုပါ။ ကျန်းမာရေးကတော့အကြောတက်စာများစားမိ၍အကြောတက်တတ်ပါသဖြင့် ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း ➖ {၅-၄-၉}
အကျိုးပေးအရောင် - ဗေဒါရောင်
ဆောင်ရန် - မလာကာသီး (၁)
ရှောင်ရန် - မြောက်အရပ်
ယတြာ - ချမ်းသာကြီးဂါထာရွတ်ပွားပြီး မုန့်ကုလားမည်း ဆွမ်း ကပ်လှူပါ။
ကြာသပတေးသားသမီး
ကြာသပတေးသားသမီးများ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေကတော့ ငွေလိမ်ခံရကိန်းရှိနေပါတယ်။ ဆန်လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ သတိပြုသင့်ပါတယ်။ မိမိချစ်သူ၏အလိုလိုက်မှုကို ခံရမည်။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကောင်းသောခရီးသွားရမည်။ ဗုဒ္ဓဟူးနေ့ ကိုရှောင်ပြီးသွားပါ။ ရွှေဝင်လျှင် ကောင်းသော်လည်း သားသမီးနှင့် မိဘကျန်းမာရေး ထိခိုက်နိုင်တတ်ပါသဖြင့် ကုသိုလ်ယူဒါနအလှူအတန်းပြုပါ၊အစားမှား၍ ဝမ်းပျက်တတ်ပါတယ်။ ဝက်သားရှောင်ပါ။
အကျိုးပေးဂဏန်း ➖ {၅-၉-၆}
အကျိုးပေးအရောင် - မီးခိုးရောင်၊
ဆောင်ရန် - ဇော်စိမ်းညွန့်
ရှောင်ရန် - တောင်အရပ်
ယတြာ - ထောပတ်သီး၊ ထန်လျှက်၊ ထိုးမုန့် ကပ်လှူပါ။
သောကြာသားသမီး
သောကြာသားသမီးများ မိတ်ကောင်းဆွေကောင်းများ၏ ကူညီမစမှုရတတ်ပါတယ်။ ကွဲကွာနေသော မိတ်ဆွေများနှင့် ပြန်ဆုံရမည်။အမွေရကိန်းရှိ၊ ငွေနံအထူး ကောင်းပြိး မိတ်ဆွေကောင်း ဆရာကောင်း၏ ကူညီမစပေးခြင်းခံရမည်။ မိမိရည်မှန်းထားသူနှင့် လွဲတတ်သည်။အထူး လူငယ် ပျိုရွယ်သူတွေအဖို့အလွန်စန်းပွင့်သောကာလကို ရောက်ရှိနေ၍အိမ်ထောင်သည်များအတွက်အထူးဂရုစိုက်ပါ။ လူငယ်များ ညီကိုမောင်နှမများနှင့် စကားများရတတ်ပါတယ်။ ကျန်းမာရေးမှာအရေပြားအဖုအပိန့် ယားနာဖြစ်တတ်ပါ၍ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း ➖ {၆-ဝ-၁}
အကျိုးပေးအရောင် - ခရမ်းရောင်
ဆောင်ရန် - ရှောက်ယို
ရှောင်ရန် -အနောက်အရပ်
ယတြာ - ဘုရားတွင် ကန်ဇွန်းညွန့်၊ ကြံတစ်ချောင်း ပူဇော်ကပ်လှူပါ။
စနေသားသမီး
စနေသားသမီးများ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။ လုပ်ငန်းများပြောင်းလဲ လုပ်ကိုင်ရန် မသင့်သေးပါ။ မိတ်ဆွေဟောင်း နှင့် ချစ်သူများ၏အကူအညီအားပေးမှုအပြည့်အဝရရှိမည်။အထူး ချစ်သူကျန်မားရေးအတွက်စိတ်ပူရတတ်။အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးပါ။ ကြားကနေအာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့အထူး ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါမည်။ ကျန်းမာရေးမှာအဆုတ်နဲ့ ပတ်သက်သောဝေဒနာ ဖြစ်တတ်ပါသဖြင့် ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း ➖ {၄-၁-၈}
အကျိုးပေးအရောင် - နက်ပြာရောင်
ဆောင်ရန် - ကန်ဇွန်းညွန့်
ရှောင်ရန် -အရှေ့မြောက်အရပ်
ယတြာ - ဘုရားမှ ပေါက်ပေါက်၊ သလဲသီး ကပ်လှူပါ။
ရာဟုသားသမီး
ရာဟုသားသမီးများအလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ ဘယ်လိုကိစ္စမျိုး မဆိုအဆင်ပြေပြေနဲ့ ပြီးဆုံးသွားမည်။ လုပ်ငန်းတိုးချဲ့မှုပိုင်းအောင်မြင်နိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးမယ်။ ချစ်သူနဲ့အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်ပြီးအချစ်ရေးတွင် ကြားလူဖျက်၍ ပျက်တတ်သည်။ မနာလိုသူတစ်စု၏ စွပ်စွဲပြောဆိုတာခံရတတ်။ လူကြီးသူမများထံမှ မမျှော်လင့်သောအကူအညီများ ရတတ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းလည်း တိုးတက်မှု ရှိပါတယ်။ သို့သော်အချိန်မတော် ရေချိုးမှား၍လည်း လေခိုခြင်း၊ ဖျားတတ်ခြင်း ဖြစ်တတ်၍ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း - {-၄-၅-၉}
အကျိုးပေးအရောင် - ဗေဒါရောင်
ဆောင်ရန် - မာလကာသီး
ရှောင်ရန် - မြောက်အရပ်
ယတြာ - ချမ်းသာကြီးဂါထာရွတ်ပွားပြီးအိမ်ဘုရားမှာ နန်းကြီးသုပ် ကပ်လှူပါ။