
၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၉-၅-၂၀၁၉ ) မှ ( ၂၅-၅-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
တနင်္ဂနွေသားသမီးများ ကိုယ်လုပ်နေသည်လုပ်ငန်းမှအောင်မှုရှိသည် သို့သော်အကြောင်းအရာ တစ်ခုခုကြောင့် ဗျာပါဒများပြီး ဒုက္ခကိန်းရင်ဆိုင်ရတတ်သည်။ ရိုးရာဓလေ့ကြီး နတ်ဒေဝဒါ ဆိုင်ရာ မင်းပူဇော်ခြင်း လုပ်ငန်းအကျိုးပေး၍အုတ်သဲကျောက်လုပ်ငန်းနှင့် ဘုရားဆင်းတုတော် ထုလုပ်ငန်းအနုပညာလုပ်ငန်းများအကျိုးအမြတ်ရရှိမည်။အရှေမြောက်အရပ်အကျိုးပေး၊အနောက်တောင်အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။အိမ်အဆောက်အဦးလုပ်ကိုင်သူများ သတိနှင့်အလုပ်ပါ။ ခြေချော်လက်ချော်အမြင့်ပေါ်မှာ ကျတတ်၍ ကိုုယ်ခန္ဓာထိခိုက်တတ်သည်။အချစ်ရေး၊ ပညာရေးကောင်း၏။ ပညာရေးကံကောင်းပါသည်။ သင်တန်းကိစ္စ၊အင်တာဗျူးကိစ္စများအဆင်ပြေ
အောင်မြင်ကိန်းရှိပါသည်။အိမ်ထောင်ရေး ဝမ်းသာရပါလိမ့်မည်။အထူးအတူနေမိသားစုအိမ်ထောင်ရေးနှစ်ဆက်ရှိသူများအမွေအနှစ်ပြဿနာများရင်ဆိုင်ရတတ်သည်။ မိမိ မိသားစုကို ပတ်ဝန်းကျင်က သွေးထိုးမှုပြသာနာဖြစ်အောင်လုပ်တတ်သည်။ မိသားစုတွင် နာမည်ပျက် ဂုဏ်သိက္ခာ ကျဆင်း ဖြစ်တတ်သည်။ မိဘတွေ့မကြာခဏကျန်မားရေးညံ့တတ်သည်။ သွေတိုး၊ဆီးချို ဝေဒနာရှင် ဂရုစိုက်သင့်။အစားအသောက် သတိထား၍ သုံးဆောင်သင့်သည်။၁၃၈၁ခု ကဆုန်လဆုတ်(၁)ရက် တနင်္ဂနွေနေ့ ဤတစ်ရက်တွင် ရှောင်ရန် - တစ်နေ့လုံးအချိန်အခါမကောင်းပါ။သို့ကြောင့် ရင်းနှီးမြှုပ်နှံမှုကြီးသော လုပ်ငန်းကြီးများ နှင့် မင်္ဂလာကိစ္စများ ရှောင်ကြည့်သင့်ပါသည်။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဘုရားမှာအုန်းညွန့်၊ သပြေ၊ သြဇာညွန့် ကပ် လှူပြီးသွားပါ။ ထိုအညွန့်များဆောင်နိုင်သည်၊
အကျိုးပေးဂဏန်း {၃-ဝ-၉}
အကျိုးပေးအရောင်အနီ၊အဝါရောင်
ရှောင်ရန်အနောက်တောင်အရပ်
ယတြာ ဘုရားမှာအုန်းညွန့်၊ သပြေ၊ သြဇာညွန့် (၆)ညွန့်စိ ခရမ်းသီးဆွမ်း ကပ်လှူပြိး လို့ရာဆုတောင်းပါ။
တနင်္လာသားသမီးများ
တနင်္လာသားသမီးများ ငွေရေးကြေးရေး ကိစ္စနှင့် ဒုက္ခအမျိုးမျိုးကို ကြုံးတွေ့ရတတ်ပါသည်။ တနင်္လာနံ လုပ်ငန်းများအကျိုးမြတ်နည်း ဆှုံးရှုံများခြင်းနှင့် ငွေကြေးလုပ်ကိုင်သူများအထူသတိနှင့် ဂရုတစိုက် လုပ်ကိုင်ပါ။အလုပ်တွေပြုတ်သွားတတ်ပါတယ်။အလုပ်အကိုင်ကိစ္စပတ်သက်မနာလိုသူများတတ်သည်။ လက်ရှိအချိန်တွင် လက်ထဲမှာငွေရသလောက်မမြဲပါ။ ဝင်ငွေနှင့် ထွက်ငွေ မမျှတပါ။ စီးပွားရေး၊အလုပ်အကိုင်နှင့်ပတ်သက်ပြီး လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော လုပ်ငန်း၊အထည်အလိပ်နှင့် ပတ်သက်သော လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း၊ ပြည်ပနှင့်ပတ်သက်သော လုပ်ငန်းများအဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။အချစ်ရေးပတ်သက်ပြီး တနင်္လာသမီးတွေ့အလွန်းဝမ်းနည့်ကြေးကွဲ့မည်။ မျော်လင်းထားသများရေးစုံမျော်သွားတတ်သည်။အိမ်ထောင်ကံ ကောင်းပြိး ကျန်းမာရေးမှာတော့ ရေပြောင်းမြေပြောင်းကြောင့်ဖြစ်တတ်တဲ့ရောဂါတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။
အနောက်အရပ်အကျိုးပေး၊အရှေ့အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌အရှေအရပ် မျက်နှာမူကာ ရေဘူး တစ်ဘူးဆောင်သွားပါ။
အကျိုးပေးဂဏန်း {၉-၄-ဝ}
အကျိုးပေးအရောင်အဖြူ၊ ခရမ်းရောင်၊
ရှောင်ရန်အရှေ့အရပ်
ယတြာအရှေအရပ် မျက်နှာမှုကာ လာဘသိဒ္ဓိဂါထာရွတ်ပြီး ရေသက်စေ့နှင့် ကြံညွန့်(၁၂)ညွန့် ကပ်လှူပြီး လိုရာဆုတောင်းပါ။
အဂါၤသားသမီးများ
စီးပွားရေးလုုပ်ငန်းများသည် ကံကြမ္မာကအလုပ်သစ်စီးပွားသစ်ကိုပိုဦးစားပေးတတ်ပါတယ်။အဆောက်အဦးနှင့်ပတ်သက်သော လုပ်ငန်း၊ တိုက်တာဆောက်လုပ်ခြင်း၊အိမ်သစ်ဆောက်လုပ်ခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ မြေယာနှင့်ပတ် သက်သောလုပ်ငန်း၊ ပွဲစားလုပ်ငန်း၊ ပွဲရုံလုပ်ငန်း၊အောင်မြင်ကိန်းရှိပါသည်။ မိမိလုပ်ဆောင်သမျှကိုအမျိုးသမီးတစ်ဦးမလိုက်လံကူညီတက်သည် ။ စပ်တူချဲရာလုပ်ငန်းများအကျိုးပေးကိန်းရှိသည်။ ကိုကိုယ်ကိုတစ်ဦးထဲလုပ်နေပါကဒုက္ခအမျိုးမျိုးကိုရင်ဆိုင်နေရတတ်သည်။ စက်ပစ္စည်းပတ်သက်ပြီးခဏခဏငွေထွက်တတ်သည်။ ချစ်သူ၊ သမီးရည်းစားများအဆင်မပြေဖြစ်တတ်သည်။ စနေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများနှင့်ချစ်သူဖြစ်လျှင်အဆင်မပြေဖြစ်ပြီး ပြတ်သွားတတ်ပါသည်။ ကျန်းမာရေးကတော့ မိမိရဲ့စိတ်အပေါ်မှာ မူတည်ပါတယ်။ ဖြစ်နိုင်တာကတော့ စိတ်နုသူတွေက ဥပါဒါန်အစွဲကြောင့် ဖြစ်တတ်တဲ့ရောဂါတွေများနေတတ်ပါတယ်။
အရှေ့တောင်အရပ်အကျိုးပေး၊အနောက်မြောက်အရပ် ရှောင်ပါ။အရှေ့အရပ် စန်းပွင့်၏။
မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ နေအိမ်မှ မထွက်မီအလင်းတန်းတစ်ခုကြည့်ခြင်း ဆောင်ရွက်ပြီးမှ ပိတောက်ရွက်ဆောင်သွားပါ။
အကျိုးပေးဂဏန်း {၆-၃-၉}
အကျိုးပေးအရောင် ဖက်ဖူးရောင် ရွှေအိုရောင်
ရှောင်ရန်အနောက်မြောက်အရပ်
ယတြာ ယတြာ ချမ်းသာဂါထာရွတ်ပွားပြိးအိမ်ဘုရားမှာ မုန်းဟင်းခါး ကပ်လှူပါ။
ဗုဒ္ဓဟူးသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ လုပ်ငန်းအသစ်များကြုံးတွေ့ရတတ်သည်။ စီးပွားရေး လုပ်ငန်းများ ပြန်လည် ဦးမော့လာမည်။ နိုင်ငံရပ်ခြားသွားရောက်လုပ်ကိုင်သော်လုပ်ငန်းများအကျိုးပေးတတ်သည်။ နိုင်ငံခြားမှာအလုပ်အကိုင်လုပ်နေပါက ပြန်လည့်တိုးတတ်လာတတ်သည်။ စနေနံ သက်ရှိ၊ ဒြပ်ရှိ၊ ဒြပ်မဲ့အဖိုးတန်ပစ္စည်းရအံ့။ ဝင်လာလိမ့်မည်။ လူငယ်အချစ်ရေးပတ်သက်ပြီးကိုအချစ်ဟောင်း နဲ့ကွဲနေရတတ်သည်။အချစ်ရေးတွင်အချစ်အသစ်အားကိုယ်မိရင် ဒုက္ခရောက်ရတတ်သည်။အိမ်ထောင်ရှင်မများအိမ်ထောင်ရေးအဆင်ပြေပြီးအိမ်ထောင်ရှင်အမျိုးသားများ ဆန်းပွင့်ကိန်းရှိသော ကာလဖြစ်ပါသည်။ ကျန်းမာရေး ရောဂါဗေဒအရတော့ညံ့နေတာမျိုးတွေ မတွေ့ပါဘူး။ ဥပမာအနေနဲ့ ဗိုက်လေးအနည်းငယ်အောက်ပြီဆိုတာနဲ့အစာအိမ်များဖြစ်နေတာလားအူအတက်များ ယောင်နေလားဆို ပြီးစိုးရိမ်စိတ်ဖြစ်နေတတ်သည်။ ယာယီ ရိုးရိုးဗိုက်နာခြင်းဖြစ်ပါလိမ့်မည်။ တောင်အရပ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။အရှေ့အရပ် စန်းပွင့်၏။
မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ မြောက်အရပ် မျက်နှာမှုကာ ဘုရားမှာ သီးညွန့်၊ သလဲညွန့်၊ သက်ကယ်ညွန့် လှူပြီးသွားပါ။ ထိုအညွန့်များ ဆောင်နိုင်သည်။
အကျိုးပေးဂဏန်း {၈-၁-၄}
အကျိုးပေးအရောင်အစိမ်းရောင်၊ မိုးပြာရောင်၊
ရှောင်ရန် မြောက်အရပ်
ယတြာ မြောက်အရပ် မျက်နှာမှုကာ ဘုရားမှာ သီးညွန့်၊ သလဲညွန့်(သို့)၊ သက်ကယ်ညွန့် (၂၁)ညွန့်၊ သဘောၤသီးစိပ် ကပ်ပြီး လိုရာဆုတောင်းပါ။
ကြာသပတေးသားသမီးများ
ကြာသပတေးသားသမီးများ ငွေရေး၊ ကြေးရေးကံမကောင်းပါ။အကြွေးတင်ခြင်း၊အကြွေးပေးစရာရှိခြင်းများ ကြုံရတတ်ပါသည်။ မိမိကမိသားစုအပေါ်လုပ်ကိုင်ကျွေးမွေးချင်စိတ်ရှိသည်သို့သော်ပြသာနာအမျိုးမျိုးကြောင့်ဒုက္ခရောက်တတ်သည်။ ရပ်ဝေးမှ ဆွေမျိုးသား ချင်း များနှင့်လည်းတွေ့ရကိန်းရှိပါ သည်။အကူညီရမည်။ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ စက်ပစ္စည်း၊ စပ်တူရှယ်ယာလုပ်ငန်းများအဆင်ပြေအောင်မြင်ကိန်းရှိသော ကာလဖြစ်ပါသည်။အခုပတ်လူငယ်များအချစ်ရေးစကားပြောဆိုခြင်းကောင်း၏။ သာယာမည်။ ဆန်းပွင့်ခြင်းတို့ကြုံရကိန်းရှိသည်။အိမ်ထောင်ရေး တစ်ယောက်နှင့်တစ်ယောက်စိတ်တိုင်းမကျမှု ပြသာနာဖြစ်ရတတ်သည်။ မမျှော်လင့်ဘဲအိမ်ထောင်ရေးကွဲရတတ်သည်။ ပြာဿနာကြုံတွေ့ရတတ်သည်။အထူးဂရုစိုက်ပါ။ ဗုဒ္ဓဟူးသားသမီးများအထူးဂရုစိုက်ပါ။ ရွှေအဝင်မကောင်း၊ ရွေရတတနာ ထွက်ရှိ၊အကျအပျောက်အခိုး သတိထား၍ တောင်ဘက်အရပ်အသုဘရှိ ရှောင်ကြည့်ပေးပါ။ ကျန်းမာရေး ကောင်းထားသည်။ မြောက်အရပ်အကျိုးပေး၊ တောင်အရပ် ရှောင်ပါ။အရှေ့နှင့်တောင်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဘုရားမှာ နှင်းဆီးပန်း၊ မေမြို့ပန်း ၃ပွင့်စိ လှူပြိးသွားပါ။ ထိုအညွန့်ပန်းများ ဆောင်နိုင်သည်။
အကျိုးပေးဂဏန်း {၃-၉-၈}
အကျိုးပေးအရောင် ဖက်ဖူးရောင်၊ ကြည်ပြာရောင်
ရှောင်ရန် တောင်အရပ်
ယတြာအိမ်ဘုရားမှာ နှင်းဆီးပန်း၊ မေမြို့ပန်း (၉)ပွင့်စိ ကံပွင့်ဂါထာရွတ်ပွားပြိး ကပ်လှ၍ လိုရာဆုတောင်းပါ။
သောကြာသားသမီးများ
သောကြာသားသမီးများ မျှော်လင့်ချက်များပြီးပြည့်စုံမည့်ကာလဖြစ်သည်။ မိမိဖြစ်ချင်သောအရာမှန်သမျှ ယခုကာလအတွင်းထူးခြားတိုက်ဆိုင်စွာ ပြည့်ဝတက်သည်။အလုပ်အကိုင်ပြောင်းရွှေ့ချင် စိတ်များဖြစ်နေတတ်ပါသည်။ မပြောင်းသင့်ပါ။
မိမိလုပ်ဆောင်မှုတိုင်း၌ စိတ်ပါလက်ပါရှိပါ။အိမ်ကိစ္စ၊အဆောက်အဦးကိစ္စများ၊ ဆိုင်ခန်းကိစ္စများအဆင်ပြေအောင်မြင်မည်။ ပြီးခဲ့သည့်လများမရခဲ့သော ရစရာရှိ သောငွေများ ဆုံးရှုံးသွားသောငွေများနှင့်ရွှေများပြန်လည်ရရှိခြင်း ဝင်ကိန်းရှိသည်။အချစ်ကိစ္စများနှင့်ပတ်သက်ပြီ တကယ်ချစ်နေသူများအမြဲတမ်း လက်တွဲလာ ချစ်သူများအကြောင်းအမျိုးမျိုးကြောင့် ပြသာနာတစ်စုံတစ်ခုပြသာနာကြုံးတွေ့ရတတ်သည်။အိမ်ထောင်ရေးသာယာစိုပြည့် ချမ်းသားသုခရမည်။အိမ်ထောင်ရှိသူများ သား၊သမီးရကိန်းရှိပါသည်။ ကျန်းမာရေးအသင့်တင့်ကောင်း၏။
အရှေ့အရပ်အကျိုးပေး၊အနောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။
မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဘုရားမှာ စံပယ်ညွန့်၊ ဇွန်ညွန့် စတော်ဘယ်ရီ ၁ဘူး လှူပြီးသွားပါ။ ထိုအညွန့်များ ဆောင်နိုင်သည်။
အကျိုးပေးဂဏန်း {၆-၉-၈}
အကျိုးပေးအရောင်အညို၊ ပန်ရောင်၊
ရှောင်ရန်အနောက်အရပ်
ယတြာ ဘုရားမှာ မောရသုတ်ရွတ်ပွားပြိး စံပယ်ညွန့်(သို့)၊ ဇွန်ညွန့်(၈)ညွန့် စတော်ဘယ်ရီ (၁)ဘူး ကပ်လှ၍ လိုရာဆုတောင်းပါ။
စနေသားသမီးများ
စနေသားသမီးများ ဒွန်းစဏ္ဍားအကောင်းနှင့်အဆိုး ဒွန်တွဲထား၍ ကိုယ်ပြန် ရစရာငွေများနှင့်ပြသာနာအမျိုးမျိုးရင်ဆိုင်နေရတတ်သည်။ မိမိ၏မိသားစုအတွက်ငွေရေးကြေးရေးအခက်ခဲ ပြသာနာများ ရင်ဆိုင်ရတတ်ပါသည်။ နိုင်ငံခြားလုပ်ငန်း၊ လူမျိုးခြားနှင့်ပတ်သက်သောလုပ်ငန်း၊အစိုးရနှင့်ပတ်သက်သောလုပ်ငန်းများအောင်မြင်ကိန်းရှိ၊အင်တာဗျူး ဖြေမည့်သူများအောင်မြင် ကိန်းရှိပါသည်။ တစ်ခါတစ်ရံအိမ်မှာမနေလိုစိတ်၊ ခရီးထွက်ချင်စိတ်များ ဖြစ်နေတတ်သည်။အကြွေးမှီ ကိစ္စများနှင့်အချေးအငှား ကိစ္စများမလုပ်ပါနှင့်။ ကြာသပတေး၊ တနင်္လာ ငွေမချေးပါနဲ့။ စက်ပစ္စည်းနှင့်ပတ်သက်လို့ ငွေကြေးကုန်ကျများရတတ်ပါသည်။ ပညာရေးကံမကောင်းပါ၊ သင်တန်းတတ်ရန် ကိစ္စများပျက်သွားကိန်းရှိသည်။ ကျန်းမာရေးကတော့ သွားကိုက်တာ၊ သွားဖုံးနာတာဖြစ်တတ်ပါတယ်။ ခရီးသွားရင် ငှက်ဖျားရှိတဲ့နေရာတွေရှောင်ပါ။
အနောက်တောင်အရပ်အကျိုးပေး၊အရှေ့မြောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။
၂၀၁၉ခုနှစ် May (25)ရက် ဤနေ့သည်အဓိဌာန်ဝင်ခြင်း၊ သဒ္ဓိတင်၊ ရှင်ပြုနားသ၊ စေ့စပ်၊ လက်ထက်၊ ည(၈း၃၄)နာရီလွန် ဝိဝါဟမင်္ဂလာ ပန္နက်ရိုက်၊ တိုင်ထူ၊ ကလေးထမင်းခွံ၊ ကင်းပွန်းတပ်၊အဝိစီတွင်းတူခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊အစုရုယ်ဝင်ခြင်း၊ ထီးထိုး၊ လက်မှတ်ထိုးခြင်း၊အလုပ်လျှောက်ခြင်း၊အာမခံ၊ ခရီးသွားလာခြင်း၊ နာမည့်မှည့်၊အချစ်ရေးပြောဆိုခြင်းကောင်း၏။
မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ ဒန်းညွန့်၊ နှင်းဆီပန်းများ ဘုရားကပ်လှူပါ။ ထိုပန်းအညွန့်များ ဆောင်သွားနိုင်သည်။
အကျိုးပေးဂဏန်း {၈-၄-၁}
အကျိုးပေးအရောင်အပြာနုရောင်၊အဖြူရောင်
ရှောင်ရန်အရှေ့မြောက်အရပ်
ယတြာအိမ်ဘုရားမှာ ရတနာသုတ်ရွတ်ပွားပြီး ဒန်းညွန့်(သို့)နှင်းဆီပန်း(၁၀)ပွင့်ညွန့်စီ ကပ်လှူ၍ လိုရာဆုတောင်းပါ။
ရာဟုသားသမီးများ
ရာဟုသားသမီးများအလုပ်အကိုင်များအဆင်ပြေမလိုလိုနှင့်အဆင်မပြေဘဲရှိနေတတ်ပါသည်။
မထင်မှတ်ဘဲ ဘုရားဖူးခရီး၊ ရပ်ဝေးခရီးသွားရကိန်းလည်း ရှိပါသည်။အင်တာဗျူးကိစ္စ၊ သင်တန်းကိစ္စများ စီစဉ်ပြီး လုပ်ဖြစ်ရန် ကြံကြာနေတတ်ပါသည်။ ကား၊ ကွန်ပျူတာ၊ ဖုန်းနှင့် ကင်မရာများလုပ်ငန်အဆင်ပြေကိန်း ရှိသည်။ ချစ်သူမရှိသူများကတော့အချစ်သစ်တွေ့မည်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး ချစ်သူရှိက မထင်မှတ်ဘဲအဆင်မပြေခြင်း၊ ပျက်သွားခြင်းများ ကြုံရတတ်ပါသည်။ မိမိထက်ငယ်ရွယ်သူများနှင့်အဆင်ပြေတတ်ပါသည်။ ကြီးသူများအချစ်ပြဿနာတတ်လိမ့်မယ်။အိမ်ထောင်ရှိသူများအိမ်ထောင်ဖက်နှင့်ပတ်သတ်ပြီး စိတ်အနှောင့်အ ယှက်ဖြစ်ရ၊ စကားများရတတ်ပါသည်။ ကျန်းမာရေးနှင့်ပတ်သက်ပြီး ငွေအထွက်များခြင်း၊ ငွေကြေးပေး စရာရှိသည်ကို မပေးနိုင်ခြင်းများ ကြုံရတတ်ပါသည်။ တောင်အရပ်အကျိုးပေး၊အနောက်အရပ် ရှောင်ပါ။အရှေ့အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဘုရားမှာ သလဲသီး၊ ပေါက်ပေါက်၊ သံပုရာသီး ၁လုံး လှူပြီးသွားပါ။
အကျိုးပေးဂဏန်း {၄-၁-၈}
အကျိုးပေးအရောင် စိမ်းနုရောင်၊အပြာရောင်၊
ရှောင်ရန် မြောက်အရပ်
ယတြာ မြောက်အရပ် မျက်နှာမှုကာ ဘုရားမှာ လိုတရဂါထာရွတ်ပွားပြီး ပေါက်ပေါက်၊ သလဲသီး(၁)လုံး၊ သံပုရာသီး (၁)လုံး လှူပြီးသွားပါ။