အောက်တိုဘာလ ၂၃ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2018-10-23




အောက်တိုဘာလ ၂၃ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စတဲ့ ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်းအောက်တိုဘာလ ၂၃ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေး ကြည့်ရအောင် ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

ကံကောင်းနေပေမယ့် ဝီရိယစိုက်ထုတ်မှုအားနည်းတာကြောင့် ပညာရေး၊ လုပ်ငန်းခွင်ရာထူးတိုးတက်မှုပိုင်းမှာ နှောင့်နှေးနေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တာ၊ သွားနဲ့ပတ်သက်တဲ့ရောဂါမျိုးဖြစ်ပွားတတ်ပါတယ်။ဒီနေ့မှာ လုပ်ငန်းချဲ့ထွင်မှုများအကျိုးပေးပါလိမ့်မယ်။ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ နာမည်ကျော်ကြားကိန်းရှိပြီး လုပ်ငန်းကိစ္စတွေလည်း လုပ်ဆောင်အောင်မြင်မယ့် နေ့ရက်ပါပဲ။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်းဖြင့်အောင်မြင်မှု ရရှိပါလိမ့်မယ်။အချစ်ရေးမှာအသည်းနှလုံးထက် ဦးနှောက်ကိုဦးစားပေးရွေးချယ်ဆုံးဖြတ်မှသာအဆင်ပြေမှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် သောက်တော်ရေ ၃ခွက် ကပ်လှူပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

လူပျိုကြီး၊အပျိုကြီးများအိမ်ထောင်ကျကိန်းရှိပြီး ပျိုရွယ်သူတွေအနေနဲ့အချစ်ရေး၊မေတ္တာရေးကိစ္စတွေမှာ စိတ်ချမ်းမြေ့ရမယ့် နေ့ရက်ပါပဲ။ ဝေးကွာနေတဲ့အချစ်ဟောင်းနဲ့လည်း ပြန်လည်ဆုံစည်းရကိန်းရှိပါတယ်။ ရည်မှန်းချက်များအောင်မြင်မှာဖြစ်ပြီး ဆောင်ရွက်သမျှ ကိစ္စတိုင်းအတွက် ထူးကဲတဲ့အောင်မြင်ခြင်းမျိုး ကြုံရပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်းသစ်တက်ရောက်ခြင်းများမှ ရာထူး တိုးတက်ဖို့ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ရည်ရွယ်ထားရင်လည်း ရဲရဲပဲ တိုးချဲ့လိုက်ပါ။အောင်မြင်မှု ရပါလိမ့်မယ်။အတတ်ပညာကိုအခြေခံပြီး ဘဝတိုးတက်မှု ရရှိမယ့်အချိန်ဖြစ်ပြီးအပြိုင်အဆိုင်အားလုံးကို ကျော်ဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးမိတတ်ပါတယ်။

ယတြာ - ခိုစာကျွေးပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

ရန်အနှောက်အယှက်များနေပြီး လက်ရှိလုပ်နေတဲ့ ကိစ္စတစ်ချို့ ရပ်တန့်သွားနိုင်တဲ့အထိပဲ ဖြစ်ပါတယ်။ မနာလိုသူပေါများနေပြီး ရေနဲ့ပတ်သက်တဲ့ ခရီးလမ်းရှောင်ရှားသင့်ပါတယ်။အချစ်ရေးမှာ မိမိရွေးချယ်လိုက်တဲ့ချစ်သူကို မိသားစုအသိုင်းအဝိုင်းကနေ လက်မခံတာမျိုး ကြုံနိုင်ပြီး ရုတ်တရက်အိမ်ထောင်ကျကိန်းလည်း ရှိနေပါတယ်။ ဒါပေမယ့်အချစ်ရေး၊အိမ်ထောင်ရေးအနည်းငယ်ညံ့နေလို့ ရေရှည်မမြဲနိုင်ပါဘူး။အောင်မြင်မယ်လို့ မှန်းထားတဲ့ကိစ္စတွေ ဆုံးရှုံးမှု ကြုံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါသတိပြုသင့်ပါတယ်။ ချော်လဲတာကနေ ရက်ရှည်ဆေးရုံတက်ရကိန်းရှိလို့ သတိထားပါ။

ယတြာ -အိမ်ရှိဘုရားတွင် တံခွန်တိုင် ကပ်လှူပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်းဖြင့်အောင်မြင်မှု ရရှိပါလိမ့်မယ်။အချစ်ရေးမှာအသည်းနှလုံးထက် ဦးနှောက်ကိုဦးစားပေးရွေးချယ်ဆုံးဖြတ်မှသာအဆင်ပြေမှာဖြစ်ပါတယ်။ နီးစပ်မှုပေါ်မူတည်ပြီးလည်းအိမ်ထောင်ကျကိန်းရှိနေပါတယ်။ ကံကောင်းနေပေမယ့် ဝီရိယစိုက်ထုတ်မှုအားနည်းတာကြောင့် ပညာရေး၊ လုပ်ငန်းခွင်ရာထူးတိုးတက်မှုပိုင်းမှာ နှောင့်နှေးနေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တာ၊ သွားနဲ့ပတ်သက်တဲ့ရောဂါမျိုးဖြစ်ပွားတတ်ပါတယ်။ ဒီနေ့မှာ လုပ်ငန်းချဲ့ထွင်မှုများအကျိုးပေးပါလိမ့်မယ်။ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ နာမည်ကျော်ကြားကိန်းရှိပြီး လုပ်ငန်းကိစ္စတွေလည်း လုပ်ဆောင်အောင်မြင်မယ့် နေ့ရက်ပါပဲ။

ယတြာ - ဘုရားတွင် သရက်သီးမှည့် ကပ်လှူပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

အချစ်ရေး၊အိမ်ထောင်ရေးအဆင်ပြေနေပြီး ပျိုရွယ်သူတွေ စန်းပွင့်နေပါတယ်။ တစ်ဦးထက်ပိုတဲ့ ချစ်သူတွေ ပေါ်ပေါက်လာတတ်ပြီး ဖူးစာရှင်အစစ်အမှန်ကိုလည်း ရွေးချယ်တွေ့ရှိနိုင်ပါလိမ့်မယ်။ ပညာရေးကောင်းမွန်တိုးတက်နေမှာဖြစ်ပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးကတော့အစားမရှောင်တာကြောင့် ကျန်းမာရေးအနည်းငယ်ထိခိုက်နိုင်ပါတယ်။အလုပ်အကိုင်များအောင်မြင်ပြီး ဝင်ငွေကောင်းနေမယ့် ကာလပါပဲ။ လုပ်ငန်းအကြီးအကဲတွေထံကနေအကူအညီအထောက်အပံ့တွေ ရရှိနိုင်ပြီး စုပေါင်းလုပ်ဆောင်ရသော ကိစ္စရပ်များအထူးအောင်မြင်နိုင်ပါတယ်။ လူမျိုးခြား ၊ ဘာသာခြားတွေရဲ့အကူအညီကိုလည်း ရရှိမယ့် နေ့ရက်ပါပဲ။

ယတြာ - ဘုရားတွင် ထောပတ်သီး ကပ်လှူပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ရပ်တန့်ထားတဲ့ ကိစ္စတွေပြန်လည်အကောင်အထည်ပေါ်လာမယ့် နေ့ရက်ဖြစ်ပြီး လုပ်ငန်းသစ်စတင်ဖို့ကောင်းမွန်တဲ့ နေ့ရက်လို့လည်း ဆိုရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ တွဲဖက်လုပ်ကိုင်သူများ သတိထားသင့်ပြီး ဒီနေ့မှာအလုပ်ပြောင်း၊အိမ်ပြောင်းတာမျိုးတွေ မလုပ်သင့်သေးပါဘူး။ မနာလိုပြိုင်ဆိုင်မှုများကြုံရကိန်းရှိနေပြီး လုပ်ငန်းခွင်မှာလည်းအနှောင့်အယှက်ပေးသူတွေ ကြုံရပါလိမ့်မယ်။ ဘေးစကားတွေကြောင့်အချစ်ရေး၊အိမ်ထောင်ရေး ပြဿနာဖြစ်နိုင်လို့ သတိပြုရမယ့် နေ့ရက်ပါပဲ။အတတ်ပညာတစ်ခုခု တိုးချဲ့သင်ယူရကိန်းရှိပြီး နိုင်ငံခြားခရီးစဉ်သွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် သဘောၤသီး ကပ်လှူပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

အပြိုင်အဆိုင်များကြားကနေအောင်မြင်မှုရရှိမှာဖြစ်ပြီး မနာလိုသူတွေပေါများနေပါလိမ့်မယ်။ ရန်လိုသူတွေ၊ စိတ်ဒုက္ခပေးသူတွေ မကြာခဏကြုံတွေ့ရကိန်းရှိပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်ပါတယ်။ ပညာရေးမှာ စိတ်ပျံ့လွင့်ပြီးလူပေါင်းမှားခြင်းကြောင့် ကျဆုံးမှုတွေ ရှိလာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့အစားအသောက်ပိုင်းဆိုင်ရာ မဆင်ခြင်မိလို့အစာအဆိပ်သင့်တတ်ပါတယ်။ လုပ်ငန်းခွဲတွေကနေ တိုးတက်အောင်မြင်တတ်ပြီး လက်အောက်ငယ်သားဒုက္ခပေးတတ်တာကိုတော့ သတိပြုရပါမယ်။

ယတြာ - ဘုရားတွင် နာနတ်သီး ကပ်လှူပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ရပ်ဝေးက မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံရတတ်ပြီးအကူအညီကောင်းတွေလည်း ရရှိပါလိမ့်မယ်။ ဒီနေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး လုပ်ငန်း ပတ်ဝန်းကျင်လည်း ပြောင်းလဲနိုင်ပါသေးတယ်။အပြောင်းအလဲကြားကပဲ တိုးတက်မှုတွေ ရရှိလာနိုင်ပြီး လူမျိုးခြား ကူညီမစမှု ရရှိပါလိမ့်မယ်။အချစ်ရေးမှာ လုံးဝမျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး ဝေးကွာနေတဲ့ ချစ်သူတွေလည်း ပြန်လည်ဆုံဆည်းရနိုင်ပါတယ်။ တစ်ခုထက်မကတဲ့ သင်တန်းတွေ တက်ရောက်ရကိန်းရှိပြီး သင်တန်းတွေရဲ့အကျိုးကျေးဇူးတွေကိုလည်း ပြန်ပြီး ခံစားရပါလိမ့်မယ်။ ခရီးသွားရကိန်းရှိပြီး ခရီးမှာ ကျန်းမာရေးညံ့တတ်လို့ သတိထားသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါတွေ သတိပြုရပါမယ်။

ယတြာ - ဘုရားတွင် ကြာဆံချက် ကပ်လှူပေးပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

အလုပ်အကိုင်များအောင်မြင်ပြီး ဝင်ငွေကောင်းနေမယ့် ကာလပါပဲ။ လုပ်ငန်းအကြီးအကဲတွေထံကနေအကူအညီအထောက်အပံ့တွေ ရရှိနိုင်ပြီး စုပေါင်းလုပ်ဆောင်ရသော ကိစ္စရပ်များအထူးအောင်မြင်နိုင်ပါတယ်။ လူမျိုးခြား ၊ ဘာသာခြားတွေရဲ့အကူအညီကိုလည်း ရရှိမယ့် နေ့ရက်ပါပဲ။အချစ်ရေး၊အိမ်ထောင်ရေးအဆင်ပြေနေပြီး ပျိုရွယ်သူတွေ စန်းပွင့်နေပါတယ်။ တစ်ဦးထက်ပိုတဲ့ ချစ်သူတွေ ပေါ်ပေါက်လာတတ်ပြီး ဖူးစာရှင်အစစ်အမှန်ကိုလည်း ရွေးချယ်တွေ့ရှိနိုင်ပါလိမ့်မယ်။ ပညာရေးကောင်းမွန်တိုးတက်နေမှာဖြစ်ပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးကတော့အစားမရှောင်တာကြောင့် ကျန်းမာရေးအနည်းငယ်ထိခိုက်နိုင်ပါတယ်။

ယတြာ - ဘုရားတွင် ဖယောင်းတိုင် ၃တိုင်ထွန်းပြီး လိုရာဆုတောင်းပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

မနာလိုသူပေါများနေပြီး ဒီရက်ပိုင်းမှာ ခရီးမထွက်သင့်ပါဘူး။အချစ်ရေးမှာ မိမိရွေးချယ်လိုက်တဲ့ချစ်သူကို မိသားစုအသိုင်းအဝိုင်းကနေ လက်မခံတာမျိုး ကြုံရနိုင်ပါတယ်။အိမ်ထောင်ပြုမယ်ဆိုရင်တောင်အချစ်ရေး၊အိမ်ထောင်ရေးအနည်းငယ်ညံ့နေလို့ ရေရှည်မမြဲနိုင်ပါဘူး။ လုပ်ငန်းတွေအများအပြားတိုးချဲ့မိလို့ ဆုံးရှုံးမှုကြီးနိုင်ပါတယ်။ ရန်အနှောင့်အယှက်များနေပြီး လက်ရှိလုပ်နေတဲ့ ကိစ္စတစ်ချို့ ရပ်တန့်သွားနိုင်တဲ့အထိပဲ ဖြစ်ပါတယ်။ ရည်မှန်းထားတာနဲ့ လက်တွေ့ဖြစ်ရပ်တွေကွာခြားနေတာမျိုးလည်း ကြုံရတတ်ပြီး ကျန်းမာရေးအနေနဲ့ သွေးတိုးရောဂါသတိပြုသင့်ပါတယ်။

ယတြာ - ဆေးကုသစရိတ်လိုအပ်နေသူများအား ဒါနပြုပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

နာမည်ကောင်းသတင်းနဲ့ ကျော်ကြားနေမှာဖြစ်ပြီးအလုပ်တွေကိုလည်းအများအပြားလုပ်ကိုင်နေရတတ်ပါတယ်။ သူတစ်ပါး ကိစ္စတွေမှာကြားဝင်လုပ်ကိုင်ရတတ်ပြီး ကိုယ့်ရဲ့ ကူညီမှုအပေါ်အကောင်းထင်မခံရတတ်လို့ သတိပြုသင့်ပါတယ်။အိုးအိမ်၊ ခြံ၊ မြေအသစ်ဝင်ကိန်းရှိပြီး မိသားစုအိမ်တွင်းရေးမှာတော့ ပြဿနာအနည်းငယ် ရှိနိုင်ပါတယ်။အချစ်ရေးကံကောင်းနေပြီး ဗုဒ္ဓဟူး သားသမီးနဲ့ ဖူးစာဆုံပါလိမ့်မယ်။ ပညာရေးမှာ ပုံမှန်လေးကြိုးစားရုံနဲ့ ထွန်းထွန်းပေါက်ပေါက်အောင်မြင်မယ့် ကာလဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။

ယတြာ - ဘုရားတွင် ခေါက်ဆွဲကြော် ကပ်လှူပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

စီးပွားရေးမှာအပြောင်းအလဲ၊ ယှဉ်ပြိုင်မှုတွေကြားကနေပဲ တိုးတက်အောင်မြင်ပါလိမ့်မယ်။အခက်အခဲအနည်းငယ်ရှိပေမယ့် ကျော်လွှားနိုင်မှာလည်းဖြစ်ပါတယ်။ ခြံ၊ ကား၊အိမ်အသစ်ဝင်ကိန်းရှိပြီးအိမ်ပြောင်းရကိန်းလည်း ရှိနေပါတယ်။ လူမျိုးခြား၊ ဘာသာခြားနဲ့ ဖက်စပ်လုပ်ကိုင်တာကနေအောင်မြင်မှုရရှိပါလိမ့်မယ်။အိမ်ထောင်မရှိသူများအိမ်ထောင်ကျကိန်းရှိပြီးအချစ်ရေးမှာအထူးကံကောင်းနေပါတယ်။ စိတ်ပျံ့လွင့်လွယ်ပြီးအချစ်ရေးမှာ နစ်မျောနေတာကြောင့် ပညာရေးပိုင်းအားနည်းတတ်ပါတယ်။ ကျန်းမာရေးလည်းအနည်းငယ်ညံ့နေပါတယ်။အလှကုန်လုပ်ငန်း လုပ်ကိုင်သူများအထူးကောင်းမွန်နေပါတယ်။

ယတြာ - သက်ကြီးရွယ်အိုတစ်ဦးကို ငွေကြေးတတ်နိုင်သလောက် ထောက်ပံ့ပေးပါ။

LEO




Some text some message..