အောက်တိုဘာလ ၂၃ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2018-10-23




နေ့စွဲ၊ ၂၃-၁၀-၂၀၁၈


အောက်တိုဘာလ ၂၃ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကိုအောက်တိုဘာလ ၂၃ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ ချစ်သူနှင့် ခေတ္တဝေးနေရတတ်ပါတယ်။ ခွန်အားစိုက်ထုတ်လုပ်ရသောအလုပ်များအောင်မြင်မည်။ ပိုင်ဆိုင်မှုများလည်း ရရှိမည်။ ပစ္စည်းဥစ္စာ၊ စိန်၊ ရွှေ ရတနာများ တိုးပွားမည်။အောင်မြင်မှုတွေ ဒီရေအလားရရှိမည်။ ပညာနှင့်လုပ်သောအလုပ်များအဆင်ပြေမည်။ မထင်မှတ်ဘဲ လုပ်ငန်းများ တိုးတက်အောင်မြင်တတ်သလို ဆရာကောင်းတွေ့မည်။အလှူတစ်ခုပြုလုပ်ရမည်။ မိတ်ဟောင်း ဆွေဟောင်းများနှင့် ပြန်လည်ဆုံဆည်း ရမည်။ ကူညီမှုများလည်းရရှိမည်။ ခက်ခဲနက်နဲသော ပညာရပ်များ သင်ကြားခွင့်ရမည်။အိမ်ထောင်ရှင်များအနေနှင့် မိသားစုကြားမှာ ငွေရေး၊ ကြေးရေး ကိစ္စများအဆင်မပြေမှုများကြုံရမည်။ ကျန်းမာရေးအနေနှင့် ဦးခေါင်းနှင့် ပတ်သက်သောဝေဒနာများ ခံစားရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၆, ၄ ကံကောင်းသောအရောင် ။ ။အနီရောင်

ယတြာ ။ ။ ဆေးဝါးကုသနေသောသူများကိုအားဆေးလှူဒါန်းပေးပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေနှင့် ချစ်သူနှင့် ခရီးသွားရမည်။ ဆိုင်ခန်းတစ်ခုရရှိမည်။အမှုအခင်းဖြစ်ပေါ်တတ်သည်။ သူတပါးကိစ္စများကိုအာမခံ မပြုလုပ်ပါနှင့်။ သူတပါးကိစ္စ ကိုယ့်ကိစ္စဖြစ်သွား တတ်သည်။အစားမှား၊ ဆေးမှားဖြစ်တတ်သည်။ သတိထားပါ။ ငွေဝင်ကိန်းရှိသည်။ သို့သော် လုပ်ငန်း၌အတိုက်အခံပေါ်တတ်သည်။ မြေနှင့်ပတ်သက်ပြီး စကားပြောရတတ်သည်။ ခရီးဝေးသွားရမည်။ ခရီးကောင်းဖြစ်မည်။ ပညာရေးနှင့်ပတ်သက်ပြီးအနှောင့်အယှက်ကြုံရ တတ်သည်။အိမ်ထောင်ရှင်များ ငွေကြေးကိစ္စကြောင့်အိမ်တွင်းရေးပြဿနာဖြစ်မည်။ ကျန်းမာရေးအနေဖြင့် ခြေ၊ လက်ထိခိုက်၍ သွေးထွက်သံယို ဖြစ်တတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၈, ၇, ၂ ကံကောင်းသောအရောင် ။ ။ မီးခိုးရောင်

ယတြာ ။ ။ မြတ်စွာဘုရားအား ဆွမ်းပူပူပေါ်တွင် နို့ဆမ်း၍လှူဒါန်းပေးပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအချစ်ရေးမှာ မိဘများကြောင့် စိတ်ညစ်ရလိမ့်မည်။ စိတ်ချမ်းသာစရာများနှင့်ကြုံမည်။ ဆုံးရှုံးထားသော ငွေများ ပြန်လည်ရရှိမည်။ သတင်းကောင်း၊ ဧည့်ကောင်းများ ရောက်ရှိလာမည်။ ငွေကုန်စရာများပေါ်ပြီး လုပ်ငန်းတိုးတက်မည်။ ဝင်ငွေကောင်းမွန်ပြီး ထီဆုကြီးပေါက်တတ်ပေသည်။အိမ်၌ မင်္ဂလာကိစ္စပေါ်ပေါက်ပြီး စီးပွားရေး မိတ်ဆွေကောင်းများ ရှိလာစေမည်။ လုပ်ငန်းသစ်ပေါ်၍ ကောင်းသောအပြောင်းအလဲများ ကြုံရတတ်သည်။ ပညာသင်တန်းကိစ္စများအနှောင့်အယှက်ကြုံရတတ်သည်။ ပြည်ပခရီးသွားသူများအဆင်ပြေမည်။အိမ်ထောင်ရှင်များအနေနှင့်အိမ်တွင်းရေးပြဿနာများပေါ်တတ်သည်။ ကျန်းမာရေးအနေဖြင့် မျက်စိနှင့်ပတ်သက်သောဝေဒနာ ခံစားရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၈, ၅, ၄ ကံကောင်းသောအရောင် ။ ။အစိမ်းနုရောင်

ယတြာ ။ ။အိမ်နီးချင်းများကို မုန့်ဟင်းခါးဝေပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ လွမ်းစရာများနှင့် ကြုံရတတ်သည်။ လုပ်ငန်းကိစ္စများ တိုးတက်အောင်မြင်မည်။အလုပ်နှင့် နာမည်ကောင်းရမည်။ လက်အောက်ငယ်သားများ၏အကူအညီကိုရရှိမည်။ မိမိအိမ်သိ့ု ဘုန်းကြီးတစ်ပါး ြ<ွကလာတတ်သည်။ ြ<ွကလာပါကအလွန်ကံကောင်းမည်။ စိန်အပါအဝင်အဖိုးတန်ပစ္စည်းများ ရရှိလိမ့်မည်။ မိဘများကျန်းမာရေး ညံ့မည်။ ငွေလိမ်ခံရတတ်သည်။အသွားအလာဆင်ခြင်ပါ။ မထင်မှတ်ဘဲ ဂုဏ်သိက္ခာကျစရာများ ပေါ်လာတတ်သည်။ ရုတ်တရက် ခရီးထွက်ရတတ်သည်။ ပညာရေးအနေနှင့်အနှောင့်အယှက်များကြုံပြီးမှအောင်မြင်မှုရမည်။အိမ်ထောင်ရှင်များအိမ်ထောင် ရေးသုခခံစားရတတ်သည်။ ကျန်းမာရေးအနေနှင့် ခေါင်းနှင့်ပတ်သက်သော ရော၈ါဝေဒနာ ခံစားရ တတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၈, ၈, ၉ ကံကောင်းသောအရောင် ။ ။ ယောဂီရောင်

ယတြာ ။ ။ မြတ်စွာဘုရားအား ဆွမ်းပူပူပေါ်တွင် သကြားဖြူးပြီးလှူဒါန်းပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအဖို့ ချစ်သူနှင့် မင်္ဂလာခရီးအတူသွားရတတ်သည်။ ယာယီခရီးများ မကြာခဏ သွားရဖွယ်ရှိသည်။ ပညာဂုဏ်သတင်းအထူးကျော်ဇောမည်။ ရွှေနှင့်ပတ်သက်ပြီး ရောင်းမှား၊ ဝယ်မှားဖြစ်တတ်သည်။အနည်းငယ် သတိထားစေချင်ပါတယ်။ စက်ပစ္စည်းဝင်မည်။အကျိုးပေးသော ပစ္စည်းဖြစ်မည်။ ဖခင်ဖြစ်သူနှင့် စိတ်ဝမ်းကွဲတတ်သည်။ ရမည့်ငွေမရဘဲအခက်အခဲတွေ့နေတတ်သည်။ ခရီးဝေးသွားရန် ကြံရွယ်ထားသူများ ယခုရက်အတွင်းအဆင် ပြေပြေနှင့်သွားရမည်ဖြစ်သည်။အိမ်ထောင်သည်အဖို့ကတော့ တစ်ယောက်နှင့်တစ်ယောက် စိတ်ခုနေတတ်ကြပေလိမ့်မည်။ ကျန်းမာရေးမှာအရိုး၊အကြောနှင့်ပတ်သက်သောဝေဒနာ ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၈, ၂, ၆ ကံကောင်းသောအရောင် ။ ။အပြာရောင်

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို မုန့်ဟင်းခါး ဝယ်ကျွေးပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီနေ့မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးအဆင်ပြေနေတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ ယခင်ထက် ပိုမိုအကျိုးပေးအောင်မြင်နေ လိမ့်မည်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါ။အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများဖြစ်ပါက ပိုမိုကြီးပွား တိုးတက်အောင်မြင်မည်။ ဝန်ထမ်းများအနေဖြင့်အပြောင်းအလဲဖြစ်တတ်သည်။ မိမိတစ်ဦးမဟုတ်ဘဲ ဌာနဆိုင်ရာတစ်ခုလုံး ပြောင်းလဲခြင်းမျိုးဖြစ်မည်။ ကောင်းသော ပြောင်းလဲခြင်းမျိုးဖြစ်မည်။ ပညာသင် ကျောင်းသားများအနေဖြင့် ပညာရေးကံကောင်းသော်လည်းအနှောင့်အယှက်များ ရှိနေတတ်ပါတယ်။အိမ်ထောင်ရေး သတိထားရမည့်အချိန်မျိုး ဖြစ်တတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၆, ၁ ကံကောင်းသောအရောင် ။ ။ ငွေရောင်

ယတြာ ။ ။ သောကြာနေ့ နံနက်ပိုင်း၌ ြ၈ိုဟ်တိုင်ကို ရွှေချ၍ လှူဒါန်းပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီနေ့မှာအချစ်ရေးတွင် မိဘသဘောမတူသူနှင့် ချစ်ကြိုက်မိမည်။ စိတ်ညစ်နေရမည်။ ငွေကြေးဆိုင်ရာကိစ္စရပ်များ၌ စီမံဆောင်ရွက်ရာ၌အခက်အခဲများအနည်းငယ်နှင့်ကြုံတွေ့နေရတတ်ပါတယ်။အစုစပ်လုပ်ငန်း၊ ရှယ်ယာလုပ်ငန်းများနှင့်လည်းအကျိုးပေးအောင်မြင် ဖြစ်ထွန်းတတ် ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတိုးအတွက် သင်တန်းတစ်ခု တက်ရောက်ရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပညာသင်ကျောင်းသား များအနေဖြင့် ပညာရေးနှင့်ပတ်သက်ပြီး ယခုကာလအတွင်း ပိုမိုဝီရိယ ကြိုးစားအားထုတ်မှုပြုမှသာအောင်မြင်မှုရနိုင်သော ကာလမျိုး ဖြစ်တတ်ပါတယ်။ ပြည်ပရပ်ဝေးခရီးအနေဖြင့်လည်းအောင်မြင်မှုရရှိလိမ့်မည်။ ကျန်းမာရေးအနေဖြင့်အစာမှား၊ ဆေးမှား ဖြစ်တတ်သည်။ ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၆, ၇, ၁ ကံကောင်းသောအရောင် ။ ။ နီကယ်ရောင်

ယတြာ ။ ။ မိဘမဲ့ဂေဟာမှ ကလေးငယ်များကိုအဟာရဒါန ပြုပေးလိုက်ပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီနေ့မှာ ပျိုရွယ်သူများအနေဖြင့် တစ်ယောက်နှင့်တစ်ယောက် စကားငြင်းခုံနေတတ်ခြင်းကြောင့်အဆင်မပြေ ဖြစ်တတ်ပါတယ်။မိမိစီးပွားရေးလုပ်ငန်းများ၌ နာမည်ဂုဏ်သတင်းကျော်ဇောခြင်း၊ ယခင်ထက် ပိုမိုအဆင်ပြေခြင်းမျိုးရှိမည်။ မိတ်ဆွေကောင်း တစ်ဦးထံမှလည်း လုပ်ငန်းနှင့်ပတ်သက်၍အကြံÓဏ် ကောင်းများရရှိတတ်ပါတယ်။ ညီကိုမောင်နှမများကိုလည်း ထောက်ပံ့ပေးနေရတတ်ပါတယ်။ ပညာရေးအနေဖြင့် သူငယ်ချင်းများနှင့်တွဲဖက် လေ့လာကျက်မှတ်ပါ။ ကံကောင်းမှုများ၊အောင်မြင်မှုများ ရရှိလာလိမ့်မည်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ကံကောင်းမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် သွားဒုက္ခပေးတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၇, ၁, ၂ ကံကောင်းသောအရောင် ။ ။အဝါနုရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ နန်းကြီးသုပ်ကပ်လှူပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီနေ့မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးမှာ ဝေခွဲရခက်ခဲနေတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍အနှောင့်အယှက်အနည်းငယ်ရှိနေတတ်ပါတယ်။ လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းမှ ဝင်ငွေအနည်းငယ် ကောင်းနေလိမ့်မည်။ စားသောက်ကုန် လုပ်ငန်းများ၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများအထူးအကျိုးပေးအောင်မြင်တတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတက်ကိန်းရှိနေတတ်ပါတယ်။ ဆရာသမားများထံမှလည်း ငွေရကိန်းရှိနေတတ်ပါတယ်။ ပညာသင်ကျောင်းသား များအနေဖြင့် ပညာရေးနှင့်ပတ်သက်၍အနှောင့်အယှက်ရှိနေတတ်ပါတယ်။အိမ်ထောင်ရေး ကမ်းလှမ်းမှုများနှင့်လည်း ကြုံတွေ့ရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့် ဘေးစကားများကို ယုံကြည်၍ မိမိအိမ် ထောင်ဖက်အပေါ်အထင်လွဲမှားနေခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ဆီး၊ ကျောက်ကပ်၊ သားအိမ်ဒုက္ခပေးတတ်ပါတယ်။ ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၆, ၂, ၇ ကံကောင်းသောအရောင် ။ ။ ခရမ်းရောင်

ယတြာ ။ ။ မိမိမွေးနေ့ နံနက်ပိုင်းမှာ သံဃာတော်များကို တန်းဆွမ်းလှူပါ။




Some text some message..