အောက်တိုဘာလ ၂၃ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2018-10-23




အောက်တိုဘာလ ၂၃ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်းအောက်တိုဘာလ ၂၃ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီး တွေအနေနဲ့ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ လုပ်ငန်းခွင်မျိုးကနေ ကမ်းလှမ်းလာတာမျိုး ကြုံရတတ်လို့ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အသင့်ပြင်ထားသင့်ပါတယ်။ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်သူများ ကံကောင်းမယ့် နေ့ရက်ပါပဲ။ နိုင်ငံခြားပညာတော်သင်လည်း သွားရတတ်ပါတယ်။အဖိုးတန်ပစ္စည်း ဝင်လာလျှင်အိမ်ထောင်ဦးစီး ကျန်းမာရေးညံ့တတ်လို့ ဘုန်းကြီးကျောင်းမှာ ဆန်အိတ်လှူပေးပါ။ ပြည်တွင်း၊ ပြည်ပခရီးတစ်ခုကနေ လုပ်ငန်း နဲ့ပတ်သက်တဲ့အကျိုးအမြတ်တွေရရှိလာပါလိမ့်မယ်။အလုပ်ရှင်ရဲ့ မျက်နှာသာပေးမှု ခံရတတ်ပြီး လစာလည်း တိုးတတ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့အစာအိမ်ရောဂါ သတိပြုသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အအေးဖျော်ရည်ကပ်လှူပေးပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့အတွက်အရာရာအဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်းအဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။အချစ်ရေးပိုင်းမှာတော့ ချစ်သူနဲ့ မိဘကြားဗျာများနေရပါလိမ့်မယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ဖက် ရာထူးတိုး၊ လခတိုး ကြုံရတတ်ပါတယ်။ ဆန်စက်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ကားပစ္စည်းရောင်းဝယ်သူများလည်းအကျိုးအမြတ်များမယ့်အချိန်ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးအစအိမ်ထောင်ရေးထိ စိတ်ချမ်းသာရမယ့် နေ့ရက်ပါပဲ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကျွဲကောသီး ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီရက်ပိုင်းမှာ လုပ်ငန်းတိုးတက်မှုတွေ ခေတ္တနှောင့်နှေးနေပါလိမ့်မယ်။ မှန်းထားသလောက် ငွေကြေးအဝင်မရှိပဲ ကြွေးတင်တတ်ပါတယ်။အောင်မြင်မယ်ထင်ပြီး တိုးချ့ဲမိတဲ့ လုပ်ငန်းတွေကလည်း စိတ်ညစ်ရတတ်ပါတယ်။ ဒါပေမယ့် မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာကိန်း ရှိပါတယ်။အဖျော်ယမကာနဲ့ ဆေးဝါး၊ ကျောက်မျက်ရတနာရောင်းဝယ် ဖောက်ကားသူများ ကောင်းမွန်နေမယ့်အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးထွက်ရကိန်းလည်း ရှိပါတယ်။ စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများ သတိထားသင့်ပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများအရှုံးပေါ်တတ်ပါတယ်။ စနေ၊အင်္ဂါသားသမီးတွေရဲ့အကူအညီနဲ့ လုပ်ငန်းတစ်ချို့အောင်မြင်နိုင်ပါလိမ့်မယ်။ ပညာရေး၊အချစ်ရေးအစစအဆင်ပြေနေမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက် မကြာခဏဖြစ်လေ့ရှိနေပါလိမ့်မယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် ဆီထမင်း ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့အမှုအခင်းဖြစ်တတ်တာကြောင့် ငွေပေးငွေယူ ကိစ္စတွေကို ဆင်ခြင်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးပိုင်းအနေနဲ့ ခါးနာခါးကိုက် ဖြစ်တတ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာပဲ ရှိနေပါတယ်။အလှကုန် လုပ်ငန်းရှင်တွေ အဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေအကျိုးအမြတ်ကောင်း ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ဒီနေ့မှာ ရပ်ဝေးက ဧည့်သည်ရောက်လာတတ်ပြီးအဆိုပါဧည့်သည်တွေထဲမှာ ကိုယ်ဝန်ဆောင်သည်ပါလာပါက ထီထိုးပေးပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ရွှေကြည်မုန့် ကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့အခက်အခဲတစ်ချို့ ကြုံနေရမယ့်အချိန်ပါပဲ။ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျ သုံးတတ်ဖို့အရေးကြီးသလိုအလျင်စလိုဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ ခရီးသွားရကိန်းလည်း ရှိပြီး ကောင်းသော ခရီးသွားလာခြင်းဖြစ်လာပါလိမ့်မယ်။ ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့် ဆက်ဆံရေးအောင်မြင်နိုင်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာနိုင်ပြီးအိမ်ထောင်သည်တွေကတော့အိမ်ထောင်ဖက်ရဲ့အကူအညီနဲ့ လုပ်ငန်းတိုးတက်မှု ရရှိပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - လမ်းတွင်ကြုံတွေ့ရသော သက်ကြီးရွယ်အိုများအား ရေသန့်ဒါနပြု လှူဒါန်းပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့အချစ်ရေး၊အိမ်ထောင်ရေး သာယာနေတဲ့ နေ့ရက်ဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။ ဝင်ငွေထက် ထွက်ငွေက များနေပြီး စီးပွားရေးလုပ်ငန်းသစ် တိုးချဲ့မယ်ဆိုရင် သင့်တော်တဲ့ နေ့ရက်တစ်ရက်ပါပဲ။အမျိုးထဲမှာ မင်္ဂလာဆောင်တစ်ခုပေါ်လာတတ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကလည်းအောင်မြင်တယ်လို့ ပြောရမှာပါ။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ လုပ်ကိုင်သူများအောင်မြင်မယ့်အချိန်ဖြစ်ပြီး ရေလုပ်ငန်းလုပ်ကိုင်သူတွေလည်းအကျိုးပေးမယ့် ကာလပါပဲ။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင်အလှူအတန်းပြုလုပ်ပေးပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဖရုံယို ကပ်လှူဆုတောင်းပါ။


သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့အမှုအခင်းဖြစ်တတ်တာကြောင့် ငွေပေးငွေယူ ကိစ္စတွေကို ဆင်ခြင်ရမှာဖြစ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာပဲ ရှိနေပါတယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများအဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေအကျိုးအမြတ်ကောင်းရရှိပါလိမ့်မယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့်အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ငန်းဌာနတဆင့်မြင့်စေမယ့် သင်တန်းမျိုး တက်ရောက်ရကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့အလုံးစုံကောင်းမွန်နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် သလဲသီး ကပ်လှူပေးပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ ဘယ်လိုလုပ်ငန်းဆောင်ရွက်မှုမျိုးကိုမဆို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။အလုပ်အခွင့်အလမ်းကံနဲ့အချစ်ရေးကံကောင်းနေပြီး ကျန်းမာရေး၊ ပညာရေးအထွေထွေ ကိစ္စရပ်တွေမှာလည်း ကံကောင်းနေတဲ့ နေ့ရက်ပါ၊ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့အဆင်မပြေမှုတစ်ချို့ကြုံရနိုင်ပြီး ငွေလိမ်ခံရကိန်းရှိလို့ ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ ငွေကြေးကံအနည်းငယ်ညံ့နေပြီး လုပ်ငန်းတိုးချဲ့ဖို့စီစဉ်ထားရင် ခေတ္တဆိုင်းငံ့ထားသင့်ပါတယ်။ လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ ရှယ်ယာထည့်ဝင်ထားသူတွေအနေနဲ့တော့အကျိုးအမြတ်ရနိုင်မယ့်အချိန်ဖြစ်ပါတယ်။ ပညာရေးတစ်ဆင့်မြင့်မယ့် သင်တန်းမျိုးတက်ရောက်ရကိန်း ရှိလာမှာဖြစ်ပြီး သင်တန်းပြီးရင် ပိုကောင်းတဲ့အလုပ်ကို ပြောင်းလဲရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အရေပြားယားယံတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် နာနတ်သီးကပ်လှူ ဆုတောင်းပါ။


LEO




Some text some message..