မေလ ၂၇ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-05-27



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မေလ ၂၇ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ နာမည်ဂုဏ်သတင်းတိုးတက်ခြင်း၊ ကျော်ဇောခြင်း၊အဆက်အသွယ်ကောင်းများ ရလာခြင်း၊ လုပ်ငန်းအဆင်ပြေခြင်းတွေနဲ့ ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ ဘာပဲလုပ်လုပ်အဆင်ပြေပြီးအောင်မြင်မှုတွေရရှိနေလိမ့်မယ်။ ထူးခြားစွာအောင်မြင်နိုင်တဲ့အချိန် ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်ရွယ်ထားတဲ့ ရည်မှန်းချက်သို့ရောက်အောင် ရဲရဲကြီးလုပ်ချလိုက်ပေတော့လို့ ပြောလိုက်ပါတယ်။ ငွေအလွန် ရွှင်မယ့်အချိန်ဖြစ်ပါတယ်။ ထီထိုးသင့်တဲ့အချိန်ကာလဖြစ်ပါတယ်။အဖိုးတန်ပစ္စည်းတွေလည်း ဝင်လာတတ်ပါတယ်။ ပျိုရွယ်သူူများအဖို့ စန်းပွင့်သောအချိန်ဖြစ်ပါတယ်။အိမ်ထောင်သည်များအဖို့အိမ်ထောင်ဖက်ထံမှ သတင်းကောင်းကြားရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အဆုတ်ရောဂါ ဝေဒနာ ခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အရဟံဂုဏ်တော် ရွတ်ဖတ်ပေးပါ။

တနင်္လာ - ဒီနေ့မှာ ကိုယ့်အပေါ်ကို တစ်ခြားသူတွေမြင်တဲ့အမြင်အပေါ် စိတ်တိုင်းမကျပဲအလိုလို ဒေါသဖြစ်နေပါလိမ့်မယ်။ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး သူတစ်ပါး ကိစ္စမှာ ဝင်ရောက်စွက်ဖက်မိရာကနေ ပြဿနာဖြစ်တတ်လို့ သတိပြုရပါမယ်။ စိတ်လှုပ်ရှားရင်ခုန်ဖွယ်အချစ်ရေးရာ ကိစ္စတွေလည်း ကြုံရမယ့်အချိန်ပါပဲ။အချစ်ရေး၊အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ဆုံးဖြတ်လုပ်ကိုင်စရာ ကိစ္စရပ်တွေကိုအခြားသူရဲ့ ဆုံးဖြတ်ချက်ထက် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင်တာက ပိုပြီးအောင်မြင်စေပါလိမ့်မယ်။ မိသားစု ၊ မိတ်ဆွေတွေက သင့်ကိုယုံကြည်ပြီး သင်လုပ်သမျှအကောင်းမြင်နေမယ့် ကာလလည်းဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ စံပြအဖြစ် နေထိုင်သင့်ပြီး တစ်ခုခုလွဲမှားမိတာနဲ့ တစ်သက်လုံးစာ နာမည်ပျက်နိုင်တဲ့ နေ့ရက်ဖြစ်လို့ သတိပြုရပါမယ်။ ပညာရေးနဲ့ ကျန်းမာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကော်ပြန့်လိပ်ကပ်လှူပေးပါ။

အင်္ဂါ - တစ်ယောက်တည်းလုပ်ကိုင်တာထက်အုပ်စုနဲ့လုပ်ကိုင်တဲ့ ရလဒ်တွေက ကောင်းကျိုးပိုရနိုင်တဲ့ နေ့ရက်ပါပဲ။ ရည်မှန်းထားတဲ့ လုပ်ငန်းချဲ့ထွင်မှုတွေရှိရင်လည်း ဒီနေ့မှာ စတင်အကောင်အထည်ဖော်လိုက်ပါ။အချစ်ရေးအဆင်မပြေမှုလေးတွေရှိနေပြီး ဒေါသရှေ့ထားဖြေရှင်းတာမျိုးထက် ဒီပြဿနာတွေရဲ့အရင်းခံကို သေချာဆန်းစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ လုပ်ငန်းအဆင်မပြေမှုတစ်ချို့နဲ့အချစ်ရေး၊အိမ်ထောင်ရေး ရောထွေးပြီး ဒေါသပုံချတတ်မိလို့ သတိပြုသင့်ပါတယ်။ ဒီနေ့မှာ ကိုယ်လုပ်ကိုင်ရမယ့် လမ်းကြောင်းကို တွေဝေနေတတ်ပြီးအလုပ်သစ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ သင့်ရဲ့ စိတ်ထဲရှိတဲ့အတိုင်း ရွေးချယ်လိုက်ပါ၊ ဒါကအမှန်ကန်ဆုံးရွေးချယ်မှုဖြစ်နိုင်မှာပါ။ ကွဲကွာနေတဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေတစ်ချို့နဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိပြီးအရင်က ကိုယ့်အပေါ်အကောင်းမမြင်သူတွေကလည်း ကောင်းမွန်စွာ ဆက်ဆံလာမယ့်အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့အမျိုးသမီးသားအိမ်ရောဂါသတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်ဆန်းကစ်သီးကပ်လှူပေးပါ။

ဗုဒ္ဓဟူး - ဒီနေ့မှာ ပြောဆိုလုပ်ကိုင်ရ ခက်ခဲပြီး လက်ပေါက်ကပ်သူတွေနဲ့ ဆက်ဆံရပါလိမ့်မယ်။ လုပ်ငန်း ကိစ္စတွေမှာ စဉ်းစားဆင်ခြင်မှုအားနည်းပြီး လုပ်ကိုင်လိုက်တာတွေက ပြဿနာဖြစ်လာနိုင်ပါတယ်။ စောင့်နိုင်ရင်အကျိုးရှိမယ့် ကာလဖြစ်လို့ လုပ်ငန်းတိုးချဲ့မှုနဲ့အလုပ်သစ်ပြောင်းရွှေ့မှုတွေမှာ မလောသင့်ပါဘူး။ သူတပါး နားမထောင်ချင်တဲ့ စကားတွေကို ဆက်တိုက်ပြောမိနေတတ်တဲ့အချိန်ဖြစ်လို့ ဖြစ်နိုင်ရင် ဒီနေ့မှာ နားထောင်သူပဲလုပ်ပြီး စကားသိပ်မပြောတာက ပိုအဆင်ပြေပါလိမ့်မယ်။အချစ်ရေးမှာလည်း စေ့စပ်ကြောင်းလမ်းထားသူတွေတောင် ပျက်နိုင်တဲ့အချိန်ဖြစ်ပါတယ်။အချစ်ရေးရဲ့ သက်ရောက်မှုက လူမှုရေးနဲ့ စီးပွားရေးကိုပါ ထိခိုက်နိုင်တာကြောင့် ချစ်သူအပေါ် စိတ်ရင်းနဲ့ ဆက်ဆံပေးတာကအကောင်းဆုံးလို့ဆိုပါရစေ။ မိသားစုနဲ့အိမ်တွင်းရေး ပြဿနာတွေ ဒိုင်ခံဖြေရှင်းနေရမှာဖြစ်ပြီး သင်ပြုလုပ်သမျှကိုအားလုံးကအဆိုးမြင်နေမယ့် နေ့ရက်ပါပဲ။ ကျန်းမာရေး ၊ ပညာရေးလည်း သိသိသာသာ ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် လိပ်စာ ကျွေးပေးပါ။

ရာဟု - လုပ်ငန်းအသစ်တွေ လုပ်ရတတ်ပါတယ်။အလုပ်ပြောင်း၊အိမ်ပြောင်း၊ နေရာသစ် တွေပြောင်းရွှေ့လုပ်ကိုင်နေထိုင်ရတတ်ပါတယ်။ နေရာထိုင်ခင်းတို့ ပြောင်းလဲ၊ ပြင်ဆင်ရခြင်းမျိုးတွေ ပြုလုပ်ရတတ်ပါတယ်။ ခရီးကောင်းတွေ ပြုလုပ်ရတတ်ပါတယ်။ ခရီးကောင်းတွေ သွားရတတ်ပါတယ်။ ငွေကြေးဆုံးရှုံးနစ်နာစရာတွေ ကြုံရတတ်တယ်။ ရစရာရှိတာတွေမရဘဲ ဖြစ်နေမယ်။အထူးသဖြင့် ငွေနှင့်ပတ်သက်ပြီး စွန့်စားလုပ်ကိုင်ရတဲ့အလုပ်တွေ ဒီကာလအတွင်း မလုပ်ပါနဲ့ဦး၊အလုပ်မှာလည်းအတိုက်အခံတွေ တွေ့ရတတ်ပါတယ်။ မမျှော်လင့်ဘဲအမှုအခင်း ကြုံရတတ်ပါတယ်။ ပျိုရွယ်သူများအဖို့ ရုတ်တရက်ဆိုသလိုအိမ်ထောင်ကျတတ်သည်။အိမ်ထောင်သည်များအဖို့အိမ်ထောင်ဖက် ခရီးဝေးသို့ ထွက်သွားရတတ်သည်။ ကျန်းမာရေးမှာမူ ဦးခေါင်းနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများ ခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် လိမ္မော်ရည်ကပ်လှူပေးပါ။

ကြာသပတေး - လူအများနဲ့ ဆက်စပ်ပတ်သက်လုပ်ကိုင်နေရသူများအားလုံးအထူးသတိထားသင့်တဲ့အချိန်ပါပဲ။ လိုက်လျောညီထွေ နေတတ်အောင်နေပါ။ သည်းခံခွင့်လွှတ်စိတ် မွေးပါ။ ငွေကြေးကျပ်တည်းနိုင်တဲ့အချိန်ဖြစ်ပြီး လုပ်ငန်းနေရာ၊ နေရာဆိုင်ခန်း၊ ဆိုင်ခန်းအပြောင်းအလဲရှိနေပါတယ်။အလှူတစ်ခု ပြုလုပ်ရကိန်းရှိပြီးအလှူကြီးဖြစ်တတ်ပါတယ်။အိပ်ရာပြောင်းအိပ်လိုက်ရင်အညံ့အခိုက်တွေ ပြေပျောက်သွားပါလိမ့်မည်။ ရေဝေးမြေခြား ခရီးရှည်သွားရကိန်းကြုံနိုင်ပြီး ပညာ၊အမွေကိစ္စ စကားပြောရတတ်ပါတယ်။အိမ်ထောင်ဖက်လုပ်ငန်းပိုင်းမှာ ဝင်ကူညီရကိန်းရှိပြီး ချစ်သူရှိပြီးသူများ ချစ်သူက သစ္စာဖောက်သွားတတ်လို့ သတိပြုရပါမယ်။ မိသားစုထဲမှအကြီးအကဲ ကျန်းမာရေးပူပင်ရမှာဖြစ်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာ ဂရုစိုက်ပေးပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ပန်းသီးစိတ်ကပ်လှူပေးပါ။


သောကြာ - မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။အိမ်အနီးအနားမှာ နာရေးရှိနေရင် ၊အလှူကြီးပေးရင်အိမ်ရှိ ကလေးငယ်တစ်ဦး မကျန်းမာဖြစ်တတ်ပါတယ်။ စက်ရုံအလုပ်ရုံများ၊အထည်အလိပ် ဆေးဝါးလုပ်ငန်းရှင်များ လုပ်ငန်းကြန့်ကြာမှု ငွေကြေးလည်ပတ်မှုအခက်အခဲ တစ်ချို့ကြုံရနိုင်ပြီး ဝန်ထမ်းများရဲ့ သစ္စာမရှိတဲ့ လုပ်ရပ်ကြောင့် လုပ်ငန်းထိခိုက်တတ်ပါတယ်။အိမ်မှာ စနေ၊အင်္ဂါသားသမီးရှိနေရင် ညောင်ထောက်ကုသိုလ်ယူလိုက်ပါ။အိမ်ထောင်သည်တွေကတော့ တစ်ဦးရဲ့ လုပ်ငန်းကို တစ်ဦးက ပံ့ပိုးကူညီပြီးအပြန်အလှန်အကျိုးပြုနေရမယ့်အချိန်ဖြစ်ပါတယ်။ ပညာရေး၊အချစ်ရေးအစစအဆင်ပြေနေမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက် မကြာခဏဖြစ်လေ့ရှိနေပါလိမ့်မယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် သစ်ခွပန်းကပ်လှူပေးပါ။

စနေ - ဒီနေ့မှာအလုပ်နှင့်ပတ်သက်ပြီး စိတ်လေစိတ်မောစရာတွေ ဆုံးဖြတ်ရခက်တာတွေနှင့် ရင်ဆိုင်ရတတ်ပါတယ်။အမှားမှားအယွင်းယွင်းတွေကို ဆုံးဖြတ်ပြီးလုပ်မိနေတတ်တဲ့ကာလတစ်ခုဖြစ်တယ်။ စိုးရိမ်စရာတော့ သိပ်မရှိပါဘူး၊ စိတ်မပူပါနဲ့လေ။ ငွေကြေးကိစ္စနှင့် ပတ်သက်၍လည်း ဝင်ငွေများ ကျေနပ်လောက်အောင်ရမည်။ သို့သော် ငွေကြေးကုန်ကျစရာများသောကြောင့် ဝင်သမျှငွေများအဖတ်မတင်နိုင် တတ်ချေ။ နိုင်ငံခြားခရီး ကံကောင်းတတ်သည်။ ပညာသစ်တွေ သင်ကြားရတတ်ပါတယ်။ ပညာနှင့်ပတ်သက်၍ ကောင်းသောခရီးသွားရ တတ်သည်။ ပျိုရွယ်သူများအဖို့ မိမိစိတ်ဝင်စားနေသူမှ မိမိလိုချင်သော ချစ်အဖြေကို တောင်းသင့်သည်။အိမ်ထောင်ရှိသူများအဖို့အိမ်အနီးအနားတွင် မင်္ဂလာကိစ္စ ဖိတ်ကြားမှုရှိလာပါက ထီထိုးပေးပါ။ ကျန်းမာရေးအနေနဲ့ ဆီးနဲ့ကျောက်ကပ်ရောဂါဝေဒနာခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ထမနဲ ကပ်လှူပေးပါ။


LEO




Some text some message..