မေလ ၂၈ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-05-28



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မေလ ၂၈ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ- တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီရက်ပိုင်းမှာအချစ်ရေးမှာ စေ့စပ်ကြောင်းလမ်း ထားသူတွေတောင် ပျက်နိုင်တဲ့အချိန်ဖြစ်ပါတယ်။အချစ်ရေးရဲ့ သက်ရောက်မှုက လူမှုရေးနဲ့ စီးပွားရေးကိုပါ ထိခိုက်နိုင်တာကြောင့် ချစ်သူအပေါ် စိတ်ရင်းနဲ့ ဆက်ဆံပေးတာကအကောင်းဆုံးလို့ဆိုပါရစေ။ ဒီနေ့မှာ ပြောဆိုလုပ်ကိုင်ရ ခက်ခဲပြီး လက်ပေါက်ကပ်သူတွေနဲ့ ဆက်ဆံရပါလိမ့်မယ်။ လုပ်ငန်း ကိစ္စတွေမှာ စဉ်းစားဆင်ခြင်မှုအားနည်းပြီး လုပ်ကိုင်လိုက်တာတွေက ပြဿနာဖြစ်လာနိုင်ပါတယ်။ စောင့်နိုင်ရင်အကျိုးရှိမယ့် ကာလဖြစ်လို့ လုပ်ငန်းတိုးချဲ့မှုနဲ့အလုပ်သစ်ပြောင်းရွှေ့မှုတွေမှာ မလောသင့်ပါဘူး။မိသားစုနဲ့အိမ်တွင်းရေး ပြဿနာတွေ ဒိုင်ခံဖြေရှင်းနေရမှာဖြစ်ပြီး သင်ပြုလုပ်သမျှကိုအားလုံးကအဆိုးမြင်နေမယ့် နေ့ရက်ပါပဲ။ ပညာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများ နာမည်ပျက်တတ်ပါတယ်။ ကျန်းမာရေး ၊ ပညာရေးလည်း သိသိသာသာ ညံ့နေတဲ့အချိန်ပါပဲ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်ပါတယ်။


ယတြာ -အိမ်ရှိဘုရားတွင်အုန်းထမင်း ကပ်လှူပေးပါ။


တနင်္လာ - ဒီနေ့မှာ ဘာပဲလုပ်လုပ်အဆင်ပြေနေပါလိမ့်မယ်။အောင်မြင်မှု ကြီးကြီးမားမား တွေခံစားရရှိတတ်တယ်။ ရည်ရွယ်ထားသမျှအဆင်ပြေအထမြောက်အောင်မြင်လိမ့်မယ်။ လုပ်ငန်း သစ်တွေလုပ်ရတတ်တယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံရတတ်တဲ့အချိန်ဖြစ်ပါ တယ်။ ငွေအတွက်လည်း စိတ်ချမ်းသာရပါလိမ့်မယ်။ ဟိုကဝင် ဒီကဝင်နဲ့ လာဘ်လာဘတွေ ရွှင်လန်းနေပြီး ထစ်ငေါ့နေတာတွေလည်း ရလာလိမ့်မည်။ စာရွက်စာတမ်းကိစ္စတွေ ဆောင်ရွက်ရာမှာတော့အနည်းငယ် သတိထားဆောင်ရွက်သင့်တယ်။ စကားများရတတ်တယ်။ ခရီးကိစ္စတွေလည်း ထစ်ငေါ့စွာဖြင့် ကြန့်ကြာ နေတတ်တယ်။ စိတ်ညစ်စရာ သတင်းတွေလည်း ကြားရတတ်တယ်။ ပျိုရွယ်သူများအဖို့အိမ်ထောင်ရေး သုခခံစားရမည်ဖြစ်သည်။ ကျန်းမာရေးကတော့ ဆီး၊ ဝမ်းနှင့် ပတ်သက်သောရောဂါဝေဒနာ ခံစားရတတ် တယ်။ သတိထား ဂရုပြုပါလေ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။


ယတြာ - ဘုရားတွင် ကြာဇံကြော် ကပ်လှူ ဆုတောင်းပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီနေ့မှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးအာမခံပေးခြင်းမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။ စိတ်လေနေမယ့် ကာလဖြစ်ပြီးအိမ်ရှိမိသားစုနဲ့လည်းအဆင်မပြေဖြစ်တတ်လို့ သတိပြုရပါမယ်။ ဒီနေ့မှာ စီးပွားရေးကိစ္စရပ်နဲ့ ပတ်သက်ပြီးအခက်အခဲများစွာ ကြုံရမယ့်အချိန်ပါပဲ။အောင်မြင်မယ်လို့ ယူဆထားတဲ့ လုပ်ငန်းတွေကလည်းအရှုံးတွေနဲ့ ရင်ဆိုင်ရပြီးအလွဲလွဲအချော်ချော် ဖြစ်တတ်ပါတယ်။ လူမျိုးခြား ဒုက္ခပေးတတ်လို့ သတိပြုပါ။ ရေသန့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ လုပ်ငန်းအနည်းငယ် ကောင်းမွန်နေပါတယ်။အချစ်ရေး ၊အိမ်ထောင်ရေးအနေနဲ့ တစ်ပါးသူနှောင့်ယှက်မှုကြောင့် ဝေးကွာရတတ်ပါတယ်။ ပညာရေးကို စိတ်မပါပဲ စိတ်လေနေတတ်ပြီး ကျန်းမာရေးအနေနဲ့အူယောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - စာကလေးအိမ်ချိတ်ဆွဲပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့အမျိုးသမီးများအနေနဲ့ ခါးထိခိုက်မိတတ်ပြီး ကျန်းမာရေးအတွက် ငွေကုန်ကျေးကျ များနေမယ့် ကာလပါပဲ။ ပျိုရွယ်သူများအချစ်ရေးကံကောင်းနေပြီးအိမ်ထောင်သည်တွေအနေနဲ့ သားသမီး ရတနာထွန်းကားတတ်ပါတယ်။ ချစ်သူရှိပြီးသူများ မထင်မှတ်ပဲအိမ်ထောင်ကျတတ်ပြီး မလွတ်လပ်တဲ့သူတွေနဲ့လည်း ပတ်သက်မိတတ်ပါတယ်။ လင်ပြိုင်၊ မယားပြိုင် ကိစ္စရပ်တွေ ပေါ်ပေါက်လာတတ်တဲ့အချိန်ဖြစ်ပြီး ဒီရက်ပိုင်းမှာအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မဆုံးဖြတ်တာကအကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။အမျိုးသားများဆိုလျှင်လည်း မကောင်းသောအမျိုးသမီးများနှင့် ပတ်သက်မိပြီးအိမ်ထောင်ရေး ပျက်စီးတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း ဦးဆောင်ဦးရွက်လုပ်ကိုင်နေရမယ့်အချိန်ဖြစ်ပြီးအောက်လက်ငယ်သားတွေရဲ့ ကူညီမှုနဲ့ လုပ်ငန်း တိုးတက်အောင်မြင်မှု ရရှိနိုင်ပါလိမ့်မယ်။ ပညာရေးအနေနဲ့ သင်တန်းသစ်တွေ တက်ရောက်ရကိန်းရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်ပေးပါ။


ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။


ရာဟု - စီးပွားရေးလုပ်ငန်းတိုးချဲ့ရာမှာအခက်အခဲအချို့ရှိနေတတ်ပါတယ်။ ငွေကြေးကိစ္စနဲ့ ပတ်သက်ရင်တော့ ပြောသမျှအရာရောက်အဆင်ပြေအောင်မြင်နေမှာဖြစ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ဂုဏ်သိက္ခာတိုး၍ စိတ်ပျော်ရွှင်ချမ်းမြေ့ဖွယ်ကိစ္စရပ်မျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ဖခင်ဖြစ်သူ၏ ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ ပညာရေးတွင် တော်တော်လေးကို ကြိုးစားနိုင်မှအောင်မြင်မယ့်အချိန်ဖြစ်ပါတယ်။အိမ်တွင်းရေးအနည်းငယ်ဆူပူနေတတ်ပြီးအိမ်ထောင်ဘက် ဖောက်ပြန်တတ်ပါတယ်။ သားသမီးကြောင့်အိမ်ထောင်ဘက်နဲ့ ရန်ဖြစ်ရကိန်းရှိပြီး ချစ်သူမရှိသေးသူတွေကတော့ မိမိအပေါ် လိမ်ညာမယ့် ချစ်သူရလာတတ်ပါတယ်။ ချစ်သူရှိပြီးသူများ ခွဲခွာနေရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့အရိုးအဆစ်ရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် လိုင်ချီးသီးကပ်လှူပေးပါ။


ကြာသပတေး - လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတာတွေ့ရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။အချစ်ရေးပိုင်းမှာ စန်းပွင့်နေတဲ့ ကာလဖြစ်ပြီးအိမ်ထောင်သည်တွေအနေနဲ့ကတော့အိမ်ထောင်ရေးအရှုတ်အရှင်းဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။အလှူကြီးပေးရကိန်းရှိပြီး ငွေဝင်လာရင် ဘုရားမှာ ရွှေသင်္ကန်း ကပ်လှူပေးသင့်ပါတယ်။ မိသားစုထဲမှာ တနင်္လာသားသမီးရှိနေခဲ့ရင် ကျန်းမာရေး ဂရုစိုက်ပေးလိုက်ပါ။ ဆန်လုပ်ငန်း၊ ဆီစက်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့လို့ရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်ရှင်ရဲ့ ယုံကြည်ကိုးစားမှု ရရှိမှာဖြစ်ပြီး လခလည်းတိုးနိုင်ခြေရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် ပဲပလာတာ ကပ်လှူပေးပါ။


သောကြာ - ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ကိုင်ရတတ်ပါတယ်။ မိမိတစ်ဦးတည်း လုပ်ကိုင်ခြင်းမျိုးမဟုတ်ဘဲအစုစပ်လုပ်ငန်း စုပေါင်းလုပ်ဆောင်ခြင်းဖြင့် ပိုမိုအောင်မြင်မှု ရရှိတတ်ပါတယ်။ ငွေကြေးရှာဖွေမှုအပိုင်းမှာလည်းအခက်အခဲမရှိဘဲအဆင်ပြေနေလိမ့်မည်။အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိရင် လက်ဆောင်ပစ္စည်းသွားပေးလိုက်ပါ။ ရပ်ဝေးမှ မိတ်ဆွေအိမ်ပေါ်ရောက်လာတတ်ပြီး ရက်ကြာရှည် ကပ်တွယ်နေတတ်လို့အိမ်တွင်းရေး ဆူပူရတတ်ပါတယ်။အိမ်ထောင်ပရိဘောဂ ထွက်တတ်ပျက်တတ်ပြီးအိမ်ရှိကြီးကဲသူ ကျန်းမာရေး သတိပြုပေးပါ။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာပြီး၊ သားသမီးရတနာ ရနိုင်ချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ ချစ်သူရှိပြီးသူများ ချစ်သူနဲ့အိမ်ထောင်ကျတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သာမန်ရောဂါပဲမို့ စိုးရိမ်စရာမရှိပါဘူး။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် သစ်သီးတစ်မျိုးမျီုး ကပ်လှူပေးပါ။


စနေ - ဒီနေ့မှာ ရည်ရွယ်ထားသမျှသော လုပ်ငန်းအကြံအစည်များကို ရဲရဲသာဆောင်ရွက်လုပ် ကိုင်ပါလေ။အောင်မြင်မှုတွေက စောင့်ဆိုင်းနေပါတယ်။ သင့်အတွက်အဆက်အသွယ်ကောင်းအကူအညီကောင်းတွေလည်း ပေါ်လာမှာ မလွဲဧကန်ပါပဲ။ ငွေကြေးအလွန်ကံကောင်းသောကာလတစ်ခု ဖြစ်နေပါတယ်။ ငွေတွေအစုလိုက်အပုံလိုက်အထုပ်အထည်လိုက် ဝင်လာတတ်ပါတယ်။ ရင်းနှီးမြှုပ်နှံ ရတဲ့ကိစ္စတွေ လုပ်သင့်ပါတယ်။ ဒါပေမယ့် စာရွက်စာတမ်းနဲ့ ပတ်သက်ပြီးတော့ စိတ်ညစ်ရတတ်ပါလို့ သတိပြုပါ။အစုစပ်ရှယ်ယာ လုပ်ငန်းတွေကတော့အဆင်မပြေမှုတွေ များနေတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးမျက်နှာသာပေးခြင်း ခံရတတ်ပါတယ်။အချစ်ရေးပိုင်းမှာ စန်းပွင့်နေတဲ့ ကာလဖြစ်ပြီးအိမ်ထောင်သည်တွေအနေနဲ့ကတော့အိမ်ထောင်ရေးအရှုပ်အရှင်းဖြစ်တတ်လို့ သတိထား သင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် နာနတ်သီးကပ်လှူ ဆုတောင်းပါ။


LEO




Some text some message..