မေလ ၂၉ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-05-29



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မေလ ၂၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ စီးပွားရေးလုပ်ငန်းပိုင်းမှာ ယှဉ်ပြိုင်သူများ ၊အကောက်ကြံသူများနဲ့ ကြုံရတတ်ပါတယ်။ လုပ်ငန်းစပ်တူ ရင်းနှီးမြှုပ်နှံထားသမျှအားလုံး ဆုံးရှုံးသွားတတ်ပြီးအမှုအခင်းလည်း ကြုံရတတ်ပါတယ်။အိမ်ထောင်ဖက်နဲ့ မကြာခဏ တကျက်ကျက်ဖြစ်နေမှာဖြစ်ပြီးအိမ်ထောင်ကွဲကိန်းရှိလို့ သတိထားဆင်ခြင်သင့်ပါတယ်။ ဒီနေ့ရက်မှာ လုပ်ငန်းတိုးချဲ့မှုတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ စကားပြောမှားတတ်လို့ သတိထားသင့်တဲ့ရက်ဖြစ်ပြီး မိသားစုကိုယ်တိုင်က ကိုယ့်အပေါ်အမြင်မကြည်ဖြစ်နေတတ်ပါတယ်။အချစ်ရေးမှာလည်း ချစ်သူရဲ့ မယုံသင်္ကာဖြစ်ခြင်း ခံရတတ်ပြီး ပညာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ဆေးဆိုင်လုပ်ငန်း၊ ဆန်စက်လုပ်ငန်းရှင်များ လုပ်ငန်းကောင်းမွန်နေပြီးအိမ်ခြံမြေလုပ်ငန်းရှင်များ၊အသေးစားငွေချေးလုပ်ငန်းများ ညံ့နေပါတယ်။ ကျန်းမာရေးအနေနဲ့အစာအဆိပ်သင့်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အကြော်စုံကပ်လှူပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့အပြောင်းအလဲကြားကပဲ တိုးတက်မှုတွေ ရရှိလာနိုင်ပြီး လူမျိုးခြား ကူညီမစမှု ရရှိပါလိမ့်မယ်။ ဝေးကွာနေသူတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်မယ့် ကာလဖြစ်ပြီးအခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီနေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ကြုံရကိန်းရှိပြီး လုပ်ငန်းပတ်ဝန်းကျင်လည်း ပြောင်းလဲနိုင်ပါသေးတယ်။အချစ်ရေးမှာ လုံးဝမျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေကြုံရကိန်းရှိပြီး ဝေးကွာနေတဲ့ ချစ်သူတွေလည်း ပြန်လည်ဆုံဆည်းရနိုင်ပါတယ်။ တစ်ခုထက်မကတဲ့ သင်တန်းတွေ တက်ရောက်ရကိန်းရှိပြီး သင်တန်းတွေရဲ့အကျိုးကျေးဇူးတွေကိုလည်း ပြန်ပြီး ခံစားရပါလိမ့်မယ်။ ခရီးသွားရကိန်းရှိပြီး ခရီးမှာကျန်းမာရေးညံ့တတ်လို့သတိထားသင့်ပါတယ်။ သွေးနဲ့ပတ်သက်တဲ့ရောဂါ၊အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေ သတိပြုရပါမယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကန်စွန်းရွက်ကြော် ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ သင်တန်းတက်ဖို့ စီစဉ်ထားတာရှိရင်အဆင်ပြေတိုးတက်မယ့် ကာလပါပဲ။ နိုင်ငံခြားခရီးလည်း သွားရကိန်းရှိပြီ ဒီခရီးကနေ ပိုမိုတိုးတက်တဲ့လုပ်ငန်းခွင်နဲ့ ဘဝကို ရရှိလာဖို့ တက်လမ်းပါပဲ။ ခရီးသွားရကိန်းရှိပြီး လူမျိုးခြားနဲ့ ပတ်သက်ပြီး ကောင်းကျိုး ရရှိနိုင်ပါတယ်။ လုပ်ငန်း စပ်တူလုပ်ကိုင်မှုတွေကနေအကျိုးအမြတ်ရရှိလာပါလိမ့်မယ်။အိမ်နေရာထိုင်ခင်းအသစ်ဝင်ကိန်းရှိပြီးအိမ်ကို သောကြာသားသမီးတစ်ဦးရောက်လာရင် ထီထိုးပေးပါ။ ရေသန့်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ကျန်းမာရေးပိုင်းမှာတော့အစာအိမ်အချဉ်ပေါက်တတ်ပါတယ်။အချစ်ရေးအိမ်ထောင်ရေး ပုံမှန်ရှိနေပြီး ပညာရေးပိုင်းကို စိတ်မဝင်စားပဲ ဖြစ်နေတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဆီးပန်းသီးကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက်အလုပ်နေရာ ပြောင်းရွှေ့ရကိန်း ရှိပြီး ဒီထက်ပိုကောင်းတဲ့ နေရာတစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။အလုပ်နဲ့ ပတ်သက်တဲ့ သင်တန်းသစ်တွေ တက်ရောက်ရနိုင်ပါတယ်။ အလုပ်သစ်ကနေဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေကပိုများနေမယ့် ကာလပါပဲ။ သူတစ်ပါးအတွက်ကြားခံအာမခံပေးတာမျိုး ငွေကြားခံ ချေးပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။အိမ်ထောင်သည်တွေအနေနဲ့ လုပ်ငန်းစီးပွားတိုးတက်အောင်မြင်နေမှာဖြစ်ပြီးအချစ်ရေးအနေနဲ့ ချစ်သူမရှိသူတွေ ချစ်သူရုတ်တရက် ရလာပါလိမ့်မယ်။ ဆွေမျိုးထဲမှာ စကားအရောင်းအဝယ် ပြုလုပ်တတ်သူတစ်ဦး ရှိတတ်ပြီး မိသားစုရေးကို ဝင်ပြီး နှောက်ယှက်တတ်ပါတယ်။ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ တိုးတက် ကောင်းမွန်နေပြီး လုပ်ငန်းကနေ ဝင်ငွေကောင်းနေပါလိမ့်မယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ဘုရားတွင် လမုန့် ကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေကတော့ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပါလိမ့်မယ်။ လုပ်ကိုင်သမျှ လုပ်ငန်းကိစ္စတွေကလည်းအဆင်မပြေမှုတွေကြုံရမှာဖြစ်ပြီး ဒီအချက်တွေကြောင့်အလုပ်နဲ့ ပတ်သက်တဲ့ စိတ်အားထက်သန်မှုကတော့ ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်သမျှ တလွဲတွေချည်းပဲ ဖြစ်နေမယ့်အချိန်ပါ။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီး ငြိုငြင်မယ့် ကိစ္စရပ်မျိုး လုပ်ဆောင်မိတတ်ပါတယ်။ ရွှေ၊ ငွေကျောက်မျက်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။အချစ်ရေးအနေနဲ့ တသက်တာလက်တွဲမယ့် ချစ်သူရှိထားပြီးသူဆိုရင်တောင် ခေတ္တခဏ ခွဲခွာနေချင်စိတ်ဖြစ်နေပါလိမ့်မယ်။အိမ်ထောင်ပြုဖို့အတွက် ကြောက်ရွံ့နေချိန်ဖြစ်ပြီး ဒီအချက်ကပဲအချစ်ရေးကို ထိခိုက်စေပါလိမ့်မယ်။ ချစ်သူမရှိသေးသူတွေကတော့ တစ်ယောက်တည်းပဲ ဆက်ရှိနေဦးမယ့်အချိန်ပါပဲ။ ကျန်းမာရေး၊ ပညာရေးကတော့ ပုံမှန်ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း ပြုလုပ်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ရဟန်းတော်များအား ယပ်လှူဒါန်းပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့အချစ်ရေးညံ့နေပြီးအိမ်ထောင်ရေးမှာလည်းအဆင်မပြေ ကွဲကွာတတ်ပါတယ်။ ဒီနေ့ရက်မှာ ဘာပဲလုပ်လုပ်အဆင်မပြေဖြစ်နေမှာကြောင့် ငြိမ်နေတာကအကောင်းဆုံးလို့ပြောရမှာပါ။ လုပ်ငန်းထဲမှာ ငွေတွေမြုပ်နေမှာဖြစ်ပြီး ငွေစုငွေချေး လုပ်ငန်းတွေမှာလည်း ပြဿနာပေါ်တတ်ပါတယ် ။အစုအဖွဲ့နဲ့ လုပ်ကိုင်ရတာမျိုးကို ရှောင်ကြဉ်ပြီး တစ်ဦးတည်းလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုး ရွေးချယ်လုပ်ကိုင်သင့်ပါတယ်။ လုပ်ငန်းတွေအများအပြားတိုးချဲ့ထားပေမယ့်အရှုံးပြပြီး ကြွေးတင်တာမျိုးလည်း ကြုံရတတ်တဲ့နေ့ရက်ပါပဲ။အိမ်ခြံမြေ ငွေရေးကြေးရေး ကြားခံအာမခံပေးမှုကြောင့်အမှုအခင်းဖြစ်တတ်ပါတယ်။အိမ်ထောင်ပရိဘောဂ ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ ကောင်းမွန်နေပြီးအထည်အလိပ်၊ လူသုံးကုန်လုပ်ငန်းလုပ်ကိုင်သူများအနည်းငယ်ညံ့နေပါတယ်။အချစ်ရေးမှာ စန်းပွင့်နေပြီးအိမ်ထောင်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးနာ၊ ခါးနာရောဂါ ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ဖရဲသီးဖျော်ရည် ကပ်လှူပေးပါ။


သောကြာ - လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသောတိုးချဲ့ခြင်းမျိုး ဖြစ်ပြီးငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလပါပဲ။အိုးသစ်အိမ်သစ် ဝင်ကိန်းလည်း ရှိပြီး ရွှေစုသင့်တဲ့ ကာလဖြစ်ပါတယ်။အလုပ်ရာထူးနေရာအပြောင်းအလဲရှိနေပြီး ပြောင်းရမယ့်နေရာက ပိုပြီးအဆင်ပြေပါလိမ့်မယ်။အချစ်ရေး ပုံမှန်ရှိနေပြီးအိမ်ထောင်သည်တွေကတော့ မထင်မှတ်တဲ့ကိစ္စနဲ့ စိတ်ဝမ်းကွဲစကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အသည်းရောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် သရက်သီး ၃လုံး ကပ်လှူပေးပါ။


စနေ -အလုပ်အခွင့်အလမ်းကံနဲ့အချစ်ရေးကံကောင်းနေပြီး ကျန်းမာရေး၊ ပညာရေးအထွေထွေ ကိစ္စရပ်တွေမှာလည်းကံကောင်းနေတဲ့ နေ့ရက်ပါ၊ ငွေကြေးပိုင်းဆိုင်ရာကံကတော့အသင့်အတင့်အနေအထားရှိနေပါတယ်။ ဒီနေ့မှာ ဘယ်လိုလုပ်ငန်း ဆောင်ရွက်မှုမျိုးကိုမဆို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ စပ်တူရှယ်ယာငွေထည့်ဝင်ခြင်း မဲစုခြင်းများအတွက်လည်း သတိပြုလုပ်ဆောင်သင့်ပါတယ်။ ဒီရက်ပိုင်းမှာ ပိုက်ဆံအချေးအငှားလုပ်တာမျိုး ရှောင်ကြဉ်လိုက်ပါ။အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့်အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းလည်း တိုးတက်မှု ရရှိနေတဲ့ ရက်ဖြစ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ထန်းလျက် ကပ်လှူပေးပါ။


LEO




Some text some message..