မေလ ၃၀ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-05-30



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မေလ ၃၀ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ လုပ်ငန်းကိစ္စတွေအဆင်ပြေနေမှာဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေအကျိုးများပါလိမ့်မယ်။အိုးအိမ်အသစ် စတင်တည်ဆောက်ခြင်း၊ ဆိုင်ခန်းသစ်ဆောက်လုပ်ခြင်း၊အိမ်ခန်း ပြင်ဆင်ရခြင်းမျိုး ပြုလုပ်ရပါလိမ့်မယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေပြီးအဆိုးရွားကြီးတော့ မဟုတ်ပါဘူး။အချစ်ရေးကံအားနည်းနေပြီး လက်ရှိချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူနဲ့ ပြတ်စဲ လမ်းခွဲရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့လည်း ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ မကြာခဏ ရန်ဖြစ်စကားများနေမယ့် နေ့ရက်ပါပဲ။ လုပ်ငန်းအတွက်အထောက်အကူပြုမယ့် သင်တန်းမျိုးတွေ၊ နိုင်ငံရပ်ခြား သင်တန်းတွေအထိ တက်ရောက်ရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါ ဒုက္ခပေးတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အုန်းသီးစိတ်ကပ်လှူပြီး လိုရာဆုတောင်းပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့အိမ်ထောင်ရေး သာယာနေပြီးလုပ်ငန်းစီးပွားလည်းအဆင်ပြေနေပါလိမ့်မယ်။ ဒီနေ့မှာ စာမေးပွဲအောင်စာရင်းသိဖို့ရှိတယ်ဆိုရင် ဂုဏ်ထူးနဲ့အောင်မြင်ပါလိမ့်မယ်။ ချစ်သူမရှိသေးသူများ လုပ်ငန်းတူ ချစ်သူ ရရှိလာဖွယ်ရှိပြီး မိမိထက်အသက်ငယ်ပါလိမ့်မယ်။ ငွေကြေးအမြောက်အများ ဝင်ကိန်းရှိပြီး ဝင်လာတဲ့ငွေကို တတ်နိုင်သမျှ လှူဒါန်းပေးပါ။အိမ်ခြံမြေ၊ လယ်ယာကိုင်းကျွန်းအမွေရတတ်ပြီး ရွှေလည်း ဝင်တတ်ပါတယ်။ မိသားစုထဲမှာအပူသည်ရှိနေတတ်ပြီး ညီအစ်ကိုမောင်နှမ တစ်ဦး ခိုးရာလိုက်ပြေးတတ်ပါတယ်။ မိသားစုရဲ့ တာဝန်အားလုံး ယူနေရတတ်ပြီးအမှုကိစ္စတွေမှာလည်း ကြားဝင်ဖြေရှင်းပေးရတတ်ပါတယ်။ ပညာရေးပုံမှန်ပဲရှိနေပြီး ကျန်းမာရေးအနေနဲ့ မျက်စိနဲ့ ပတ်သက်တဲ့ရောဂါသတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဂန္ဓမာပန်း ကပ်လှူပြီး လိုရာဆုတောင်းပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဝင်ငွေထက် ထွက်ငွေက များနေပြီး စီးပွားရေးလုပ်ငန်းသစ် တိုးချဲ့မယ်ဆိုရင် သင့်တော်တဲ့ နေ့ရက်တစ်ရက်ပါပဲ။အမျိုးထဲမှာ မင်္ဂလာဆောင်တစ်ခုပေါ်လာတတ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကလည်းအောင်မြင်တယ်လို့ ပြောရမှာပါ။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ လုပ်ကိုင်သူများအောင်မြင်မယ့်အချိန်ဖြစ်ပြီး ရေလုပ်ငန်းလုပ်ကိုင်သူတွေလည်းအကျိုးပေးမယ့် ကာလပါပဲ။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင်အလှူအတန်းပြုလုပ်ပေးပါ။အချစ်ရေး၊အိမ်ထောင်ရေး သာယာနေတဲ့ နေ့ရက်ဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဆီထမင်း ကပ်လှူဆုတောင်းပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဒီနေ့အတွက် စက်ကိစ္စ ၊ ဆိုင်ကိစ္စအစရှိသည်တို့မှာ မတင်မကျဖြစ်နေပြီးအထစ်အငေါ့လေးတွေကြားကနေပဲအောင်မြင်အောင်လုပ်ယူရမယ့်အချိန်ဖြစ်နေပါတယ်။ ရပ်ဝေးပြည်ပ နိုင်ငံရပ်ခြားအလုပ်အကိုင်သမားတွေအဆင်ပြေနေပြီး ရွှေဆိုင်နဲ့ ရေထွက်ကုန်လုပ်ငန်းရှင်များအကျိုးပေးနေပါတယ်။ လူယုံထဲမှ ဒုက္ခပေးတာ ခံရတတ်ပြီး ပညာရေးကိစ္စ ၊ စာမေးပွဲကိစ္စတွေမှာအနှောင့်အယှက်ရှိတတ်ပါတယ်။အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများကြားတွင် ဘေးစကားများကြောင့် ရန်ဖြစ်ရတတ်ပါတယ်။ ဆုံးပြီးလို့ထင်ထားတဲ့ ပစ္စည်းတွေနဲ့ ငွေကြေးတွေကတော့ ပြန်ရလာတတ်ပါတယ်။ နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိလို့ ဝန်ထမ်းတွေအနေနဲ့ မပြောင်းချင်ဘူးဆိုရင် လက်ရှိနေရာမှာပဲအိပ်ယာနေရာပြောင်းလဲအိပ်လိုက်ပါ။ ကျန်းမာရေးအနေနဲ့ ထိပ်ခတ်နာဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ရေသက်စေ့ ကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေကတော့အချစ်ရေးမှာ ထူးထူူးခြားခြား တိုးတက်မှုတွေ ကြုံရမှာဖြစ်ပြီး ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တာတွေကနေအကျိုးထူးရရှိစေနိုင်ပါတယ်။အသေးစားထိခိုက်မှုမျိုး ရှိနိုင်ပြီး စိုးရိမ်ရတဲ့အနေအထားမျိုးတော့ မရှိနိုင်ပါဘူး။ ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ လူမျိုးခြားနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကနေအောင်မြင်မှု ရရှိနိုင်ပါတယ်။အိမ်၊ ခြံမြေအသစ် ရကိန်းရှိပြီး ထီပေါက်သလို ငွေဝင်နေတတ်ပါတယ်။ ဆန်၊ဆီ၊ ဆား ရောင်းဝယ်ရေးလုပ်ကိုင်သူတွေအကျိုးများမယ့်အချိန်ဖြစ်ပြီးအိမ်ရှိ ကလေးသူငယ်တစ်ဦးဦး ဖျားနာတတ်လို့ သတိပြုရပါမယ်။ ရွှေပျောက်တတ်ပြီး ပျောက်တဲ့နေရာအနီးအနားကနေပဲ ပြန်တွေ့ပါလိမ့်မယ်။အင်္ဂါသားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုတွေကနေအကျိုးအမြတ်များနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခွဲစိတ်မှု ပြုလုပ်ရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း ပြုလုပ်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - လမ်းခင်းလှူဒါန်းမှုပြုလုပ်ပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့အမှုအခင်းဖြစ်တတ်တာကြောင့် ငွေပေးငွေယူ ကိစ္စတွေကို ဆင်ခြင်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးပိုင်းအနေနဲ့ ခါးနာခါးကိုက် ဖြစ်တတ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ပုံမှန်အနေအထားမှာပဲ ရှိနေပါတယ်။အလှကုန် လုပ်ငန်းရှင်တွေ အဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေအကျိုးအမြတ်ကောင်း ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ဒီနေ့မှာ ရပ်ဝေးက ဧည့်သည်ရောက်လာတတ်ပြီး ဧည့်သည်တွေထဲမှာ ကိုယ်ဝန်ဆောင်သည်ပါလာပါက ထီထိုးပေးပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် ဘုရားပန်းလဲပြီး လိုရာဆုတောင်းနိုင်ပါတယ်။


သောကြာ - ငွေရရှိမှု များပြားနေပေမယ့် လုပ်ငန်းအတွက် ပြန်လည်ရင်းနှီးရလို့ လက်ထဲမှာ ငွေမမြဲဖြစ်နေပါလိမ့်မယ်။ လုပ်ငန်းတိုးချဲ့မှုတွေလည်း ကြုံရမှာဖြစ်ပြီး လက်ရှိအလုပ်နဲ့ ဆက်စပ်ပတ်သက်တာမျိုးကိုပဲ တိုးချဲ့သင့်ပါတယ်။ ကိုယ်မရင်းနှီးတဲ့ သူတစ်ဦးက ငွေကြေးအကူအညီပေးတာမျိုး ကြုံရနိုင်ပြီး လူရင်းတွေကတော့ ကိုယ့်ဆီကနေငွေချေးပြီး ပြန်မဆပ်တာမျိုး၊ လုပ်ငန်းခွင်အတွင်း လက်အောက်ငယ်သား ဒုက္ခပေးတာမျိုး ကြုံရတတ်ပါတယ်။ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း လုပ်ငန်းများအကျိုးပေးနေပြီး ဖုန်းအသစ်ဝင်တတ်ပါတယ်။ မိသားစုထဲမှအငယ်ဆုံးသူရဲ့ မင်္ဂလာကိစ္စ ကြားရမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့အိမ်ထောင်ရေး သာယာနေပါတယ်။ ချစ်သူမရှိသေးသူတွေအနေနဲ့ သောကြာသားရဲ့ ချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။ ကျန်းမာရေးပိုင်းမှာ နားကိုက်တတ်ပြီး၊ ကျန်းမာရေးအားနည်းတာကြောင့်ပညာရေးမှာပါ ထိခိုက်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် သကြားပလာတာ ကပ်လှူပေးပါ။


စနေ - သွပ်၊သံလုပ်ငန်း၊ သံဂဟေလုပ်ငန်း၊ ကားပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များအထူးကောင်းမွန်နေပါတယ်။အိမ်ထောင်ပရိဘောဂအသစ်ဝင်ကိန်းရှိပြီး ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ပါက လက်အောက်ငယ်သားတွေရဲ့ လေးစားမှုနဲ့အလုပ်အပေါ်သစ္စာရှိမှုကို ခံစားရမှာဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးရှိပြီးအိုးသစ်အိမ်သစ်လည်း ဝင်ကိန်းရှိပါတယ်။ နိုင်ငံရပ်ခြား သွားရောက်အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့အနည်းငယ်အခက်တွေ့နိုင်တဲ့ ကာလပါပဲ။အိမ်ထောင်ရှင်ဖြစ်ပါက နှစ်ဖက်မိဘ ဝင်ရောက်စွက်ဖက်မှုကြောင့်အနည်းငယ်စိတ်ရှုတ်ထွေးနိုင်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ လမ်းခွဲရတတ်ပါတယ်။ ပညာတော်သင်ခရီးတစ်ခု လွဲချော်ရကိန်းရှိနေပြီး ဒီရက်ပိုင်းမှာ ပြည်ပခရီး ညံ့နေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ဒူးရင်းသီး ကပ်လှူပေးပါ။


LEO




Some text some message..