၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ( ၂-၆-၂၀၁၉ ) မှ ( ၈-၆-၂၀၁၉)အထိ
lotaya.mpt.com.mm
|
2019-05-30

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၂-၆-၂၀၁၉ ) မှ ( ၈-၆-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

မမျှော်လင့်ပဲ ရုတ်တရက် ငွေတွေ ဝင်လာမည်။ ငွေလည်း စုဆောင်းမိနိုင်မည်။အလောင်းကစားအကျိုးပေးမည်။ သို့သော် တစ်ချီတည်းအပွကြံတာမျိုးတော့ မလုပ်သင့်ပါ။ တိရစ္ဆာန်ရောင်းဝယ်ခြင်း၊ ဆေးဝါးပစ္စည်း ရောင်းဝယ်ဖောက်ကားဖြန့်ချိခြင်းနှင့်အိမ်ခြံမြေအရောင်းအဝယ်များဖြစ်ထွန်းမည်။ ပညာရေးဂဏ္ဍ ပြည်ပစာမေးပွဲဖြေဆိုခြင်းနှင့်အလုပ်လျှောက်စာ ဗီဇာ၊ပါမစ်အကြောင်းကြားစာများသတင်းကောင်းများ ကြားရလိမ့်မည်။အပေါင်းအသင်းသတိထားပါ မိမိမှာငွေပေါနေသည့်အတွက်အပေါင်းအသင်းများ ကိုယ့်ပေါ်တွယ်ကပ်နေလိမ့်မည်။အယုံမလွယ်ပါနှင့်။အိမ်ထောင်ရေးမင်္ဂလာကိစ္စများအကောင်အထည်ဖော်ပြိးအမြန်လုပ်ဆောင်ခြင်းများကြုံတွေ့ရမည်။အိမ်ထောင်ဖက်ကိုအကြောင်းပြု၍ ငွေကြေးစီးပွားဥစ္စာများ တိုးပွားမည်။အမွေလည်း ရတတ်ပါသည်။ လေထိုးလေအောင့်အစာအိမ်ရောဂါ၊အူအတက်နှင့် ပတ်သက်ပြီး ခွဲစိတ်ရတတ်ပါသည်။အရှေ့အရပ်အကျိုးပေး၊အနောက်တောင်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဂန္ဓမာပန်း၊ စိန်ချယ်ပန်း၊အုန်း ထိုအညွန့်များ ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၈-၉-ဝ}

အကျိုးပေးအရောင်အစိမ်း၊အညို့ရောင်၊

ရှောင်ရန်အနောက်တောင်အရပ်

ယတြာအိမ်ဘုရားမှာ ဂန္ဓမာပန်း၊ စိန်ချယ်ပန်း၊အုန်း ထိုအညွန့်များစုပေါင်းပြိး ဆုတောင်းပါ။

တနင်္လာသားသမီးများ

တနင်္လာသားသမီးများ ဘုရားတည်၊အနေကဇာတင်၊ ပဉ္စင်းခံ၊အလှူကြီးပေးရမည်။ ပညာရေးအထူးကောင်းမွန်နေသည်။ စက်ပစ္စည်းများဝင်တတ်သည်။ ကား၊ဆိုင်ကယ်၊ ဖုန်းနှင့်လုပ်ငန်းသုံးစက်ပစ္စည်းများ ၊အိမ်တွင်းပရိဘောဂအလှပစ္စည်းများ ဝင်မည်။

အဖွဲ့အစည်းဖြင့်ပြုလုပ်သောလုပ်ငန်းများအလိမ်ခံရခြင်း၊ မိတ်ဆွေသစ်များဖြင့် လုပ်ကိုင်နေသောအလုပ်များတွင်အလိမ်ခံရခြင်းများကြောင့် ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်မည်။ ဆေးခန်းဖွင့်လှစ်ခြင်း၊အိမ်ဆိုင်ဖွင့်ခြင်းများ လုပ်ငန်းအသစ်များတိုးချဲ့အထမြောက်အကြံအစည်အောင်မြင်လိမ့်မည်။အိမ်ပြောင်းရလိမ့်မည်။ ဆီပူ၊မီးပူ၊လောင်ခြင်း လျှပ်စစ်မီးဟပ်ခြင်း ကြုံတွေ့ရမည်။ ထပ်ခါတလဲဖြစ်တတ်သည်။ ဝါယာကြိုးအပေါက်ပြဲအဟောင်းများ လဲလှယ်ထားပြီးအန္တရာယ်ကိုကြိုကာကွယ်သင့်သည်။အမှုအခင်း ရင်ဆိုင်ရလိမ့်မည်။ နိုင်ငံရပ်ခြားသို့သွားရောက်လုပ်ကိုင်ရတတ်သည်။အချစ်ရေးတွင် ချောမွေ့နေပြီး ရည်းစားဟောင်းများနှင့် တွေ့ဆုံရတတ်သည်။အချစ်သစ်ဖန်မွေးလိုစိတ်ဖြစ်လာတတ်သည်။ လက်ရှိအိမ်ထောင်အပေါ် သစ္စာဖောက်ခြင်းများလည်း ကြုံတတ်သည်။အိမ်ထောင်ရှင်များအိမ်ထောင်ဖက်အတွက် စိတ်ပူပင်နေရတတ်သည်။ ကျန်းမာရေးကတော့ ဝမ်းဗိုက် ၊ ဦးခေါင်း၊အရေပြားရောဂါများ သတိပြုပါ။အနောက်အရပ်အကျိုးပေး၊အရှေ့အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သစ်ခွ၊ ကြာပန်း၊ သစ္စာပန်း ထိုအညွန့်များ ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၅-ဝ-၃}

အကျိုးပေးအရောင်အဖြူ၊အစိမ်းရောင်

ရှောင်ရန်အရှေ့အရပ်

ယတြာ မိမိနေနံဂြိုဟ်ဘုရားမှ သစ်ခွ၊ ကြာပန်း၊ သစ္စာပန်း ထိုအညွန့်များစုပေါင်းပြီး ဆုတောင်းပါ။

အဂါၤသားသမီးများ

အဂါၤသားသမီးများ ကိုယ့်ဆုံးဖြတ်တစ်ခုကြောင့် ဘဝတစ်ခုလုံးဆုံးရှူံးရတက်သည်။ ကိုယ့်ထက်တက်ကျွမ်း နားလည်သော ပုဂ္ဂိုလ်များဖြင့် တိုင်ပင်ဆွေးနွေး ဆုံးဖြတ်နာခံယူသင့်သည်။ မိမိအပေါ်အထောက်အကူပြု ပေးမည့်သူ၊အာမခံပေးမည့်သူ၊ ကူညီမည့်သူများနှင့် တွေ့ရတတ်ပါတယ်။အခြေအနေဘဝတချိူး ကောင်းသော ပြောင်းလဲခြင်းဖြစ်မည်။ ဘဏ်လုပ်ငန်း ဘဏ်စာရင်း ဝန်ထမ်းအကျိုးပေး ရာထူးတိုး ပညာအသစ်ဆန်းများသင်ယူရမည်။ ကိုယ့်အပေါ်မှာ မကောင်းတဲ့အပေါင်းအသင်းတွေရဲ့ သွေးထိုးမှုကြောင့် ပြသာနာအကြီးကျယ်တက်လိမ့်မည်။ မိန်းမကိစ္စပြသနာတက်ပီးအမူ့အခင်း၊ တရားဥပဒေများအထိရင်ဆိုင်ဖြေရှင်းရတတ်သည်။အခန့်မသင့်လျှင်အချုပ်ကျခြင်း၊ ထောင်ကျခြင်းအဆင့်အထိရောက်ရှိနိုင်သည်။အိမ်ထောင်ရေးမှာတော့ ပြောစကားနားမထောင် မိမိစိတ်နှင့်မိမိနေလို့စိတ်များပြိးအိမ်ထောင်ရေးတကျက်ကျက် ကြုံတွေ့ရတတ်သည်။ကျန်းမာရေးအရေပြားရောဂါ ပွေး၊ယားနာအင်္ဂါစပ်တွင်ဖြစ်ပွားတတ်သည်။အရှေ့တောင်အရပ်အကျိုးပေး၊အနောက်မြောက်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဝါး၊ ရွက်လှ၊ ရွှေပန်း၊ လက်ဖက်ညွန့် ထိုအညွန့်များ ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၈-၂-၉}

အကျိုးပေးအရောင် မိုးပြာ၊ ပန်းရောင်

ရှောင်ရန်အနောက်မြောက်အရပ်

ယတြာ စေတီတစ်စူမှာ ဝါး၊ ရွက်လှ (သို့) ရွှေပန်း၊ လက်ဖက်ညွန့် ထိုအညွန့်များ တစ်မျိုးထဲ သက်စေ့ကပ်လှူပါ။ နီးစပ်ရာစေတီတော်တွင် သန့်ရှှင်းရေးပြုလုပ်ပါ။

ဗုဒ္ဓဟူးသားသမီးများ

ဗုဒ္ဓဟူးသားသမီးများ ခရီးသွားလုပ်ငန်းများလည်း လုပ်ကိုင်သင့်ပြီးအကျိုးပေးပါလိမ့်မည်။တောင်အရပ် လာဘ်ပွင့်သည်။ ငွေကြေးအဝင်များနေသလိုအထွက်လည်း များနေပါလိမ့်မည်။ ကွဲကွာနေသော သူငယ်ချင်းမိတ်ဆွေတွေ နှင့် ပြန်လည်ဆုံတွေရမည်။ ပြည်တွင်းပြည်ပ ခရီးတွေလည်းအောင်မြင်နေပါလိမ့်မည်။ ပြည်ပနိုင်ငံကူးအလုပ်ပြောင်းခြင်းများဖြစ်ပေါ်အကောင်အထည်ဖော်မည်။ ပညာရေးနှင့် ဝန်ထမ်း ပုဂ္ဂလိကလုပ်ငန်း ရာထူးတိုး၊ လစာတိုးမည်။ စပ်တူလုပ်ငန်းများ ပိုမိုလုပ်ကိုင်သင့်ပြီးအကျိုးပေးအောင်မြင်ပါလိမ့်မည်။ တနင်္လာ၊အင်္ဂါအထူးသတိထားအကျိုးမပေး။ လုပ်ကြံခံရလိမ့်မည်။ နောက်ကျောဓါးထိုးခြင်း လူယုံသတ်ခြင်းကြုံတွေ့မည်။ သွေးသားရင်းထဲမှဖြစ်တတ်သလို မိမိလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းလည်းဖြစ်တတ်သည်။အချစ်ရေးတွင်အထင်မှားစွတ်စွဲခံရမည်၊သူများအချစ်ရေးကြားညှပ် မဆီမဆိုင်ရန်လိုခြင်းအမှုပတ်ခြင်းများကြုံတွေ့ရတတ်သည်။ မိမိအိမ်ထောင်ရေး သာယာပြီး ကျန်းမာရေးတွင်အထူးအညံ့မရှိပါ။ ခြေလေးချောင်းဝင်လျှင်မကောင်း၊ ခိုက်တတ်သည်။

တောင်အရပ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ မေမြို့ပန်း၊ ပိန်း၊ ပေါက်ညွန့် ထိုအညွန့်များ ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၇-၄-၉}

အကျိုးပေးအရောင် စိမ်းပြာ၊ ကြက်သွေးရောင်

ရှောင်ရန် မြောက်အရပ်

ယတြာ မေမြို့ပန်း၊ ပိန်း၊ ပေါက်ညွန့်များ ကပ်လှူ ဆုတောင်းပါ။ ရေ ဒါနပြုပါ။

ကြာသပတေးသားသမီးများ

လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ဖုန်း၊မြေ၊ စက်ယာဉ်ကြီးနှင့် ငွေဝင်ကိန်းရှိနေပါတယ်။အိမ်ဆောက်ပစ္စည်းနှင့်အိမ်ခြံမြေရောင်းဝယ်ခြင်း၊ ရတနာသစ်ဝတ်ဆင်ခြင်း၊အလှကုန်ပစ္စည်းဖြန့်ချိခြင်း၊ စက်ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းများအားလုံးအကျိုးပေးဖြစ်ထွန်းမည်။

ငွေကြေးချေးဌားခြင်း၊ မိတ်သစ်ဖွဲ့ခြင်း၊ ခရီးသွားခြင်းကောင်း၏။အတိတ်ဘဝက ဆုတောင်းရှိခဲ့ဖူးသောအချစ်ဟောင်းအဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရတတ်ပါတယ်။ ပျိုရွယ်သူများစန်းပွင့်နေပါသည်။ ချစ်ကြိုက်နေသူများအများအပြားပေါ်လာလိမ့်မည်။ မိမိချစ်သူ ၊ မိမိအိမ်ထောင်ဖက်၏ သဝန်တိုခြင်းကို ခံရတတ်သည်။ ကျန်းမာရေးကောင်းမည်။

မြောက်အရပ်အကျိုးပေး၊ တောင်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သီးညွန့်၊ သလဲညွန့်၊ သက်ကယ်ညွန့် ထိုအညွန့်များ ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၅-၃-၇}

အကျိုးပေးအရောင်အဝါ၊ စိမ်းနုရောင်၊

ရှောင်ရန် တောင်အရပ်

ယတြာအိမ်ဘုရားမှာ သီးညွန့်၊ သလဲညွန့်၊ သက်ကယ်ညွန့် ထိုအညွန့်များစုပေါင်းပြိး နို့ထမင်းကပ်လှူပါ။

သောကြာသားသမီးများ

သောကြာသားသမီးများအိုးအိမ်နေရာဌာနေ နေရာထိုင်ခင်းအပြောင်းအရွေ့ကြုံမည်။ ဖုန်းနှင့်စက်ပစ္စည်းရောင်းဝယ်ခြင်း၊အဟောင်အသစ်လဲလှယ်သည့် Secondအရောင်းအဝယ်လုပ်ငန်း၊အထွေထွေအကျိုးဆောင်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအထူးအကျိုးပေးမည်။ ပညာရေးတွင် စိတ်မရောက်ဘဲအချစ်ရေးနှင့် ရောထွေး ပညာရေးများလွတ်တတ် လက်လွတ်ဆုံးရှုံးများကြုံတွေ့ရတတ်သည်။ မိသားစုကြောင့်လည်း ဖြစ်တတ်ပါသည်။ ရာထူးရာခံကြီးမြင့်နေသူများ ရာထူးကြီးခြင်၊ နယ်ပြောင်း၊ လစာတိုးရခြင်းတို့ကြောင့် ဂုဏ်သိက္ခာမြင့်မားရတတ်သည့်ကာလဖြစ်သည်။ သမီးရည်းစားစုံတွဲများ လက်ထပ်မင်္ဂလာပြုခါနီးအမျိုးမျိုးသော ပြသနာများကြောင့် လမ်းခွဲရတတ်သည်။အိမ်ထောင်ရှင်များ များသောအားဖြင့် ပျော်ရွင်စွာ ဖြတ်သန်းရလိမ့်မည်။ နယ်ဝေးခရီးမိသားစု မင်္ဂလာအလှူ ကိစ္စပေါ်လာခြင်း ခရီးသွားရလိမ့်မည်။ ကျန်းမာရေးတွင်အဖျားကြီးခြင်း၊အစာအိမ်ရောင်ခြင်း၊အတက်ရောဂါ ဖြစ်ပွားတတ်ပါသည်။အရှေ့အရပ်အကျိုးပေး၊အနောက်အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ထနှောင်း၊ ဒန်း၊ နှင်းဆီး ထိုအညွန့်များ ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၄၆၁}

အကျိုးပေးအရောင်အဖြူ၊အနီရောင်

ရှောင်ရန်အနောက်အရပ်

ယတြာ ဘုရားတွင် ထနှောင်း၊ ဒန်း၊ နှင်းဆီး ထိုအညွန့်များစုပေါင်းပြိး မိမိနေနံထောင့်ကပ်ပြိး ညောင်ပင်မှာအမွှေးတိုင် (၂၁)တိုင် နွားနို့တစ်ခွက် ကပ်လှူ ဆုတောင်းပါ။

စနေသားသမီးများ

စနေသားသမီးများ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာဆိုင်းဘုတ်တင်ခြင်း၊အိမ်ဆောက်ပစ္စည်းနှင့်အိမ်ခြံမြေရောင်းဝယ်ခြင်း၊ ရတနာသစ်ဝတ်ဆင်ခြင်း၊အလှကုန်ပစ္စည်းဖြန့်ချိခြင်း၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ ထိုလုပ်ငန်းများကောင်း၏အကျိုးဖြစ်မည်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအတွင်း နေရာပြောင်းရွှေ့မှုများကြောင့် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်လိမ့်မည်။ မိမိလုပ်ငန်းရည်ရွယ်ချက်များ ကြိုတင်မပြောသင့်အကြံပျက်တတ် မအောင်မြင်ဘဲအတိုက်အခိုက်ကြုံမည်။ သောကြာသားသမီးများ လုပ်ငန်းပူပေါင်းအောင်မြင်မည်။အချစ်ရေးကံကောင်းနေမည်။ ချစ်သူနှစ်ဦး ပျော်ရွှင်ရမည့်ကာလမျိုးလည်း ဖြစ်မည်။ စနေ့သားသမီးများနှင့်စကားများရခြင်း၊ငွေဆုံးရှုံး၊ငွေရစရာတောင်းရခက်ခြင်း တရားရေးရာ ရင်ဆိုင်ရတတ်သည်။ ခရီးသွားလျှင် စနေသားသမီးနှင့်မသွားရ ဆင်းရဲဒုက္ခကြုံမည်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာပါမည်။ ကျန်းမာရေးအထူးဂရုစိုက်ဖို့လို့သည် ရောဂါဝေဒနာ တစ်ခုပြီးတစ်ခုအိမ်မိသားစုတစ်စုလုံး ကူးတတ်သဖြင့် သတိပြုပါ။

အနောက်တောင်အရပ်အကျိုးပေး၊အရှေမြောက်အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သပြေ၊အုန်းညွန့် ထိုအညွန့်များ ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၉-၄-၁}

အကျိုးပေးအရောင် ပန်း၊အစိမ်းရောင်

ရှောင်ရန်အရှေမြောက်အရပ်

ယတြာ မိမိနေနံဂြိုဟ်ဘုရားမှ သပြေ၊အုန်းညွန့် (၁၀)ညွန်စီ စုပေါင်းပြိး ဖယောင်းတိုင်၊အမွေးတိုင်(၁၀)တိုင် ထွန်းညှိ ပူဇော်ဆုတောင်းပါ။

ရာဟုသားသမီးများ

ရာဟုသားသမီးများ ရှင်ပြု ၊ နားသ၊ ထီးတင်အလှူ ပြုလုပ်ခြင်းနှင့် စေ့စပ်၊ လက်ထပ် မင်္ဂလာအခါဆောင်ရွက်ခြင်း ကောင်း၏။ ပျိုရွယ်သူများအိမ်ထောင်ကျခြင်းနှင့် စေ့စပ်မင်္ဂလာအောင်မြင်လိမ့်မည်။ စနေ့သားဆို လွှဲတတ်၊ပျက်တတ်သည်။

မည်သည့်အကြောင်းအရာကိုမျှ စိတ်ရှည်သည်းခံနိုင်မည်မဟုတ်ပါ။အရာရာတိုင်းမှာဒေါသ မောဟများဖုံးလွမ်းနေမည်။ ဒေါသလျော့ရမည်။အခန့်မသင့်လျှင် မဖြစ်သင့်တာများပြုလုပ်မိပြီး နောက်ဆုပ်လို့မရခြင်းကြုံတတ်ပါသည်။အခုပတ်တွင် လက်ထဲငွေရှိခြင်းကြောင့် မိန်းမအပျော်အပါးလိုက်စားဖြစ်ပြီး မိမိအိမ်ထောင်ရေး ထိခိုက်တတ်သည်။အပေါင်းအသင်း၊အပျော်အပါးတို့ကြောင့် ပျတ်စီးတတ်သည်။ သမီးရည်းစားများ တယောက်နဲ့တယောက်အချစ်နယ်ကျွံပီးမှ တာဝန်မယူပဲ စွန့်ပစ်ခံရတက်သောလဖြစ်၍အထူးဂရုပြုပါ။အိမ်ခြံမြေရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်း၊ ပန်းချီး၊ ပန်းပုပညာတီထွင်ခြင်းလုပ်ငန်းများအကျိုးပေးမည်။အမွေအနှစ်ကိစ္စ ပြောဆိုရတတ်ပြီး မြေဝင်၊အမွေနှစ်ရအံ့။အိမ်ဦးနတ်အဖ သက်ကြီးရွယ်အို ကျန်းမာရေးသတိပြုပါ။ တောင်အရပ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ကံကော်၊ ကြံ၊ ပေါက်ညွန့် ထိုအညွန့်များ ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၄-၉၇}

အကျိုးပေးအရောင် ကြက်သွေးရောင်၊ ခရမ်းရောင်

ရှောင်ရန် မြောက်အရပ်

ယတြာအသက်ကြီးအရွယ်ကြီးများကိုအာဟာရဒါနပြု၍ လိုရာဆုတောင်းပါ။




Some text some message..