မေလ ၃၁ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-05-31



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မေလ ၃၁ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - ဒီနေ့မှာ တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီရက်ပိုင်းမှာ စိတ်မောလူမောဖြစ်တတ်ပြီး လုပ်သမျှအခက်အခဲတွေ ဖြစ်နေတတ်ပါတယ်။အလုပ်ပိလို့ကျန်းမာရေးလည်း ညံ့တတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ ငွေကြေးကြပ်တည်းနေတတ်ပြီး ချစ်သူရည်းစားတွေအနေနဲ့ ငွေကြေးကြောင့် လမ်းခွဲရတတ်ပါတယ်။အလုပ်ထွက်၊အလုပ်ပြောင်းချင်သူတွေအနေနဲ့ ခေတ္တစောင့်ဆိုင်းသင့်ပါတယ်။ နေအိမ်၊ ခြံမြေကိစ္စများလည်းအကောင်အထည်မပေါ်ပဲ ရှိနေတတ်ပါတယ်။ မိတ်ဆွေနဲ့ ဆရာသမားကောင်းတွေကအခက်အခဲတွေကို ကူညီပေးမှာဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးလမ်းတွေလည်း ပွင့်လန်းလာပါလိမ့်မယ်။ စနေနံလုပ်ငန်းလုပ်ကိုင်သူများအနည်းငယ်ညံ့နေပြီး ထီး၊ဖိနပ် ထွက်တတ်၊ ပျောက်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးထိခိုက်မိတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အညံ့များပြေပျောက်စေရန်အိမ်ရှင်းပေးပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ ငွေကံကောင်းနေပြီး နာမည်ဂုဏ်သတင်း ကျော်စောနေမှာဖြစ်ပါတယ်။အိမ်ယာအိုးအိမ်အသစ်ဝင်ကိန်းရှိပြီးအိမ်အနီးအနားမှာအလှူရှိရင် သွားရောက် ကူညီပေးလိုက်ပါ။ ထီလည်း ထိုးပေးသင့်ပြီးအထည်၊ ထီးဖိနပ်၊ ကျောက်၊ ကားလုပ်ငန်းရှင်များအောင်မြင်တိုးတက်ပါလိမ့်မယ်။ စပ်တူလုပ်ငန်းပိုင်းမှာတော့ မရေရာဖြစ်တတ်လို့ သတိနဲ့လုပ်ဆောင်သင့်ပါတယ်။ ဖုန်းပျက်တတ်ပြီးအမွေကိစ္စ၊ မြေကိစ္စ စကားများရတတ်ပါတယ်။အိမ်ထောင်ရေးသာယာနေပြီး ချစ်သူရည်းစားများ မင်္ဂလာဆောင်ရကိန်းရှိပါတယ်။ ယာဉ်၊ကား စက်ပစ္စည်းသစ်ဝင်တတ်ပြီး ဝင်လျှင်ကောင်းပါတယ်။ သင်တန်းအသစ်တက်ရောက်ရကိန်းရှိပြီး သင်တန်းကြောင့်အလုပ်ပိုင်းဆိုင်ရာ ပိုမိုမြင့်မားတိုးတက်လာနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့အလုံးအကြိတ်ရောဂါ သတိပြုပေးပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကျောက်ကျော ကပ်လှူဆုတောင်းပါ။


အင်္ဂါ -အင်္ဂါသားသမီးတွေအတွက် လုပ်ငန်းစပ်တူလုပ်ကိုင်နေသူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်ပြီး ငွေကြေးထိခိုက်နစ်နာတတ်ပါတယ်။ ဒီရက်ပိုင်းမှာ ဘယ်သူ့ကိုမှ ငွေမချေးပါနဲ့ ဆုံးတတ်ပါတယ်။အညံ့တွေပြေပျောက်အောင် ခရီးထွက်ပေးသင့်တဲ့အချိန်ဖြစ်ပြီး ဘုရားဖူးခရီးထွက်ရကိန်းလည်း ရှိနေပါတယ်။ နေအိမ်မှာ မီးလန့်တတ်ပြီး သူခိုးခိုးခံထိတတ်လို့ သတိပြုရပါမယ်။ ရပ်ဝေးကနေအကူအညီပေးမယ့် သူတွေရောက်လာတတ်ပြီး ကွဲကွာနေတဲ့ မိတ်ဆွေဟောင်းတွေနဲ့လည်း ပြန်ဆုံရကိန်းရှိနေပါတယ်။အရေးကြီးစာရွက်စာတမ်းများ ပျောက်တတ်လို့ သတိပြုရပါမယ်။ သူများကိစ္စကြားကနေအာမခံပေးတာ၊ စာချုပ်လက်မှတ်ထိုးတာမျိုးလည်း ရှောင်ကြဉ်သင့်ပါတယ်။ ပညာရေးအတွက် သင်တန်းသစ်တွေ တက်ရောက်ရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့အသည်းအဆီဖုံးရောဂါ သတိပြုရပါမယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဇီဇဝါပန်း ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် သစ်သီးဝလံဒိုင်လုပ်ငန်းရှင်များ၊ စားသောက်ကုန်သီးနှံလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ရေထွက်ကုန်လုပ်ငန်းရှင်များ ငွေကြေး မလည်ပတ်ပဲ ရှိနေတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်ရှင်ရဲ့ မျက်နှာသာပေးမှုနဲ့ ယုံကြည်မှု ရရှိမှာဖြစ်ပြီးအိမ်နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနေပါတယ်။ ကောင်းသောပြောင်းလဲခြင်းဖြစ်ပါလိမ့်မယ်။အိမ်ထောင်ရှင်တွေအနေနဲ့ စီးပွားတိုးတက်နေမှာဖြစ်ပြီး ချစ်သူမရှိသေးသူတွေအနေနဲ့ ရပ်ဝေးမှသူနဲ့ ချစ်သူဖြစ်လာတတ်ပါတယ်။ မောင်နှမသားချင်းထဲမှာ မင်္ဂလာကိစ္စ ပေါ်လာတတ်ပြီးအစစအရာရာ ကူညီပံ့ပိုးပေးရတတ်ပါတယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး စာကို စိတ်မဝင်စားပဲ ရှိနေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အရေပြားယားယံတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ရွက်လှပန်းကို ဘုရားကပ်လှူပြီး လိုရာဆုတောင်းနိုင်ပါတယ်။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဝင်ငွေများနေသလို ထွက်ငွေလည်း များနေမယ့် ကာလပါပဲ။ လုပ်ငန်းအကြီးအကဲတွေရဲ့ ကူညီမှုနဲ့အရာရာအဆင်ပြေနေမယ့် ကာလဖြစ်ပြီး မိမိလုပ်ဆောင်သမျှအောင်မြင်နေပါလိမ့်မယ်။ လက်အောက်ငယ်သားတွေကလည်း ဝိုင်းဝန်းကူညီမယ့်အချိန်ဖြစ်ပြီး ဒီနေ့မှာ ကိုယ်ပိုင်စီးပွားရေးသမားတွေအကျိုးအမြတ်များ ထူးထူးခြားခြား ပြန်ရနေမယ့်အချိန်ဖြစ်ပါတယ်။အိမ်ထောင်ရှင်များအနေနဲ့ သားသမီးရတနာထွန်းကားတတ်ပြီးအိမ်ထောင်ဖက်ရဲ့ စီးပွားရေးကောင်းမွန်နေပါလိမ့်မယ်။အချစ်ရေးမှာ ချစ်သူရဲ့အလိုလိုက်မှု ခံရတတ်ပါတယ်။ မိဘဆွေမျိုးများနဲ့ ဘုရားဖူးခရီး ပြည်ပခရီးသွားရတတ်ပြီး ငွေစုလို့မမြဲတဲ့ကာလဖြစ်လို့ ရွှေလုပ်ထားသင့်ပါတယ်။ ပညာရေးကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ကတော့ ချောင်းဆိုးတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အရေးကြီးကိစ္စများအတွက်အဝါရောင်ဝတ်ဆင်ဆန္ဒပြုပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသစ်တွေ စတင်တာမျိုး လုပ်ဆောင်သင့်တဲ့အချိန်ပါပဲ ၊ ဝန်ထမ်းဖြစ်ပါက ရာထူးတူအချင်းချင်း ဒုက္ခပေးတတ်ပြီးအထက်အရာရှိရဲ့အထင်အမြင်လွဲခြင်းခံရတတ်ပါတယ်။ ကွဲကွာနေတာကြာပြီဖြစ်တဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပြန်လည်တွေ့ဆုံရကိန်းရှိပြီး ခရီးသွားရကိန်းလည်း ရှိနေပါတယ်။ ရုတ်တရက်ငွေဝင်ကိန်းမျိုးလည်း ရှိပြီးချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တဲ့ ကိစ္စမျိုးတွေမှာအထူးအောင်မြင်ပါလိမ့်မယ်။အိမ်တွင်းရေးအိမ်ထောင်ရေး သာယာနေပြီး၊အချစ်ရေးမှာတော့ ချစ်သူရဲ့အထင်လွဲခြင်းခံရတတ်ပါတယ်။ ကျန်းမာရေးပိုင်းဆိုင်ရာမှာအကြောနဲ့ပတ်သက်တဲ့ ရောဂါဖြစ်လေ့ရှိပြီး ထိခိုက်ဒဏ်ရာရရှိတတ်လို့ သတိပြုရမှာဖြစ်ပါတယ်။ ထီကံကောင်းနိုင်လို့ ထီထိုးပေးသင့်တဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်ပေါက်ပေါက်ဆုပ် ကပ်လှူပေးပါ။


သောကြာ -အိမ်တွင်းရေး၊အိမ်ထောင်ရေးအရှုပ်ရှိနေပြီး ခင်ပွန်း၊ ဇနီးဖောက်ပြန်တတ်ပါတယ်။ ချစ်သူရှိပြီးသူတွေအနေနဲ့လည်း မိမိရဲ့ သူငယ်ချင်းနဲ့ မိမိချစ်သူဖောက်ပြန်တာမျိုး ကြုံရတတ်လို့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။အလုပ်ကိစ္စအပြောင်းအလဲလုပ်လိုစိတ်ပေါ်နေမှာဖြစ်ပြီး လက်ရှိအလုပ်မှာ ဆက်လက်လုပ်ကိုင်တာက ပိုပြီးအဆင်ပြေစေပါလိမ့်မယ်။ လုပ်ငန်းခွင် ပဋိပက္ခအချို့မှာ ကြားညပ်နိုင်ပြီး ကိုယ်ကစေတနာထား လုပ်ဆောင်ပေးလိုက်တာတွေအတွက် မကောင်းပြောခံရတတ်ပါတယ်။အိမ်အနီးမှာ ကိုယ်ဝန်သည်ရှိတတ်ပြီး လိုအပ်တာလေးတွေ တတ်နိုင်သမျှ ထောက်ပံ့ပေးလိုက်ပါ။ ရေထွက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဝန်ထမ်းများအလုပ်နေရာ မမြဲပဲ ဖြစ်နေပါလိမ့်မယ်။အလုပ်နဲ့သက်ဆိုင်တဲ့ သင်တန်းတွေတက်ရောက်ရကိန်းရှိပြီး ကျန်းမာရေးကတော့ ကောင်းမွန်နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင်သစ္စာပန်းလှူဒါန်းပေးပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအတွက် ယာဉ်၊ ယန္တရား စက်ကြီးယာဉ်လုပ်ကိုင်သူများအကျိုးများမယ့် ကာလဖြစ်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေအထွက်တိုးမယ့်အချိန်ပါပဲ။ ငွေကိုရေလိုသုံးနေရမယ့်အချိန်လည်းဖြစ်ပြီး ဒီအချိန်မှာ ငွေစုထားသင့်ပါတယ်။ ကား၊ ယာဉ်အတိုက်အခိုက်ရှိပြီး သွေးထွက်သံယိုဖြစ်ကိန်းလည်း ရှိနေပါတယ်။အိမ်မှာ ကိုယ်ဝန်သည်၊ ဒါမှမဟုတ်အပူသည်ရှိနေတတ်ပြီးအိမ်ကို ဘုရားဆင်းတု၊ ဒါမှမဟုတ် ဘုန်းတော်ကြီးတစ်ပါး ကြွရောက်လာလျှင် ထီထိုးပေးပါ။ နေအိမ်နေရာထိုင်ခင်း ပြုပြင်ပြင်ဆင်ရကိန်းရှိပြီး လက်ရှိအိမ်ထက်ကောင်းမွန်တဲ့ နေရာထိုင်ခင်းသစ်လည်း ရလာတတ်ပါတယ်။ ပညာရေးညံ့နေပြီးအိမ်ထောင်ရှင်တွေအနေနဲ့ ဝင်လာတဲ့ငွေကို မစုဖြစ်ပဲ ဖြစ်နေပါလိမ့်မယ်။အချစ်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နှလုံးသွေးကြောရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -အိမ်ရှိ ဒန်အိုး၊ ဒယ်အိုးအဟောင်းအစုတ်များ စွန့်ပစ်လိုက်ပါ။


LEO




Some text some message..