အောက်တိုဘာလ ၂၅ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
lotaya.mpt.com.mm
|
2018-10-25




အောက်တိုဘာလ ၂၅ ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း

လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စတဲ့ ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။အခုလည်းအောက်တိုဘာလ ၂၅ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကို ဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေး ကြည့်ရအောင် ပါလားနော်။


မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ

စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး သူတစ်ပါး ကိစ္စမှာ ဝင်ရောက်စွက်ဖက်မိရာကနေ ပြဿနာဖြစ်တတ်လို့ သတိပြုရပါမယ်။ လုပ်ငန်းအဆင်မပြေမှုတစ်ချို့နဲ့အချစ်ရေး၊အိမ်ထောင်ရေး ရောထွေးပြီး ဒေါသပုံချတတ်မိလို့ သတိပြုသင့်ပါတယ်။အိမ်ထောင်ပရိဘောဂလုပ်ငန်း၊ စက်ပစ္စည်းလုပ်ငန်း၊ ကားဝပ်လျော့လုပ်ငန်းရှင်များကောင်းမွန်နေပါတယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ဖက်အပေါ်အထင်အမြင်လွဲမှားတတ်ပြီး ချစ်သူမရှိသေးသူတွေကတော့ ကိုယ့်အပေါ် သက်ဆုံးတိုင်သည်းခံချစ်မယ့် ချစ်သူရလာတတ်ပါတယ်။ ချစ်သူရဲ့ ထောက်ပံ့မှုနဲ့ ပညာရေးတဆင့်မြင့် တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ကျန်းမာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။

ယတြာ -အိမ်ရှိဘုရားမှာအုန်းထမင်း ကပ်လှူပေးပါ။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ ကိုယ်လုပ်ကိုင်ရမယ့် လမ်းကြောင်းကို တွေဝေနေတတ်ပြီးအလုပ်သစ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ ကွဲကွာနေတဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေတစ်ချို့နဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိပြီးအရင်က ကိုယ့်အပေါ်အကောင်းမမြင်သူတွေကလည်း ကောင်းမွန်စွာ ဆက်ဆံလာမယ့်အချိန်ပါပဲ။ တစ်ယောက်တည်းလုပ်ကိုင်တာထက်အုပ်စုနဲ့လုပ်ကိုင်တဲ့ ရလဒ်တွေက ကောင်းကျိုးပိုရနိုင်တဲ့ နေ့ရက်ပါပဲ။ ရည်မှန်းထားတဲ့ လုပ်ငန်းချဲ့ထွင်မှုတွေရှိရင်လည်း ဒီနေ့မှာ စတင်အကောင်အထည်ဖော်လိုက်ပါ။အချစ်ရေးအဆင်မပြေမှုလေးတွေရှိနေပြီး ဒေါသရှေ့ထားဖြေရှင်းတာမျိုးထက် ဒီပြဿနာတွေရဲ့အရင်းခံကို သေချာဆန်းစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်တတ်ပါတယ်။

ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

အတတ်ပညာကိုအခြေခံပြီး ဘဝတိုးတက်မှု ရရှိမယ့်အချိန်ဖြစ်ပြီးအပြိုင်အဆိုင်အားလုံးကို ကျော်ဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။ လူပျိုကြီး၊အပျိုကြီးများအိမ်ထောင်ကျကိန်းရှိပြီး ပျိုရွယ်သူတွေအနေနဲ့အချစ်ရေး၊မေတ္တာရေးကိစ္စတွေမှာ စိတ်ချမ်းမြေ့ရမယ့် နေ့ရက်ပါပဲ။ ဝေးကွာနေတဲ့အချစ်ဟောင်းနဲ့လည်း ပြန်လည်ဆုံစည်းရကိန်း ရှိပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးမိတတ်ပါတယ်။ ရည်မှန်းချက်များအောင်မြင်မှာဖြစ်ပြီး ဆောင်ရွက်သမျှ ကိစ္စတိုင်းအတွက် ထူးကဲတဲ့အောင်မြင်ခြင်းမျိုး ကြုံရပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်းသစ်တက်ရောက်ခြင်းများမှ ရာထူး တိုးတက်ဖို့ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ရည်ရွယ်ထားရင်လည်း ရဲရဲပဲ တိုးချဲ့လိုက်ပါ။အောင်မြင်မှု ရပါလိမ့်မယ်။

ယတြာ - လမ်းဘေးခွေးလေးတွေကို ပေါင်မုန့်ကျွေးပေးပါ။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

အိမ်တွင်းရေး၊အိမ်ထောင်ရေးအရှုပ်ရှိနေပြီး ခင်ပွန်း၊ ဇနီးဖောက်ပြန်တတ်ပါတယ်။ ချစ်သူရှိပြီးသူတွေအနေနဲ့လည်း မိမိရဲ့ သူငယ်ချင်းနဲ့ မိမိချစ်သူဖောက်ပြန်တာမျိုး ကြုံရတတ်လို့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။အလုပ်ကိစ္စအပြောင်းအလဲလုပ်လိုစိတ်ပေါ်နေမှာဖြစ်ပြီး လက်ရှိအလုပ်မှာ ဆက်လက်လုပ်ကိုင်တာက ပိုပြီးအဆင်ပြေစေပါလိမ့်မယ်။ လုပ်ငန်းခွင် ပဋိပက္ခအချို့မှာ ကြားညပ်နိုင်ပြီး ကိုယ်ကစေတနာထား လုပ်ဆောင်ပေးလိုက်တာတွေအတွက် မကောင်းပြောခံရတတ်ပါတယ်။အိမ်အနီးမှာ ကိုယ်ဝန်သည်ရှိတတ်ပြီး လိုအပ်တာလေးတွေ တတ်နိုင်သမျှ ထောက်ပံ့ပေးလိုက်ပါ။ ရေထွက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဝန်ထမ်းများအလုပ်နေရာ မမြဲပဲ ဖြစ်နေပါလိမ့်မယ်။အလုပ်နဲ့သက်ဆိုင်တဲ့ သင်တန်းတွေတက်ရောက်ရကိန်းရှိပြီး ကျန်းမာရေးကတော့ ကောင်းမွန်နေပါတယ်။

ယတြာ - ဘုရားတွင် တံမြက်စည်းလှည်း ကုသိုလ်ယူပေးပါ။


သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ

ဒီရက်ပိုင်းမှာ ကိစ္စရပ်တိုင်းလိုလို ဆုံးဖြတ်ရခက်နေပြီး မတင်မကျဖြစ်နေတတ်ပါတယ်။ လုပ်ကိုင်သင့်တဲ့ လုပ်ငန်းရယ်လို့ မဆုံးဖြတ်နိုင်ပဲ ရှိနေမှာဖြစ်ပြီး ငွေကိစ္စ၊အရောင်းအဝယ် ကိစ္စတွေမှာလည်း လွဲချော်မှုတွေ ကြုံရတတ်ပါတယ်။ စပ်တူလုပ်ငန်း၊ ရှယ်ယာလုပ်ငန်းများအကျိုးပေးနေပြီး မြေ၊အိမ်ခြံမြေ ကိစ္စမှာတော့အထစ်အငေါ့ရှိနေပါတယ်။ဆိုင်သစ်၊ နေရာသစ်၊အိမ်အသစ်ပြောင်းရွှေ့ရကိန်းရှိနေပြီးအဖိုးတန် လျှပ်စစ်ပစ္စည်း ဝင်ကိန်းရှိနေပါတယ်။ လူမျိုးခြားအကျိုးပေးနေပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်ပါတယ်။ လူူရင်းထဲက ဒုက္ခပေးတတ်လို့ သတိပြုရပါမယ်။အလှူမင်္ဂလာကိစ္စပေါ်လာတတ်ပြီးအားလုံး ချောမွေ့အဆင်ပြေပါလိမ့်မယ်။အိမ်ထောင်ရေးပြေလည်နေပြီး ချစ်သူရည်းစားတွေကတော့ ဆွေမျိုးမိဘကြားဝင်မှုကြောင့်အဆင်မပြေဖြစ်တတ်ပါတယ်။ စကားရှုတ်ထွေးမှုတွေ ဖြေရှင်းရတတ်ပြီး ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ဒုက္ခပေးတတ်ပါတယ်။

ယတြာ - ဘုရားတွင် သစ္စာပန်း ကပ်လှူပေးပါ။


ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းကိစ္စတွေအတွက် ဆုံးရှုံးမှုတွေ ကြုံရနိုင်ပါတယ်။ ဘယ်ကိစ္စကိုမဆို စိတ်အေးအေးထား ဖြေရှင်းတာကအောင်မြင်မှု ရရှိစေမှာဖြစ်လို့ စိတ်လောကြီးပြီး လုပ်ကိုင်မှုမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့အလုပ်မှာရော လူမှုရေးပိုင်းမှာပါ ပိုပြီး ဆုံးရှုံးမှုကြီးမားလာနိုင်လို့ပါပဲ။ စပ်တူရှယ်ယာလုပ်ကိုင်တာမျိုး ရှောင်သင့်ပြီး လုပ်ငန်းတိုးချဲ့တာမျိုးကိုလည်း ချိန်ဆပြီးမှ လုပ်သင့်ပါတယ်။အချစ်ရေးမှာ ချစ်သူနဲ့အလုပ်တာဝန်တွေကို သင့်တင့်မျှတတဲ့အချိန်ပေးမှုမျိုးဖြစ်အောင် သတိပြုလုပ်ဆောင်သင့်ပါတယ်။ စီးပွားရေးပိုင်းမှာတော့အရှေ့ပိုင်းမှာ ကြုံခဲ့တဲ့အခက်အခဲတွေက လက်ရှိအနေအထားကို ပိုကောင်းအောင် ပံ့ပိုးပေးတဲ့အချက် ဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ရွှေရင်အေး ကပ်လှူပေးပါ။


တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ

ဒီနေ့မှာ လုပ်ငန်းစတင်ဖို့အင်အားသစ်တွေ ပြည့်နှက်နေပါလိမ့်မယ်။ သင့်ရဲ့အကြံဉာဏ်တွေကလည်း ဒီအချိန်မှာအကောင်းဆုံး ဖြစ်နေမယ့်အချိန်ပါပဲ။အချစ်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လေးစားမှု ထားသင့်ပါတယ်။ ချစ်သူရဲ့ လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးခြင်းဖြင့်လည်း သူ့ရဲ့ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိပြီးအချစ်ရေးအဆင်ပြေပါလိမ့်မယ်။ လူတိုင်းကသင့်အပေါ်အကောင်းမြင်နေမှာဖြစ်ပြီး မိသားစုနဲ့ မိတ်ဆွေတွေရဲ့အခက်အခဲတွေကိုလည်း ကူညီခွင့်ကြုံမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အောင်မြင်မှုအပေါ် မနာလိုသူတွေရဲ့ တိုက်ခိုက်မှုတစ်ချို့ ကြုံရနိုင်လို့ သတိပြုသင့်ပါတယ်။ ပညာရေးအနေနဲ့အဆင့်မြင့်မြင့်အောင်မြင်ကိန်းရှိပြီး ကျန်းမာရေးအနေနဲ့ ခြေထောက်ထိခိုက်မိတတ်ပါတယ်။

ယတြာ -အိမ်ရှင်းပေးပါ။


ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူများ

ရေသန့်လုပ်ငန်း၊အဖျော်ယမကာလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ဝန်ထမ်းဖြစ်ပါကအလုပ်ရှင်က လစာ၊ ရာထူးတိုးပေးတာမျိုး ကြုံရပါလိမ့်မယ်။အလုပ်ရှင်နဲ့ မိမိအဆင်ပြေနေတာကို မနာလိုသူတွေလည်း ရှိနိုင်တာကြောင့် သတိပြုသင့်ပါတယ်။အထည်အလိပ်လုပ်ငန်း၊ ထီး၊ ဖိနပ်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပြီးအိမ်ခြံမြေလုပ်ငန်းရှင်များ ယခင်ရပ်တန့်နေတဲ့လုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာပါလိမ့်မယ်။အိမ်ကို ညအိပ်ညနေ ဧည့်သည်ရောက်လာမှာဖြစ်ပြီးအပူသည်ဖြစ်တတ်လို့ လက်မခံတာအကောင်းဆုံးပါပဲ။ ဆုံးပြီလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတတ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ နေအိမ်အနီးမှာအလှူရှိနေရင် ထီထိုးပေးပါ။အိမ်ထောင်ရေးအချစ်ရေးကတော့ ပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့အဆုတ်ရောဂါ သတိပြုသင့်ပါတယ်။

ယတြာ -အိမ်မှာ ထီးအစုတ်အဟောင်းများ ရှိနေရင် စွန့်ပစ်လိုက်ပါ။


ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူများ

တစ်ပါးသူရဲ့စကားအနှောင့်အယှက်ပေးမှုနဲ့ မိသားစုတွင်းအိမ်တွင်းရေးအရှုတ်အရှင်းတွေကြောင့်လည်းအချစ်ရေးကို ထိခိုက်နိုင်တဲ့ နေ့ရက်ပါပဲ။ ဒီနေ့မှာ ချစ်သူနဲ့စကားများရန်ဖြစ်တာမျိုး စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးကြုံနိုင်ပြီး လမ်းခွဲတဲ့အထိလည်း ဖြစ်သွားနိုင်လို့ သတိပြုရပါမယ်။ ရည်မှန်းချက်မှန်သမျှအောင်မြင်ပြီး လမ်းသစ်ထွင်ဆောင်ရွက်မှုတွေကလည်း ထူးခြားတဲ့တိုးတက်အောင်မြင်မှု ရရှိလာပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်ရောက်ရကိန်းရှိပြီး ပြည်ပသို့ ပညာတော်သင် သွားရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ နာတာရှည်ရောဂါဖြစ်ပွားတတ်ပါတယ်။အလုပ်သစ်ပြောင်းလဲလုပ်ကိုင်ရကိန်းရှိပြီးအကြံဉာဏ်သစ်တွေလည်းအကောင်အထည်ဖော်သင့်တဲ့အချိန်ပါပဲ။ မိတ်ဆွေကောင်းတွေဆီကနေ ထူးခြားတဲ့အကူအညီတွေရရှိပြီး စုပေါင်းလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေကနေအကျိုးအမြတ်များ ရရှိလာပါလိမ့်မယ်။

ယတြာ - ဘုရားတွင် သောက်တော်ရေ ၉ခွက်ကပ်လှူပေးပါ။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

အချစ်ရေး၊အိမ်ထောင်ရေးအဆင်ပြေနေပြီး ပျိုရွယ်သူတွေ စန်းပွင့်နေပါတယ်။ တစ်ဦးထက်ပိုတဲ့ ချစ်သူတွေ ပေါ်ပေါက်လာတတ်ပြီး ဖူးစာရှင်အစစ်အမှန်ကိုလည်း ရွေးချယ်တွေ့ရှိနိုင်ပါလိမ့်မယ်။ ပညာရေးကောင်းမွန်တိုးတက်နေမှာဖြစ်ပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးကတော့အစားမရှောင်တာကြောင့် ကျန်းမာရေးအနည်းငယ်ထိခိုက်နိုင်ပါတယ်။အလုပ်အကိုင်များအောင်မြင်ပြီး ဝင်ငွေကောင်းနေမယ့် ကာလပါပဲ။ လုပ်ငန်းအကြီးအကဲတွေထံကနေအကူအညီအထောက်အပံ့တွေ ရရှိနိုင်ပြီး စုပေါင်းလုပ်ဆောင်ရသော ကိစ္စရပ်များအထူးအောင်မြင်နိုင်ပါတယ်။ လူမျိုးခြား ၊ ဘာသာခြားတွေရဲ့အကူအညီကိုလည်း ရရှိမယ့် နေ့ရက်ပါပဲ။

ယတြာ - တရားရိပ်သာတစ်ခုတွင်အလှူငွေလှူဒါန်းပေးပါ။


ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ

အိမ်ထောင်သည်တွေ စကားများရန်ဖြစ်ရတတ်ပြီးအိမ်ထောင်ဖက်အိမ်က ဆင်းသွားတတ်ပါတယ်။ ဖုန်း၊ ဖိနပ်အစရှိတဲ့ ကြာသပတေးနံ ထွက်တတ်၊ ပျက်တတ်ပြီးအိမ်မှာကြာသပတေး သားသမီးရှိတယ်ဆိုရင် သူ့ရဲ့ ကျန်းမာရေး ဂရုစိုက်ပေးလိုက်ပါ။ လုပ်ငန်းတိုးချဲ့မှုတွေ မလုပ်ဆောင်သေးတာကအကောင်းဆုံးဖြစ်ပြီး လက်ရှိလုပ်ငန်းအနေအထားမှာပဲအဆင်ပြေနေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်ရှင်ရဲ့အထင်လွဲငြိုငြင်မှု ခံရတတ်ပြီး ဒါဟာယာယီသာဖြစ်ပါလိမ့်မယ်။ လုပ်ငန်းကနေ ဝင်ငွေရလမ်းများနေမှာဖြစ်ပြီး ငွေရမယ့် လုပ်ငန်းကိစ္စအသစ်တွေကိုလည်း လုပ်ကိုင်နေရတတ်ပါတယ်။ နေအိမ်နေရာထိုင်ခင်း ပြောင်းရွှေ့ရကိန်းရှိပြီးအလုပ်ပြောင်းဖို့လည်းအားသန်နေပါလိမ့်မယ်။ ပညာရေးအနည်းငယ်ညံ့နေပြီးအချစ်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိရောဂါ သတိပြုသင့်ပါတယ်။

ယတြာ - မွေးနေ့နံနက်တွင် ပဌာန်းအကျယ်ရွတ်ဖတ်ပူဇော်ပေးပါ။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

ဒီနေ့မှာအလုံးစုံအောင်မြင်မှုရရှိနေပါလိမ့်မယ်။ စိတ်ညစ်စရာတွေ ဝေးနေမှာဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ဂုဏ်တက်မယ့် နေ့ရက်လည်း ဖြစ်ပါတယ်။အလုပ်အတွက် ရွေးချယ်စရာတွေထပ်မံပေါ်ပေါက်လာမှာဖြစ်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့ လူကြီးသူမတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ချစ်သူနဲ့အိမ်ထောင်ဖက်ရဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိနိုင်ပြီး လုပ်ဖော်ကိုင်ဖက်တွေကလည်း သင့်ကိုအစစအရာရာ ကူညီပေးပါလိမ့်မယ်။ စိတ်ဖိစီးမှုအနည်းအကျဉ်းရှိနိုင်ပေမယ့်အားလုံးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့အပူရှပ်တတ်ပါတယ်။

ယတြာ -အိမ်ရှိဘုရားတွင် ဆီထမင်း ကပ်လှူပေးပါ။

LEO




Some text some message..