ဇွန်လ ၁ ရက်နေ့ ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-01


ဇွန်လ ၁ ရက်နေ့ ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၁ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီး တွေအနေနဲ့အလုပ်နဲ့ ပတ်သက်တဲ့ သင်တန်းသစ်တွေ တက်ရောက်ရနိုင်ပါတယ်။အိမ်တွင်းရေး ရှုပ်ထွေးနေပြီး မိသားစုအတွင်း ငွေကြေးကြောင့်အထင်လွဲ စကားများတတ်လို့ သတိပြုရပါမယ်။အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းစီးပွားအောင်မြင်နေမှာဖြစ်ပြီး မိန်းမအနှောက်အယှက်ပေးတတ်ပါတယ်။အချစ်ရေးမှာလည်း ကြားလူဝင်ဖျက်လို့ ပျက်တတ်တဲ့ ကာလပါပဲ။ ဆေးဝါးလုပ်ငန်း၊အထည်အလိပ်လုပ်ငန်း၊အနုပညာလုပ်ငန်းလုပ်ကိုင်သူများအထူးကောင်းမွန်နေပြီး စားသောက်ကုန်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး တော်တော်လေးကြိုးစားမှအောင်နိုင်ခြေရှိပါတယ်။ ဝင်ငွေထက် ထွက်ငွေများပြားနေတဲ့ ကာလဖြစ်ပြီး ရှာသလောက်အဖတ်မတင်ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့အကြောညပ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အချိုရည်ဘူး ကပ်လှူပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့မှာ မိမိ၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍အဖက်ဖက်မှ ငွေကြေးကိစ္စများအဆင်ပြေနေမှာဖြစ်ပါတယ်။ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပြီး မမျှော်လင့်ဘဲနှင့်လည်း မိမိ လုပ်ငန်းများကို လူမျိုးခြားများထံမှ ငွေကြေးအကူအညီများ ပေးလာတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် မိမိလုပ်ငန်းနှင့်ပတ်သက်၍ ပြည်ပသို့ စေလွှတ်ခံရခြင်းမျိုး ရှိတတ်ပြီး ပညာသင်ကျောင်းသားများအနေဖြင့် ပညာရေးကံကောင်းမှုများနှင့် ကြုံရတတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးသွားလိုသူတွေအတွက်တော့အနည်းငယ်အထစ်အငေါ့ ရှိနေတတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးမှာ မိမိချစ်သူနှင့်အိမ်ထောင်ကျကိန်းရှိပြီးအိမ်ထောင်နှစ်ဆက်ဖြစ်တတ်တာကြောင့် သတိပြုရပါမယ်။ ကျန်းမာရေးအနေဖြင့်အစာမှားဆေးမှားဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကန်စွန်းညွန့် လှူဒါန်းပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီနေ့မှာ ငွေကြေးဆိုင်ရာကိစ္စရပ်များ၌ စီမံဆောင်ရွက်ရာ၌အခက်အခဲများအနည်းငယ် နှင့်ကြုံတွေ့နေရတတ်ပါတယ်။ လုပ်ငန်းရှင်များအနေဖြင့် မိမိကိုယ်ပိုင်လုပ်ငန်းတိုးချဲ့မှုအတွက် လိုအပ်နေတဲ့ ကူညီမှုကို ရှာမရဖြစ်နေတတ်တဲ့အချိန်ပါ။အစုစပ်လုပ်ငန်း၊ ရှယ်ယာလုပ်ငန်းများနှင့်တော့အကျိုးပေးအောင်မြင် ဖြစ်ထွန်းတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတိုးအတွက် သင်တန်းတစ်ခု တက်ရောက်ရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပညာသင်ကျောင်းသားများအနေဖြင့် ပညာရေးနှင့်ပတ်သက်ပြီး ယခုကာလအတွင်း ပိုမိုဝီရိယ ကြိုးစားအားထုတ်မှုပြုမှသာအောင်မြင်မှုရနိုင်သော ကာလမျိုးဖြစ်တတ်ပါတယ်။ နေအိမ်အနီးအနားမှာအလှူကြီးပေးတာတွေ့ရင် ထီထိုးပေးပါ။ ပြည်ပရပ်ဝေးခရီးအနေဖြင့်လည်းအောင်မြင်မှုရရှိလိမ့်မည်။ ကျန်းမာရေးအနေဖြင့် လေရောဂါ ဂရုစိုက်ပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် စလေဆီးသီးကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများပြုလုပ်ရာ၌အောင်မြင်မှုများရရှိတတ်ပါတယ်။အစုစပ် လုပ်ငန်းများတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါကအကျိုးအမြတ်ဖြစ်ထွန်းအောင်မြင်မှုများ ရှိတတ်ပါတယ်။အရပ်လေး၊အရပ်ရှစ်မျက်နှာမှ ငွေကြေးများလည်း ဝင်လာတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတက်ကိန်းရှိနေတတ်ပါတယ်။ ဌာနဆိုင်ရာအတွင်း လုပ်ဖော်ကိုင်ဖက်များနှင့်လည်းအဆင်ပြေမှုမျိုးနှင့် ကြုံရတတ်ပါတယ်။ ပညာသင်ကျောင်းသားများအနေဖြင့် ပညာရေးကံအနည်းငယ် ညံ့နေတတ်ပါတယ်။ လုံ့လဝီရိယ စိုက်ထုတ်ကြိုးစားမှု များများပြုလုပ်ပါ။ ပျိုရွယ်သူများနှင့်အိမ်ထောင်ရှင်များ စိတ်ချမ်းသာရမည့်ကာလမျိုး ဖြစ်တတ်ပါတယ်။ ကျန်းမာရေးကတော့အနည်းငယ်ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ရေသက်စေ့ ကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများ ယခင်ထက် ပိုမိုအကျိုးပေးအောင်မြင်နိုင်ပါတယ်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်တဲ့နေ့ရက်ဖြစ်ပြီးအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများဖြစ်ပါက ဒီနေ့မှာအရာရာအောင်မြင်ပါလိမ့်မယ်။ ဝန်ထမ်းများအနေဖြင့် နေရာထိုင်ခင်းအပြောင်းအလဲရှိတတ်ပြီး မိမိတစ်ဦးမဟုတ်ဘဲ ဌာနဆိုင်ရာတစ်ခုလုံး ပြောင်းလဲခြင်းမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းသောပြောင်းလဲခြင်းမျိုးပါပဲ။ ကျောင်းသားများအနေဖြင့် ပညာရေးကံကောင်းသော်လည်းအနှောင့်အယှက်များ ရှိနေတတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးအဆင်ပြေနေမှာဖြစ်ပြီးအိမ်ထောင်သည်တွေကတော့ ဘာမဟုတ်တဲ့ ကိစ္စနဲ့စကားများရန်ဖြစ်ပြီး ကွဲကိန်းရှိလို့ သတိထားသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - မွေးနေ့တွင်အဝါရောင်ဝတ်ဆင်ပြီး ဘုရားတက်ပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ငွေကြေးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။ လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းထက် ပိုမိုကောင်းမွန်သော လုပ်ငန်းသစ်တစ်ခု တိုးချဲ့လုပ်ကိုင် ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာသင်ကျောင်း သားများအနေဖြင့် လူမျိုးခြား၊ ဘာသာခြားများထံမှအကူအညီတွေ ရရှိတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအတွင်းအပြိုင်အဆိုင်၊အတိုက်အခံများကြောင့် စိတ်သောကရောက်ရတတ်ပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ်၊ ကားသစ်အစရှိသည်များ ဝင်လာတတ်ပြီး ဒီပစ္စည်းအတွက် စိတ်ညစ်ရတတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးအဆင်ပြေနေတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့အသည်းရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ပုန်းရည်ကြီးသုပ် ကပ်လှူပေးပါ။


သောကြာ - ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကံအထူးကောင်းမွန်သော ကာလမျိုး ဖြစ်တတ်ပါတယ်။အိုးသစ်၊အိမ်သစ် ဝင်လာကိန်းလည်း ရှိတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့်လည်းအစိုးရအိမ်ယာရရှိခြင်းမျိုး ရှိတတ်ပါတယ်။ ဆုံးပြီလို့ထင်တဲ့ ကြွေးမြီများလည်း ပြန်လည်တောင်းခံ ရရှိတတ်ပါတယ်။ ပညာရေးအနေနဲ့ ကျောင်းသားများအဖို့ မမျှော်လင့်ဘဲ နာမည်ရ၍ ကြိုးစားသလောက်အောင်မြင်မှုရမည်။ ပြည်ပရပ်ဝေးခရီးအနေဖြင့်လည်း သူငယ်ချင်းများ၏ ကူညီမှုများကြောင့်အောင်မြင်စွာ ထွက်ခွာရခြင်းမျိုးရှိပါမယ်။ ပျိုရွယ်သူများအနေဖြင့် မိမိစိတ်တိုင်းကျချစ်သူမျိုး ရရှိတတ်ပြီး ကျန်းမာရေးအနေနဲ့အထက်လှန်အောက်လျှောဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် သကြားဆွမ်း ကပ်လှူဆုတောင်းပါ။


စနေ - ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများ၌အောင်မြင်အဆင်ပြေနေပြီး ပြိုင်ဘက်များထက် ပိုမိုသိသာထင်ရှားစွာ တိုးတက်နိုင်ပါတယ်။ ကြန့်ကြာနေသော သိုလှောင်ကုန်စည်များပင်အရောင်းသွက်ကိန်းရှိပြီး ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအတွင်း မိမိအထက်လူကြီး ကူညီမစမှုများကြောင့် ရာထူး တိုးနိုင်ခြင်းမျိုးရှိနေပါတယ်။ စက်ပစ္စည်းသစ် တစ်ခုလည်း ဝင်လာတတ်ပါတယ်။ ပညာသင်ကျောင်းသားများအဖို့ ဆရာကောင်းများ၏ သင်ကြားမှုဖြင့်အောင်မြင်မှုရရှိမှာဖြစ်ပြီး ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကိစ္စမှာ မိဘဆွေမျိုးများကြောင့် သောကရောက်ရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေးသာယာပြီး စိတ်ပျော်ရွှင်နေရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် မျက်စိနှင့်ပတ်သက်သော ဝေဒနာ ဂရုစိုက်ပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်ဒိန်ချဉ်ကပ်လှူပေးပါ။


LEO




Some text some message..