ဇွန်လ ၂ ရက်နေ့ ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-02


ဇွန်လ ၂ ရက်နေ့ ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၂ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့အရောင်းအဝယ် လုပ်ငန်းများနှင့်ပတ်သက်၍အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ နစ်နာဆုံးရှုံး ထားသောငွေကြေးများလည်း ပြန်လည်ရရှိနိုင်သောအချိန်ကာလ မျိုးလည်းဖြစ်တတ်ပါတယ်။ ခရီးအကျိုးပေးသော ကာလမျိုးဖြစ်၍ ယာယီခရီးများလည်း ထွက်ခွာနေရတတ်ပါတယ်။ ထိုခရီးမှလည်း တစ်စုံတစ်ရာအကျိုးထူးခြားမှုရှိလိမ့်မည်။ ဝန်ထမ်းများအနေဖြင့် တစ်နေရာထဲတွင်အတည်တကျလုပ်ကိုင်ခြင်းထက် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းက ပိုမိုအကျိုးဖြစ်ထွန်းလိမ့်မည်။ ပညာရေးနှင့်ပတ်သက်တဲ့အကူအညီအထောက်အပံ့ကောင်းများ ရရှိတတ်ပါသလိုအချစ်ရေးအိမ်ထောင်ရေးလည်း ကံကောင်းနေချိန်ဖြစ်ပါတယ်။ ကျန်းမာရေးတော့ ကောင်းမွန်နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အုန်းစိမ်းရည် ကပ်လှူပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေမျိုးသားချင်းများထံမှအကူအညီ ကောင်းများ ရရှိတတ်ပါတယ်။ ယခင်ရင်းနှီးမြှုပ်နှံထားသော စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေအကျိုးအမြတ်များရရှိတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် တစ်နေရာထဲတွင်အတည်တကျ လုပ်ကိုင်ရခြင်းမျိုး မဟုတ်ဘဲ တခြားနေရာဒေသများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရခြင်းမျိုး ကြုံရတတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးအနေဖြင့် မိတ်ဆွေများ၏အကူအညီဖြင့် ပျော်ရွှင်စွာ ထွက်ခွာရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကံကောင်းနေ သော်လည်း ဆွေမျိုးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာများနှင့် ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးတော့ ကောင်းနေပါလိမ့်မယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ခရေ ၇ ကုံးကပ်လှူဆုတောင်းပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အလုပ်နေရာ ပြောင်းရွှေ့ရကိန်း ရှိပြီး ဒီထက်ပိုကောင်းတဲ့ နေရာတစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။အလုပ်နဲ့ ပတ်သက်တဲ့ သင်တန်းသစ်တွေ တက်ရောက်ရနိုင်ပါတယ်။ အလုပ်သစ်ကနေဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေကပိုများနေမယ့် ကာလပါပဲ။ သူတစ်ပါးအတွက်ကြားခံအာမခံပေးတာမျိုး ငွေကြားခံ ချေးပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။အိမ်ထောင်သည်တွေအနေနဲ့ လုပ်ငန်းစီးပွားတိုးတက်အောင်မြင်နေမှာဖြစ်ပြီးအချစ်ရေးအနေနဲ့ ချစ်သူမရှိသူတွေ ချစ်သူရုတ်တရက် ရလာပါလိမ့်မယ်။ ဆွေမျိုးထဲမှာ စကားအရောင်းအဝယ် ပြုလုပ်တတ်သူတစ်ဦး ရှိတတ်ပြီး မိသားစုရေးကို ဝင်ပြီး နှောက်ယှက်တတ်ပါတယ်။ ကျောက်မျက်လုပ်ငန်းရှင်များ လုပ်ငန်းတိုးတက် ကောင်းမွန်နေပြီး လုပ်ငန်းကနေ ဝင်ငွေကောင်းနေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ခြေဆစ်လက်ဆစ်များ ကိုက်ခဲတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အဂါၤ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် စပျစ်သီးဖျော်ရည်ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရောင်းအဝယ် လုပ်ငန်းများနှင့်ပတ်သက်၍အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ နစ်နာဆုံးရှုံးထား သောငွေကြေးများလည်း ပြန်လည်ရရှိနိုင်သောအချိန်ကာလ မျိုးလည်းဖြစ်တတ်ပါတယ်။ ခရီးအကျိုးပေးသော ကာလမျိုးဖြစ်၍ ယာယီခရီးများလည်း ထွက်ခွာနေရ တတ်ပါတယ်။ ထိုခရီးမှလည်း တစ်စုံတစ်ရာအကျိုးထူးခြားမှုရှိလိမ့်မည်။ ဝန်ထမ်းများအနေဖြင့် တစ်နေရာထဲတွင်အတည်တကျလုပ်ကိုင်ခြင်းထက် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့လုပ်ကိုင် ခြင်းက ပိုမိုအကျိုးဖြစ်ထွန်းလိမ့်မည်။ ပညာရေးနှင့်ပတ်သက်၍အကူအညီအထောက်အပံ့ကောင်းများ ရရှိတတ်ပြီး ကျန်းမာရေးတော့ ကောင်းနေမှာဖြစ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဝေဖာကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေကတော့ ဒီနေ့မှာအကူအညီပေးမည့်သူ ပေါ်လာတတ်ပါတယ်။အရောင်းအဝယ်လုပ်ငန်းများမှ ဆုံးရှုံးထားသော ငွေကြေးများပင် ပြန်ပေါ်လာတတ်ပါတယ်။ ဝန်ထမ်းများ ဖြစ်ပါက စနေသားသမီးအထက်လူကြီးများထံမှအကူအညီတွေ ရရှိတတ်ပါတယ်။ ပညာသင်ကျောင်း သားများအနေဖြင့် ပညာရေး ကံကောင်းနေတတ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့တစ်ခု ဖြေဆိုရန်အခွင့်ကောင်းတစ်ခု ပေါ်လာတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့် လတ်တလောအိမ်ထောင်ရေးနှင့်ပတ်သက်ပြီး စိတ်ချမ်းသာရတတ်ပါတယ်။ ချစ်သူမရှိသေးသူများ ချစ်သူရလာနိုင်တဲ့အချိန်ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတတ်ပါတယ်။ ရည်ရွယ်ထားသူရှိပါက လက်ထပ်မင်္ဂလာဆင်နွှဲရကိန်းရှိပြီး ကျန်းမာရေးအနေဖြင့် ဒူးနာခြင်းမျိုးရှိနိုင်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ရေသန့်လှူဒါန်းပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ ဒီနေ့မှာ မိမိ၏ စီးပွားရေးလုပ်ငန်းများ၌အခက်အခဲအချို့ ရှိနေတတ်ပါတယ်။ ငွေကြေး ကိစ္စနှင့်ပတ်သက်၍ ပြောသမျှအရာရောက်အဆင်ပြေအောင်မြင်နေမည်။ ဝန်ထမ်းများအနေဖြင့် ဂုဏ်သိက္ခာတိုး၍ စိတ်ပျော်ရွှင်ချမ်းမြေ့ဖွယ် ကိစ္စရပ်မျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ရွှေဆိုင်လုပ်ငန်း၊ ရေသန့်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းပြောင်းရွှေ့ရကိန်း ရှိနေပါတယ်။ ပညာသင်ကျောင်းများအဖို့ ပြိုင်ဘက်များနှင့် ရင်ဆိုင်ဖြေရှင်းအောင်မြင် နိုင်ခြင်းမျိုးရှိမည်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးတွင် ချစ်သူနှင့်အဆင်ပြေနေလိမ့်မည်။အိမ်ထောင်ရှင်များအနေဖြင့် မိသားစုပျော်ရွှင်စွာ ခရီးသွားရကိန်း ရှိနေတတ်ပါတယ်။ မိဘနှင့်အတူနေသူဖြစ်ပါက ဖခင်ဖြစ်သူ၏ ကျန်းမာရေး ဂရုစိုက်ပေးပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ မနက်၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် မုန့်ဟင်းခါး ကပ်လှူပေးပါ။


သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး မိတ်ဆွေဟောင်းများထံမှအကူအညီကောင်းများ ရရှိတတ်ပါတယ်။ ဆေးနှင့် ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ လုပ်ကိုင်အောင်မြင်တတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအတွင်းမှာ ချစ်ခင်သူများ ပေါများနေပါလိမ့်မည်။ ကျောင်းသားများအနေဖြင့် စိတ်လေနေတတ်ပြီး ပျိုရွယ်သူများအနေဖြင့်အချစ်ရေး မိမိချစ်သူထံမှ လက်ထပ်ဖို့ ကမ်းလှမ်းခံရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး ကံကောင်းနေသော်လည်း ဆွေမျိုး များကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ ကျန်းမာရေးအနေဖြင့်အဆစ်၊အမြစ် ကြွက်သား နာကျင် တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် သပြေပင်ပေါက် လှူဒါန်းပေးပါ။


စနေ - ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍အကြီးအကဲများမှ မိမိကို ကူညီပါလိမ့် မည်။ စက်မှု၊ လက်မှုလုပ်ငန်းများ နှင့်ပတ်သက်၍တော့ စိတ်အနှောင့်အယှက်ဖြစ်စရာအနည်းငယ်ကြုံရတတ်ပါတယ်။ ဝန်ထမ်းများဖြစ်ပါက ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခု ပူးတွဲ လုပ်ဆောင်ရတတ်ပါတယ်။ သို့သော်အထက်လူကြီး၏အထင်အမြင်လွဲမှားခံရခြင်း၊ သံသယဖြစ်တတ်ခြင်းများ ရှိနေတတ်၍ သတိထားနေထိုင်သင့်ပါတယ်။ ပညာရေးတွင် စိတ်မဝင်စားပဲ စိတ်လေလွင့်နေတတ်၍ စိတ်ကိုထိန်းချုပ်ပြီး ပညာရေးကို ဦးစားပေးနိုင်မှအောင်မြင်နိုင်ပါမယ်။အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ကစားခြင်းကြောင့် ပညာရေးထိခိုက်တတ်ပါတယ်။အိမ်ထောင်သည်များအနေဖြင့် သားသမီး ပညာရေးကြောင့် စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အရိုးအကြောနဲ့ပတ်သက်ပြီး ဂရုစိုက်ပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် နာနတ်သီးကပ်လှူပေးပါ။


LEO




Some text some message..