အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၂-၆-၂၀၁၉ မှ ၈-၆-၂၀၁၉ ရက်နေ့အထိ)
yoyarlay.com
|
2019-06-01



အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂-၆-၂၀၁၉ မှ ၈-၆-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ




ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့၏ စီးပွားရေးလုပ်ငန်းများ ပုံမှန်အဆင်ပြေနေမည်။ ကံတရားက ကိုယ့်ဘက်ပါနေပြီး လုပ်တိုင်းဖြစ်နေမည်။ လုပ်လက်စလုပ်ငန်းများကို ရဲရဲဆက်လုပ်ပါ။ သတ္တုလုပ်ငန်းလုပ်ကိုင်သူများ စီးပွားပြန်ကောင်းလာမည်။ ရေလုပ်ငန်းလုပ်ကိုင်သူများ ညံ့ပါသည်။ ကျန်းမာရေးအနေဖြင့် မျက်လုံးရောဂါရှင်များအထူးသတိထားရမည့်အချိန်ဖြစ်ပါသည်။အချစ်ရေးတွင် ချစ်သူ၏အထင်လွဲခြင်းကိုခံရမည်။အိမ်ထောင်ရှင်များ မိဘတို့ကိုအကြောင်းပြုပြီး စိတ်သဘောထားမတိုက်မဆိုင်ဖြစ်နေမည်။ ပညာရေးသမားများ ရာထူးစာမေးပွဲအောင်မြင်ပါမည်။ ကားဝယ်ရောင်းသမားများအဆင်ပြေမည်။အစိုးရဝန်ထမ်းများ ကံကောင်းပါသည်။အထူးသဖြင့် လက်နက်ကိုင်ဝန်ထမ်းများအရေးကြီးစာရွက်စာတမ်း ပျောက်တတ်သဖြင့်အနည်းငယ် သတိထားပါ။

အကျိုးပေးဂဏန်းမှာ – ၆၊ ဝ၊ ၉။ ယတြာ – သက်ကြီး နွမ်းပါးဘိုးဘွားများကို ဆေးလှူပေးပါ။

တနင်္လာ




ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများအဆင်ပြေမည့်အချိန်ပင်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူများလည်း ပြန်အဆင်ပြေလာပြီဖြစ်သည်။ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအထူးသတိထားသင့်ပါသည်။အထည်လုပ်ငန်းများလည်းအဆင်ပြေမည်။ ကျန်းမာရေးအနေနှင့် ခွဲစိတ်ကုသထားရသူများ၊အရိုးနှင့်ပတ်သက်သူများအထူးသတိပြုပါ။ ပြင်ပထိလိုက်မှု ဖြစ်တတ်သည်။အချစ်ရေးအနေနှင့် ချစ်သူ၏အဖြေ ရလိမ့်မည်။အိမ်ထောင်ရေးတွင် စီးပွားရေး ငွေရေးကြေးရေးကိုအကြောင်းပြုပြီး သံသယစိတ်ဖြင့်အိမ်တွင်းရေးပူလောင်နေတတ်သည်။ မိဘကျန်းမာရေးညံ့တတ်သည်။ ပညာရေးသမားများ ကြိုးစားရမည်။အလုပ်စာမေးပွဲအောင်မည်။ နိုင်ငံခြားသွားရန်လုပ်ထားသူများအဆင်ပြေသွားမည်။ ဝန်ထမ်းများ ငွေဝင်မည်ကာလဖြစ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၆ ၊ ၈။

ယတြာ– နွမ်းပါးသော မိသားစုကို ထမင်းကျွေးမွေးလိုက်ပါ။

အင်္ဂါ




ယခုအပတ်အတွင်းအင်္ဂါသားသမီးတို့၏ စီးပွားရေးလုပ်ငန်းတွင် ပြိုင်ဘက်များမည့်ကာလဖြစ်သည်။ ပြိုင်ဘက်များကြောင့်လည်းအလုပ်တွင်အချိန်ပြည့်လုပ်ဆောင်နေရလိမ့်မည်။ မိမိလူယုံကြောင့်အတွင်းသတင်းပြိုင်ဘက်မှ ရသွားတတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းများ တိုးတက်မည်။ ရေလုပ်ငန်းများလည်း ကံကောင်းနေသည်။ ကျန်းမာရေးအနေနှင့် ကျောက်ကပ်ရောဂါခံစားနေရသူများအထူးသတိထားရလိမ့်မည်။အချစ်ရေးတွင် မိမိချစ်သူမှ မိမိချစ်သလိုပြန်မချစ်ဘဲရှိမည်၊ ကိုယ်မချစ်သည့်သူက ကိုယ့်ကိုအလွန်ချစ်နေတတ်သည်ကို သတိပြုပါ။အိမ်ထောင်သည်များ ခရီးများနေမည်။ ပညာရေးသမား ကျောင်းသာများ လူပေါင်းမှားတတ်သည်။ ဝန်ထမ်းများ ကံကောင်းနေတတ်သည်။ လက်နက်ကိုင်ဝန်ထမ်းများ သတိထားပါ။ ကိစ္စတစ်ခုအတွက် ပင်ပန်းမည်။

အကျိုးပေးဂဏန်း – ၃၊ ၉၊ ၅။ ယတြာ –အင်္ဂါနေ့တွင် ငှက်ကလေးများကိုအစာကျွေးပါ။

ဗုဒ္ဓဟူး




ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးများ မည့်သည့်အလုပ်လုပ်ရာတွင်မဆိုအနည်းငယ်ညံ့နေလိမ့်မည်။အများနှင့်ဆိုင်သော တာဝန်များယူရလိမ့်မည်။ ဆောက်လုပ်ရေး၊ ယာဉ်၊ စက်တို့နှင့်ဆိုင်သော လုပ်ငန်းရှင်များ ကောင်းသောအချိန်ဖြစ်သည်။ ရေလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်းလုပ်သူများ ကံညံ့သည်။ ကျန်းမာရေးအနေဖြင့် ကျောက်ကပ်နှင့် ဆီးချိုရောဂါသည်များအထူးသတိထားရမည်။ ဆေးမှန်မှန်စစ်ဆေးပါ။ မထင်သည့်အချိန်ရောဂါဖောက်တတ်သည်။အချစ်ရေးတွင် မိဘတို့သဘောမတူသဖြင့် ခိုးကြောင်ခိုးဝှက် ချစ်နေရမည်။အိမ်ထောင်သည်များ စိတ်သဘောထားမတိုက်ဆိုင်သည်ကများနေမည်။ ပညာရေးတွင်အလွန်ကြိုးစားရမည်။ ထင်သလောက်မပေါက်နိုင်ပါ။အိမ်၊ ကား ဝင်မည်။ ဝန်ထမ်းများ ကံကောင်းသောအချိန်ဖြစ်သည်။

ရာဟု – ရာဟုသားသမီးတို့ကတော့အဆင်ပြေနေပါမည်။အချစ်ရေးတွင် ကံညံ့နေပြီး ချစ်သူဟောင်း ပြန်လာတတ်သည်။ ငယ်ချစ်နှင့် ပြန်ဆုံတတ်သည်။ စီးပွားရေးတွင် ယာဉ်နှင့်ဆိုင်သော ပစ္စည်းရောင်း/ဝယ်သူများ ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးကြောင့် စိတ်ညစ်ရတတ်သည်။

အကျိုးပေးဂဏန်း – ၈၊ ဝ၊ ၂။ ယတြာ – ယခုတစ်ပတ်အတွင်း သောက်ရေလှူပါ။

ကြာသပတေး




ယခုအပတ်အတွင်း ကြာသာပတေးသားသမီးတို့အတွက် စီးပွားရေးအခြေအနေမှာအကောင်းအဆိုး တွဲနေသည့်အခြေအနေဖြစ်သည်။ စပ်တူလုပ်ငန်းလုပ်သူများလည်း စိတ်ညစ်နေရတတ်သည်။ မုန့်လုပ်ငန်းနှင့် ဓာတ်ဆီ၊ ဒီဇယ် စသည့်စက်သုံးဆီလုပ်ငန်းသမားများအမြတ်ရမည့်ကာလဖြစ်ပြီး သတ္တုတွင်းလုပ်ငန်းလုပ်ကိုင်သူများအလုပ်အေးနေမည်။ ကျန်းမာရေးအနေနှင့်ကတော့ ညာဘက်ဒူး ထိခိုက်မိတတ်သည်။ နှလုံးနှင့်ဆိုင်သောဝေဒနာရှင်များ သတိပြုပါ။အချစ်ရေးတွင် ချစ်သူကသစ္စာဖောက်တတ်သဖြင့်အထူးသတိထားပါ။အိမ်ထောင်သည်များလည်းအသစ်ရတတ်ပြီး ပြဿနာဖြစ်တတ်သည်၊မိသားစုတွင် သားကြီး၊ သမီးကြီး တစ်ဦး ကျန်းမာရေးညံ့တတ်သည်။ ပညာရေးလိုက်နေသော ၁၀ တန်းကျောင်းသားများ လူပေါင်းမှားပြီး ဘဝအတွက် ထိခိုက်သွားမည်၊အထူးသတိပြုပါ။ မြေ ဝင်တတ်၊ထွက်တတ်သည်။ ဝန်ထမ်းများအထူးကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၉၊ ၇။ ယတြာ – လမ်းတွင်တွေ့သော တိရိစ်ဆာန်များကို တတ်နိုင်သလောက်အစာကျွေးပေးပါ။

သောကြာ




ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများတွင် ကံကောင်းလာပြီဖြစ်သည်။ မိမိလုပ်ငန်းတွင် မိမိအား ငွေကြေးစိုက်ထုတ်ပေးသူရှိပါက သဘောရိုးနှင့်မဟုတ်ဘဲ ကြိုးကိုင်လာနိုင်သည်။အတတ်ပညာဖြင့် လုပ်ကိုင်ရသူများ ရန်ပေါ်မည်။ ငွေကြေးကိုအခြေခံလုပ်ကိုင်သူများ တရားရုံးအထိတက်ရောက်ရတတ်သည်။ ကျန်းမာရေးအနေနှင့် သားအိမ်၊အစာအိမ် ရောဂါရှိသူများအထူးသတိထားရန်လိုအပ်သည်။အချစ်ရေးတွင် ကွဲကွာနေသောချစ်သူနှင့် ပြန်ဆုံရမည်။အိမ်ထောင်သည်များ မိသားစုဘဝသာယာမည်။ ပညာရေးသမားများ ရာထူးအတွက် စာမေးပွဲအောင်ပါလိမ့်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။ လက်နက်ကိုင်ဝန်ထမ်းများ ထီကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၆၊ ၂၊ ၁။ ယတြာ – ရဟန်းတစ်ပါးကို ငွေကပ်လှူပြီး ထီထိုးပါ။

စနေ




ယခုအပတ်အတွင်း စနေသားသမီးတို့၏ စီးပွားရေးလုပ်ငန်းများအတွက် လူကြီးတစ်ဦး၏အကူအညီဖြင့်အောင်မြင်မည်။ မိမိလုပ်ကိုင်သော လုပ်ငန်းအတွက် လျို့ဝှက်လုပ်ကိုင်ရန်ဖြစ်သည်။ စပ်တူလုပ်ငန်းမှ စာရင်းဇယားများ ပြင်ပသို့ပေါက်ကြားပြီး ပြဿနာတက်တတ်သည်။ စတိုးဆိုင်ကဲ့သို့အထိုင်ချလုပ်ကိုင်ရသော လုပ်ငန်းများအထူးအောင်မြင်တတ်သည်။ ကျောက်မျက်ရတနာလုပ်ငန်းများအမြတ်နည်းလိမ့်မည်။ ကျန်းမာရေးအနေဖြင့် မျက်လုံးထိခိုက်မိတတ်သည်။အူမကြီးရောဂါကြောင့် ခွဲစိတ်ရသည်အထိ ဖြစ်တတ်သည်။အချစ်ရေးတွင် ကံကောင်းပြီး လက်ထပ်ရန်ရက်ရွေးရမည်။အိမ်ထောင်သည်များ ကံကောင်းပြီး (၂)အစပါသော ထီကိုထိုးသင့်သည်။ ကားဝင်ကိန်းရှိနေပါသော်လည်း ဝယ်ယူရာတွင်အဆင်မပြေဖြစ်မည်။ ပညာရေးသမားများကတော့အနည်းငယ် ညံ့ပါသည်။ ဝန်ထမ်းများ ကံကောင်းနေပါသည်။

အကျိုးပေးဂဏန်း – ဝ၊ ၇၊၂။ ယတြာ – ခွေးကလေးများကို ထန်းလျက်ကျွေးပါ။


ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..