ဇွန်လ ၃ ရက်နေ့ ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-03


ဇွန်လ ၃ ရက်နေ့ ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၃ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ- တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ ဝင်ငွေကောင်းခြင်း၊ ကံကောင်းခြင်းများ ရှိနေ လိမ့်မည်။ ငွေရေး ကြေးရေးအနေဖြင့်လည်းအစစအရာရာအဆင်ပြေအောင်မြင်နေမည်။ ဆုံးရှုံးထားသည့် လက်ဝတ်ရတနာများနှင့် ရွှေထည်များ ပြန်လည်ဝင်ရောက်လာမည်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာ ရွှေ့ပြောင်းမှုများကြောင့်အထူးသတိထားသင့်ချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ ပညာရေးအနေဖြင့် စိတ်လော၍ မဆုံးဖြတ်သင့်။ ဆရာသမားကောင်းများနှင့် တွေ့ရတတ်သည်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ယခုအချိန်မှာ စာရွက်စာတမ်းများ စတင်စုဆောင်းခြင်းမျိုး ပြုလုပ်လိုက်ပါ။အိမ်ထောင်ရှင်များအနေဖြင့် မိမိအိမ်ထောင်ဖက်၏ ကျန်းမာရေးဂရုစိုက်သင့်၏။ ပျိုရွယ်သူများအချစ်ရေးမှာ သတိထားသင့်ချိန် ဖြစ်ပါသည်။ ကျန်းမာရေးအနေဖြင့် ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်းမျိုး ခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်ပါတယ်။


ယတြာ -အိမ်ရှိအိတ်အဟောင်းအစုတ်များစွန့်ပစ်လိုက်ပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများကိုအထူးသတိထား ဆောင်ရွက်သင့်ပါတယ်။ မိသားစုများနှင့်ပတ်သက်၍လည်း စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပြီး စိတ်ပင်ပန်း၊ လူပင်ပန်းရမည့်အချိန်ကာလမျိုးပါပဲ။ သူတစ်ပါး၏အမှုကိစ္စများကိုအာမခံခြင်း၊ ကြားဝင်ဖြေရှင်းခြင်းမျိုး မပြုပါနှင့်။ ငွေကြေးကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ပညာရေးအနေနဲ့ ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း ကြိုးစားသလောက် ထွန်းပေါက် တတ်မြောက်အောင်မြင်ခြင်းမျိုး မရရှိနိုင်သော ကာလမျိုးပါပဲ။ ပြည်ပ ရပ်ဝေးခရီးအနေဖြင့်အနှောင့်အယှက်များရှိနေတတ်ပြီး ပျိုရွယ်သူများ ချစ်သူနှင့် ရန်ဖြစ်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ စိုးရိမ်စရာမရှိပါဘူး။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။


ယတြာ - ဘုရားတွင် ကြံရည်ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ မိမိ၏အစုစပ်လုပ်ငန်းများ၌ တစ်စထက်တစ်စ တိုးတက်အောင်မြင်လာမယ့် ကာလဖြစ်ပါတယ်။ ဆောင်ရွက်သမျှကိစ္စတိုင်းမှာလည်း ထူးထူးခြားခြားအောင်မြင်အဆင်ပြေမည်။ မိသားစုနှင့် ပတ်သက်ပြီးသတင်းစကားကောင်းတွေ ကြားသိရတတ်ပါတယ်။ မိမိ၏ ဘဝတက်လမ်းတွေလည်း ပွင့်လန်းလာတတ်ပါတယ်။ ပြည်ပခရီးဝေးသွားဖို့ ကြံရွယ်ထားလျှင်လည်းအဆင်ပြေချောမွေ့စွာနဲ့ပဲ ထွက်ခွာရတတ်ပါတယ်။ ရေသန့်လုပ်ငန်း၊အချိုရည်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအိမ်ခြံမြေလုပ်ငန်းရှင်များအနည်းငယ်ခက်ခဲနိုင်ပါတယ်။အချစ်ရေးတွင် ချစ်သူ၏ လိမ်ညာမှုကို ခံရတတ်ပြီး ကျန်းမာရေးအနေနဲ့အစာအိမ်လေအောင့်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် ဇလပ်ပန်း ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဒီရက်မှာ စက်မှု၊ လက်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာအနည်းငယ်ကြုံရတတ်ပါတယ်။ ဝန်ထမ်းများဖြစ်ပါက ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခု ပူးတွဲလုပ်ဆောင်ရ တတ်ပါတယ်။ သို့သော်အထက်လူကြီး၏အထင်အမြင်လွဲမှားခံရခြင်း၊ သံသယဖြစ်တတ်ခြင်းများ ရှိနေတတ်၍ သတိထားနေထိုင်သင့်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ မသင့်သေးတဲ့အချိန်ဖြစ်သလို လုပ်ငန်းစပ်တူလုပ်ကိုင်မှုကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။အိမ်အနီးအနားမှာ ကလေးမွေးတဲ့ သတင်းကြားရင် ထီထိုးပေးပါ။ လတ်တလောမှာ ပညာရေးကို စိတ်မပါပဲအချစ်ရေးကြောင့် စိတ်လေနေတတ်ပါတယ်။အချစ်ရေး ဦးစားပေးမိလို့ စာမေးပွဲကျတတ်တဲ့အချိန်ပါပဲ။အိမ်ထောင်သည်တွေကတော့ သားသမီးကြောင့် စိတ်ပူရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ကတော့ ဝမ်းပျက် ဝမ်းလျှောသတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်ပေးပါ။


ယတြာ - ဘုရားတွင်ရွှေရင်အေးလှူဒါန်းပေးပါ။


ရာဟု - ဒီရက်မှာ ကံတရားအထူးကောင်းမွန်သောအချိန်ကာလဖြစ်ပါသည်။အကျိုးအမြတ်များ ရရန်ရှိသောအရောင်းအဝယ်ကိစ္စများ ဦးစားပေးဆောင်ရွက်သင့်သည်။ လုပ်ငန်းသစ်တွေ စတင်လုပ်ကိုင် တာ၊ လုပ်ငန်းပြောင်းရွှေ့တာတွေ ဒီအချိန်မှာ ကောင်းပါသည်။ မိမိပြုလုပ် လိုက်သော ကိစ္စတစ်ခုကြောင့် လူအများ၏အထင်ကြီးခြင်း ခံရတတ်သည်။ မိမိသူငယ်ချင်းအရင်းအချာနှင့် လုပ်ငန်းတစ်ခုကို တိုင်ပင်ခြင်းမျိုး ကြုံရတတ်သည်။အိမ်တွင်းရေးအနည်းငယ် စိတ်ရှုပ်ထွေးနေမည်။ ပညာရေးနှင့်ပတ် သက်ပြီး ပညာရပ်တစ်ခု ထပ်မံသင်ကြားရခြင်းမျိုး ကြုံရတတ်ပါသည်။ ပျိုရွယ်သူတွေအဖို့ မိမိချစ်သူ ခရီးဝေးသွားရတတ်ပါသည်။အိမ်ထောင်သည်တွေအဖို့ မိမိသားသမီးများကြောင့် စိတ်ချမ်း မြေ့စရာနှင့် ကြုံတွေ့ရမည်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင်ရွက်လှပန်းကပ်လှူပေးပါ။


ကြာသပတေး - ဒီနေ့မှာ ယှဉ်ပြိုင်မှုများသော လုပ်ငန်းများနှင့် ပတ်သက်၍ ငွေကြေးအကျိုးအမြတ်တွေ ရရှိတတ်ပါတယ်။ စိတ်ကူးထဲပေါ်လာသည့် မည်သည့်ကိစ္စမဆို မဖြစ်မနေလိုအပ်သည်များကို ရှေ့တိုး ဆောင်ရွက်သင့်တဲ့အချိန်ပါ။အတတ်ပညာနှင့် ပတ်သက်၍ ကောင်းသောအကျိုးဆက်တွေ ခံစားရတတ်ပါတယ်။ ရတနာအရောင်းအဝယ် လုပ်ငန်းကိစ္စများအောင်မြင်ရန် နည်းလမ်းကောင်းများ ရှာဖွေတွေ့ရှိတတ်ပါတယ်။အမျိုးထဲမှာ ဆေးရုံတက်နေသူရှိရင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။အိမ်အနီးအနားမှာ မီးလန့်ရင်အိမ်ရှိကြီးကဲသူ ကျန်းမာရေး ဂရုစိုက်ပေးသင့်ပါတယ်။ ပျိုရွယ်သူများအဖို့ မိမိချစ်သူထံမှ လိုအပ်သောအကူအညီတွေ ရရှိတတ်ပါတယ်။အိမ်ထောင်ရှင်တွေအဖို့အိမ်ထောင်ရေးသာယာမယ့်အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ -အိမ်ရှိဘုရားတွင် မြေပဲပြုတ်ကပ်လှူပေးပါ။


သောကြာ - ဒီနေ့မှာ မိမိ၏အစုစပ်လုပ်ငန်းများ၌ တစ်စထက်တစ်စ တိုးတက်အောင်မြင်လာမှာဖြစ်ပြီး ဆောင်ရွက်သမျှကိစ္စတွေမှာလည်း ထူးထူးခြားခြားအောင်မြင်အဆင်ပြေမှာဖြစ်ပါတယ်။ မိသားစုနှင့် ပတ်သက်ပြီးလည်း သတင်းစကားကောင်းတွေ ကြားသိရတတ်သလို မိမိ၏ ဘဝတက်လမ်းတွေလည်း ပွင့်လန်းလာတတ်ပါတယ်။ ပြည်ပခရီးဝေး သွားဖို့ ကြံရွယ်ထားလျှင်လည်းအဆင်ပြေချောမွေ့စွာနဲ့ပဲ ထွက်ခွာရတတ်ပါတယ်။အထက်လူကြီးရဲ့ မျက်နှာသာပေးခြင်း ခံရတတ်ပြီး ရာထူးနေရာအပြောင်းအရွေ့လည်း ကြုံရတတ်ပါတယ်။အိမ်အနီးအနားမှာအလှူရှိတတ်ပြီး ရှိလျှင် သွားရောက်ကူညီပေးလိုက်ပါ။အချစ်ရေး ညံ့နေပြီးအိမ်ထောင်သည်တွေအနေနဲ့ မိဘကြောင့် စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အစာအိမ်ကို ဂရုစိုက်ပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် သရက်ပြင် ကပ်လှူပေးပါ။


စနေ - ဒီနေ့မှာ လုပ်ငန်းနှင့်ပတ်သက်ပြီး ကံကောင်းတော့မလိုလိုနှင့် ညံ့သွားတတ်ပါသည်။ သို့သော် စိတ်ကူးကောင်းလေးတွေ တွေးခေါ်မိတတ်တဲ့အချိန်ကာလဖြစ်ပါသည်။ ငွေကြေးကိစ္စ ပြောဆို ဆွေးနွေးညှိနှိုင်းမှုအဆင်ပြေမည်။ ပညာရေးနှင့်ပတ်သက်ပြီး မိမိတက်ချင်သော သင်တန်း တစ်ခုတက် ရောက်ရခြင်း၊ ရာထူးတိုးစာမေးပွဲ ဖြေဆိုရခြင်းများ ကြုံရတတ်သည်။အစုစပ်လုပ်ငန်းများနှင့်ပတ်သက်ပြီးအကျိုးအမြတ်များရရှိမည်။ မိမိ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးပမ်းအားထုတ်သည့်အလုပ်များအကျိုးပေးလိမ့်မည်။ ပျိုရွယ်သူတွေအဖို့အချစ်ရေးမှာ ပြုံးရွှင်စရာတွေနဲ့ ကြုံတွေ့ရမည်။အိမ်ထောင်သည်တွေအဖို့အိမ်ထောင်ရေး သာယာနေမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ဒူးရင်းယို ကပ်လှူပေးပါ။


LEO




Some text some message..