ဇွန်လ ၄ ရက်နေ့ ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-04


ဇွန်လ ၄ ရက်နေ့ ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၄ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီး တွေအနေနဲ့ ဒီရက်မှာ ဝင်ငွေများ များနေသော်လည်း ထွက်ငွေကလည်း ဆီလိုအပေါက်ရှာအကြောင်းအမျိုးမျိုးကြောင့် ကုန်ကျနေတတ်ပါတယ်။အနုပညာလုပ်ငန်း၊ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ရေထွက်ပစ္စည်းလုပ်ငန်း၊ ရေသန့်လုပ်ငန်းရှင်များအနည်းငယ် ညံ့နေပါတယ်။အိမ်အနီးအနားမှာ နာရေးသော်လည်းကောင်း ၊အလှူကြီးသော်လည်းကောင်း ရှိတတ်ပြီး ရှိလျှင် ၅အစ ၃အဆုံး ထီထိုးပေးပါ။ ပညာရေးနှင့်ပတ်သက်ပြီးအနေအထားတဆင့်မြင့်ဖို့ သင်တန်းများ တက်ရောက်ခွင့် ရမှာဖြစ်ပြီး ငယ်ရွယ်သူများအနေဖြင့်အချစ်ရေးအဆင်မပြေဖြစ်ခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။အိမ်ထောင်ရှင်တွေအနေနဲ့ကတော့အိမ်ထောင်ဖက်နှင့်ပတ်သက်၍ စိတ်ဝမ်းကွဲစရာများ ကြုံတွေ့ရတတ်လို့အရာရာကို မိမိဘက်မှအလျှော့ပေးလိုက်ပါ။ ကျန်းမာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။


နေ့ရက်အလိုက်ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီး ကိစ္စလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။


ယတြာ - မိဘကြီးကဲသူများအားအားဆေးလှူဒါန်းပေးပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ ဒီရက်မှာ ငွေကုန်ကြေးကျများမယ့် ကာလမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ပြောဆိုဆောင် ရွက်သမျှ ကိစ္စအားလုံးကတော့အဆင်ပြေနေ တတ်ပါတယ်။ လူတိုင်းအပေါ်အားနာလွန်းသောစိတ်ထားကိုတော့ ဖယ်ရှားရပါမယ်။အရောင်းအဝယ်ကိစ္စများနှင့် ပတ်သက်ပြီး လူမျိုးခြား၊ ဘာသာခြားများနှင့် စပ်တူလုပ်ရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီး ငြိုငြင်မယ့်ကိစ္စမျိုး လုပ်ဆောင်မိတတ်ပါတယ်။ ပညာရေးနှင့် ပတ်သက်ပြီး မိမိကိုအကူအညီပေးမည့်သူများအဆင်သင့် ရှိနေတတ်ပါတယ်။အိမ်မှာအပူသည်ရှိတတ်ပြီး ဧည့်သည်ရောက်လာရင် လက်မခံပါနဲ့အိမ်ရှိလူထွက်တတ်ပါတယ်။ ပျိုရွယ်သူတွေအဖို့အချစ်ရေးမှာတော့ ဝေးကွာနေသော ငယ်ချစ်ဦးနှင့် ပြန်လည်ဆုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အပူလောင် တတ်သောကြောင့် မီး၊ လျှပ်စစ်တို့ကို သတိထားကိုင်တွယ်ပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် ခေါက်ဆွဲကြော်ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီရက်မှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ကံကောင်းနေတတ်ပါတယ်။ ငွေကြေးအခြေအနေသည် ယခင်ထက်ပိုမိုအဆင်ပြေနေတတ်ပါတယ်။ ပညာရေးနှင့်ပတ်သက်၍လည်းအကြီးအကဲတို့ထံမှအကူအညီများ ရရှိတတ်ပါတယ်။ သွပ်၊သံလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊အကျိုးဆောင်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ဝင်ငွေရပေါက်ရလမ်း များနေတတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကံကောင်းနေမှာဖြစ်ပြီးအိမ်ထောင်ရှင်များအနေဖြင့် မိသားစုလိုက် ဘုရားဖူးခရီးထွက်ရတတ်ပါသည်။ ကျန်းမာရေးအနေဖြင့်အာရုံကြောအားနည်းခြင်း၊ ခြေလက်နာကျင်ခြင်း ဝေဒနာမျိုးဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဆီချက်ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဒီရက်မှာ ယှဉ်ပြိုင်၍ ဆောင်ရွက်ရသော ဖက်စပ်လုပ်ငန်းများ၌ မိမိ၏ဦးဆောင်မှုကသာ ပိုမိုအသာစီးရရှိမည်။အရောင်းအဝယ်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သင့်၏။အိမ်၊ ခြံ၊ မြေ၊ ကားနှင့် လက်ဝတ်ရတနာ စသည်တို့မှ ပိုမိုကောင်းမွန်သည့်အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လိမ့်မည်။ ပညာရေးအနေဖြင့် ဆရာသမားကောင်းနှင့်တွေ့၍ နက်နဲသောပညာရပ်များကို လေ့လာခွင့်ရှိမည်။ ဝန်ထမ်းဖြစ်ပါကအလုပ်နေရာပြောင်း ၊ ရာထူးတိုး ကြုံရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ဖက်ရဲ့ ကူညီထောက်ပံ့မှုနဲ့အစစအရာရာအဆင်ပြေနိုင်ပါတယ်။အချစ်ရေးအနည်းငယ်ညံ့နေပြီး ကြားလူရဲ့အကူအညီနဲ့ ပြေလည်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မတော်တဆအက်ဆီးဒန့်တစ်ခုခုဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ဘုရားတွင် ရဲယိုသီးကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီရက်မှာ ဝင်ငွေတွေ တအားကောင်းနေတတ်ပါတယ်။အဖွဲ့အစည်းနှင့်ပြုလုပ်သော လုပ်ငန်းများလည်းအထူးအောင်မြင်မည်။အလှူအတန်းများများလုပ်ပါ။ သို့သော်အရာရာကို သတိနှင့် ယှဉ်၍လုပ်ပါ။ ပညာရေးနှင့် လူမှုရေးတို့၌လည်းအစစအရာရာအဆင်ပြေနေတတ်ပါတယ်။ မိခင်တော့ ကျန်းမာရေးအနည်းငယ် ညံ့နေတတ်ပြီး ချော်လဲတတ်လို့ သတိထားပေးလိုက်ပါ။အချစ်ရေးကံကောင်းနေပြီး စန်းပွင့်နေပါလိမ့်မယ်။အိမ်ထောင်ရှင်တွေအနေနဲ့ မိမိအိမ်ထောင်ဘက်နှင့် ကိစ္စအချို့ မတင်မကျဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်ပြင်ငုတ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရရှိနိုင်တာဖြစ်ပါတယ်။


ယတြာ - ဝိဇ္ဇာစရဏသမန္တော ဂါထာ ၈ ပတ် ရွတ်ဆိုပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ မိတ်ဆွေများ၏အကူအညီဖြင့်အရောင်းအဝယ်လုပ်ငန်းများအစစအရာရာအဆင်ပြေနေတတ်ပါတယ်။ စီးပွားရေးအကြံအစည်သစ်များလည်းအကောင်အထည်ဖော်ဆောင်ရွက်ရတတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးကိစ္စတွေလည်းအောင်မြင်နေတတ်ပါတယ်။အိုးအိမ်သစ်တွေလည်း ပြောင်းရွှေ့ရတတ်ပါတယ်။ စနေနံဖြစ်တဲ့ ထီး၊ ဖိနပ်တော့အဝင်မခံပါနဲ့။အိမ်ရှိ စက်ပစ္စည်းတစ်ခု ချို့ယွင်းပျက်စီးတတ်တယ်။ ရေသန့်လုပ်ငန်း၊အချိုရည်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး စားသောက်ဆိုင်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။ ချစ်သူမရှိသေးသူများချစ်သူရလာတတ်ပြီး ချစ်သူရှိပြီးသူများလည်း ပျော်ရွှင်ရမယ့်အချိန်ဖြစ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ ပြင်ပ ပယောဂကြောင့်အထင်အမြင်လွဲမှားရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ဂေါက်ရောဂါဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် မာလကာသီး လှူဒါန်းပေးပါ။


သောကြာ - သောကြာသားသမီးတွေအနေနဲ့ ဒီရက်မှာ စီးပွားရေးလုပ်ငန်းများ ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်ပါတယ်။ ကံတရားကြောင့် ဘဝအနိမ့်အမြင့် သိသိသာသာပြောင်းလဲနိုင်တဲ့ နေ့ရက်ဖြစ်ပြီး မိမိအတွက်အကျိုးပေးသော စက်ပစ္စည်းတစ်ခု ဝင်လာတတ်သည်။ ကတိပျက်သူများနှင့် ထိပ်တိုက်ရင်ဆိုင်၍ စကားအချေအတင် ပြောဆိုရတတ်သလို သူစိမ်းအကျိုးပေးပြီး ဆွေမျိုးသားချင်းများက ဒုက္ခပေးတတ်ပါတယ်။ မပြောပလောက်တဲ့ ပြဿနာနဲ့အချင်းချင်း စကားများရတတ်သည်။ ခရီးထွက်ရန် ကြံထားပါက ထွက်ဖြစ်အောင်ထွက်လိုက်ပါ။ ကောင်းသောခရီးဖြစ်ပြီးအကျိုးများပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါကအောက်လက်ငယ်သား မကောင်းကြံခြင်း ခံရတတ်ပါတယ်။ ပျိုရွယ်သူများ စန်းပွင့်နေပြီးအိမ်ထောင်သည်တွေကတော့ စကားများရတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - သုဂတောဂါထာ သက်စေ့ ရွတ်ပေးပါ။


စနေ - သူတပါးနဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့အလုပ်တစ်ခု ကျိန်းသေပေါက် လုပ်ဖြစ်ပါလိမ့်မယ်။ စပ်တူလုပ်ခြင်း၊ ပူးပေါင်း လုပ်တဲ့လုပ်ငန်းများ ဖြစ်နေပါလိမ့်မယ်။ ငွေကြေးနှင့်ပတ်သက်၍ ပြောဆိုခြင်းများအောင်မြင်မည်။ သူတစ်ပါး၏ ဝေဖန်ပြောဆိုမှုကို ပြင်းပြင်းထန်ထန် ခံစားရတတ်သည်။ မိမိကြောင့် မိသားစု စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ ဆောင်ရွက်သမျှ ထွန်းထွန်းပေါက်ပေါက်ဖြစ်မည့်အချိန်ဖြစ်၍အနှောင့်အယှက် ပေါများနေမည်။ ပြည်တွင်းပြည်ပအပျော်ခရီး ထွက်ရတတ်သည်။ ပျိုရွယ်သူများ ပတ်ဝန်းကျင်၏ ဘေးစကားကြောင့် မိမိနှင့် ချစ်သူကြား ပဋိပက္ခများဖြစ်နေမည်။ ကျန်းမာရေးမှာ ခြေထောက်တွင် ထခိုက်ဒဏ်ရာများ ရရှိတတ်သည်။ နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ထမင်းနှင့်ဟင်း ကပ်လှူပြီး လိုရာဆုတောင်းပါ။


LEO




Some text some message..