ဇွန်လ ၅ ရက်နေ့ ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-05


ဇွန်လ ၅ ရက်နေ့ ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၅ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ- တနင်္ဂနွေသားသမီး တွေအနေနဲ့ ဒီရက်မှာ ငွေကြေးဆိုင်ရာအခက်အခဲအနည်းငယ်ရှိနေတတ်ပါတယ်။ မိမိ၏အတတ် ပညာနှင့် ကျွမ်းကျင်မှုများကြောင့်အလုပ်အကိုင်၊အခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့ရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း လက်လွန်ထားသော ငွေကြေးများ ပြန်လည်တောင်းခံ ရရှိတတ်ပါတယ်။အကြံဉာဏ်သစ်များလည်း စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများအဆင်ပြေချောမွေ့ပါလိမ့်မည်။ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများလည်းအောင်မြင်အဆင်ပြေမည်။ မမျှော်လင့်ဘဲ ခရီးသွားရကိန်းလည်း ရှိနေတတ်ပါတယ်။ ပြတ်တောက်နေတဲ့ လုပ်ငန်းအဆက်အသွယ်တွေ ပြန်ရလာတတ်တဲ့အချိန်လည်း ဖြစ်ပါတယ်။အချစ်ရေးပုံမှန်ရှိနေပြီး ကျန်းမာရေးကတော့အနည်းငယ်ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အာလူးကြော်ကပ်လှူပေးပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ ဒီရက်မှာ လူမျိုးခြားများနှင့် ပတ်သက်ဆက်နွယ်သောလုပ်ငန်းကိစ္စများအကျိုးပေးအောင် မြင်သောကာလမျိုးဖြစ်တတ်ပါတယ်။ စွန့်စွန့်စားစားလုပ်ကိုင် ဆောင်ရွက်ရသော လုပ်ငန်းကိစ္စများ၌လည်းအောင်မြင်မှုရရှိနေဦးမည်။ ရေသန့်လုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းရှင်များအနည်းငယ်ညံ့နေပြီး ငွေစုငွေချေးလုပ်ငန်းများ ငွေကြေးအမှားအယွင်းဖြစ်ပွားတတ်ပါတယ်။ ပညာရေး ကံကောင်းနေမည်။ ဇွဲ၊ လုံ့လ၊ ဝီရိယအားထုတ်မှု ပိုမိုပြုလုပ်နေရတတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများအဆင်ပြေချောမွေ့စွာ ထွက်ခွာရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာနေပြီး ချစ်သူမရှိသေးသူများ ချစ်သူ ရလာတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ရုတ်တရက်အမောဖောက်ခြင်း၊ မူးဝေနေခြင်းမျိုးဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကြာဆံချက် ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီရက်မှာ ကြိမ်ဖန်များစွာ ကြိုးစားထားသော ကိစ္စများအောင်မြင်အဆင်ပြေလာတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးနဲ့အဆင်မပြေဖြစ်တတ်ပြီး နေရာအပြောင်းအလဲရှိနေပါတယ်။ ရွှေဆိုင်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအနည်းငယ်ညံ့နေပြီး စားသောက်ကုန်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပါတယ်။ လုပ်ငန်းသဘာဝမတူတဲ့ လုပ်ငန်းတိုးချဲ့မှုနဲ့ ပတ်သက်ပြီးအလျင်မလိုသင့်ပဲ လက်ရှိလုပ်ငန်းကိုပဲ တိုးတက်အောင် ဦးစားပေးလုပ်ဆောင်သင့်ပါတယ်။ ဘေးစကားများကိုလည်း စဉ်းစားတွေးခေါ်ပြီးမှ ယုံပါ။အချစ်ရေးတွင် ချစ်သူကလမ်းခွဲသွားတတ်ပါတယ်။အိမ်ထောင်ရှင်တွေအဖို့ မိမိ၏အိမ်ထောင်ဘက်ကြောင့် စိတ်ပျော်ရွှင်ကြည်နူးစရာလေးတွေ တွေ့ကြုံရမှာပါ။ ကျန်းမာရေးကတော့ ခြေထောက်ထိခိုက်တတ်တယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် ဆန်းကစ်ဖျော်ရည် ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဒီရက်မှာအလုပ်အသစ်တွေ တိုးချဲ့လုပ်ကိုင်ရတတ်ပါတယ်။ ဘာပဲလုပ်လုပ် နှစ်ကြိမ် နှစ်ခါ ပြန်လုပ်ရတတ်ပါတယ်။ နောက်တစ်ကြိမ် လုပ်မှသာ ပိုမို၍အောင်မြင်မှုရမှာပါ။ မိမိအပေါ်အထောက်အကူ ပေးမည့်သူ၊အာမခံပေးမည့်သူ၊ ကူညီမည့်သူများလည်း ကြုံတွေ့ရတတ်ပါတယ်။ မိတ်ဆွေများ၏အလှူသတင်း၊ မင်္ဂလာသတင်းတွေလည်း ကြားသိရတတ်ပါသေးတယ်။ ဆန်စက်၊ ဆီစက်၊ သစ်စက်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအလှကုန်လုပ်ငန်းရှင်များအနည်းငယ်အရောင်းနှေးနိုင်ပါတယ်။ ပညာရေးအနေဖြင့် စာကျက်မှတ်မှုများမှာ စိတ်တအားလေနေ၍ ကျက်မှတ်မရတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ပျိုရွယ်သူတွေအဖို့အချစ်ရေးတွင် ဝေခွဲရခက်နေတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အစာမှား၊ ဆေးမှား ဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ဘုရားတွင် လိမ္မော်ရည်ကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီရက်မှာ လုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနေတတ်ပါတယ်။ ဆွေမျိုး၊ သားချင်းများနှင့် ပတ်သက်၍ စိတ်ရောကိုယ်ပါ ပင်ပန်းနေတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းများလည်း ဝင်လာတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် မိမိရရှိထားသည့်အနေအထားအပေါ် မနာလိုသူများ၊အပြိုင်လုလိုသူများ ပေါ်လာတတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများအလုပ်ခန့်စာ၊ ခေါ်စာ ရောက်ရှိလာတတ်ပါတယ်။အချစ်ရေး ကံညံ့နေပြီး ချစ်သူနှင့် ခွဲခွာနေရတတ်ပါတယ်။ ချစ်သူက မိမိအပေါ် သစ္စာဖောက်ခြင်းမျိုးလည်း ကြုံရတတ်တဲ့အချိန်ဖြစ်ပြီးအိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာ၍အိမ်တွင်းရေးအဆင်ပြေနေပါတယ်။ ကျန်းမာရေးအနေနဲ့ ကျီးပေါင်းဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ရှောက်သီးဆေးပြားဘူး ကပ်လှူပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ ဒီရက်မှာ မိမိ၏ လုပ်ငန်းပိုင်းအတွင်းမှ ဝင်ငွေအမြောက်အများ ရရှိတတ်ပါတယ်။ လူမျိုးခြားများနှင့် သက်ဆိုင်သော လုပ်ငန်းကိစ္စများအကျိုးပေးသော ကာလမျိုးလည်း ဖြစ်တတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအတွင်း နေရာအပြောင်းအရွှေ့ရှိခြင်းကြောင့် စိတ်ပင်ပန်းနေရတတ်ပါတယ်။ မကြာခဏဆိုသလို ခရီးများလည်း ထွက်ခွာရတတ်ပါတယ်။ နိုင်ငံခြားခရီးသွားရကိန်းရှိပြီးအိမ်ခြံမြေကိစ္စအမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။အလုပ်နေရာ၊အိမ်နေရာပြောင်းခြင်းမျိုးနှင့်လည်း ကြုံတွေ့ရတတ်ပါတယ်။အချစ်ရေးအိမ်ထောင်ရေးအနည်းငယ်ညံ့နေပြီးအိမ်ရှိကြီးကဲသူ ကျန်းမာရေးညံ့နေတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၂နာရီကနေ နေ့လည် ၁နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ပဲပလာတာ ကပ်လှူပေးပါ။


သောကြာ - ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်လို့ ခရီးသွားရကိန်းရှိနေတတ်ပြီးအကျိုးပေးသောခရီး၊ ကံကောင်းသောခရီးမျိုးတွေလည်း ဖြစ်နေတတ်ပါတယ်။ မိမိစိတ်ကူး၊ ရည်ရွယ်ထား သောလုပ်ငန်းများလည်းအကောင်အထည်ဖော်နိုင်လိမ့်မည်။ စားသောက်ကုန်လုပ်ငန်းရှင်များ တိုးတက်မယ့်အချိန်ဖြစ်ပြီး လုပ်ငန်းသဘာဝမတူတာမျိုးကိုလည်း တိုးချဲ့ရကိန်းရှိနေပါတယ်။အတတ်ပညာနှင့် ပတ်သက်၍လည်းအောင်မြင်ကျော်ကြားလာတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးခန့်စာမေးပွဲတစ်ခု ဝင်ရောက်ဖြေဆို ရတတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးများအနေဖြင့်လည်း ကံကောင်းမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။ မိမိချစ်သူနှင့် ပျော်ရွှင်စွာ ခရီးထွက်ရကိန်း ရှိပြီးအိမ်ထောင်ရှိပြီးသူတွေအနေနဲ့လည်းအိမ်ထောင်ရေး သာယာပါလိမ့်မယ်။ ကျန်းမာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ -အိမ်ရှိဘုရားတွင် သစ်တော်သီး ကပ်လှူပေးပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ စီးပွားရေးနှင့်ပတ်သက်၍ ငွေကြေးများစွာ ရလာကိန်းရှိနေပါတယ်။ သို့သော်အနည်းငယ်လည်း ပင်ပန်းနေရတတ်ပါတယ်။ မိမိ၏ ရောင်းကုန်ပစ္စည်းများလည်း မမျှော်လင့်ဘဲအရောင်းအဝယ်ကောင်းပြီး ဈေးကွက်တွင် နာမည်ရနေတတ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီများ နှင့်လည်း ပူးပေါင်းပြီး စီးပွားရေးလုပ်ကိုင်ရတတ်ပါတယ်။ မင်္ဂလာခန်းဝင်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ သွပ်၊သံလုပ်ငန်း၊အိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင်များအထူးကောင်းမွန်နေတဲ့အချိန်ဖြစ်ပါတယ်။ ပြည်ပရပ်ဝေးခရီးအနေဖြင့်လည်း ကံကောင်းမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လက်ရှိနေရာထက်ပိုကောင်းတဲ့နေရာမျိုး ပြောင်းရွှေ့လုပ်ကိုင်ရတတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကံအနည်းငယ်ညံ့နေတတ်၍ လူတိုင်းကို မယုံကြည်သင့်သော ကာလပါ။အမျိုးသမီးများ သားအိမ်ကျန်းမာရေးလည်း ဂရုစိုက်ပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ထောပတ်ထမင်း ကပ်လှူပေးပါ။


LEO




Some text some message..