ဇွန်လ ၆ ရက်နေ့ ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-06


ဇွန်လ ၆ ရက်နေ့ ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၆ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ စိတ်မငြိမ်၊ လူမငြိမ်ဖြစ်နေတာမျိုး ခံစားရတတ်တယ်။ စက်ကိစ္စ၊ ဆန်ကိစ္စ၊ စပ်တူကိစ္စ၊ စာချုပ်စာတမ်းကိစ္စတွေ မလုပ်သင့်သေးပါဘူး။ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးအတော်စိတ်ရှုပ်ရမဲ့ ကာလပါပဲ။ လုပ်ငန်းစီမံခန့်ခွဲရာ၌ ပေါ့ပျက်ပျက်လုပ် ဆောင်မှုကြောင့်အဆင်မပြေမှုများ ကြုံရတတ်သည်။အရောင်းအဝယ်ကိစ္စများအောင်မြင်ရန် နည်းလမ်း ကောင်းများ ရှာဖွေတွေ့ရှိလိမ့်မည်။ စက်မှုနှင့် ဆေးဝါးလုပ်ငန်းများ၌အကြီးအကျယ်ရင်းနှီးရန် မသင့် လျော်သေးပါ။ ဆွေမျိုး၊အပေါင်းအသင်းကိစ္စများလည်း ကူညီလုပ်ဆောင်ရတတ်ပါတယ်။ ပျိုရွယ်သူများအချစ်ရေးတွင် ချစ်သူနဲ့ ရန်ဖြစ်ရတဲ့အလုပ်မျိုး မလုပ်ပါနဲ့။ ကျန်းမာရေးမှာအဆိပ်ရှိသော သတ္တဝါ တစ်ကောင် ကိုက်ခြင်းခံရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အချိုရည်ဘူး ကပ်လှူပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်သောအကြံအစည်သစ်များ လက်တွေ့အကောင်အထည်ဖော်အောင်မြင်အောင် ဆောင်ရွက်နိုင် လိမ့်မည်။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်းအဆင်ပြေနေ လိမ့်မည်။ လူကြီးမိဘ ဆရာသမားတို့၏ ဖေးမကူညီမှုများကြောင့်လည်း ယာယီတိုးတက်အောင်မြင်မှုများ ရရှိနေဦးမည်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအတွင်း နေရာပြောင်းရွှေ့မှုများ ရှိနိုင်သော်လည်းအနှောင့်အယှက်များကြောင့် စိတ်ပူပန်နေရတတ်ပါတယ်။ ပညာရေးအနေဖြင့်အပြိုင်အဆိုင်များ ရှိနေသော်လည်း ပြိုင်ဘက်များကို မိမိကသာ ထိုးဖောက်အောင်မြင်နိုင်မည်။ ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူ နှင့်ပတ်သက်၍ ညီကိုမောင်နှမများနှင့် စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အစာအိမ်ရောဂါသတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကြေးအိုးကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီရက်မှာ လုပ်ငန်းသစ်တစ်ခုစတင်ရန်အခွင့်အရေးကောင်းများ ပေါ်လာတတ်ပါတယ်။ လူအများနှင့် ပတ်သက်ဆက်စပ်နေရသူများအထူးသတိထားသင့်သော ကာလမျိုးပါ။ ငွေကြေးအာမခံ ခြင်းမျိုးမပြုလုပ်ပါနှင့်။ ငွေကြေးဆုံးရှုံးမှုဖြစ်တတ်သော ကာလမျိုးဖြစ်နေတတ်ပါတယ်။ လုပ်ဖော်ကိုင် ဖက်များနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတိုးအတွက် စာမေးပွဲတစ်ခု ဝင်ရောက်ဖြေဆိုရခြင်း၊ သင်တန်းတစ်ခုတက်ရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ဆရာသမားများ ကူညီမှုများကြောင့် လွယ်လွယ်ကူကူ ထွက်ခွာရတတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကံကောင်းနေပြီး ကျန်းမာရေးလည်း ပုံမှန်ပဲ ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - စာကလေးအိမ်ချိတ်ဆွဲပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက်အလုပ်အကိုင်များအနည်းငယ်သတိရှိရန် လိုအပ်သည်။ ငွေကြေးဆုံးရှုံးမှု များလည်း ရှိနေတတ်သည်။ လူမျိုးခြားများနှင့် ဆက်ဆံရာတွင် သတိရှိပါ။ ကားတစ်စီးဝင်လာကိန်း ရှိတတ်သည်။ ကားကောင်း၊ ကားသန့်ဝင်လာခြင်းမျိုး ဖြစ်တတ်သည်။ ဆွေမျိုးအကြီးအကဲ များထံမှလည်း ငွေကြေးနှင့်ပတ်သက်၍အကူအညီတွေ ရရှိတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ကံကောင်းမှုများနှင့် ကြုံတွေ့ရတော့မည့် ကာလမျိုးဖြစ်တတ်ပါတယ်။ နိုင်ငံရပ်ခြားသွားလာလုပ်ကိုင်လိုသူများ ကောင်းမွန်သော ကာလဖြစ်ပြီး ကြန့်ကြာနေသော ခရီးများရှိလျှင်လည်းအဆင်ပြေပြေ ထွက်ဖြစ်ပါမည်။ ပညာရေးတွင်အပြိုင်အဆိုင် ပြိုင်ဘက်များကြားမှ ဘဝတိုးတက်မှုများ ရရှိတတ်ပါတယ်။အချစ်ရေးအနည်းငယ်ညံ့နေပြီးအိမ်ထောင်ရှင်များအနေဖြင့် ရင်သွေးရတနာ ရရှိတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အပူရှပ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ရေသန့်ဘူးလှူဒါန်းပေးပါ။


ရာဟု - ရာဟုသားသမီးတွေကတော့အလုပ်အကိုင်အကြံအစည်များအောင်မြင်နေတတ်သည်။ မမျှော်လင့်ဘဲ ငွေဝင်နေမည့်ကာလဖြစ်သည်။ ကြိုးစားသလောက် ပစ္စည်းဥစ္စာတိုးတက်ကြီးပွားနိုင်သည်။ စီးပွားရေး ပညာရှင်များ၊အယ်ဒီတာများ၊ ထုတ်ဝေသူများ၊ ကောက်ပဲသီးနှံရောင်းဝယ်သူများအဖို့အကျိုးပေး ထက်သန် နေမည့်ကာလဖြစ်သည်။ ကုသိုလ်ရေးအဓိဋ္ဌာန်အောင်မြင်မှုကြောင့် ဆုလာဘ်ကောင်းများရရှိလိမ့်မည်။ ယာယီရောင်းဝယ်ဖောက်ကားမှုအပြိုင်အဆိုင်များနေမည်။ ပျိုရွယ်သူများ ပျော်ရွှင်မှုများဖြင့် မင်္ဂလာကိစ္စများကို ချစ်သူနှစ်ဦး စိတ်တိုင်းကျ ဆောင်ရွက်နေရတတ်သည်။အိမ်ထောင်ရှင်များငွေကုန်ကြေးကျများနေပြီးအိမ်ပြောင်းအိမ်ရွှေ့ပြုရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါ ခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း ပြုလုပ်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုန်းကြီးတစ်ပါးအား ယပ်လှူဒါန်းပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ လုပ်ငန်းနှင့်ပတ်သက်ပြီး ငွေကြေးအခက်အခဲအနည်းငယ်ရှိနေတတ်ပါတယ်။အစုစပ်လုပ်ငန်းများကို စနေသားသမီး၊ တနင်္လာသားသမီးများနှင့် ပူးတွဲလုပ်ဆောင်ပါကအောင်မြင်မှုရရှိ တတ်ပါတယ်။ ရပ်ဝေးမှ လည်းသတင်းကောင်းများ ကြားသိရတတ်ပါတယ်။ ရပ်ဝေးမှ သတင်းစကားကောင်းများလည်း ကြားသိ ရတတ်ပါတယ်။ ဆွေမျိုးအကြီးအကဲများထံမှလည်းအကူအညီကောင်းများ ရရှိတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးကိန်းရှိနေပါတယ်။ ကွဲကွာနေသော မိတ်ဆွေဟောင်းထံမှလည်း သတင်းကောင်း ကြားရတတ်ပြီးအိမ်အနီးအနားမှာအလှူကြီးပေးသူ ရှိတတ်ပါတယ်။အိမ်ထောင်ရေးအချစ်ရေး ပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့ ရက်ကြာရှည်ချောင်းဆိုးတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် မြေပဲယိုကပ်လှူပေးပါ။


သောကြာ - စီးပွားရေးလုပ်ငန်းများ၌အပြောင်းအလဲများ ရှိတတ်ပါတယ်။အတိုက်အခံ တွေများနေသော်လည်းအောင်မြင်မှုတွေ ရရှိနိုင်ချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ စီမံကိန်းချပြီး ဆောင်ရွက် သောလုပ်ငန်းများထက် ချက်ချင်းလုပ်သောအလုပ်များအဆင်ပြေအောင်မြင်မည်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအတွင်း နေရာအပြောင်းအရွှေ့ကြောင့် ပင်ပန်းနေရတတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးအနေဖြင့် ခရီးစဉ်အနည်းငယ် နှောင့်နှေးနေတတ်ပါတယ်။အိမ်တွင်းမှာ စနေ၊ တနင်္လာ သားသမီးရှိပါက လူမှုရေးအရှုပ်ဖြစ်တတ်လို့ သတိပြုပါ။ ရပ်ဝေးမှ မတွေ့တာကြာသည့်ဆွေမျိုးများ ရောက်လာတတ်ပြီး ကူညီထောက်ပံ့မှုများ ပေးတတ်ပါတယ်။ ပညာရေးအနေဖြင့် မိမိတက်ရောက်လိုသော သင်တန်းတစ်ခုတက်ရောက်ရခြင်း၊အောင်မြင်ခြင်းများနှင့် ကြုံတွေ့ရတတ်ပါတယ်။အချစ်ရေး ကံကောင်းသောအချိန်ကာလဖြစ်သည်။ ကျန်းမာရေးအနေဖြင့်အစာမှား၊ ဆေးမှား ဖြစ်တတ်၍ ဂရုစိုက်ပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် သစ်သီးကိုးမျိုးကပ်လှူပေးပါ။


စနေ - ဒီနေ့မှာအရောင်းအဝယ်လုပ်ငန်းများ ကံအကျိုးပေးအောင်မြင်နေမည်။အိမ် ခြံ မြေအကျိုးဆောင်လုပ်ငန်းများနှင့် ကားလုပ်ငန်း၊ ကျောက်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများလည်း ကံအကျိုးပေးကောင်းနေဦးမည်။ လက်လွန်ထားသော ငွေကြေးများလည်း ပြန်လည်တောင်းခံ ရရှိတတ်ပါတယ်။ မှန်မှန်ကန်ကန် ပြောဆိုတတ် လုပ်တတ်ကိုင်တတ်ခြင်းများကြောင့် ရန်များရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်ရာထူးတိုးခြင်း ကြုံရတတ်ပါတယ်။ ပညာရေးအနေဖြင့် မိမိ၏ဆွေမျိုးများ ကူညီထောက်ပံ့ခြင်းများကြောင့်အစစအရာရာအဆင်ပြေနေမည်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးအောင်မြင်အဆင်ပြေနေမည်။အိမ်ထောင်ရှင်များအနေဖြင့် မိဘဘိုးဘွားများထံမှအမွေရရှိတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ဝမ်းဗိုက်ဒုက္ခပေးတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ထန်းလျက် ကပ်လှူပေးပါ။


LEO




Some text some message..