၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ( ၉-၆-၂၀၁၉ ) မှ ( ၁၅-၆-၂၀၁၉)အထိ
lotaya.mpt.com.mm
|
2019-06-06

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၉-၆-၂၀၁၉ ) မှ ( ၁၅-၆-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေသားသမီးများ ငွေလဲအဘက်ဘက်ကဝင်နေမဲ့အချိန်ပါ။ သူတပါးအကူအညီထောက်ပံ့တာအားကိုးတာ ခံရမည်။ ကိုယ်ပိုင်စီးပွားရေးလုပ်သူများ လုပ်ငန်းချဲ့ထွင်ပြီး တိုးချဲ့လုပ်ရလိမ့်မည်။ သတ္တုတွင်းတူးဖော်လုပ်ငန်း၊ ရေလုပ်ငန်းအလုပ်ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါကအထက်အရာရှိရဲ့ မျက်နှာသာပေးခြင်းခံရမှာဖြစ်ကာအလုပ်နေရာအပြောင်းအရွှေ့လည်းကြုံရကိန်းရှိနေပါတယ်။ စိတ်ပျော်၊ ကြည်နှုးစိတ်လှုပ်ရှားရင်ခုန်ဖွယ်အချစ်ရေးရာ ကိစ္စတွေလည်း ကြုံရမယ့်အချိန်ပါပဲ။အိမ်ထောင်ရေးမှာအဆင်ပြေပျော်စရာ စိတ်ချမ့်မြေ့မှု ရမည်။ ကျန်းမာရေးအနေနဲ့ မူးဝေခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်နေတတ်သည်။အရှေ့မြောက်အရပ်အကျိုးပေး၊အနောက်တောင်အရပ် ရှောင်ပါ။အရှေ့အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဂန္ဓမာပန်းအဖြူ ရောင်ပန်းများ ဘုရားလှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၄,၁,၅}

အကျိုးပေးအရောင် မီးခိုးရောင်

ဆောင်ရန် ဂန္ဓမာအညွန့်

ရှောင်ရန်အနောက်တောင်အရပ်

ယတြာ ဂန္ဓမာပန်းအဖြူ ရောင်ပန်းများ ဘုရားလှူ ခြင်းနှင့် လိပ်အစာကျွေးကုသိုလ်ပြုပါ။

တနင်္လာသားသမီးများ

တနင်္လာသားသမီးများ လက်အောက်ငယ်သား ဒုက္ခပေးတတ်ပြီး ပြောဆိုလုပ်ကိုင်ရ ခက်ခဲပြီး လက်ပေါက်ကပ်သူတွေနဲ့ ဆက်ဆံရပါလိမ့်မယ်။ လုပ်ငန်းတိုးချဲ့မှုတွေကိုလည်း သတိထားလုပ်ဆောင်သင့်ပါတယ်။ တိရိစ္ဆာန်ရောင်းဝယ်ရေး၊အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ပွဲစားလုပ်ငန်းအထူးအကျိုးပေးဖြစ်ထွန်းမည်။ ဝန်ထမ်းဆိုရင်တောင် ဘေးပေါက်အလုပ်လေးတွေကြောင့်အဆင်ပြေလိမ့်မည်။ ငယ်ရွယ်သူများ လူငယ်များအနေနဲ့အချစ်ရေးမှာအေးတိအေးစက်ဖြစ်နေသဖြင့် စိတ်အလိုမကျဖြစ်နေမည်။အခြားတစိမ်းသူတွေနဲ့အထင်မှားတာ စွတ်စွဲတာခံရတတ်ပါတယ်။အိမ်ထောင်သာယာပြီးအိမ်တွင်းမိသားစုအပျိုလူပျို ကြီးတွေ စန်းပွင့်ပြီး ရင်ခုန်စရာ ကြုံလာတတ်ပါသည်။ ကျန်းမာရေးအနေနဲ့ ကိုယ်ပူ၊ ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်တတ်ပါတယ်။အနောက်အရပ်အကျိုးပေး၊အရှေ့အရပ် ရှောင်ပါ။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သစ်ခွာပန်း ဘုရားလှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၅,၉,၁}

အကျိုးပေးအရောင် နံ့သာရောင်

ဆောင်ရန် ကြာပန်းညွန့်

ရှောင်ရန်အရှေ့အရပ်

ယတြာ ကြာပန်းညွန့်(၉)ညွန့် ကိတ်မုုန့် ဘုရားပူဇော်ပါ။

အဂါၤသားသမီးများ

အဂါၤသားသမီးများ လုပ်ငန်း ကိစ္စတွေမှာ စဉ်းစားဆင်ခြင်မှုအားနည်းပြီး လုပ်ကိုင်လိုက်တာတွေက ပြဿ နာဖြစ်လာနိုင်ပါတယ်။ ကိုယ့်အပေါ်ကို တစ်ခြားသူတွေမြင်တဲ့အမြင်အပေါ် စိတ်တိုင်းမကျပဲအလိုလို ဒေါသဖြစ်နေပါလိမ့်မယ်။အလှူ မင်္ဂလာမဏ္ဍပ်ဆောက်လုပ်ငန်း၊အားကစားပစ္စည်း ဆိုင်များနှင့်အားကစားကွင်းသစ်များဖွင့်လှစ်ခြင်း၊ ကျောက်မျက်ရတနာဖြတ်ခြင်း၊ သွေးခြင်းလုပ်ငန်းအကျိုးရရှိနိုင်ပါသည်။အာမခံ၊အစုရှယ်ယာဝင်ခြင်း ကောင်း၏။အိမ်ထောင်ရှင်များ ဘေးလူအနှောက်အယှက်ကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲပြီး ဒေါသကိုရှေ့ထားကာ စကားများ၊ ရန်ဖြစ်ရတတ်ပါသည်။ ငယ်ရွယ်သူများအချစ်ရေးကိစ္စများအဆင်ပြေမည်။ စန်းပွင့်နေမည်။ ပညာရေးကောင်း၍ သင်တန်းသစ်များ တတ်ရခြင်း၊ မဟာဘွဲ့၊ ပါရဂူဘွဲ့အတွက်စာတမ်းတင်ခြင်း၊အင်တာဗျူးအလုပ်လျှောက်၊ စာမေးပွဲအောင်မြင်ပါမယ်။ ကျန်းမာရေးကတော့အညံ့မရှိပါ။အရှေ့တောင်အရပ်အကျိုးပေး၊အနောက်မြောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ကံကော်ပန်း၊ ပုလဲပန်း၊ ပန်းတိမ်ငိုပန်းများ ဘုရားလှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၇၄၃}

အကျိုးပေးအရောင် မရမ်းရောင်

ဆောင်ရန် ကံ့ကော်ညွန့်

ရှောင်ရန်အနောက်မြောက်အရပ်

ယတြာ ဘုရားတွင် ပန်းတိမ်ငိုပန်းများပူဇော်ပြီး နွားနို့တစ်ခွက် ကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီးများ

ဗုဒ္ဓဟူးသားသမီးများ မိမိကြံစည်တာတွေ ရည်ရွယ်တာတွေအကောင်ထည်ဖော်နိုင်ပြီးအောင်မြင်မူ့ရမည်။ စိုက်ပျိုးရေးပစ္စည်းရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်း၊အဝတ်အထည်လုပ်ငန်းအကျိုးဖြစ်မည်။ ကြာသပတေး၊ ဗုဒ္ဓွဟူးနေနံသားသမီးများနှင့် ပူးပေါင်းပါ။ လုပ်ငန်းစပ်တူရှယ်ယာလုပ်လျှင် ထိုနေနံသားများနှင့်အကြံအစည်အောင်၊ ချမ်းသာသုခရမည်။ တောင်အရပ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ ရပ်ဝေးဒေသမှ သူတစ်ဦးနှင့်အဆက်အသွယ်ဖြစ်ပြီး ချစ်သူများဘဝသို့ ရောက်ရှိတတ်သည်။ ဗီဇာသတ်တမ်းလွန်ခြင်း ပေါ့ဆမှုဖြစ်မည်။ လိမ်လည်ပြီး ပြည်ပအောက်လမ်း သွားရောက်လုပ်ကိုင်စေခြင်းမျိုး ရှိတတ်သဖြင့်အထူးသတိထားပါ။ ချစ်သူအပေါ်မှာ ဒေါသအလျှောက်ပြောဆိုမှုတွေကတဆင့် လမ်းခွဲရခြင်း ပြတ်စဲသည်အထိဖြစ်တတ်သည့်မို့ သတိပြုသင့်ပါတယ်။ ကျန်းမာရေးအထူးကောင်းထားသည်။ ၁၃၈၀-ပြည့် နယုန်လဆန်း(၁၀)ရက်ဗုဒ္ဓဟူးနေ့ ဤနေ့ နံနက်(၈း၄၉)နာရီလွန် ရှင်ပြု ဝိဝါဟမင်္ဂလာ၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ ပျိုးကြဲ၊ သီးနှံစိုက်ပျိုးခြင်းကောင်း၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဇွန်၊ ပိတောက်၊ သစ္စာပန်းများကို ဘုရားလှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၄၁၉}

အကျိုးပေးအရောင်အနီရောင်

ဆောင်ရန် ပိတောက်ညွန့်

ရှောင်ရန် မြောက်အရပ်

ယတြာ ဇွန်၊ ပိတောက်၊ သစ္စာပန်းများကိုအတာအိုးထည့် မိမိနေနံထောင့်ဘုရားကပ်လှူပါ။

ကြာသပတေးသားသမီးများ

ကြာသပတေးသားသမီးများ ငွေအစုလိုက်အပုံလိုက် ဝင်လာလိမ့်မည်။ မွေးမြူးရေးလုပ်ငန်း၊အဝီစိတွင်းတူးလုပ်ငန်း၊အလှကုန်ဖြန့်ချီခြင်းလုပ်ငန်းအကျိူးဖြစ်ပြိး ပြည်ပရောက်နေသူများအစိုးရဝန်းထမ်းများနှင့်အခြေအသင့်စကားများရတတ်သည်။အထူးအဖမ်းအဆီးအချူပ်အနှောင်ခံရတတ်သည်။ လူမျိုးခြားတစ်ဦး ကြောင့် စိတ်အနှောက်အယှက်များ ကြုံရတတ်ပါသည်။ မြောက်အရပ်အကျိုးပေး၊ တောင်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။အချစ်းရေး၊အိမ်ထောင်းရေး ကောင်းမွန်နေပြီး ပညာတော်သင်သွားရကိန်းရှိနေပါတယ်။အလုပ်လျှောက်စာတင်ခြင်း၊အင်တာဗျူး ၊ ပညာသင်ယူခြင်းများအဆင်ပြေမည်။ ရေကြောင်းခရီးသွားခြင်းကောင်း၏။ ဘာသာရေးနှင့်လူမှုရေးစကားပြောခြင်းကောင်း၏။ ကျန်းမားရေးအကြော်တက် မကြာခဏ ဖြစ်ပွားခြင်း ဝေဒနာခံစားနေရတတ်သည်။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ပိန်းပန်း၊ သပြေ၊အဝါရောင်ပန်းများ ဘုရားလှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၂,၇,၁}

အကျိုးပေးအရောင် လိမ္မော်ရောင်

ဆောင်ရန် သပြေညွန့်

ရှောင်ရန် တောင်အရပ်

ယတြာအသီး ၅မျိုး၊ ရေတော် ၅ခွက် တောင်အရပ်မျက်နှာမှုကာ ဘုရားကပ်လှူပါ။

သောကြာသားသမီးများ

သောကြာသားသမီးများ မိမိအတွက်အကောင်းအဆိုးအားပြိုင်နေသောကာလတစ်ခုဖြစ်သည်။ လုပ်ငန်းကိစ္စရပ်တွေမှာလည်းအဆင်မပြေမှုတစ်ချို့ ကြုံရကိန်းရှိနေပါတယ်။အိမ်တွင်းရေး ပြဿ နာတွေ ဒိုင်ခံဖြေရှင်းနေရတတ်ပြီး မိမိပြုလုပ်သမျှကိုအားလုံးက မိသားစုတွေ့အဆိုးမြင်နေမယ့်။ သင့်အရေးကြီး ကိစ္စလုပ်ကိုင်စရာတွေရှိရင် စိတ်အေးခေါင်းအေးအေးထားလုပ်ကိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဖက်ရှင်ဒီဇိုင်းလုပ်ငန်း၊ သရုပ်ဆောင်လုပ်ငန်းများကတော့အကျိူးဖြစ်ပြိး ပညာရေးကောင်း၍ ပြည်တွင်ပြည်ပ ပညာတော်သင့်သွားရတတ်သည်။အရှေ့အရပ်အကျိုးပေး၊အနောက်အရပ် ရှောင်ပါ။ ခရီးသွားခြင်းကောင်း၏။ ကျန်းမာရေးအနည်းငယ်ညံ့နေတတ်ပြီးအိမ်ထောင်ရေး၊အချစ်ရေးမှာ မိမိကြောင့်အဆင်မပြေဖြစ်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အစားအဆိပ်သင့်ခြင်းနှင့် ခြေထောက်ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ စံပယ်၊ ဇွန်၊ နှင်းဆီပန်းများကို ဘုရားလှူ ပြိးသွားပါ။

အကျိုးပေးဂဏန်း {၇၄၂}

အကျိုးပေးအရောင်အဝါရောင်

ဆောင်ရန် ဇွန့်ညွန့်

ရှောင်ရန်အနောက်အရပ်

ယတြာ စံပါယ်၊ ဇွန်၊ နှင်းဆီပန်းများနှင့်ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။

စနေသားသမီးများ

စနေသားသမီးများအဘက်ဘက်မှာ ငွေကံကောင်းပြီးအိမ်တွင်းအဖိုးတန်ပစ္စည်းဝင်လာတတ်သည်။ ရွှေ၊ ငွေ၊ လူ စက်ပစ္စည်းဝင်လာမည်။ ငွေချေးဌားခြင်း၊အိမ်ပြောင်း၊ ဆိုင်ဘုတ်တင်ခြင်းကောင်း၏။အနောက်တောင်အရပ်အကျိူးပေးပြီးအရှေ့မြောက်အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။ ရေတွင်းရေကန်၊အဝိစီတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဆေးဆိုင်၊ ရေထွက်ကုန်ပစ္စည်းအရောင်းဆိုင်နဲ့ လက်လီရောင်းဝယ်သူများအကျိုးရရှိနိုင်ပါတယ်။ မိသားစု ၊ မိတ်ဆွေတွေက သင့်ကိုယုံကြည်ပြီး သင်လုပ်သမျှအကောင်းမြင်နေမှာ ဖြစ်ပါတယ်။ ပညာရေးနဲ့အချစ်ရေး စန်းပွင့်အိမ်မင်္ဂလာကိစ္စများ သတင်းကောင်း ကြားရတတ်သည်။ ကျန်းမာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။ ဤနေ့ ဘုရားတည်၊ ကျောက်ဆစ်ထုခြင်း၊ ကြေးသွန်လောင်းခြင်း၊ ကုမ္ပဏီဖွင့်လှစ်ခြင်း၊ နေ့စက်(၁၂းဝဝ)နာရီလွန် ပန္နက်ရိုက်၊ ကျင်းတူး၊ ရေတွင်းရေကန်တူးဖော်ခြင်း၊အဝီစိတွင်းတူးဖော်ခြင်း၊ ငွေကြေးချေးငြားခြင်း၊အပ်နှံခြင်း၊ ကလေးထမင်းခွံ၊ ထီးထိုး၊အိမ်ပြောင်း၊ ဆိုင်းဘုတ်တင်ခြင်းကောင်းနေပါတယ်။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သြဇာညွန့်၊အုန်းညွန့်(၇)ညွန့် ဘုရားလှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၄,၉,၃}

အကျိုးပေးအရောင်အဖြူရောင်

ဆောင်ရန်အုန်းညွန့်

ရှောင်ရန်အရှေ့မြောက်အရပ်

ယတြာ သြဇာညွန့်၊အုန်းညွန့်(၇)ညွန့်ဘုရားကပ်လှူ ပြိး ငါးလွှတ်ပေးပါ။

ရာဟုသားသမီးများ

ရာဟုသားသမီးများ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး သူတစ်ပါး ကိစ္စမှာ ဝင်ရောက်စွက်ဖက်မိရာကနေ ပြဿ နာဖြစ်တတ်လို့ သတိပြုပါ။ ပညာရေးကောင်းမွန်ပြိးအချစ်ရေး၊အိမ်ထောင်ရေးနဲ့ ကိစ္စတွေ့နဲ့ပတ်သက်ပြီး သင့်ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရလိမ့်မည်။ မိသားစုအရမ်းရင်းနှီးတဲ့သူတွေနဲ့ စိတ်ဝမ်းကွဲစကားများရတတ်သည်၊အထူးသဖြင့် မိမိကိုမနာလို၍ပြဿ နာရှာတာမျိုးကြုံရတတ်ပါသည်။ စိုက်ပျိုးရေးဆေးဝါးဖြန့်ချီခြင်း၊ ဆံရိတ်ဆံသအလှပြင်၊ ရတနာလုပ်ငန်း၊အကျိုးပေးမည်။ ခရီးသွားဖို့ စီစဉ်ထားခြင်းများ ရက်ရွေ့ရတတ်ပါသည်။ ဝက်အဝင်မကောင်း၊ ရွှေ၊ လူ ခြေနှစ်ချောင်းအထွက်ခက်မည်။ ဝက်သားရှောင်ရန်။ ကျန်းမားအနေ့နဲ့ သွေး၊ လေရောဂါ ဖြစ်ပွားတတ်သည်။ ၁၃၈၀-ပြည့် နယုန်လဆန်း(၁၀)ရက်ဗုဒ္ဓဟူးနေ့ ဤနေ့ နံနက်(၈း၄၉)နာရီလွန် ရှင်ပြု ဝိဝါဟမင်္ဂလာ၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ ပျိုးကြဲ၊ သီးနှံစိုက်ပျိုးခြင်းကောင်း၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ရဲယို့ညွန့်(၈)ညွန့် ဘုရားလှူ ပြိးသွားပါ။

အကျိုးပေးဂဏန်း {၁,၉,၄}

အကျိုးပေးအရောင် လိမ္မော်ရောင်

ဆောင်ရန် ရဲယို့ ညွန့်

ရှောင်ရန် မြောက်အရပ်

ယတြာ ရဲယို့ညွန့်(၈)ညွန့် နှင့် ကြံရည် (၁)ခွက် ဘုရားကပ်လှူပါ။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..