ဇွန်လ ၈ ရက်နေ့ ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-08


ဇွန်လ ၈ ရက်နေ့ ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၈ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ကိုင်ရတတ်ပါတယ်။ မိမိတစ်ဦးတည်း လုပ်ကိုင်ခြင်းမျိုးမဟုတ်ဘဲအစုစပ်လုပ်ငန်း စုပေါင်းလုပ်ဆောင်ခြင်းဖြင့် ပိုမိုအောင်မြင်မှု ရရှိတတ်ပါတယ်။ ငွေကြေးရှာဖွေမှုအပိုင်းမှာလည်းအခက်အခဲမရှိဘဲအဆင်ပြေနေလိမ့်မည်။အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိရင် လက်ဆောင်ပစ္စည်းသွားပေးလိုက်ပါ။ ရပ်ဝေးမှ မိတ်ဆွေအိမ်ပေါ်ရောက်လာတတ်ပြီး ရက်ကြာရှည် ကပ်တွယ်နေတတ်လို့အိမ်တွင်းရေး ဆူပူရတတ်ပါတယ်။အိမ်ထောင်ပရိဘောဂ ထွက်တတ်ပျက်တတ်ပြီးအိမ်ရှိကြီးကဲသူ ကျန်းမာရေး သတိပြုပေးပါ။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာပြီး၊ သားသမီးရတနာ ရနိုင်ချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ ချစ်သူရှိပြီးသူများ ချစ်သူနဲ့အိမ်ထောင်ကျတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သာမန်ရောဂါပဲမို့ စိုးရိမ်စရာမရှိပါဘူး။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင်အုန်းထမင်း ကပ်လှူပေးပါ။

တနင်္လာ - ဒီနေ့မှာ ငွေကြေးနှင့်ပတ်သက်၍အရှုပ်အရှင်းတွေ ဖြစ်နေတတ်ပါတယ်။ သို့သော်အလုပ်အကိုင်နှင့်အခွင့်အလမ်းတွေကတော့ ကောင်းနေတတ်ပါတယ်။ မည်သည့်လုပ်ငန်းကိစ္စကိုမဆို နှစ်ကြိမ်နှစ်ခါ ပြုလုပ်နေရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတိုးအတွက် သင်တန်းတစ်ခု တက်ရောက်ရခြင်းမျိုးနှင့် ကြုံရတတ်ပါတယ်။ စားသောက်ကုန်လုပ်ငန်း၊ လူသုံးကုန်၊အထည်အလိပ်ရောင်းဝယ်သူများအထူးကောင်းမွန်နေပြီး ရွှေဆိုင်လုပ်ငန်းရှင်များအရောင်းအေးတတ်ပါတယ်။ ပညာသင်ကြားနေသော ကျောင်းသားများအတွက် ပညာ ရေးအလွန်ကောင်းသောအခြေအနေသို့ ရောက်ရှိ၍ ကြိုးစားအားထုတ်မှု များများလုပ်ပါ ထူးထူးခြားခြားအောင်မြင်မှုရမည်။ ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်စရာမျိုးနှင့် ကြုံရတတ်သည်။ ကျန်းမာရေးအနေဖြင့် ကျောက်ကပ်ရောဂါ သတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဂန္ဓမာပန်း ကပ်လှူပေးပါ။

အင်္ဂါ -အင်္ဂါသားသမီးတွေအနေနဲ့ ယှဉ်ပြိုင် ဆောင်ရွက်ရသော လုပ်ငန်းများ၌အောင်မြင်မှုရနေမှာဖြစ်ပါတယ်။ လူကြီးသူမ၊ ဆရာသမားတို့၏ ကူညီစောင့်ရှောက်မှုကိုလည်း ခံရတတ်ပြီးအိုး၊အိမ်၊ ခြံ၊ မြေနှင့် ပတ်သက်၍အမွေအနှစ်ရရှိတတ်ပါတယ်။ ပညာရေးကံကောင်းနေတတ်သလို မိမိတု့ိတက်ရောက်လိုသော သင်တန်းမျိုးလည်း တက်ရောက်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပန်းထိမ်လုပ်ငန်း၊ ဘုရားထီးလုပ်ငန်း၊အိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ထီး၊ဖိနပ်၊အထည်ချုပ် လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်မှာ ရာထူးတိုး ၊ ဌာနပြောင်း ကြုံရနိုင်ပါတယ်။အချစ်ရေးသာယာနေပြီး ချစ်သူရဲ့အလိုလိုက်ခြင်း ခံရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေးသုခအပြည့်အဝရနိုင်သော ကာလမျိုးဖြစ်ပြီး ရင်သွေးထပ်မံရလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိတိမ်ဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ဆီးယို ကပ်လှူပေးပါ။

ဗုဒ္ဓဟူး - ငွေကြေးကိစ္စနှင့်ပတ်သက်ရင်တော့ ပြောသမျှအရာရောက်အဆင်ပြေအောင်မြင်နေမှာဖြစ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ဂုဏ်သိက္ခာတိုး၍ စိတ်ပျော်ရွှင်ချမ်းမြေ့ဖွယ်ကိစ္စရပ်မျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ၌အခက်အခဲအချို့ရှိနေတတ်ပါတယ်။ ဖခင်ဖြစ်သူ၏ ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ ပညာရေးတွင် တော်တော်လေးကို ကြိုးစားနိုင်မှအောင်မြင်မယ့်အချိန်ဖြစ်ပါတယ်။အိမ်တွင်းရေးအနည်းငယ်ဆူပူနေတတ်ပြီးအိမ်ထောင်ဘက် ဖောက်ပြန်တတ်ပါတယ်။ သားသမီးကြောင့်အိမ်ထောင်ဘက်နဲ့ ရန်ဖြစ်ရကိန်းရှိပြီး ချစ်သူမရှိသေးသူတွေကတော့ မိမိအပေါ် လိမ်ညာမယ့် ချစ်သူရလာတတ်ပါတယ်။ ချစ်သူရှိပြီးသူများ ခွဲခွာနေရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့အူယောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ရွှေဆိုင်းကပ်လှူပေးပါ။


ရာဟု - ကျဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းများကိုအကူအညီပေးမည့်သူပေါ်လာတတ်ပါတယ်။အရောင်းအဝယ်လုပ်ငန်းများမှ ဆုံးရှုံးထားသော ငွေကြေးများပင် ပြန်ပေါ်လာတတ်ပါတယ်။ ဝန်ထမ်းများဖြစ်ပါက စနေသားသမီးအထက်လူကြီးများထံမှအကူအညီတွေ ရရှိတတ်ပါတယ်။ ပညာသင်ကျောင်း သားများအနေဖြင့် ပညာရေးကံကောင်းနေတတ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့တစ်ခုဖြေဆိုရန်အခွင့်ကောင်းတစ်ခု ပေါ်လာတတ်ပါတယ်။ နိုင်ငံခြားခရီးသွားရကိန်းရှိနေပြီးအိမ်အနီးအနားမှာ နာရေးရှိရင် တတ်နိုင်သလောက် သွားရောက်ကူညီပေးလိုက်ပါ။အိမ်ထောင်ရှင်များအိမ်ထောင်ရေးကံကောင်းတတ်ပါတယ်။ ချစ်သူရှိပြီးသူများအိမ်ထောင်ကျတတ်ပြီး ချစ်သူမရှိသေးသူများ ဘဝလက်တွဲဖော်နဲ့ ဆုံတွေ့လာရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးနာတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်မွေးနံထောင့်ရေသပ္ပာယ်ပေးပါ။

ကြာသပတေး - လူအများနဲ့ ဆက်စပ်ပတ်သက်လုပ်ကိုင်နေရသူများအားလုံးအထူးသတိထားသင့်တဲ့အချိန်ပါပဲ။ လိုက်လျောညီထွေ နေတတ်အောင်နေပါ။ သည်းခံခွင့်လွှတ်စိတ် မွေးပါ။ ငွေကြေးကျပ်တည်းနိုင်တဲ့အချိန်ဖြစ်ပြီး လုပ်ငန်းနေရာ၊ နေရာဆိုင်ခန်း၊ ဆိုင်ခန်းအပြောင်းအလဲရှိနေပါတယ်။အလှူတစ်ခု ပြုလုပ်ရကိန်းရှိပြီးအလှူကြီးဖြစ်တတ်ပါတယ်။အိပ်ရာပြောင်းအိပ်လိုက်ရင်အညံ့အခိုက်တွေ ပြေပျောက်သွားပါလိမ့်မည်။ ရေဝေးမြေခြား ခရီးရှည်သွားရကိန်းကြုံနိုင်ပြီး ပညာ၊အမွေကိစ္စ စကားပြောရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ သားသမီးရတနာ ထွန်းကားကိန်းရှိပြီးအချစ်ရေးကတော့ ကံခေနေဆဲပါပဲ။ မိသားစုထဲမှအကြီးအကဲ ကျန်းမာရေးပူပင်ရမှာဖြစ်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာ ဂရုစိုက်ပေးပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်ပေါက်ပေါက်ဆုပ် ကပ်လှူပေးပါ။


သောကြာ - သောကြာသားသမီးတွေအနေနဲ့ လုပ်ငန်းထဲမှာငွေမြုပ်နေတတ်ပါတယ်။ ရစရာရှိတဲ့ငွေတွေကိုလည်း တောင်းရခက်နေမယ့်အချိန်ဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုအတွက်လည်း ငွေလိုနေတတ်ပါတယ်။ သူတပါးနဲ့ ပူးပေါင်းလုပ်ဆောင်ရင် ပိုဆိုးမှာဖြစ်လို့အခုအချိန်က လုပ်ငန်းတိုးချဲ့ဖို့ထက် ငြိမ်နေတာအကောင်းဆုံးပါပဲ၊ ဝန်ထမ်းဖြစ်ပါက နယ်ပြောင်းရကိန်းရှိပြီးအိမ်နေရာထိုင်ခင်းသစ်၊အိမ်ထောင်ပရိဘောဂသစ် ဝင်တတ်၊ ရတတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ဖက် ဖောက်ပြန်မှုကို ခံရတတ်ပြီး ဖောက်ပြန်သွားသူက မိမိရဲ့ သူငယ်ချင်းသော်လည်းကောင်း၊ ရင်းနှီးသူထဲကသော်လည်းကောင်း ဖြစ်နေတတ်လို့ သတိပြုသင့်ပါတယ်။အိမ်မှာညအိပ်ညနေ တစ်စိမ်းအမျိုးသမီးသော်လည်းကောင်း၊ ဆွေမျိုးသော်လည်းကောင်း ရောက်ရှိအကူညီတောင်းခံတတ်ပြီး ဖြစ်နိုင်ရင် လက်မခံတာအကောင်းဆုံးပါပဲ။ ပညာရေး၊အချစ်ရေးအစစအဆင်ပြေနေမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ သွားနာသွားကိုက်ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှိဘုရားတွင် သစ်ခွပန်းကပ်လှူပေးပါ။

စနေ - စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီးအကူအညီပေးမည့်သူများနှင့် ကြုံတွေ့နေ ရတတ်ပါတယ်။ ငွေကြေးကိစ္စများနှင့် ပတ်သက်၍အခက်အခဲအနည်းငယ်ရှိနေတတ်ပါတယ်။ ဝန်ထမ်း များအနေဖြင့် လုပ်ငန်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာအတွင်း ရာထူးတိုးအတွက် စိတ်ပူပန်နေရတတ်ပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်း၊အထည်အလိပ်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ကျောက်အောင်တတ်ပါတယ်။ ပြည်ပသို့ ပညာတော်သင်သွားရကိန်းရှိနေပြီး လုပ်ငန်းတဆင့် တိုးတက်တတ်ပါတယ်။ ပညာရေးကံကောင်းသလို စာမေးပွဲကံလည်း ကောင်းနေတတ်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသူများချစ်သူရလာတတ်ပြီး ချစ်သူရှိပြီးသူများကအိမ်ထောင်ရက်သား ကျတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ထမနဲ ကပ်လှူပေးပါ။


LEO




Some text some message..