ဇွန်လ ၉ ရက်နေ့ ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-09


ဇွန်လ ၉ ရက်နေ့ ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီး တွေအနေနဲ့ မိမိ၏ စီးပွားရေးလုပ်ငန်းများ ဝင်ငွေကောင်းခြင်း၊ ကံကောင်းခြင်းများ ရှိနေ လိမ့်မည်။ ငွေရေး ကြေးရေးအနေဖြင့်လည်းအစစအရာရာအဆင်ပြေအောင်မြင်နေမည်။ ဆုံးရှုံးထားသည့် လက်ဝတ်ရတနာများနှင့် ရွှေထည်များ ပြန်လည်ဝင်ရောက်လာမည်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာ ရွှေ့ပြောင်းမှုများကြောင့်အထူးသတိထားသင့်ချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ ပညာရေးအနေဖြင့် စိတ်လော၍ မဆုံးဖြတ်သင့်။ ဆရာသမားကောင်းများနှင့် တွေ့ရတတ်သည်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ယခုအချိန်မှာ စာရွက်စာတမ်း စတင်စုဆောင်းခြင်းမျိုး ပြုလုပ်လိုက်ပါ။အိမ်ထောင်ရှင်များအနေဖြင့် မိမိအိမ်ထောင်ဖက်ရဲ့ ကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ကတော့ ခေါင်းကိုက် ဇက်ကြောတက်ခြင်းမျိုး ခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အိမ်ရှင်းပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့မှာ ငွေကြေးကိစ္စများနှင့်ပတ်သက်၍အခက်အခဲအနည်းငယ်ရှိနေတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာအတွင်း ရာထူးတိုးအတွက် စိတ်ပူပန်နေရတတ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းတိုးချဲ့မှုကနေအရှုံးပေါ်နိုင်ပါတယ်။အိမ်ရှိမိသားစုထဲမှာအင်္ဂါ၊ စနေ သားသမီးတွေရှိနေရင် ကျန်းမာရေး ဂရုစိုက်ပေးလိုက်ပါ။ ပညာသင်ကျောင်းသားများအဖို့ ပညာရေးကံကောင်းသလို စာမေးပွဲကံလည်း ကောင်းနေတတ်ပါတယ်။ ဒီရက်မှာ ဖြေဆိုဖို့ရှိတဲ့ စာမေးပွဲမှန်သမျှအောင်မြင်ပါလိမ့်မယ်။ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကံကောင်းနိုင်သလိုအိမ်ထောင်ကျကိန်းလည်း ရှိနေပါတယ်။ မိမိ ကျန်းမာရေးကတော့အနည်းငယ်ညံ့နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကျွဲကောသီးကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အချစ်ရေးမှာ ကွဲကွာနေတဲ့ ချစ်သူဟောင်းနှင့် ပြန်လည်ဆုံတွေ့ရတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ၌ ယခင်ထက် ပိုမိုအောင်မြင်၍ ဝင်ငွေများအမြတ်အစွန်းများ များစွာရရှိတတ်ပါတယ်။ သိုလှောင်ထားသော ကုန်စည်များမှလည်းအမြတ်အစွန်းများ ရရှိချိန်မျိုးလည်း ဖြစ်တတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့်အပြိုင်အဆိုင်များကြားမှအောင်မြင်မှုများ ရရှိတတ်ပါတယ်။ ပြည်ပရပ်ဝေးခရီးအနေဖြင့် ကံကောင်းမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။အထည်အလိပ်လုပ်ငန်း၊ စက်ကြီးပန်းထိုးလုပ်ငန်းရှင်များ ကောင်းမွန်နေပြီးအိမ်ယာသစ် ထူထောင်ရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး နှင့်ပတ်သက်၍အိမ်ထောင်ဖက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းပိုင်းဆိုင်ရာ ဝေဒနာ ခံစားရတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် စပျစ်ယို ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့အလုပ်အတွက်အပြောင်းအလဲတစ်ခု ကြုံတွေ့ရတတ်တဲ့ နေ့ရက်ပါပဲ။ စီးပွားရေးတစ်ခုလုံးကို မိသားစုနှင့် ပူးတွဲလုပ်ရခြင်း၊ စပ်တူလုပ်ရခြင်းမျိုး ကြုံတွေ့ရတတ်ပြီး ဆရာသမားအကြီးအကဲများ၏အကူအညီများ ရရှိတတ်ပါတယ်။ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချပါက ဆုံးရှုံးနစ်နာတတ်လို့ သတိပြုရမှာပါ။ ပြည်ပသွားရန် ကြံရွယ်ထားသူများအလုပ်အကိုင်အဆင်ပြေတတ်ပါတယ်။ ပညာရေးမှာ ကြိုးစားသလောက် ရလာဒ်ကောင်းများ ထွက်ပေါ်လာမှာဖြစ်ပြီး ရပ်ဝေးမှ သတင်း ကောင်းများကြားရပြီး မကြာခဏ ခရီးထွက်ရတတ်ပါတယ်။အချစ်ရေးတွင် မိမိက တိတ်တခိုးစွဲလန်းနေသူအား လက်တွဲခွင့်ရရှိတတ်ပါတယ်။အချိန်ပိုင်းကြားပေါက်လုပ်ငန်းများလည်းအကျိုးပေးနေတတ်သလို တိုးချဲ့လုပ်ကိုင်သည့်အလုပ်များ ပိုမိုအောင်မြင်တတ်ပါတယ်။ ကျန်းမာရေးလည်း ကောင်းမွန်နေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်လက်ဖက်ရည်ကပ်လှူဆုတောင်းပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့အဆင်မပြေ လွဲချော်မှုတွေ များနေတတ်ပါတယ်။ ကိုယ်ထင်ထား၊ တတ်ထားတာ တွေနဲ့ ဖြစ်တာတွေက တစ်ခြားစီဖြစ်နေတတ် ပါတယ်။ ငွေလည်း မထွက်သင့်ဘဲ ထွက်နေမယ်။ ဝင်စရာရှိတာတွေ မဝင်ဘဲ ဖြစ်လိမ့်မယ်၊ ရစရာရှိတာရော၊ ပေးစရာရှိတာရော၊ မရှင်းမလင်းဖြစ်နေမယ်။ မထင်မှတ်တဲ့ခရီးတွေ သွားရတတ်တယ်။ မိတ်ဆွေ၊ ဆရာသမားတွေဆီက မထင်မှတ်တဲ့အကူအညီတွေ ရလာတတ်ပါတယ်။ စနေနံ လုပ်ငန်းတွေ နိုင်ငံခြား၊ လူမျိုးခြားနှင့်ပတ်သက်တဲ့ လုပ်ငန်းတွေ ဒီအချိန်မှာ ကောင်းပါတယ်။အလုပ်ပြောင်းချင်စိတ်တွေ ပေါ်လာတတ်တယ်။အိမ်ထောင်သည်များအဖို့အိမ်ထောင်ဖက်နှင့် ခရီးသွားရတတ်ပါတယ်။။ ကျန်းမာရေးအနေနဲ့ ရင်ခေါင်းနဲ့ ရင်ဘတ်ဆိုင်ရာ ရောဂါတွေဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် လိုင်ချီးသီးကပ်လှူပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ချစ်သူနှင့်ပျော်ရွှင်စွာ မင်္ဂလာကိစ္စ စိတ်တိုင်းကျ ဆောင်ရွက်နေရတတ်ပါတယ်။အလုပ်အကိုင်အကြံအစည်များအောင်မြင်နေတတ်ပြီး မမျှော်လင့်ဘဲ ငွေဝင်နေမယ့် ကာလဖြစ်ပါတယ်။ ကြိုးစားသလောက် ပစ္စည်းဥစ္စာတိုးတက်ကြီးပွားနိုင်မှာဖြစ်ပြီး စီးပွားရေးပညာရှင်များ၊အယ်ဒီတာများ၊ ထုတ်ဝေသူများ၊ ကောက်ပဲသီးနှံရောင်းဝယ်သူများအဖို့အကျိုးပေး ထက်သန်နေမယ့် ကာလလည်း ဖြစ်ပါတယ်။ ငွေကြေးအပေးအယူအတွက် ဘုရားတရားပိုလုပ်ပေးပါ။ ယာယီရောင်းဝယ်ဖောက်ကားမှုအပြိုင်အဆိုင်များနေမယ့် ကာလဖြစ်ပြီး ကာလရှည် လှောင်ထားတဲ့ ကုန်စည်များအတွက်အရှုံးပေါ်တတ်ပါတယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး ကြိုးစားနိုင်မှအောင်မြင်ပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ စိတ်ဖိစီးလွန်းပြီး စိတ်ကျရောဂါဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ပန်းသီးဖျော်ရည် ကပ်လှူပေးပါ။


သောကြာ - ချစ်သူမရှိသေးသူတွေရော ချစ်သူရှိပြီးသူတွေပါ စန်းပွင့်သောအချိန်ဖြစ်ပါတယ်။ နာမည်ဂုဏ်သတင်းတိုးတက်ခြင်း၊ ကျော်ဇောခြင်း၊အဆက်အသွယ်ကောင်းများ ရလာခြင်း၊ လုပ်ငန်းအဆင်ပြေခြင်းတွေနဲ့ ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ ဘာပဲလုပ်လုပ်အဆင်ပြေပြီးအောင်မြင်မှုတွေရရှိနေလိမ့်မယ်။ ထူးခြားစွာအောင်မြင်နိုင်တဲ့အချိန် ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်ရွယ်ထားတဲ့ ရည်မှန်းချက်သို့ရောက်အောင် ရဲရဲကြီးလုပ်ချလိုက်ပေတော့လို့ ပြောလိုက်ပါတယ်။ ငွေအလွန်ရွှင်မယ့်အချိန်ဖြစ်ပါတယ်။ ထီထိုးသင့်တဲ့အချိန်ကာလဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက သူတပါးရဲ့ ချောက်တွန်းမှုကြောင့်အထက်လူကြီးနဲ့ ကတောက်ကဆဖြစ်ရတတ်လို့ သတိပြုပါ။ ဒီရက်ထဲမှာအဖိုးတန်ပစ္စည်းတွေလည်း ဝင်လာတတ်ပါတယ်။အိမ်ထောင်သည်များအဖို့အိမ်ထောင်ဖက်ထံမှ သတင်းကောင်းကြားရတတ်ပါတယ်။ ချစ်သူမရှိသေးသူတွေလည်း ချစ်သူရလာနိုင်တဲ့အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ လေဖြတ်လေငန်းသတိပြုပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် သစ်ကြားသီးကပ်လှူပေးပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအတွက် စိတ်ကူးထဲပေါ်လာသည့် မည်သည့်ကိစ္စမဆို မဖြစ်မနေ လိုအပ်သည်များကို ရှေ့တိုး ဆောင်ရွက်သင့်ပါတယ်။အတတ်ပညာနဲ့ ပတ်သက်ပြီး ကောင်းသောအကျိုးဆက်တွေ ခံစားရတတ်ပါတယ်။ ယှဉ်ပြိုင်မှုများတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ငွေကြေးအကျိုးအမြတ်တွေ ရရှိတတ်ပါတယ်။ ရတနာအရောင်းအဝယ်လုပ်ငန်း ကိစ္စများအောင်မြင်ရန် နည်းလမ်းကောင်းများ ရှာဖွေတွေ့ရှိတတ်ပါတယ်။ ရွှေငွေကျောက်မျက်ရတနာလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့နိုင်ပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်မှာ ချစ်ခင်ကူညီမယ့်သူ ပေါများမှာဖြစ်ပြီးအထက်လူကြီးကူညီထောက်ပံ့ပေးမှုလည်း ရရှိပါလိမ့်မယ်။အချစ်ရေးအိမ်ထောင်ရေးအထူးကောင်းမွန်နေပြီး ကျန်းမာရေးမှာလည်း စိုးရိမ်စရာ မရှိပါဘူး။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် နို့စိမ်းခေါက်ဆွဲ ကပ်လှူပေးပါ။


LEO

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" နေ့စဉ် ဖတ်ရှုဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းထားဖို့တော့လိုမယ်နော်။





Some text some message..