ဇွန်လ ၁၀ ရက်နေ့ ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-10


ဇွန်လ ၁၀ ရက်နေ့ ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၁၀ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ ငွေကြေးနှင့်ပတ်သက်တဲ့အရှုပ်အရှင်းတွေ ဖြစ်နေတတ်ပါတယ်။အလုပ်အကိုင်နှင့်အခွင့်အလမ်းတွေကတော့ ကောင်းနေတတ်ပြီး မည်သည့်လုပ်ငန်းကိစ္စကိုမဆို နှစ်ကြိမ်နှစ်ခါ ပြုလုပ်နေရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတိုးအတွက် သင်တန်းတစ်ခု တက်ရောက်ရခြင်းမျိုးနှင့် ကြုံရတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရာမှာ လူယုံ ဒုက္ခပေးတတ်ပါတယ်။ ပညာသင်ကြားနေသော ကျောင်းသားများအတွက် ပညာရေးအလွန်ကောင်းသောအခြေအနေသို့ရောက်ရှိ၍ ကြိုးစားအားထုတ်မှု များများလုပ်ပါ။ ထူးထူးခြားခြားအောင်မြင်မှုရမည်။ ပျိုရွယ်သူများအနေဖြင့် မိမိချစ်သူနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးနှင့် ကြုံရတတ်သည်။ ကျန်းမာရေးအနေဖြင့် ဝမ်းဗိုက်နှင့်ပတ်သက်သောဝေဒနာ ဂရုစိုက်ပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်အကြော်စုံကပ်လှူပေးပါ။


တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့မှာ မိမိစီးပွားရေးလုပ်ငန်းများ၌ နာမည်ဂုဏ်သတင်းကျော်ဇောခြင်း၊ ယခင်ထက် ပိုမိုအဆင်ပြေခြင်းမျိုးရှိပါမယ်။ မိတ်ဆွေကောင်း တစ်ဦးထံမှလည်း လုပ်ငန်းနှင့်ပတ်သက်၍အကြံဉာဏ် ကောင်းများရရှိတတ်ပါတယ်။ ဆွေမျိုးမိတ်ဆွေများကို ထောက်ပံ့ပေးနေရတတ်တဲ့အချိန်ဖြစ်ပြီး ပညာရေးအနေနဲ့ သင်တန်းသစ်တက်ခွင့်ရခြင်း ပညာတော်သင်စေလွှတ်ခြင်းမျိုး ကြုံရတတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ကံကောင်းမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပျိုရွယ်သူများအနေဖြင့် တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံနေ တတ်ခြင်းကြောင့်အဆင်မပြေ ဖြစ်တတ်ပြီးအိမ်ထောင်သည်တွေလည်း တကျက်ကျက်ဖြစ်နေမယ့် နေ့ရက်ပါပဲ။ ကျန်းမာရေးအနေနဲ့ သွားကိုက်သွားနာဖြစ်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကံ့ကော်ပန်း ကပ်လှူပေးပါ။


အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီရက်မှာအလိုလိုနေရင်း ကံညံ့နေပြီး ကိုယ်အကူအညီပေးနေတဲ့သူတွေကပဲ မိမိ ဂုဏ်သိက္ခာကျဆင်းစေမယ့် ကိစ္စမျိုး ပြုမူလာတတ်ပါတယ်။ မိသားစုထဲကအကြီးအကဲတစ်ဦးဦး ကျန်းမာရေးညံ့နေတာကြောင့် သတိထားသင့်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝန်ထမ်းတွေရဲ့အထင်အမြင်လွဲမှားခြင်းကို ခံရမှာဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့လည်း လုပ်ငန်းခွင်မှာအတိုက်အခံကြုံရတတ်ပါတယ်။ ရေသန့်လုပ်ငန်း၊အချိုရည် လုပ်ငန်းများ ကောင်းမွန်နေပြီးအိမ်ခြံမြေလုပ်ငန်းရှင်တွေကတော့အနည်းငယ်အခက်အခဲ ရှိနိုင်ပါတယ်။အိမ်ထောင်ရေးတကျက်ကျက်ဖြစ်နေပြီးအချစ်ရေးမှာလည်း ကိုယ့်အပေါ် လိမ်လည်မယ့်သူနဲ့ ဆုံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အသည်းရောဂါ သတိပြုသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် စံပယ်ပန်း ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ဒီနေ့မှာ နိုင်ငံခြား ခရီးသွားရကိန်း ရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရလာနိုင်ပါလိမ့်မယ်။ သင်တန်းတစ်ခုခု တက်ရောက်နေသူဖြစ်ရင်တော့ ဂုဏ်ထူးနဲ့အောင်မြင်ပါလိမ့်မယ်။ ဒီရက်ပိုင်းမှာအောက်လက်ငယ်သား ဒုက္ခပေးတတ်တာကြောင့်လည်း သတိပြုဆက်ဆံသင့်ပါတယ် ။ နိုင်ငံခြားသားနဲ့ စပ်တူလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှု ရရှိပါလိမ့်မယ်။ လုပ်ငန်းသဘာဝမတူတဲ့ လုပ်ငန်းတွေမှာ ပြောင်းလဲလုပ်ကိုင်ရကိန်းရှိပြီးအလုပ်နဲ့ ပတ်သက်လို့ စိတ်ညစ်ရမယ့် ကာလပါပဲ။အိမ်ထောင်ရေးအဆင်ပြေနေပြီးအချစ်ရေးလည်း သာယာနေပါတယ်။ လူမျိုးခြားထောက်ပံ့မှု ရရှိနိုင်ပြီးအိမ်ထောင်ပရိဘောဂအသစ် ဝင်ကိန်းရှိနေပါတယ်။ ဒီရက်ပိုင်းမှာ ချော်လဲတတ်လို့အသွားအလာ သတိပြုရမှာပါ။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ဘုရားတွင် ယပ် ၈ချောင်း ကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေကတော့ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။အလှကုန်လုပ်ငန်း ၊အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ဆန်၊ ဆီ၊ ဆား လုပ်ငန်းရှင်တွေကတော့ ငွေကြေးအပေးအယူကိစ္စ သတိပြုသင့်ပါတယ်။ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး မိသားစုုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးညံ့တတ်ပါတယ်။ ချစ်သူမရှိသေးသူတွေအနေနဲ့ တစ်ယောက်တည်းနေတာက ပိုအဆင်ပြေမယ့်အချိန်ဖြစ်ပြီးအချစ်ရေးကြောင့် ပညာရေးမှာ ထိခိုက်နိုင်ခြေရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ခြေထောက်ခေါက်လဲတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင်ရွှေကြည် ကပ်လှူပေးပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့အလုပ်အခွင့်အလမ်းကံနဲ့အချစ်ရေးကံကောင်းနေပြီး ကျန်းမာရေး၊ ပညာရေးအထွေထွေ ကိစ္စရပ်တွေမှာလည်းကံကောင်းနေတဲ့ နေ့ရက်ပါ၊ ငွေကြေးပိုင်းဆိုင်ရာကံကတော့အသင့်အတင့်အနေအထားရှိနေပါတယ်။ ဒီနေ့မှာ ဘယ်လိုလုပ်ငန်း ဆောင်ရွက်မှုမျိုးကိုမဆို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ စပ်တူရှယ်ယာငွေထည့်ဝင်ခြင်း မဲစုခြင်းများအတွက်လည်း သတိပြုလုပ်ဆောင်သင့်ပါတယ်။ ဒီရက်ပိုင်းမှာ ပိုက်ဆံအချေးအငှားလုပ်တာမျိုး ရှောင်ကြဉ်လိုက်ပါ။အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့်အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းလည်း တိုးတက်မှု ရရှိနေတဲ့ ရက်ဖြစ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၂နာရီကနေ နေ့လည် ၁နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ဖရဲသီး ကပ်လှူ ဆုတောင်းပေးပါ။


သောကြာ - လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတာတွေ့ရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။အချစ်ရေးပိုင်းမှာ စန်းပွင့်နေတဲ့ ကာလဖြစ်ပြီးအိမ်ထောင်သည်တွေအနေနဲ့ကတော့အိမ်ထောင်ရေးအရှုတ်အရှင်းဖြစ်တတ်လို့ သတိပြုသင့်ပါတယ်။အလှူကြီးပေးရကိန်းရှိပြီး ငွေဝင်လာရင် ဘုရားမှာ ရွှေသင်္ကန်း ကပ်လှူပေးသင့်ပါတယ်။ မိသားစုထဲမှာ တနင်္လာသားသမီးရှိနေခဲ့ရင် ကျန်းမာရေး ဂရုစိုက်ပေးလိုက်ပါ။ ဆန်လုပ်ငန်း၊ ဆီစက်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးချဲ့လို့ရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအလုပ်ရှင်ရဲ့ ယုံကြည်ကိုးစားမှု ရရှိမှာဖြစ်ပြီး လခလည်းတိုးနိုင်ခြေရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားမှာ သရက်သီးမှည့် ကပ်လှူပြီး လိုရာဆုတောင်းပါ။


စနေ - စနေသားသမီးတွေအနေနဲ့ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။အိုးသစ်အိမ်သစ် ဝင်ကိန်းလည်း ရှိပြီး ရွှေစုသင့်တဲ့ ကာလဖြစ်ပါတယ်။အလုပ်ရာထူးနေရာအပြောင်းအလဲရှိနေပြီး ပြောင်းရမယ့်နေရာက ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီး မျက်နှာသာပေးခံရပြီး နေရာကောင်းရတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များလည်း ငွေကြေးအမြတ်အစွန်းများစွာ ရရှိနိုင်ပြီး တင်ဒါလုပ်ငန်း လုပ်ကိုင်သူများအထူးကောင်းမွန်နေတဲ့အချိန်ပါပဲ။အချစ်ရေး ပုံမှန်ရှိနေပြီးအိမ်ထောင်သည်တွေကတော့ မထင်မှတ်တဲ့ကိစ္စနဲ့ စိတ်ဝမ်းကွဲစကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ နားအူ၊ နားကိုက်ရောဂါဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ - ဘုရားတွင် ထိုးမုန့် ကပ်လှူပေးပါ။


LEO

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" နေ့စဉ် ဖတ်ရှုဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းထားဖို့တော့လိုမယ်နော်။





Some text some message..