ဇွန်လ ၁၁ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2019-06-11


ဇွန်လ ၁၁ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း ဇွန်လ ၁၁ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေ - ဒီနေ့မှာ တနင်္ဂနွေသားသမီးတွေအနေနဲ့ နေရာထိုင်ခင်းအပြောင်းအလဲ ရှိနေပြီးအိမ်မှာ နေရတာကို စိတ်ညစ်နေပါလိမ့်မယ်။ ဘယ်သူနဲ့မဆို စကားပြောအဆင်မပြေဖြစ်နေမယ့် ကာလဖြစ်လို့ စကားပြောဆင်ခြင် သင့်ပါတယ်။ ငွေကြေး လက်လွန်မိလို့အမှုအခင်း ဖြစ်နိုင်တာကြောင့် ငွေကြေးအပေးအယူကိစ္စတွေမှာ သတိပြုရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွဲတွေများစွာ တိုးချဲ့နိုင်မယ့်အချိန်ပါပဲ။ လုပ်ငန်းတိုးတက်မှု ရရှိနေပေမယ့်အိမ်တွင်းရေးအိမ်ထောင်ရေးအညံ့ရှိတတ်လို့ သတိပြု၇ပါမယ်။အိမ်၊ ခြံမြေအသစ် ရကိန်းရှိပြီး ထီပေါက်သလို ငွေဝင်နေတတ်ပါတယ်။ ဆန်၊ဆီ၊ ဆား ရောင်းဝယ်ရေးလုပ်ကိုင်သူတွေအကျိုးများမယ့်အချိန်ဖြစ်ပြီးအိမ်ရှိ ကလေးသူငယ်တစ်ဦးဦး ဖျားနာတတ်လို့ သတိပြုရပါမယ်။ ရွှေပျောက်တတ်ပြီး ပျောက်တဲ့နေရာအနီးအနားကနေပဲ ပြန်တွေ့ပါလိမ့်မယ်။အင်္ဂါသားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုတွေကနေအကျိုးအမြတ်များနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့အူအတက်ရောင်တတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အညံ့များပြေပျောက်စေရန်အိမ်ရှင်းပေးပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ အချစ်ရေး၊အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ပါပဲ။ လုပ်ငန်းစီးပွား ကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်။အသိမိတ်ဆွေတွေအတွက် ကြားကနေအာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အထက်အရာရှိအလုပ်ရှင်တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ရပါလိမ့်မယ်။ ဒီနေ့မှာ ကြာသပတေး၊ တနင်္လာသားသမီး တွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။အိမ်ထောင်ရေး၊အချစ်ရေး ကောင်းမွန်နေပြီး ၊ ပညာရေး ၊ ကျန်းမာရေးပိုင်းမှာလည်း ပုံမှန်ပဲရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ကျောက်ကျော ကပ်လှူဆုတောင်းပါ။


အင်္ဂါ -အင်္ဂါသားသမီးတွေအတွက် လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ် ။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်းဖြစ်ပြီး လုပ်ငန်းခွင်မှာအနည်းငယ် စိတ်အနှောက်အယှက်ဖြစ်စရာ ကြုံနိုင်ပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ လက်အောက်ငယ်သား ဒုက္ခပေးတတ်ပြီးအလုပ်နေရာအပြောင်းအရွှေ့ရှိနေပါတယ်။အမွေကိစ္စ စကားများရကိန်းရှိပြီး လက်လီလုပ်ငန်းလုပ်ကိုင်သူများအကျိုးများမယ့် နေ့ရက်ပါပဲ။အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းအများစုအခက်အခဲ ကြုံရတတ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ဖြစ်ပြီး ပညာရေးအတွက် တစ်ဆင့်မြင့်သင်တန်းတွေ တက်ရောက်ရကိန်း ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ -အသိမိတ်ဆွေတစ်ဦးအား စနိုးတာဝါ လက်ဆောင်ပေးလိုက်ပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ဒီကာလမှာ တစ်ယောက်တည်း နေထိုင်လုပ်ကိုင်တာကအကောင်းဆုံးဖြစ်ပြီး ကိုယ့်ကို တိုင်ပင်လာတဲ့ ကိစ္စတွေမှာ ဝင်ပြီးအကြံပေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဝင်ငွေပုံမှန်ရှိနေတဲ့ ကာလဖြစ်ပြီးအဆုတ်ပိုင်းဆိုင်ရာ ကျန်းမာရေးညံ့တတ်လို့ သတိပြုသင့်ပါတယ်။ ဒီရက်မှာ ကြားကနေအာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူ ကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေး ဂရုစိုက်ပေးသင့်ပြီး ချစ်သူမရှိသေးသူများချစ်ရေးဆိုသူတွေ ဝိုင်းဝိုင်းလည်လာတတ်ပါတယ်။ ပညာရေးမှာ ထူးထူးချွန်ချွန်အောင်မြင်မယ့်အချိန်ဖြစ်ပြီး တဆင့်မြင့်သင်တန်းတွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။


ယတြာ - ရွက်လှပန်းကို ဘုရားကပ်လှူပြီး လိုရာဆုတောင်းနိုင်ပါတယ်။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ငွေကြေးကံကောင်းနေပြီးအောင်မြင်နေတဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားမှုတွေအပေါ် မကောင်းကြံမယ့်သူတွေ ပေါ်ပေါက်ကြုံတွေ့ရတတ်ပါတယ်။ လက်ရှိအလုပ်မှာအဆင်ပြေနေပေမယ့် ကိုယ်ပိုင်စီးပွားရေး စတင်လိုစိတ်ပေါ်နေပါလိမ့်မယ်။ ဆေးဆိုင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဝန်ထမ်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အထက်အရာရှိအလုပ်ရှင်တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ရပါလိမ့်မယ်။ လျှပ်စစ် ပစ္စည်း ကိုင်တွယ်ရာမှာ သတိထားကိုင်တွယ်သင့်ပါတယ်။အိမ်ရှိအဖိုးတန် လျှပ်စစ်ပစ္စည်းများ ထွက်တတ်ပျက်တတ်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့အိမ်မှာ နေချင်စိတ်မရှိလောက်အောင် စိတ်ညစ်နေတတ်ပြီးအိမ်ရှိ မိသားစုနဲ့လည်း တကျက်ကျက်ဖြစ်နေတတ်ပါတယ်။အချစ်ရေးကတော့ ပုံမှန်ပဲ ရှိနေတာဖြစ်ပြီး ကျန်းမာရေးအနေနဲ့အသည်းရောဂါ သတိပြုသင့်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင် ရေသက်စေ့ ကပ်လှူ ဆုတောင်းပါ။


ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ဝန်ထမ်းဖြစ်ပါကအောက်လက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုဆက်ဆံသင့်ပါတယ်။ လုပ်ငန်းတိုးချဲ့လိုပါက နိုင်ငံခြားသားနဲ့ စပ်တူလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှု ရရှိပါလိမ့်မယ်။ နိုင်ငံခြား ခရီးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရလာနိုင်မှာဖြစ်ပါတယ်။အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်း လုပ်ကိုင်သူများအကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ ငွေကြေးပိုင်းအနေနဲ့လည်း ပုံမှန်ဝင်ငွေရှိနေပါမယ်။ လုပ်ငန်းခွဲတွေကနေ ဝင်ငွေရလမ်းများနေမယ့်အချိန်ဖြစ်ပါတယ်။ လက်ရှိအလုပ်မှာလည်းအဆင်ပြေနေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအထိ စတင်နိုင်မယ့်အချိန်လို့လည်း ဆိုရမှာပါ။အိမ်ထောင်သည်တွေအနေနဲ့အိမ်ထောင်ဖက်ဖောက်ပြန်တတ်ပြီး ချစ်သူမရှိသေးသူတွေကတော့အခုအတိုင်းပဲ ဆက်ရှိနေဦးမှာပါ။ ကျန်းမာရေးအနေနဲ့ စိတ်ကျရောဂါဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။


ယတြာ - ဘုရားတွင်ပေါက်ပေါက်ဆုပ် ကပ်လှူပေးပါ။


သောကြာ - ခြေလက်၊ တစ်ခုခု ထိခိုက်မှုတစ်ခုဖြစ်နိုင်လို့ သတိပြုသင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာမှာ ကိုယ့်ရဲ့အောင်မြင်မှုအပေါ် မနာလိုသူတွေ ကြုံရနိုင်ပါတယ်။ လူမျိုးခြားနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကနေအောင်မြင်မှု ရရှိနိုင်ပါတယ်။ ဆောက်လုပ်ရေးနဲ့အိမ်အလှဆင်ပစ္စည်း ရောင်းဝယ်သူများ ကံကောင်းနေပါတယ်။ ဆန်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ကုန်စည် ရောင်းဝယ်ဖောက်ကားသူများအထူးကောင်းမွန်နေပြီးအထည်အလိပ်၊ ကျောက်မျက်လုပ်ငန်းရှင်များလည်း စီးပွားတိုးတက်အောင်မြင်နေမှာဖြစ်ပါတယ်။ တနင်္လာသားသမီးနဲ့ လက်တွဲလုပ်ကိုင်သည့် ကိစ္စရပ်များအောင်မြင်နိုင်ပြီး စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများအကျိုးပေးပါလိမ့်မယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး ကျန်းမာရေးအနေနဲ့ နားအူ၊ နားကိုက်ဖြစ်ပွားတတ်ပါတယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။


ယတြာ - ဘုရားတွင် သရက်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။


စနေ - ဒီနေ့မှာ စနေသားသမီးတွေအတွက် နယ်ဝေးခရီးသွားရကိန်းရှိပြီး ကောင်းမွန်တဲ့ ခရီးဖြစ်နိုင်ပါတယ်။ မိသားစုထဲကအကြီးအကဲ ကျန်းမာရေးညံ့နေတတ်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်တွေအကျိုးအမြတ်များမယ့် ကာလပါပဲ။အလုပ်အကိုင်သစ်ကနေ ကမ်းလှမ်းလာတာမျိုးလည်း ကြုံရတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ ယှဉ်ပြိုင်သူများ ၊အကောက်ကြံသူများနဲ့ ကြုံရတတ်ပါတယ်။ ငွေကြေးကံအနည်းငယ်ညံ့နေပြီး လုပ်ငန်းတိုးချဲ့ဖို့စီစဉ်ထားရင် ခေတ္တဆိုင်းငံ့ထားသင့်ပါတယ်။ လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ လုပ်ငန်းပူးပေါင်းလုပ်ကိုင်သူတွေက မယုံမကြည်ဖြစ်တတ်ပြီး စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများ သတိပြုရမယ့် ကာလပါပဲ။ ဒီရက်ပိုင်းမှာအစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဆေးရုံတက်ရကိန်းရှိနေပြီး ဆွေမျိုးမိတ်ဆွေထဲက ဆေးရုံတက်နေသူရှိတယ်ဆိုရင် သတင်းမေးသွားရောက်လိုက်ပါ။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ ဝင်ကိန်းလည်းရှိနေပါတယ်။ ပညာရေးမှာ စိတ်မဝင်စားပဲအချစ်ရေးဘက် စိတ်လေနေတတ်တာကြောင့် သတိပြုရပါမယ်။


နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။


ယတြာ -အိမ်ရှိ ဒန်အိုး၊ ဒယ်အိုးအဟောင်းအစုတ်များ စွန့်ပစ်လိုက်ပါ။


LEO

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" နေ့စဉ် ဖတ်ရှုဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းထားဖို့တော့လိုမယ်နော်။





Some text some message..