၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ( ၁၆-၆-၂၀၁၉ ) မှ ( ၂၂-၆-၂၀၁၉)အထိ
lotaya.mpt.com.mm
|
2019-06-13

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၆-၆-၂၀၁၉ ) မှ ( ၂၂-၆-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေသားသမီးများ ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထက်၊ ဝိဝါဟမင်္ဂလာနှင့်အိမ်ဆောက်၊အိမ်တက်မင်္ဂလာ ပြုလုပ်ရအံ့။ ကျေုာက်ဆစ်ထုလုပ်ငန်း၊ စပါးကျီသွင်း၊ ယာဉ်စက်ပစ္စည်း ရောင်းဝယ်လုပ်ငန်းအကျိုးဖြစ်ထွန်းပြီး ရည်မှန်းထားတဲ့ လုပ်ငန်းချဲ့ထွင်မှုတွေရှိရင်လည်း စတင်အကောင်အထည်ဖော်လိုက်ပါ။အရှေ့မြောက်အရပ်အကျိုးပေးပြီးအနောက်တောင်အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။ လူမှုရေးစကားပြောခြင်း ကောင်း၏။ ခရီးသွားရာတွင်အစိုးရဝန်ထမ်းများနှင့် စကားပြောဆိုလျှင် မာန်မာန ဒေါသဖြင့် ပြောဆိုခြင်းရှောင်ပါ။ ပညာရေး ကိစ္စအဆင်ပြေမည်။ ပြည်သို့သွားရန် စိတ်ကူးများ၊အလုပ်အကိုင်နှင့်ပညာရေးအကောင်အထည်ဖော်မည်။အချစ်ရေး၊အိမ်ထောင်ရေး ကောင်းထား၍ သာယာပျော်ရွင်ရမည်။အချစ်ရေး ကတောက်ကဆ ဖြစ်နေသူများ ပြန်လည်နားလည်မှုဖြင့် လက်တွဲရမည်။ ကျန်းမာရေးအနေနဲ့ ရာသီဥတုကြောင့် နေမကောင်းဖြစ်မယ် ပြန်လည်ကောင်းလာမည် ယာယီပါ။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌အင်ကြင်းညွန့်၊သစ္စာပန်း ဘုရားလှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၁,ဝ,၉}

အကျိုးပေးအရောင် နက်ပြာရောင်

ဆောင်ရန်အင်ကြင်းညွန့်

ရှောင်ရန်အနောက်တောင်အရပ်

ယတြာအင်ကြင်းညွန့် ၊ သစ္စာပန်းနှင့်အုန်းထမင်း ဘုရားဆွမ်းကပ်လှူပါ။

တနင်္လာသားသမီးများ

တနင်္လာသားသမီးများအိမ်ပြောင်း၊အိမ်တက် လှေကားတင် ပြုလုပ်ရ၍အလုပ်လျှောက်ခြင်း၊ ခရီးသွားခြင်းကောင်း၏။အိမ်ခြံမြေရောင်းဝယ်ခြင်း၊အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်းနှင့် စက်သုံးဆီရောင်းဝယ်အကျိုးမြတ်ရလဒ်ကောင်းပြီး ချစ်သူမရှိသေးသူများ ချစ်သူရလာမှာဖြစ်သည်။အနောက်အရပ်အကျိုးပေး၊အရှေ့အရပ် ရှောင်ပါ။အရှေ့နှင့်မြောက်အရပ် စန်းပွင့်၏။အချစ်ရေး စန်းပွင့်မည်။အထူး သဖြင့် မိမိချစ်သူအပေါ်ယုယပါ၊ သြဇာညောင်း၊ မာန်တက်အနိုင်ကျင့်ပြောဆိုခြင်း ရှောင်ကြဉ်ပါ။အိမ်ထောင်ရေးအနေနဲ့ မွေးရပ်မြေတွင်အလှူ ပေးရခြင်းနှင့် မိသားစုမင်္ဂလာကိစ္စများ ဆောင်ရွက်ရာတတ်ပြီး ပျော်ရွင်သာယာရမည်။ ပညာရေးပိုင်းမှာတော့ ပုံမှန်ပဲ ရှိနေပြီး ကျန်းမာရေးအနေဖြင့်အစာအဆိပ်သင့်တတ်ပါတယ်။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ လိမ္မော်သီး ဘုရားလှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၉,၂,၁}

အကျိုးပေးအရောင် မီးခိုးရောင်

ဆောင်ရန် ရဲယို့ညွန့်

ရှောင်ရန်အရှေ့အရပ်

ယတြာ ရွက်လှညွန့် သို့ ရဲယို့ညွန့်(၉)ညွန့်နှင့် လိမ္မော်သီးအခွံခွားပြိး ဘုရားဆွမ်းကပ်လှူ ပါ။

အဂါၤသားသမီးများ

အဂါၤသားသမီးများ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး စပ်တူရှယ်ယာလုပ်ငန်းတွေမှာလည်းအကျိူးအမြတ်များရှိမည်။အရှေ့တောင်အရပ်အကျိုးပေး၊အနောက်မြောက်အရပ် ရှောင်ပါ။အရှေ့အရပ် စန်းပွင့်၏။ ကွဲကွာနေတဲ့ မိသားစု၊ ဆွေမျိူးမိတ်ဆွေ၊ ချစ်သူငယ်ဟောင်း တစ်ချိူ့နဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိပြီး ကိုယ့်အပေါ်အကောင်းမမြင်သူတွေ့က သင့်ကိုပြန်လည် ကောင်းမွန်စွာ ဆက်ဆံလာလိမ့်မယ့်။အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကြောင့် စိတ်ညစ်ရမည်။ သေကြေပျက်စီးအံ့။အမျိုးသမီး တစ်ဦးကြောင့်စိတ်ညစ်ရမည်။အချစ်ရေးတွင် ပြဿ နာပေါ် တတ်သည်။ ပညာရေး ညံ၍အိမ်ထောင်ရှင်အနေနဲ့ မိသာစုဝင် နယ်ခြား၊ ပြည်ပလုပ်ကိုင်နေသူများထံမှ သတင်းကောင်းကြားရခြင်းနှင့် ငွေအမြောက်အများပိုု့လာခြင်း ရှိအံ့၊ ထီဆုပေါက်တတ်အံ့။ ကျန်းမာရေးအတွင်းပိုင်းရောဂါ နာကြဉ်ခြင်း ဝေဒနာခံစားရတတ်သည်။ ဥပါဒ်မရှိပါ။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ လိမ္မော်သီး၊ မာလာကာသီး ဘုရားလှူ ပြီးသွားပါ။

အကျိုးပေးဂဏန်း {၆,၃,၉}

အကျိုးပေးအရောင် ဖက်ဖူးရောင်

ဆောင်ရန် မာလာကာသီး

ရှောင်ရန်အနောက်မြောက်အရပ်

ယတြာ လိမ္မော်သီး၊ မာလကာသီး(၅)လုံး ဘုရားဆွမ်းကပ်လှူ ပါ။

ဗုဒ္ဓဟူးသားသမီးများ

ဗုဒ္ဓဟူးသားသမီးများအထူး တနင်္လာနံလုပ်ငန်းများနှင့်ထိုနေနံသားသမီးများအရောင်းအဝယ်ပိုင်းအထူးသတိထားသင့်ပါတယ်။ သူတပါးက ကွက်ကျော်ရိုက်ခြင်း နောက်ကျောဓားထိုးတတ် ပြီး လူယုံသတိထားပါ။ စာပေကိရိယာဖြန့်ချီခြင်း၊ ရေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သရုပ်ဆောင်လုပ်ငန်းဖြစ်ထွန်းမည်။ လူမှုရေးစကားပြောခြင်းကောင်း၏။ တောင်အရပ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။အရှေ့အရပ် စန်းပွင့်၏။ ပညာရေးအထူးကောင်မွန်ပြီးအိမ်ထောင်ရေးအနေနဲ့အထင်လွဲမူ့ကြောင့် ရန်ပေါ်တတ်သည်။ ပညာရေး ပြည်တွင်း၊ပြည်ပ ဝန်းထမ်းအပြောင်းအရွှေရှိပါတယ်။အချစ်ရေးမှာ တစ်ပါးသူနှင့် နှလုံးသာပိုင်ဆိုင်မှု ယှဉ်ပြိုင်ရတတ်။ ကျန်းမားရေးကြောင့် နှောင်းနည်းမှု ဖြစ်လာတတ်သည်မို့အထူးဂရုစိုက်ပေးပါ။ ၁၃၈၀-ပြည့် နယုန်လဆုတ်(၂)ရက် ဗုဒ္ဓဟူးနေ့ ပန္နက်ရိုက်၊ ကျင်းထူ၊အုတ်မြစ်ချ တိုင်ထူ၊ ညနေ(၄း၂၅)နာရီလွန် ဝိဝါဟမင်္ဂလာ၊ စေ့စပ်၊ လက်ထပ်၊ ကင်းပွန်တပ်၊ ကလေးထမင်းခွံ၊ ပညာသင်ယူခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ ငွေကြေးချေးငှားခြင်း၊အလုပ်လျှောက်ခြင်း၊ လူမှုရေးစကားပြောခြင်းကောင်း၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သနပ်ခါးညွန့်၊ သံပုရာသီး(၁)လုံးဘုရားလှူပြိးသွားပါ။

အကျိုးပေးဂဏန်း {၈,၁,၄}

အကျိုးပေးအရောင် နို့နှစ်ရောင်

ဆောင်ရန် သနပ်ခါးညွန့်

ရှောင်ရန် မြောက်အရပ်

ယတြာ သီးညွန့် သို့ သနပ်ခါးညွန့်၊ သံပုရာသီး(၇)လုံး မိမိနေနံဂြိုလ်ဘုရားကပ်လှူ ပါ။

ကြာသပတေးသားသမီးများ

ကြာသပတေးသားသမီးများအိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်းအကျိုးပေးလိမ့်မည်။ မြောက်အရပ်အကျိုးပေး၊ တောင်အရပ် ရှောင်ပါ။အလုပ်အကိုင် လုပ်ငန်းနှင့်ပတ်သက်ပြီ စိတ်ညစ်တာတွေ စိတ်လေတာတွေ ကြုံရမည်။ ကိုယ်လုပ်ကိုင်ရမယ့် လမ်းကြောင်းကို တွေဝေနေတတ်ပြီးအလုပ်သစ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ ပညာရေးညံ လုပ်ငန်းခွင့်ဝန်ထမ်းအချင်းချင့် စကားများခြင်းနှင့် ဆရာသမားအလုပ်ရှင်များ၏အထင်အမြင်အမှားခံရအောင် လုပ်ကြံ ကြံစည်းခြင်းခံရတတ်သည်။ မိမိအလုပ်ကြောင်းမအားလပ်၍ မိမိချစ်သူမှ တစ်မျိုးအမြင်အထင်တွေ့ကြောင်းအချစ်ရေးအဆင်မပြေမှုလေးတွေရှိတတ်သည်။

ထိုပြင် လုပ်ငန်းအဆင်မပြေမှုအချစ်ရေး၊အိမ်ထောင်ရေး ရောထွေးပြီး ဒေါသပုံချတတ်သည့်မို့ သတိပြုသင့်ပါတယ်။ ကျန်းမာရေး ထွေထွေထူးထူးမရှိပါ။အထူး ကလေးကျန်းမာရေး ချူ ချာ၍ စိတ်ပူရတတ်သည်။မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ထောပတ်သီး(၁) ထန်းလျက်(၉)လုံး ဘုရားလှူ ပြိးသွားပါ။

အကျိုးပေးဂဏန်း {၄,၁,၈}

အကျိုးပေးအရောင် ခရမ်းရောင်

ဆောင်ရန် ထန်းလျက်(၃)လုံး

ရှောင်ရန် တောင်အရပ်

ယတြာ ထောပတ်သီး(၁) ထန်းလျက်(၉)လုံး ဘုရားလှူ ပါ။အဝတ်အစားအဟောင်း မရှိဆင်းရဲသူများ လှူဒါန်းပါ။

သောကြာသားသမီးများ

သောကြာသားသမီးများ စီးပွားရေးအိမ်ထောင်ရေးအားလုံးနီးပါးအဆင်ပြေနေမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေကနေလည်းအောင်မြင်မှုရရှိပါလိမ့်မည်။ ဥယျာဉ်ခြံလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်း၊ ရတနာရောင်းဝယ်လုပ်ငန်းအကျိူးဖြစ်ပြိး တစ်ဦးတည်းလုပ်ကိုင်တာထက်အုပ်စုနဲ့ လုပ်ငန်းလုပ်ကိုင်ခြင်းကအထူး ကောင်းကျိုးပိုရနိုင်ပါတယ်။အရှေ့အရပ်အကျိုးပေး၊အနောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ ရေကြောင်းခရီးသွားခြင်းကောင်း၏။ စနေနံ ဒြပ်ရှိ၊ သက်ရှိ၊ သက်မဲ့ ပစ္စည်းများဝင်လာတတ် ဝင်လျှင်ကောင်း၏။ ပညာရေး၊အချစ်ရေး ကောင်းမွန်ပြိးအိမ်ထောင်ရေး ယောက္ခမနှင့်အဆင်မပြေဖြစ်တတ်ပါတယ်။ သို့ကြောင်းအိမ်ထောင်ရေး ထိခိုက်မည်။အိမ်တွင်းအိမ်မွေးတိရိစ္ဆာန်ကြောင်း ဘေးပတ်ဝန်းကျင်နှင့်အချေအသင့်စကားများသည့်မို သတိပြုပါ။ ထိခိုက်ဒဏ်ရခြင်းဖြစ်ပေါ်တတ်သည်။ မိမိဘေးအိမ်ကပ်ရပ် မီးလန့်ထိတ်လန့်မှု ကြုံတွေ့ရတတ်သည်။ကျန်းမာရေး ကောင်းမွန်မည်။မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဇီးယို၊မြေပဲယို၊ရှောက်ယို ဘုရားလှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၁,၈,၉}

အကျိုးပေးအရောင် ပုလဲရောင်

ဆောင်ရန် ဇီးယို

ရှောင်ရန်အနောက်အရပ်

ယတြာ ဇီးညွန့်၊ သြဇာညွန့် ဘုရားကပ်လှူပါ။

စနေသားသမီးများ

စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်မိခြင်းကနေ ငွေကြေးဆုံးရှုံးမှုကြီးမားနိုင်သလို့ ကြားခံသက်သေ၊အာမခံပေးတာမျိုးကနေလည်း နာမည်ပျက်တတ်ပါတယ်။ လုပ်ငန်းတိုးချဲ့မှုနဲ့အလုပ်သစ်ပြောင်းရွှေ့မှုတွေမှာ မလောသင့်ပါဘူး။ စိတ်ရောလူပါ ပင်ပန်း နွမ်းလျမည်အပတ်ဖြစ်နိုင်သည်။အနောက်တောင်အရပ်အကျိုးပေး၊အရှေ့မြောက်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။အိမ်ရှိ ဗုဒ္ဓဟူးနံ သတ္တဝါများအပျက်အစီး သေတတ်အံ့။ ရွှေ၊ လူအဝင်မကောင်း။ ဆုံးရုံးထားသော ငွေများရှိက ပြန်လည်ရရှိနိုင်သည်။အိမ်ထောင်ရေးကံကောင်း၍ မင်္ဂလာသတင်းနှင့် နယ်ဝေး၊ နယ်ခြား မိသားစု ပျော်ရွင်စွာ ခရီးသွားရအံ့။အချစ်ရေးကံ မကောင်းပါဘု။ မိမိချစ်သူများနှင့် နှစ်ရှည်၊ လရှည်တွဲလာပြိးအလိုနေရင်းအပြောင်းအလဲများ ဥပေက္ခာပြူ ခံရလိမ့်မည်။ ကျန်းမာရေး ၊ ပညာရေးလည်း သိသိသာသာ ညံ့နေလို့ သတိပြုရပါမယ်။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဘုရားတွင် ပေါက်ပေါက်ထုပ်၊ သလဲသီး၊ ကြံတစ်ချောင်း လှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၈,၉,၆}

အကျိုးပေးအရောင် လိမ္မော်ရောင်

ဆောင်ရန် ကြံ တစ်ဆစ်

ရှောင်ရန်အရှေ့မြောက်အရပ်

ယတြာ မိမိနေ့နံထောင့်တွင်အဝတ်သစ်ဝတ်ဆင်၍ ဘုရားတွင် ပေါက်ပေါက်ထုပ်၊ သလဲသီး၊ ကြံတစ်ချောင်း၊ ရေတော်(၇)ခွက်ကပ်လှူပါ။

ရာဟုသားသမီးများ

ရာဟုသားသမီးများအခက်အခဲအားလုံးပြေပျောက်၍ ကောင်းကျိုးသုခများ ရရှိလိမ့်မည်။ ရပ်ဝေးမှာ သတင်းကောင်းကြားရတတ်သည်။ မိတ်ဆွေများ၏ ကူညီမှုရရှိမည်။ စပ်တူ လုပ်ငန်းများ လုပ်ရကိန်း ရှိပါတယ်။ စက်ပစ္စည်းဝယ်မည့်ကိစ္စပျက်တတ်ပါသည်။ ငယ်ရွယ်သူများတွင် ပညာရေးဆိုင်ရာအားနည်းတတ်သည်။ စာမေးပွဲများတွင်ခြေချော်လက်ချော် ဖြစ်တတ်သည်။အိမ်ထောင်ရေး တွင်လည်း မသင့်မြတ်မူ့များ ပြန်လည်ပြီးအဆင်ပြေမည်။ ကျန်းမာရေးအနေနဲ့အနားအဟောင်းမပျောက်ဘဲ ဝေဒနာတစ်ခုရေရှည်ခံစားနေရတတ်သည်။၁၃၈၀-ပြည့် နယုန်လဆုတ်(၂)ရက် ဗုဒ္ဓဟူးနေ့ ပန္နက်ရိုက်၊ ကျင်းထူ၊အုတ်မြစ်ချ တိုင်ထူ၊ ညနေ(၄း၂၅)နာရီလွန် ဝိဝါဟမင်္ဂလာ၊ စေ့စပ်၊ လက်ထပ်၊ ကင်းပွန်တပ်၊ ကလေးထမင်းခွံ၊ ပညာသင်ယူခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ ငွေကြေးချေးငှားခြင်း၊အလုပ်လျှောက်ခြင်း၊ လူမှုရေးစကားပြောခြင်းကောင်း၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သံပုရာသီး(၁)လုံး ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၄,၈,၁}

အကျိုးပေးအရောင် ခရမ်းပြာရောင်

ဆောင်ရန် သက်ကယ်ညွန့်

ရှောင်ရန် မြောက်အရပ်

ယတြာ သီးညွန့် သို့ သနပ်ခါးညွန့်နှင့် သစ်သီး တစ်မျိုးမျိုး ကပ်လှူပေးပါ။

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" နေ့စဉ် ဖတ်ရှုဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းထားဖို့တော့လိုမယ်နော်။





Some text some message..