အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၄-၈-၂၀၁၉ မှ ၁၀-၈-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။
တနင်္ဂနွေ
ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့
စီးပွားရေး – စားသောက်ဆိုင်လုပ်ငန်း၊အစားအသောက်လုပ်ငန်းနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူများ ကံကောင်းမည့်အချိန်ဖြစ်သည်။အစုအစပ်လုပ်ငန်းများအနည်းငယ် စိတ်သောကရောက်ရမည်။အထူးသဖြင့် စေု၊ငွေချေးလုပ်ငန်းများ၊စုကြေးမဲလုပ်ကိုင်သူများအနေဖြင့် ငွေကြေခက်ခဲသွားတတ်ပါသည်။
ကျန်းမာရေး – ခေါင်းကိုက်ခြင်း၊ ကျောရိုးနှင့်ဆိုင်သောရောဂါ၊အူမကြီးနှင့် ဆိုင်သောရောဂါများရတတ်ပါသည်။ သတိထားပါ။
အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိန်းကလေးများအနေနှင့် မိမိကစိတ်မကောက်မိရန်သာအရေးကြီးပါသည်။ မိမိအနေနှင့် စိတ်ကောက်နေပါက မိမိချစ်သူမှာ စိတ်မကောက်တတ်သူနောက် ပါသွားတတ်သည်။အိမ်ထောင်သည်များလည်း သံသယဖြင့်အိမ်ထောင်ဘက်အပေါ် မဆက်ဆံသင့်ပါ။
ပညာရေး – ပညာရေးအနေနှင့် စားရင်းအင်းပညာများကိုအဓိကလိုက်ပါ။
အထွေထွေ – ယခုတစ်ပါတ်အတွင်း သစ်ပင်များ၊ ပန်ချီကားများ လက်ဆောင်ရရှိတတ်သည်။ ရေထွက်ပစ္စည်းတစ်ခုခုလည်း လက်ဆောင်ရတတ်ပါသည်။ ဝန်ထမ်းများ ထီထိုးပါ။
အကျိုးပေးဂဏန်းမှာ – ၁။၂။၃ ယတြာ – ပေါက်ပေါက်များကိုအိမ်ဘုရားတွင် လှူပေးပါ။ စိတ်ချမ်းရပါစေကြောင်း ဆုတောင်းပါ။
တနင်္လာ
ယခုအပတ်အတွင်း တနင်္လာသားသမီးတို့
စီးပွားရေး –အလှကုန်ပစ္စည်းများ၊အထည်အလိပ်၊ ဖန်စီပစ္စည်းလေးများ၊ ပြည်ပမှတင်သွင်းသည့်အလှကုန်နှင့် ဆက်စပ်ပစ္စည်း လုပ်ကိုင်သူများ ကံကောင်းပြီး ပွဲရုံလုပ်ငန်းလုပ်သူများအနည်းငယ် ညံ့နေပါလိမ့်မည်။ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများ ကောင်းပါသည်။
ကျန်းမာရေး – ခါးနာခြင်းပြန်ဖြစ်တတ်သည်၊ ရောဂါစောင်းများ ပြန်ပေါ်တတ်သည်၊အထူးသဖြင့်အစားကြောင့်ဖြစ်သော ရောဂါများ ပြန်ဖြစ်တတ်သဖြင့် သတိပြုပါ။
အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် မိမိချစ်သူနှင့် ဘုရားဖူးခရီးတစ်ခုသွားရပါက ကံကောင်းပါလိမ့်မည်။ နှစ်ဘက်မိဘတို့ကြောင့် လက်ထပ်ရန်ရက်ကြာသည့်မှအပအခြားပြဿနာမရှိပါ။အိမ်ထောင်သည်များအနေဖြင့် ခရီးတစ်ခုကိုအကြောင်းပြုပြီး ငွေကုန်မည်။
ပညာရေး – ပညာရေးအနေနှင့် ရာထူးစာမေးပွဲဖြေမည့်သူများ ၊ သဘောၤနှင့်ဆိုင်သည့် စာမေးပွဲဖြေမည့်သူများ စာကိုသေချာလုပ်ပါ၊ စာမေးပွဲတွင်အခက်အခဲကြုံရတတ်သည်။
အထွေထွေ – ယခုတစ်ပတ်အတွင်းအဝတ်အထည်များဝင်လာတတ်သည်။ ပန်းချီကားလက်ဆောင်ရပါက ထီထိုးပါ။အစိုးရဝန်ထမ်းများ ကံကောင်းပါသည်။
အကျိုးပေးဂဏန်းမှာ – ၄ ၊ ၇ ၊ ၉။ ယတြာ –အိမ်ဘုရားတွင် ကံကော်ပန်းများ ဝေနေအောင်ထိုးပေးပါ။
အင်္ဂါ
ယခုအပတ်အတွင်းအင်္ဂါသားသမီးတို့
စီးပွားရေး – တောင်သူလုပ်ငန်း၊ လယ်ယာနှင့်ဆိုင်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းမား ကောင်းပါသည်။အထူးသဖြင့် စိုက်ပျိုးရေးနှင့်ဆိုင်သော ပစ္စည်းများ ရောင်းချသည့်သူများ စီးပွားဖြစ်နေတတ်သော်လည်း ငွေစာရင်းသာရှိပြီး ငွေမှာအကြွေးကျနေတတ်သည်။ နောင်တစ်ချိန်တွင် ငွေပြန်ရရန်မသေချာသော ကိစ္စတစ်ခုဖြစ်တတ်ပါသည်။ ငွေချေးမိပါက ပြန်မဆပ်နိုင်ဖြစ်တတ်ပါသည်။
ကျန်းမာရေး – ဦးခေါင်းကိုက်ခဲခြင်း၊မူးခြင်း ဖြစ်တတ်သည်။ မျက်လုံးနှင့်ဆိုင်သော ရောဂါများ ရတတ်သည်။
အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် လျှို့ဝှက်အချစ်ဖြစ်တတ်သည် ၊အချစ်ဟောင်းနှင့် ပြန်တွေ့နေတတ်သည်။အိမ်ထောင်သည်များလည်း မိမိအဆက်ဟောင်းနှင့် ပြန်တွေ့နေတတ်ရာ သတိပြုပါ၊ ထိုကိစ္စကိုအကြောင်းပြုပြီး လက်ရှိအိမ်ထောင်ရေး ကိစ္စများတတ်သည်။
ပညာရေး – ပညာရေးအနေနှင့် တက္ကသိုလ်ဝင်တန်းအတွက် ကြိုးစားနေသူများဖြစ်ပါကအင်္ဂလိပ်စာကိုအထူးကြိုးစားပါ။
အထွေထွေ – ယခုတစ်ပတ်အတွင်းအိမ်သစ်ပြောင်းရပါက ကံကောင်းပါလိမ့်မည်။ ရေလမ်းခရီးသတိထားပါ။ ဝန်ထမ်းများ ကံကောင်းပါသည်။
အကျိုးပေးဂဏန်းမှာ – ၃၊ ၅ ၊ ဝ။ ယတြာ –အင်္ဂါနေ့တွင်အင်္ဂါနံဘုရားတွင် ထီးအနီရောင် ၃ လက်လှူပေးပါ။
ဗုဒ္ဓဟူး
ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့
စီးပွားရေး – ရွှေလုပ်ငန်း၊ရွှေတူးဖော်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်းနှင့် သတ္တုတူးဖော်ခြင်း၊ရေနံစသည့် မြေကြီးထွက်အဖိုးတန်ပစ္စည်းများနှင့်အကျိုးပေးသောကလဖြစ်သည်။အထူးသတိပြုရန်မှာ ယခုတစ်ပါတ်အတွင်း စီးပွားရေးအကြောင်းဖြင့် ခရီးဝေးသွားရပါက ခရီးကြာနိုင်ပါသည်။
ကျန်းမာရေး – ကျောက်ကပ်နှင့်ဆိုင်သောရောဂါ၊ ဆီး၊ ဆီကျိတ်ရောင်ခြင်းတို့ ခံစားရပါကအမြန်ဆုံးကုသရန်လိုပါသည်။
အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီးအလွန်စိတ်ကောက်တတ်သော ချစ်သူကို ပိုင်ဆိုင်ရမည်။အိမ်ထောင်ဘက်များအနေနှင့် စီးပွားရေးနောက်ကို လိုက်နေသဖြင့်အိမ်ထောင်ရေးအခြေအနေအေးစက်နေတတ်သည်။
ပညာရေး – ပညာရေးအနေနှင့် နိုင်ငံခြားသွားမည့်သူများ ဘာသာစကားကို သေချာလေ့လာထားရန်လိုပါသည်။
အထွေထွေ – ယခုတစ်ပတ်အတွင်း လက်ဆောင်ပစ္စည်းများလက်ခံရရှိနေပါလိမ်မည်။ နိုင်ငံဝန်ထမ်းများအနေနှင့် ရာထူးအတွက် စာမေးပွဲဖြေရလိမ့်မည်။ နေရာပြောင်းရတတ်သည်။
ရာဟု သားသမီးတို့ကတော့ ကျန်းမာရေးအနေနှင့် လေနာရောဂါရတတ်သည်။ ယာဉ်၊ ရထား သတိထား မောင်းနှင်ပါ။အချစ်ရေးတွင်လည်းအသဲကွဲနေရတတ်သည်။ စီးပွားရေးတွင် စိုက်ပျိုးရေးကို ဦးစားပေးသင့်ပါသည်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။
အကျိုးပေးဂဏန်း – ၄ ၊ ၇ ၊ ၈။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် မြတ်စွာဘုရားကိုရည်စူးပြီး မုန့်ချိုများကို ဆက်ကပ်လှူဒန်းပူဇော်ပါ။
ကြာသပတေး
ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့
စီးပွားရေး – ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်းများ၊ ငွေလွဲလုပ်ငန်းများ၊ ငွေကြေးနှင့်ဆိုင်သော လုပ်ငန်းများ၊ စတော့၊ငွေတိုက်စာချုပ် စသည့်လုပ်ငန်းများအကျိုးပေးသည်။ နိုင်ငံခြားငွေလှဲခြင်း၊ စုဆောင်ခြင်း၊ စသည်တို့လည်း ကောင်းပါသည်။ ယခုကာလအတွင်း သစ်လုပ်ငန်း လုပ်ဆောင်ပါက ယာယီနားနေသည်ကကောင်းပါသည်။
ကျန်းမာရေး – ဦးခေါင်းနှင့်ဆိုင်သောရောဂါ၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးနှင့် နားရောဂါတို့အထူးသတိပြုပါ။ မျက်လုံးပါဝါများလည်း တက်လာနိုင်သည်။
အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့်အမြန်ဆုံးလက်ထပ်ရလိမ့်မည်။အိမ်ထောင်သည်များလည်းအလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။
ပညာရေး – ဘွဲ့တစ်ခုခုအတွက် စာတမ်းရေးသားနေရပါက သတိထားရေးသာရန်ဖြစ်သည်။
အထွေထွေ – ယခုတစ်ပတ်အတွင်း ပညာရေးဆိုင်ရာ သင်တန်းတစ်ခု တက်ရပါလိမ့်မည်။ ဝန်ထမ်းများ မိမိအထက်လူကြီးကိုအကြောင်းပြုပြီး ငွေဝင်မည်။
အကျိုးပေးဂဏန်း – ၁ ၊ ၈ ၊ ၉။ ယတြာ – ကြာသာပတေးနေ့တွင် ရေသန့် (၅) ဗူးအားအသက်ကြီးသူများကို လှူပေးပါ။
ယခုအပတ်အတွင်း သောကြာသားသမီးတို့
စီးပွားရေး –အနုပညာနှင့်ဆိုင်သော ပန်းဆယ်မျိုးလုပ်ကိုင်သူများ ကံကောင်းသော ကာလဖြစ်သည်။ မိမိ၏ လက်မှု့အနုပညာကို ဈေးကွက်တင်ရန်အချိန်ခါကောင်းဖြစ်သည်။ ရေလုပ်ငန်းကိုတော့ သတိထားလုပ်ပါ။ ရေလမ်းခရီးဖြင့် ကုန်သွယ်နေသူများ သတိထားရမည့်အချိန်လည်းဖြစ်ပါတယ်။
ကျန်းမာရေး – နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုသမားများအထူးသတိထားရမည်။
အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် ကံတရားက မိမိဘက်မပါဘဲ ဖြစ်နေမည်။ ချစ်သူအနေနှင့် မိမိအားအကဲခတ်နေကြောင်း သတိပြုပါ။အိမ်ထောင်ရေးသမားများအနေနှင့်အဆင်ပြေမည့်ကာလဖြစ်သည်။
ပညာရေး – ပညာရေးအနေနှင့်အင်္ဂလိပ်စာနှင့် သချာင်္ကဲသို့ တွက်ရသော ပညာရပ်များတွင်အလေးပေးလေ့လာပါ။
အထွေထွေ – ယခုတစ်ပတ်အတွင်း ကား၊ဆိုင်ကယ် စသည့် ယာဉ်တစ်ခုခုဝင်တတ်ထွက်တတ်သည့်အချိန်ဖြစ်ပါသည်။ ဝန်ထမ်းများလည်း မိမိနှင့် ဌာနတူ သူငယ်ချင်းတစ်ဦးကြောင့် စိတ်သောကရောက်ရတတ်သည်။
အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၉။ ယတြာ – သောကြာနေ့တွင် ငါးအရှင်များကို တတ်နိုင်သလောက်ွှလွတ်ပေးပါ။
စနေ
ယခုအပတ်အတွင်း စနေသားသမီးတို့
စီးပွားရေး – ပြည်ပကုန်သွယ်ခြင်းလုပ်ငန်း၊ ပြည်ပနှင့်ဆက်သွယ်သောလုပ်ငန်း၊ သွင်းကုန်-ထုတ်ကုန်လုပ်ငန်းများ ကံကောင်းပါသည်။ ရေနံနှင့် သဘာဝဓါတ်ငွေလုပ်ငန်းများကတော့အေးနေတတ်ပါတယ်။ ငွေကြေးအခက်အခဲဖြစ်တတ်ပြီးအထူးသဖြင့်အိမ်၊ခြံ၊မြေသမားများ ငွေကုန်၊လူပန်းဖြစ်တတ်သည်။
ကျန်းမာရေး – ခြေထောက်နှင့်ပါတ်သက်သောရောဂါဖြစ်တတ်သည်။ ခြေသလုံးသွေးကြောများ ပိတ်ပြီး ခွဲစိတ်ရတတ်သည်။အထူးသတိထားပါ။
အချစ်ရေး/အိမ်ထောင်ရေး –အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူနှင့်ပါက်သက်သော မိဘတို့က သဘောတူမည်။အိမ်ထောင်ပြုရန် ရက်ရွေးရလိမ့်မည်၊အိမ်ထောင်သည်များအနေနှင့် ဘာသာရေးဆိုင်ရာ ခရီးသွားရမည်။
ပညာရေး – ပညာရေးအနေနှင့် ပြည်ပပညာတော်သင်သွားရလိမ့်မည်။
အထွေထွေ – ယခုတစ်ပတ်အတွင်းအိမ်အနီးတွင် သူခိုးပူခြင်း၊မီးလှန့်ခြင်းများဖြစ်တတ်သည်။ ဝန်ထမ်းများ ကံကောင်းပါသည်။
အကျိုးပေးဂဏန်း – ၃၊ ၈၊ ၉။ ယတြာ – နွမ်းပါးသူကိုအဝတ်အထည်များ ပေးလှူပါ။
ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533