ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၁-၈-၂၀၁၉ ) မှ ( ၁၇-၈-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၁-၈-၂၀၁၉ ) မှ ( ၁၇-၈-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
တနင်္ဂနွေသားသမီးအလုပ်ကနေ ငွေတွေဆက်တိုက် ဝင်နေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့တော့ လုပ်ငန်းတိုးချဲ့သင့်တဲ့အချိန်ပါပဲ။အထူးသဖြင့် စနေသားသမီးရဲ့ ကူညီထောက်ပံ့မှုတွေ ရရှိပါလိမ့်မယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင်ပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများအထူးအောင်မြင်မည်။အချစ်ရေး၊အိမ်ထောင်ရေးကောင်းမွန်နေပြီး ပညာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။ ခေါင်းမူးခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ ၂၀၁၉-ခုနှစ် သြဂုတ်လ(၁၁)ရက်
၁၃၈၁-ခု ဝါခေါင်လဆန်း(၁၁)ရက် တနင်္ဂနွေနေ့ သမာညို့ ဆင်းရဲဒုက္ခကြုံတွေ့ရသော "ကာနယုဂ်" နံနက် ၃း၄၃ နောက်ပိုင်းအလုံးစုံ ပြီးစီးအောင်မြင်စေတတ်သော "သိဒ္ဓိယုပ်" ဖြစ်သည်။ ဤနေ့ ညနေ့ ၆နာရီ နောက်ပိုင်းကာလအချိန်အခါအထူးကောင်း၏။ ညနေ့ ၆နာရီ မတိုင်မိအချိန်အခါ မကောင်း၍ လုပ်ငန်းကြီးများ မင်္ဂလာကိစ္စများ မလုပ်သင့်ပါ။အထူးအားဖြင့်အားကစားပြိုင်ပွဲများကျင်းပခြင်း၊ စာပေထုတ်ဝေ ဖြန့်ချီရေး၊ သတင်းနှင့်မီဒီယာလုပ်ငန်းများစတင်ခြင်း၊ နိုင်ငံတကာပညာရေးအခွင့်အလမ်းကောင်းများ၊ နည်းပညာသစ်များအတွက်ဟောပြောပွဲများအလုပ်ရုံဆွေနွေးပွဲများပြုလုပ်ခြင်း၊ လက်ထက်၊ စေ့စပ်၊ နှင့်အထူးကုဆေးတိုက် ဆေးရုံသစ်များဖွင့်လှစ်ခြင်း၊အလှကုန်ပစ္စည်းသစ်များ၊ ဆေးဝါးသစ်များထုတ်လုပ်ဖြန့်ချီခြင်း၊အိမ်ခြံမြေလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို မလုပ်သင့်၊ ရှောင့်ကြဉ်သင့်၏။
ရှောင်ရန် - နံနက် ၀၀နာရီမှ ညနေ ၆နာရီအတွင်းအချိန်အခါမကောင်းပါ။
အကျိုးပေးအရောင် - ဖက်ဖူးရောင်
အကျိုးပေးအရပ် -အရှေ့မြောက်
ရှောင်ရန် -အနောက်တောင်အရပ်
အကျိုးပေးဂဏန်း - ၃,၅,၄
ဆောင်ရွက်စရာကိစ္စများ ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စဂဏ္ဍအစစများ
အဆင်ပြေရန်အတွက်ကတော့ စတော်ဘယ်ရီ(၁)ဘူး ဘုရားပူဇော်ပြီး သွားပါ။
ယတြာ -အိမ်ဘုရားမှာအုန်းထမင်း၊စတော်ဘယ်ရီ(၁)ဘူး ဘုရားပူဇော်ပြိး လိုရာဆုတောင်းပါ။
တနင်္လာသားသမီးများ
တနင်္လာသားသမီးများအောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပါတယ်။အိမ်ခြံမြေလုပ်ငန်း၊ စက်မှုလုပ်ငန်း လုပ်ကိုင်သူများ ကောင်းမွန်နေပြီး ငွေကြေးရရှိမှုလည်း ပုံမှန်ပဲ ရှိနေပါလိမ့်မယ်။အနောက်အရပ်လာဘ်အကျိုးပေး၊အရှေ.အရပ် ရှောင်ပါ။ ပညာရေး၊အချစ်ရေးအောင်မြင်မှာဖြစ်ပြီးအိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ စနေ၊အင်္ဂါ သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုမျိုး သတိပြုရပါမယ်။ ယာဉ်နဲ့ စက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ၊ ကားအရောင်းအဝယ်သမားတွေအထူးသတိထားရမယ့် ကာလပါပဲ။ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူ ထိုးပေးသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အဆုတ်အအေးပတ်တတ်ပါတယ်။ ၂၀၁၉-ခုနှစ် သြဂုတ်လ(၁၂)ရက် ၁၃၈၁-ခု ဝါခေါင်လဆန်း(၁၂)ရက် တနင်္လာနေ့
ဤနေ့ နံနက် ၁း၃၆နာရီ မှ နံနက် ၄း၃၇အတွင်းအချိန်အခါအသင့်တင့်ကောင်း၏။
နံနက် ၄း၃၈နောက်ပိုင်းအချိန်အခါ မကောင်း၍ လုပ်ငန်းကြီးများ မင်္ဂလာကိစ္စများ မလုပ်သင့်ပါ။
အထူးအားဖြင့် ရှင်ပြု၊နားသ၊ နိုင်ငံတကာပညာရပ်သစ်များအတွက်စာတမ်းဖတ်ပွဲများ၊အားကစားပြိုင်ပွဲများ၊ ဆွေးနွေးခြင်းများပြုလုပ်ခြင်း၊အလှယဉ်ကျေးမယ်ပြိုင်ပွဲများ၊ လှယဉ်ကျေး မယ်ပြိုင်ပွဲများ၊ ကိုယ်ကာယအလှပြိုင်ပွဲများပြုလုပ်ခြင်း၊ ပြည်တွင်း၊ပြည်ပ ဈေးကွက်များသို့ ပစ္စည်းများတင်ပို့ရောင်းချခြင်း၊အိမ်ခြံမြေလုပ်ငန်းစတင်ခြင်း၊ ပြည်တွင်း၊ပြည်ပ ဈေးကွက်များမှ ကုန်စည်းဒိုင်းဖွင့်လှစ်ခြင်းကုန်ပစ္စည်းများဝယ်ယူသိုလှောင်းခြင်း တို့ကို့ ရှောင့်သင့်၏။
ရှောင်ရန် - နံနက် ဝဝ နာရီ မှ နံနက် ၁း၃၆နာရီအတွင်း၊ နံနက် ၄း၃၇မှ ည ၁၂နာရီအတွင်းအချိန်အခါမကောင်းပါ။
အကျိုးပေးအရောင် - မီးခိုးရောင်
အကျိုးပေးအရပ်-အနောက်အရပ်
ရှောင်ရန် -အရှေ့အရပ်
အကျိုးပေးဂဏန်း - ၃,၅,၉
ဆောင်ရွက်စရာကိစ္စများ ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စဂဏ္ဍအစစများ
အဆင်ပြေရန်အတွက်ကတော့အိတ်ထည့်ဆန်တစ်ဆုပ်ထည့်ပြီးသွားပါ။
ယတြာ -အိမ်ဘုရားမှာ ဆန်(၃)ဘူးထည့်အုန်းသီးတင်ပြီး ပန်းအဝါရောင်များအုန်းသီး ဘေးပတ်ပတ်လည် ဖြန့်၍ လိုရာဆုတောင်းပါ။
အဂါၤသားသမီးများ
အဂါၤသားသမီးများ လုပ်ငန်းသဘာ၀အပြောင်းအလဲ ကြုံရကိန်းရှိသလို့ မမျှော်လင့်ပဲရုတ်တရက် လစာတိုး၊ရာထူးတိုးခြင်း၊အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါသည်။ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေကတော့ ငွေလိမ်ခံရကိန်းရှိနေပါတယ်။ မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေးအမြတ်အစွန်း ရရှိလာပါလိမ့်မယ်။ စာပေနှင့် စာနယ်ဇင်း ပညာရှင်များလည်း နာမည်ကျော်ကြားမယ့်အချိန်ဖြစ်ပါတယ်။အချစ်ရေးမှာ စန်းပွင့်နေပြီးအိမ်ထောင်သည်တွေအနေနဲ့လည်း စိတ်ချမ်းသာရမယ့်အချိန်ဖြစ်ပါတယ်။ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာပြီး မိသားစုုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါ သတိပြုပါ။အနောက်တောင်အရပ်လာဘ်အကျိုးပေး၊အရှေ့မြောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ ၂၀၁၉-ခုနှစ် သြဂုတ်လ(၁၃)ရက် ၁၃၈၁-ခု ဝါခေါင်လဆန်း(၁၃)ရက်အင်္ဂါနေ့ တိုးတတ်ကြီးပွားစေသော "မိတြယုဂ်"နံနက် ၅း၅၃ နောက်ပိုင်း ဘုန်းကံကြီးမားစေသော "မာသနယုဂ်" ဖြစ်သည်။
ဤနေ့ လက်ထက်၊ စေ့စပ်၊ နားသ၊ ပဉ္စင်းခံ၊ ကင်ပွန်းတပ်၊ မျိူးစေ့စိုက်ပျိူး၊ စပါးရိတ်၊ စပါးစိုက်၊ သစ်ပင်စိုက်၊ ဥယျာဉ်ခြံလုပ်ခြင်း၊ လုပ်ငန်းသစ်စတင်ခြင်း၊အလုပ်လျှောက်ခြင်း၊ ကျောက်မျက်ရတနာရောင်းဝယ်၊ ဝတ်ဆင် စတင်တူးဖော်ခြင်း၊အဝတ်သစ်ဝတ်၊ ဆိုင်သစ်ဖွင့်၊ ဆိုင်းဘုတ်တင်၊ ကုန်ဝယ်၊ လေကြောင်းဆိုင်ရာကိစ္စများစတင်ခြင်း ကောင်း၏။
-ရှောင်ရန် - ညနေ့ ၃နာရီမှ ညနေ့ ၄း၃၀အတွင်းအချိန်အခါမကောင်းပါ။
အကျိုးပေးအရောင် -အဖြူရောင်
အကျိုးပေးအရပ် -အနောက်တောင်
ရှောင်ရန်အရပ် - တောင်အရပ်
အကျိုးပေးဂဏန်း - ၅,၄,၉
ဆောင်ရွက်စရာကိစ္စများ ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စကဏ္ဍအစစများ
အဆင်ပြေရန်အတွက်ကတော့ ဘုရားတွင် ရှောက်ယို(၃)ထုပ် ကပ်လှူပေးပါ။
ယတြာ - ဘုရားတွင် ရှောက်ယို(၃)ထုပ် မေမြို့ပန်း ဝေဝေဆာဆာ ဘုရားပူဇော်ပြီး လိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ လခစားအလုပ်ဆိုလျှင် ဒီအချိန်ထဲမှာထွက်ချင်းစိတ်ဖြစ်ပေါ်တတ်ပါသည်။ နာမည်မှည့်၊ မြေသန့်မင်္ဂလာ၊ ထီးထင်၊ စေ့စပ်၊ ထီးထိုး၊အစုရှယ်ယာဝင်ခြင်း၊ ရေကြောင်းလေကြေားင်းခရီးသွားခြင်း၊ စာရေးသားခြင်း ကောင်း၏။ ထီတွေဘာတွေလည်း ပေါက်တတ်သည် ဝါသနာပါလျှင် တနလာၤာနေ့ ရှေ့က(၅စ,၁ပိတ်)ပါတဲ့ ထီးမျိူးထိုးရမည်။ တောင်အရပ်လာဘ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ ယာဉ်ပစ္စည်းရောင်းဝယ်ခြင်း၊အစုရှယ်ယာဝင်လုပ်ငန်း၊အကျိူးမြတ်ရလဒ်ကောင်းရရှိမယ်။ ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တစ်ခုက သူတစ်ပါးရဲ့အချစ်ရေး၊အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တတ်လို့ သတိပြုသင့်တာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။ ၁၃၈၁-ခု ဝါခေါင်လဆန်း(၁၄)ရက် ဗုဒ္ဓဟူးနေ့ ရက်ရာဇာ ဤနေ့ နံနက်(ရး၂၅)နာရီလွန် ကလေးထမင်းခွံ၊ နာမည်မှည့်၊ မြေသန့်မင်္ဂလာ၊ ထီးထင်၊ စေ့စပ်၊ ကျောက်ဆစ်ထုခြင်း၊ ထီးထိုး၊အစုရှယ်ယာဝင်ခြင်း၊ သီးနှံရိတ်သိမ်းခြင်း၊ ဥယျာဉ်ခြံလုပ်ခြင်း၊ ရေကြောင်းလေကြေားင်းခရီးသွားခြင်း၊ စာရေးသားခြင်း ကောင်း၏။ ခရီးသွားရန် ကောင်းသောရက်များ နံနက် ရး၂၅ နောက်ပိုင်း ခရီးသွားကောင်း၏။
အကျိုးပေးအရောင် -အပြာနုရောင်
အကျိုးပေးအရပ် - တောင်အရပ်
ရှောင်ရန် - မြောက်အရပ်
အကျိုးပေးဂဏန်း - ၅,၄,၁
ဆောင်ရွက်စရာကိစ္စများ ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စဂဏ္ဍအစစများ
အဆင်ပြေရန်အတွက်ကတော့ သံပုရာသီး(၁)လုံးဆောင်သွားပါ။
ယတြာ -အိမ်ဘုရားမှာ သက်ကယ်ညွန့်၊ ရွက်ညွန့်၊ နှင်းဆီးများကို စုပေါင်း ညောင်ရေအိုးထိုး ဆုတောင်းပါ။
ကြာသပတေးသားသမီးများ
ကြာသပတေးသားသမီးများ ငွေပေးငွေယူလုပ်ငန်းများ၊ စပ်တူရှယ်ယာလုပ်ငန်းများ ဆုံးရှုံးမှုကြုံရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့မှုတွေကိုလည်း ပြုလုပ်ဖို့ မသင့်သေးပါဘူး။ စီပွားရေး ရတနာလုပ်ငန်း၊ ရေနံလုပ်ငန်းနှင့်ဆေးဝါးဖြန်ချီရေးလုပ်ငန်းအကျိူးမြတ်ရလဒ်ကောင်းပြိး ရှင်ပြု နားသ၊ နာမည်မှည့်၊ ပန္နက်ရိုက်၊ တိုင်တူ၊ လှေကားတင်၊အိမ်ပြောင်း၊ ပြုလုပ်ရအံ့။ မြောက်အရပ်လာဘ်အကျိုးပေး၊အနောက်အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။အိမ်ကို ဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကား ပါလာပါလိမ့်မယ်။ ဆန်လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ သတိပြုသင့်ပါတယ်။အချစ်ရေးလည်း သာယာနေပြီး ပညာရေးလည်း ကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးလေရောဂါအထူးသတိထား၍ ဆေးကုသမှုခံယူပါ။ မပေါ့ဆသင့်ပေ။၁၃၈၁-ခု ဝါခေါင်လဆန်း(၁၅)ရက် ကြာသပတေးနေ့ နတ်ပြည်ပြဿ ဒါး ဤနေ့ နံနက်(၉း၃၅)နာရီလွန် ရှင်ပြု နားသ၊ ကလေးထမင်းခွံ၊ နာမည်မှည့်၊ ဆံရိတ်၊ဆံသ၊ ပန္နက်ရိုက်၊ တိုင်တူ၊ လှေကားတင်၊အိမ်ပြောင်း၊ မျိုးစေ့ကြဲ၊အလုပ်လျှောက်ခြင်း၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ ရေနံစူးစမ်းရှာဖွေ့ခြင်း၊ ရတနာဝတ်ဆင်ခြင်း၊ ဆေးဖော်၊ ဆေးဝါးဖြန့်ချီခြင်း၊ စပါးရိတ်သိမ်းခြင်းကောင်း၏။
ရှောင်ရန် - နေ့ ၁း၃၀ မှ ညနေ့ ၃နာရီအတွင်းအချိန်အခါမကောင်းပါ။
-ခရီးသွားရန် ကောင်းသောရက်များ "တစ်နေ့လုံးကောင်း" ခရီးသွားကောင်း၏။
အကျိုးပေးအရောင် - လိမ္မော်ရောင်
အကျိုးပေးအရပ် - မြောက်
ရှောင်ရန် -အနောက်အရပ်
အကျိုးပေးဂဏန်း - ၃,၂,၈
ဆောင်ရွက်စရာကိစ္စများ ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စဂဏ္ဍအစစများ
အဆင်ပြေရန်အတွက်ကတော့အနောက်အရပ်မျက်နှာမှုကာ စိန်ပန်း၊ စံပယ်ညွန့်များကိုဆောင်သွားပါ။
ယတြာ -အိမ်ရှိဘုရားတွင် စံပယ်ပန်းများ သရက်ယို့ ကပ်လှူ ဆုတောင်းပါ။
သောကြာသားသမီးများ
သောကြာသားသမီးများအရေးကြီးလုပ်ငန်းကိစ္စတွေကိုလည်း စတင်နိုင်ပြီးအဖိုးတန်ပစ္စည်းတွေ လက်ဆောင်ပေးသူပေါ်ပေါက်လာနိုင်ပါတယ်။ လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။အိမ်ခြံမြေလုပ်ငန်း၊အိမ်ဆောက်ကန်ထရိုက် လုပ်ကိုင်သူတွေအဆင်မပြေမှုတစ်ချို့ကြုံရနိုင်ပြီး ရုပ်ရှင်လောကအနုပညာလုပ်ငန်း လုပ်ကိုင်သူတွေကတော့အထူးအောင်မြင်နိုင်ပါတယ်။ ပညာရေး၌ ဆရာကောင်းသမားကောင်းနှင့်တွေ့ဆုံရတတ်ပြီး ပညာရပ်အသစ်အဆန်းများ သင်ယူရတတ်သည်။ ကျန်းမာရေးအနေဖြင့်အပြင်းဖျားတတ်ပါသည်။ ၂၀၁၉-ခုနှစ် သြဂုတ်လ(၁၆)ရက် ၁၃၈၁-ခု ဝါခေါင်လဆုပ်(၁)ရက် သောကြာနေ့ ရက်ရာဇာ၊ မဟာရက်ကြမ်း၊အမြိတ္တစုတ် ဘုန်းကံကြီးမားစေတတ်သော "ဓါတာယုဂ်"နေ့ ၁၂ နာရီ နောက်ပိုင်း ချမ်းသားကြီးမားစေတတ်သော"သောဗျယုဂ်" ဖြစ်သည်။ ဤနေ့ ပညာစ၍သင်၊ ကားယာဉ်ရောင်းဝယ်၊ စပါးရိတ်၊ ဥယျာဉ်ခြံလုပ်၊ ဆေးဖော်၊ ဆေးခန့်ဖွင့်၊ ဆင်တုတော်ထု၊ ငွေကြေးကိစ္စများဆောင်ရွက်ခြင်း၊ ကုန်ဝယ်၊အဝတ်အထည်ယှက်လုပ်၊ စာပေလုပ်ငန်းစတင်ခြင်း၊ လေကြောင်းခရီးစတင်ခြင်း၊ နေ့ ၁၂မတိုင်မီ လက်ထက်၊ စေ့စပ်၊ နားသ၊ ပဉ္စင်းခံ၊ ကင်ပွန်းတပ်၊ မျိုးစေ့စိုက်ပျိုး၊ လုပ်ငန်းသစ်စတင်ခြင်း၊အလုပ်လျှောက်ခြင်း၊ ကျောက်မျက်ရတနာရောင်းဝယ်၊ ဖြတ်သွေး၊ ဝတ်ဆင် စတင်တူးဖော်ခြင်း၊အဝတ်သစ်ဝတ်
နေ့ ၁၂နာရီ နောက်ပိုင်း ပန္နက်ရိုက် ကျင်းတူ၊ တိုင်တူ၊ စေ့စပ်၊ လက်ထပ်မင်္ဂလာ၊ ကင်းပွန်တပ်၊အိမ်တတ်၊ ယာဉ်ကားရောင်းဝယ်ခြင်း၊ သစ်ပင်စိုက်ပျိူးကောင်း၏။
ရှောင်ရန် - နံနက် ၁း၃၀ မှ နေ့ ၁၂နာရီအတွင်းအချိန်အခါမကောင်းပါ။ ခရီးသွားရန် ကောင်းသောရက်များ နေ့ ၁၂နာရီအတွင်း ခရီးသွားကောင်း၏။
အကျိုးပေးအရောင် -အစိမ်းရောင်၊ နို့နှစ်ရောင်
အကျိုးပေးအရပ် -အရှေ့
ရှောင်ရန် -အရှေမြောက်အရပ်
အကျိုးပေးဂဏန်း - ၈,ဝ,၉
ဆောင်ရွက်စရာကိစ္စများ ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စဂဏ္ဍအစစများ
အဆင်ပြေရန်အတွက်ကတော့ ဘုရားတွင် လိမ္မော်သီး၊ ဖရဲသီး(၁)လုံး ပူဇော်ပြိး သွားပါ။
ယတြာ -အိမ်ဘုရားတွင် လိမ္မော်သီး၊ ဖရဲသီး ခွဲစိပ်ခြမ်း ဆွမ်းကပ်၍ လိုရာဆုတောင်းပါ။
စနေသားသမီးများ
စနေသားသမီးများကာလအတန်ကြာကြန့်ကြာနေသော လုပ်ငန်းများလည်း ပြန်လည်အကောင်အထည်ပေါ်လာနိုင်ပါတယ်။အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်း လုပ်ကိုင်သူများအကျိုးအမြတ်ရှိမယ့်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မည်။ ကျောက်လုပ်ငန်းရှင်များ သတိပြုပါ။အတွင်းသိ၊အတွင်းလူ ၊ လူယုံ ဒုက္ခပေးတတ်တာကိုတော့ သတိပြုသင့်ပါတယ်။အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တကိုယ်တည်းပဲ ဆက်ရှိနေမှာဖြစ်၍အိမ်ထောင်ရှင်တွေကတော့ သားသမီးကြောင့် စိတ်ချမ်းသာရတတ်သည်။ ပညာသင်ပြည်ပသွားရကိန်း သတင်းကောင်းကြားရမယ်။ ကျန်းမာရေးအရမ်းညံ့နေတတ်သည်။ စိုးရိမ်းစရာမရှိပါ။ ဆေးနှင့်လူ ဓါတ်တည်သွားလိမ့်မည်။အထူးဘုမ္မိအရပ် ဆေးဝါးကုသမှုရှောင်ကြဉ်ပါ။ ၂၀၁၉-ခုနှစ် သြဂုတ်လ(၁၇)ရက် ၁၃၈၁-ခု ဝါခေါင်လဆုတ်(၂)ရက် စနေနေ့ နဂါးပြည်ပြဿဒါးအမှုကိစ္စပြီးမြောက်စေသော "အာနန္ဒယုပ်"နေ့ ၂း၄၀ နောက်ပိုင်း သေတတ်သော "ကာလဒဏ္ဍယုဂ်" ဖြစ်သည်။
ဤနေ့ ကားယာဉ်ရောင်းဝယ်၊ စပါးရိတ်၊ ဥယျာဉ်ခြံလုပ်၊ ဆေးဖော်၊ ဆေးခန့်ဖွင့်၊ ဆင်တုတော်ထု၊ ငွေကြေးနှင့် စတော့ရှယ်ယာကိစ္စများဆောင်ရွက်ခြင်း၊ ကုန်ဝယ်၊အဝတ်အထည်ယှက်လုပ်၊ သစ်ပင်စိုက်ပျိူး၊ လေကြောင်းခရီးစတင်ခြင်း နေ့ ၂း၄၀ နောက်ပိုင်းအားကစားပွဲများကျင်းပ၊အားကစားရုံနှင့်ကွင်းသစ်များစတင်ဖွင့်လှစ်၊ ထီးကံစမ်းခြင်း၊ စပါးစိုက်ပျိူး၊ စပါးရိတ်သိမ်း၊ ကောက်ရိတ်၊ ကုန်ရောင်း၊အိမ်၊ ခြံ၊ မြေရောင်းဝယ်ကောင်း၏။
ရှောင်ရန် - နံနက် ၉နာရီမှ နံနက် ၁၀း၃၀အတွင်း၊ နေ့ ၂း၄၀ မှ ည ၁၂နာရီအတွင်းအချိန်အခါမကောင်းပါ။ ခရီးသွားရန် ကောင်းသောရက်များ နေ့ ၂း၄၀အတွင်း ခရီးသွားကောင်း၏။
အကျိုးပေးအရောင် - နို့နှစ်ရောင်
အကျိုးပေးအရပ် -အနောက်တောင်
ရှောင်ရန် -အရှေ့မြောက်အရပ်
အကျိုးပေးဂဏန်း - ၃,၇,၉
ဆောင်ရွက်စရာကိစ္စများ ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စဂဏ္ဍအစစများ
အဆင်ပြေရန်အတွက်ကတော့ ကြေးအိုးဖြင့် သြဇာ(၉)ညွန့် ဘုရားပူဇော်ပြိး သွားပါ။
ယတြာ -အိမ်ဘုရားအနီရောင်ပန်းများ ကပ်လှူပါ။အဝတ်အစား ဆံပင်ခြေသည်းလက်သည်းအနည်းငယ်တို့အား ရေစီးသန်ချောင်းသို့ စွန့်ပစ်ပါ။
ရာဟုသားသမီးများ
ရာဟုသားသမီးများ ဝန်ထမ်းဖြစ်ပါက နေရာဌာနအပြောင်းအလဲ ရှိနေပြီး နိုင်ငံရပ်ခြားအလုပ်အကိုင်သွားရောက်လုပ်နေသူများ နေရပ်သို့ ပြန်လာရတတ်ပါတယ်။ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများ၊ လုပ်ငန်းရှင်များအနေနဲ့ တင်ဒါအောင်မြင်ပြီး စီးပွားတိုးတက်နိုင်သည်။အိမ်မှာရှိတဲ့ စက်ပစ္စည်းများ၊ စက်ဘီး၊ ပန်ကာအပျက်လိုမျိုး ပစ္စည်းတွေကို ထုတ်ပစ်လိုက်ပါ။ ကြားကနေအာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့် ငွေဆုံးရှုံမှုဖြစ်တတ်သည်။အချစ်ရေး၊အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့်အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ကျန်းမာရေး လေရောဂါ၊ ရေဖျင်း ဂရုစိုက်ပါ။
အကျိုးပေးအရောင် -အစိမ်းရောင်
အကျိုးပေးအရပ် - တောင်
ရှောင်ရန် - မြောက်အရပ်
အကျိုးပေးဂဏန်း - ၄,၁,၅
ဆောင်ရွက်စရာကိစ္စများ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စ ကဏ္ဍအစစများအဆင်ပြေရန်အတွက်ကတော့ ရဲယို့ညွန့် ၁၂ညွန့် ဘုရားလှူပြီး သွားပါ။
ယတြာ -အသက်ကြီးရွယ်အိုသူတစ်ဦးအား ငွေသား ၁၂၀၀၊
၁၂၀၀၀
တတ်နိုင်မျှ လှူဒါန်းပေးပါ။
ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။